← Chapters

အခန်း (၁၃၆)

Vol. 10 Ch. 136

အခန်း (၁၃၆)

Vol. 10 Ch. 136

ဖန့်ရှောင်နွမ်က ကျီလင်းချန်နဲ့ လက်ထပ်ထားကြောင်း လင်းချမ် သိရှိရပြီးကတည်းက သူမ မိမိကိုယ်ကို ထိန်းချုပ်ခဲ့သည်။ သူမက ဖန့်ရှောင်နွမ်ကို မြှောက်ပင့်ပြောဆိုရန်ပင် ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးခဲ့သော်လည်း ဖန့်ရှောင်နွမ်က သူမကို လုံးဝလျစ်လျူရှုလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။

ဒါပေမယ့် သူမလက်မလျှော့ဘဲ ကျီဝမ်ကို ထပ်မံသွေးဆောင်ရန် ထွက်ပြေးသွားခဲ့သည်။ သူမက ကျီဝမ်ရဲ့ အချစ်ကိုရရှိဖို့ မျှော်လင့်ကာ အားနည်းချင်ယောင်ဆောင်ကာ ကျီဝမ် ရှေ့မှာ သနားစရာကောင်းစွာ တမင်တကာပြုမူခဲ့သည်။ ဒါပေမယ့်လည်း ကျီဝမ်က ရိုမန့်တစ်မဆန်တဲ့ ယောက်ျားတစ်ယောက်ဖြစ်သည်။

တကယ်က သူက သူမကို လူမြင်ကွင်းမှာ ကျန်းမာရေးမကောင်းတဲ့သူလို့ခေါ်ခဲ့သည်။ ထိုအချိန်မှစ၍ ကျီဝမ်က သူမကိုတွေ့တိုင်း သူမကို ကပ်ဆိုးတစ်ခုလို ရှောင်ရှားခဲ့သည်။ သူမကို သူနဲ့ ရင်းနှီးဖို့ အခွင့်အရေး လုံးဝ မပေးခဲ့ဘူး။

ကျီဝမ်နဲ့ ရှိနေတဲ့ လျိုစစ်ယွီက ပိုလို့တောင်တိုက်ရိုက်ဆန်လွန်းသည်။ သူမက ပြောခဲ့သည်။ "အိုး၊ ဒါက လင်း ကော်ပိုရေးရှင်းကို ဦးစီးတဲ့ မိသားစုရဲ့ ဝမ်းကွဲတစ်ယောက်ဖြစ်တဲ့ ဒဏ္ဍာရီထဲက လင်းချမ် မဟုတ်လား။ ဣန္ဒြေသိက္ခာမဲ့တဲ့ ဗီဒီယိုကို လွှင့်ခဲ့တဲ့ မိန်းကလေး မဟုတ်လား။ ငါ့ရဲ့ အကောင်းဆုံးသူငယ်ချင်းကို ဆဲဆိုဖို့ troll army ကို ပေးဖို့ ပိုက်ဆံသုံးခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူမက အကြင်နာမဲ့စွာ ဖော်ထုတ်ခံခဲ့ရတယ်!”

သူမရဲစကားတွေက လင်းချမ်ရဲ့ အတိတ်က အရှုပ်တော်ပုံများကို ရှင်းလင်းစွာရှင်းပြခဲ့သည်။ ထို့အပြင် သူမအသံက ကျယ်တော့ ပတ်ဝန်းကျင်မှလူတွေ ဝိုင်းကြည့်နေကြတာကြောင့် လင်းချမ် အလွန်အရှက်ကွဲသွားခဲ့သည်။

ထိုအချိန်မှစပြီး လင်းချမ်က သူတို့အပေါ် လိမ်ညာဖို့ စိတ်ကူးကို စွန့်လွှတ်ခဲ့သည်။ ဒါပေမယ့် သူမက သူတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်နိုင်သည့် အရာတစ်ခုကို ရှာတွေ့ရန် မျှော်လင့်ကာ သူတို့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ ဤနည်းအားဖြင့် သူမသည် သူမ၏ အမှောင်သမိုင်းကို ဖုံးကွယ်နိုင်ရုံသာမက ၎င်းတို့ကို လက်စားချေနိုင်မည်ဖြစ်သည်။ နောက်ဆုံးတော့ သူမ တစ်ခုခုတော့ ရသွားပြီ။ ဖန့်ရှောင်နွမ်က ကျီလင်းချန်ကို အမှန်တကယ် လိမ်ညာခဲ့သည်။ သူတို့မှာ အတန်းမရှိတော့တာ ထင်ရှားပေမယ့် သူမက လိမ်ပြီး မကြာခင်မှာ အတန်းတွေထပ်တက်ရဦးမယ်လို့ ပြောခဲ့သည်။ သူမက ယောက်ျားတစ်ယောက်နဲ့ လျှို့ဝှက်တွေ့ဆုံရန် စီစဉ်နေသည်မှာ သေချာသည်။

လင်းချမ် ပြုံးလိုက်သည်။ ဘယ်လောက်စိတ်ဝင်စားစရာကောင်းလိုက်လဲ။ ဖန့်ရှောင်နွမ် ဘာလုပ်နေလဲဆိုတာ သူမ သိချင်သည်။

လင်းချမ်က ဦးနှောက်မရှိတဲ့သူ မဟုတ်ပေ။ ဖန့်ရှောင်နွမ် လက်ထပ်ထားတယ်ဆိုတဲ့ သတင်းကို သူမ ရှောင်တခင် ဖြန့်နေမှာ မဟုတ်ချေ။ နောက်ဆုံး ကျီလင်းချန်က လမ်းသူရဲမဟုတ်ပေ။ သူက ကျင်း မြို့တော် တွင် စီးပွားရေးလောက၏ ဘုရင်ဖြစ်သည်။ သူက အတန်းထဲမှာ သူတို့မကြာခဏ ပြောလေ့ရှိတဲ့ သူတစ်ယောက်ပင်။ ဖန့်ရှောင်နွမ်က ကျီလင်းချန်နဲ့ လက်ထပ်ထားတယ်ဆိုတဲ့ သတင်းကို သူမ ဖြန့်လိုက်ရင် သူမအတွက် အကျိုးမရှိရုံသာမက ဖန့်ရှောင်နွမ်ကိုလည်း ကျောင်းမှာ ပိုပြီးနာမည်ကြီးစေလိမ့်မည်။

သူမ ဖန့်ရှောင်နွမ်ကို အဲဒီလို မြှောက်ပင့်ပေးမှာ မဟုတ်ပေ။ ထို့အပြင် သူမက ဖန့်ရှောင်နွမ်ကိုမုန်းသည်။

ကျောင်းဝင်းထဲမှာ ကျောင်းသူ/သားတွေ အများကြီးရှိတာကြောင့် ဖန့်ရှောင်နွမ်က သူမနောက်ကို လိုက်နေမှန်း မသိခဲ့ပါချေ။ သူမ စာသင်ခန်းသို့ အရင် ပြန်သွားပြီး လျိုစစ်ယွီကို မေးခဲ့သည်။ "နင်တကယ် ငါတို့နဲ့ မလိုက်ဘူးလား"

လျိုစစ်ယွီ ခေါင်းယမ်းလိုက်သည်။ "ငါ့အစ်ကို ဒီနေ့ အလုပ်က စောစောဆင်းလာမှာ ငါ့ကို သူနဲ့ အဝတ်အစားတွေသွားဝယ်ဖို့ ဈေးဝယ်ထွက်စေချင်နေလို့လေ "

ကျီဝမ် မျက်ခုံးပင့်ပြီး ပြောလိုက်သည်။ "လျိုစစ်ယွီ၊ နင့်အစ်ကိုနဲ့အဖော်လိုက်ပေးတာကို နင်အဝတ်အစားနဲ့ စကတ်တွေကို ဘာလို့အမြဲတမ်းဝယ်လာတာလဲ"

“ဟ့မ်၊ ငါ့အစ်ကိုရဲ့ပိုက်ဆံကို ငါသုံးတာ၊ ငါ့အစ်ကိုတောင် မကန့်ကွက်ဘူး။ နင့်မှာကန့်ကွက်စရာအကြောင်းရှိလို့လား။” လျိုစစ်ယွီက ကျီဝမ်ကို မျက်စောင်းထိုးပြီး ပြောလိုက်သည်။

ဖန့်ရှောင်နွမ် ကျီဝမ်ကို ကြည့်လိုက်သည်။ "ငါတို့ သွားမှာလား မသွားဘူးလား။ အဖေက အရှေ့တံခါးက ဒုတိယသစ်ပင်အောက်မှာ ငါတို့ကို စောင့်နေပြီ။”

ကျီဝမ် ခေါင်းယမ်းလိုက်သည်။ “ငါမသွားတော့ဘူး။ ငါသွားရင် အရာအားလုံးအတွက် ပိုက်ဆံပေးနေရလိမ့်မယ် ပြီးတော့ ကူပေးနေရအုံးမယ်။ ငါလည်း အိမ်ပဲပြန်တော့မယ်”

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဒီတစ်ခါတော့ ငါပေးပါ့မယ်"

ကျီဝမ် ပြန်ပြောလိုက်သည်။ “မယုံဘူး။ နင်က အရမ်းကပ်စီးနဲတဲ့သူ!"

ဖန့်ရှောင်နွမ်ပြောလိုက်သည်။ “အမှန်ပြောနေတာ။ ငါ့အသုံးစရိတ်အားလုံးကို ပိုက်ဆံပြန်ပေးမယ်လို့ ငါ့ယောက်ျားက ပြောထားပြီးသား။”

ကျီဝမ် စိတ်လှုပ်ရှားစွာဖြင့် ပြတင်းပေါက်ကို ညွှန်ပြလိုက်သည်။ “ဟေ့ အစ်မကြီး၊ သရေစာလမ်းမှာ စားသောက်ပြီး ပြေစာတောင်းလို့ ကုန်ကျစရိတ်ပြန်ပေးရတာမျိုး ကြုံဖူးလား။ နင်အဲဒီကို တိတ်တိတ်လေးသွားခဲ့တာ မေ့သွားပြီလား။ နင် ငါ့ဦးလေးကို နင့်ကို ပိုက်ဆံပြန်ပေးဖို့တောင် သတ္တိရှိရှိ တောင်းရဲသေးတာလား"

ဖန့်ရှောင်နွမ် နှုတ်ဆိတ်နေသည်။

လျိုစစ်ယွီ သူမပေါင်ကို ရိုက်ကာ ရယ်ပစ်လိုက်သည်။ "ဟားဟား၊ ရှောင်နွမ်၊ နင် ဒီနေ့တော့ ပိုက်ဆံ ဆုံးတော့မယ်!"

ကျီဝမ်က မတုံးပေ။ သေချာတယ် သူ သွားမှာမဟုတ်ဘူး!

ကျောင်းဆင်းတော့ သူတို့ ၃ယောက် နေရာအသီးသီးသို့ ထွက်ခွာသွားကြသည်။

ဖန့်ရှောင်နွမ်က အရှေ့ဘက်တံခါးမှ ကျော်သွားစဉ် ကျောပိုးအိတ်ကို လွယ်ထားသည်။ ကျောင်းဂိတ်ပေါက်ကနေထွက်လာတော့ လမ်းဘေးမှာ ဝတ်ကောင်းစားလှတွေဝတ်ထားသည့် အဖိုးကြီးတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရသည်။ အဖိုးကြီးရဲ့ဆံပင်တစ်ဝက်ကျော်လောက်က ဖြူနေပြီဖြစ်သော်လည်း အားအင်ကတော့ပြည့်ဝနေသေးသည်။ အဖိုးကြီးက လက်ကိုနောက်ပစ်ထားပြီး ကျောင်းအပြင်ဘက်က ရှုခင်းကို ရှုစားနေလေသည်။

ကျောင်းသူ/သားတွေ တစ်ယောက်ပြီးတစ်ယောက် သူ့နားကဖြတ်သွားနေကြသည်။ သူတို့အားလုံး အလွန်နုပျိုပြီး တက်ကြွကြသည်။ အဖိုးကြီးက ပြုံးပြီး ပြောနေခဲ့သည် သူက သူ့ကိုယ်သူ “အင်း ရှောင်နွမ် ရဲ့ အတန်းဖော်တွေက မျှော်လင့်ထားသလိုပဲ။ သူတို့အားလုံး အတော်လေးကို တက်ကြွနေကြတယ်။ အားလုံးက ချောမောလှပတဲ့ လူငယ်လေးတွေပဲ!”

"အဖေ၊ ဘာလို့ ဒီမှာရပ်နေတာလဲ။ မြန်မြန်ကားပေါ်တက်တော့" ဖန့်ရှောင်နွမ် အမြန်ပြေးပြီး ကားတံခါးကိုဖွင့်လိုက်သည်။ သူမက သခင်ကြီး ကျီရဲ့ လက်ကို ဆုပ်ကိုင်ကာ ကားထဲသို့ ခေါ်သွားခဲ့သည်။

ထို့နောက် ကျောပိုးအိတ်ကို ချလိုက်ပြီး ကားပေါ်သို့ တက်လာခဲ့သည်။ "အဖေ၊ ရှောင်ဝမ် မလာဘူး။ သူက ပိုက်ဆံကုန်မှာကြောက်နေတာ ”

မျှော်လင့်ထားသလိုပဲ သခင်ကြီး ကျီက ကွန်ပလိန်းတက်ခဲ့သည်။ “ငါ့မြေးက တကယ်ကို ကပ်စီးနဲလွန်းတာပဲ။ သူ့အဖိုးအတွက် ပိုက်ဆံနည်းနည်းလောက်သုံးဖို့တောင်သူကကြောက်နေတာ။ ရှောင်နွမ်၊ ကျီလင်းချန် ကို သူ့စရိတ်ကို ဖြတ်ခိုင်းလိုက်။ ပြီးတော့ သူ့ကိုယ်ပိုင်ဆေးကို မြည်းခိုင်းတာကိုကြည့်ကြရအောင်။”

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ကိစ္စမရှိဘူး၊ ကျွန်မဆီ ထားခဲ့လိုက်"

ကားထဲက နှစ်ယောက်က သူတို့နှစ်ယောက်ကို တစ်ယောက်ယောက်က ဗီဒီယို ရိုက်နေမှန်း မသိခဲ့ကြပေ။

All Chapters