← Chapters

အခန်း (၁၉၁)

Vol. 13 Ch. 191

အခန်း (၁၉၁)

Vol. 13 Ch. 191

လျိုစစ်ယွီ ပြောလိုက်သည်။ "သူတို့ရဲ့ မျိုးဆက်ဆယ့်ရှစ်ဆက်!" ထိုသို့ပြောပြီးနောက် သူမ အားတက်သရောဖြစ်လာကာ မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကို ပြောပြဖို့ ထထိုင်လိုက်သည်။

"ငါ့အစ်ကိုက Virgo ဆိုတာ သေချာတယ်!" လို့ဘလျိုစစ်ယွီ ပြောလိုက်သည်။

ကျီဝမ်က Virgo ဖြစ်နေတော့ ထိုစကားကြားရသည့်အတွက် သူ အနည်းငယ် စိတ်မချမ်းသာတော့ပေ။ “Virgo က နင့်ကို စော်ကားဖို့ ဘာလုပ်လိုက်လို့လဲ”

လျိုစစ်ယွီ လက်သီးဆုပ်လိုက်သည်။ "မနေ့က movie ဒိတ်ဖို့ ဖိတ်ခဲ့တဲ့ စီနီယာကို မှတ်မိသေးလား။"

သူငယ်ချင်းနှစ်ယောက်လုံး တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။ "သုံးမိနစ်အောက်နဲ့ ထွက်ပြေးသွားတဲ့သူလား"

လျိုစစ်ယွီ ဒေါသအရမ်းထွက်ပြီး အံကြိတ်ခဲ့သည်။ “မနေ့ညက ငါ့အစ်ကိုက သူ့နောက်ကြောင်းကို နှစ်နာရီနဲ့ စုံစမ်းခဲ့တယ်။ သူ နေစရာနေရာ ဘယ်တုန်းက ရခဲ့တာလဲ။ သူ ဘယ်သူနဲ့နေလဲ။ ဘားမှာ မိန်းကလေးတွေကို ခေါ်ဖို့ သူဘာပြောလဲ။ ဒီကောင်လေးမှာ တစ်ခါတည်း ပါတနာလေးယောက်ရှိတာတောင် သူ သိလိုက်ရတယ်!”

သူမဘေးနားက လူနှစ်ယောက်က ပြောစကားမဲ့သွားသည် သူတို့မျက်လုံးထဲမှာ စူးစမ်းလိုစိတ်တွေ ပေါ်လာသည်။

လျိုစစ်ယွီ သူမအစ်ကိုကို ဆက်လက်လှောင်ပြောင်ခဲ့သည်။ “သူ့မှာ အသံကောင်းပေမယ့် လူတွေနဲ့ ခွေးတွေကိုတောင် ဂရုမစိုက်ဘူးလို့ ပြောတယ်။ သူက ရဲသင်တန်းကျောင်းမှာ ဆွဲဆောင်မှုရှ်တဲ့ မင်းသားတစ်ယောက်ဖြစ်တာ ထင်ရှားတယ်။"

“ငါ့ရဲ့မိဘတွေက ငါချိန်းတွေ့တာကို ထောက်ခံပေမယ့် ထူးဆန်းတာက ငါ့အစ်ကိုက သဘောမတူဘူး။ မနေ့ညက သူ ဒီထက်ပိုသွားပြီး နင်တို့ နှစ်ယောက်နဲ့ တွဲနေတာ ရပ်ဖို့ ငါ့ကို တောင်းဆိုခဲ့တယ်”

ဒါကိုကြားတော့ ကျန်တဲ့နှစ်ယောက်က သူတို့ရဲ့အင်္ကျီလက်တွေကို လှန်တင်လိုက်ကြသည်။ "စစ်ယွီ နင်အစ်ကိုက နည်းနည်းတော့မြှောက်လွန်းသွားပြီ။ သူ အလုပ်က ဘယ်နှနာရီဆင်းလဲ ငါ သူနဲ့ ချချင်တယ်!”

သူက သူတို့ညီအစ်မတွေကို မေးခွန်းထုတ်ရဲသည်။ သူက သူတို့ရဲ့ အချစ်ဆုံး သူငယ်ချင်းရဲ့ အစ်ကို ဖြစ်သော်ငြားလည်း ဒါကို ခွင့်မပြုနိုင်ပေ။ ရိုက်နှက်ဆုံးမတာကို သူခံရထိုက်တယ်။

လျိုစစ်ယွီ ပြောလိုက်သည်။ "ငါ့အစ်ကိုက ရှောင်နွမ်ကို ကောင်းတယ်လို့ မထင်တာ မဟုတ်ဘူး။ နင့်မှာကမိသားစုရှိနေပြီလို့ ပြောတယ်။ သူက ငါ့ကို မနာလိုဖြစ်ပြီး မျက်စိစုံလုံးကန်းပြီးတော့ မိသားစုဘဝ စတင်ချင်လာမှာကို သူ ကြောက်နေတာ။ ရှောင်ဝမ်က ယောက်ကျ်ားလေးတစ်ယောက်။ သူနဲ့ အတူရှိနေရတာ မလုံခြုံတော့မှာကို သူစိုးရိမ်နေတာ”

ကျီဝမ် ကူကယ်ရာမဲ့စွာပြောလိုက်သည်။ "ဒါပေမယ့် မင်းက ငါ့ကို ယောက်ျားလေးလို့တောင် မမြင်ဘူး!"

လျိုစစ်ယွီ ပြောလိုက်သည်။ “ငါ့အစ်ကိုက ဘယ်လိုလုပ်သိမှာလဲ။ ဒါကြောင့် မနေ့ညက အိပ်ရာမဝင်ခင်မှာ ငါတို့ လျို မိသားစုရဲ့ မျိုးဆက်ဆယ့်ရှစ်ဆက်အားလုံးကို နှုတ်ဆက်ခဲ့တယ်။ ငါ ဒေါသထွက်လွန်းလို့ သူတို့ကို ကျိန်ဆဲပစ်လိုက်တယ်!”

“ငါ့အစ်ကိုလို သားသမီးတာဝန်မကျေတဲ့ သားစဉ်မြေးဆက်ကို မွေးဖွားဖို့ ဘယ်သူက တောင်းဆိုလိုက်တာလဲ။ သူက တခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ပေါ့ပေါ့ဆဆ လျှောက်ထိုးတတ်တဲ့သူ။ သူ ငါ့ကို အရမ်းထိန်းချုပ်နေတာ သူ့ရဲ့ညီမအရင်းကိုထိန်းချုပ်နေတာ"

ဒီစကားကြားတော့ ဖန့်ရှောင်နွမ် တစ်ခုခုကို တွေးမိသွားသည်။ "ရှောင်ဝမ်၊ ငါလည်း ဒီမနက် ကျီ မိသားစုရဲ့ ဘိုးဘွားအုတ်ဂူမှာ ကပြခဲ့တယ်"

ကျီဝမ် ပြောစရာစကားမဲ့သွားခဲ့သည်။ သူတို့ဘိုးဘေးတွေက သူမကို နှိုးဆော်ဖို့ ဘာတွေလုပ်ခဲ့လို့လဲ။

လျိုစစ်ယွီလည်း သူမဲ့ သူငယ်ချင်း တွေ့ကြုံခဲ့ရတာတွေကို ကြားချင်သည်။ "အိုးဟုတ်သားပဲ ရှောင်နွမ်၊ နင်မနေ့ညက အိမ်ပြန်ရောက်ပြီးတော့ နင့်ယောကျ်ားနဲ့ ညှိနှိုင်းခဲ့လား။"

ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။ "ငါတို့ ပြင်ဆင်မို့ပဲ အခုတော့ ပြီးသွားပြီ!" ပါးစပ်ကို မထိန်းနိုင်တဲ့ သူမယောကျ်ားရဲ့ အပြစ်ပဲ။ သူမ အိပ်ပျော်နေစဉ်မှာ သူမကို တိတ်တိတ်လေး နမ်းခဲ့ပြီး မာကင်ရာယတောင် ထားခဲ့သည်။ ဒီနေ့ သူမလည်ပင်းမှာ ရှိနေသည်။ ထိုမာကင်ရာတွေ တစ်နေ့နေ့မှာ သူမတစ်ကိုယ်လုံးမှာ ပေါ်လာမှာလား။

လျိုစစ်ယွီနဲ့ ကျီဝမ်တို့က သူမကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။ ဖန့်ရှောင်နွမ် လိမ္မာပါးနပ်စွာပြောလိုက်သည်။ "ငါဝတ်ထားတဲ့ လည်ပင်းခေါက်ဆွယ်တာကို တွေ့လား"

နှစ်ယောက်သား တိတ်ဆိတ်နေခဲ့သည်။

သူတို့နှစ်ဦးက ထာဝရ single အဖြစ် နေခဲ့ကြသော်လည်း ဖန့်ရှောင်နွမ်၏အဓိပ္ပါယ်ကို ချက်ချင်းနားလည်ခဲ့ကြသည်။

"ဒါဆို နင်နှစ်ယောက်က..." လျိုစစ်ယွီ စကားအတွက် ပျောက်ရှနေခဲ့သည်။ သူမရဲ့သူငယ်ချင်းကို လွယ်လွယ်နဲ့ လက်မလျှော့ဖို့ မနေ့ကပဲ သတိပေးခဲ့ပြီး တစ်ရက်မှာပဲ ကုန်သွားသည်။

ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး… ဘာပဲဖြစ်ဖြစ်၊ အမျိုးသားတွေ အားလုံးက အနံ့အသက်ဆိုးတဲ့လူရမ်းကားတွေ ဖြစ်တယ်ဆိုတာ မှတ်ထားရမယ်။ ကျီဝမ်ကလွဲပြီး လူကောင်းဆိုတာမရှိဘူး”

ကျီဝမ် ဒီစကားတွေကြောင့် လှုပ်ရှားတော့မယ့်အချိန်မှာ လျိုစစ်ယွီက ထပ်ပေါင်းပြောခဲ့သည်။ "ကျီဝမ်က ညီမတစ်ယောက်လိုပဲ။ သူက ယောကျ်ားမဟုတ်ဘူး!”

ဖန့်ရှောင်နွမ် ခေါင်းညိတ်သဘောတူခဲ့သည်။

ကောင်မလေးနှစ်ယောက်က အဲ့မနက်က မပျော်ခဲ့ကြပေ။ သူတို့ သတင်းကောင်းလေးတစ်ခု ကြားလိုက်ရသောကြောင့် မွန်းလွဲပိုင်းအထိ စိတ်လှုပ်ရှားသွားကြသည်။ ကျီဝမ်လည်း အရမ်းပျော်သွားသည်။ သူတို့သုံးယောက်က အသေးအမွှားကိစ္စတွေကို အများအားဖြင့် သဘောမတူကြပေ။ ဒါပေမယ့် သူတို့မှာ အံ့သြစရာကောင်းလောက်အောင် တညီတညွတ်တည်း ထင်မြင်ယူဆချက်တစ်ခုရှိခဲ့ပြီး ယင်းမှာ Silver Field နှင့်ပတ်သက်တဲ့ ကိစ္စဖြစ်သည်။

Silver Field ဟုခေါ်တွင်သည်မှာ တကယ်တော့ ကျင်းမြို့တော်ရှိ မြေအောက်လောင်းကစားရုံတစ်ခုဖြစ်သည်။ မြေအောက်လက်ဝှေ့ကလပ်တစ်ခုလည်း ဖြစ်သည်။ ဤနေရာတွင် လောင်းကစား ဂိမ်းများအားလုံးသည် လက်ဝှေ့နှင့် ဆက်စပ်နေသည်။ ထိုအကြောင်းကို မြို့တွင်းရှိ လူအနည်းငယ်သာ သိကြပြီး Silver Field ၏ စီစဉ်သူအကြောင်းကို မည်သူမျှ မသိကြပေ။ ချမ်းသာတဲ့သူတွေ တော်တော်များများက ပွဲကြည့်ဖို့ ဒီကိုလာကြသည်။

ကွင်းထဲမှာ သူတို့ကြိုက်တဲ့လူကိုတွေ့ရင် ပွဲအပြီးမှာ သူတို့ကို သက်တော်စောင့်အဖြစ် တိုက်ရိုက်ခန့်အပ်နိုင်သည်။ ဟုတ်ပါတယ် တစ်ဖက်သားရဲ့ ဆန္ဒအပေါ်မှာလည်း မူတည်ပါသည်။ ဤနေရာတွင် ပါဝင်သူတွေက မျက်နှာဖုံးတွေ ဒါမှမဟုတ် ဆေးခြယ်ထားတာတွေ လုပ်ထားကြသည်။ အခြေခံအားဖြင့်တော့ သူတို့ရဲ့ မိခင်တွေတောင်မှ သူတို့ကို မှတ်မိနိုင်မှာ မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့၏ အထောက်အထားများကို လျှို့ဝှက်ထားကာ မလိုအပ်သော ပြဿနာများကို ရှောင်ရှားနိုင်ရန် ယင်းကို ပြုလုပ်ခဲ့သည်။

Silver Field ပွဲက တစ်ပွဲထက်မက ရှိသည်။ အဆင့်တစ်မှ အဆင့်ကိုးအထိ စုစုပေါင်း ကိုးကြိမ်ရှိသည်။ အဆင့်တစ်သည် ဝင်ခွင့်အဆင့် အလှည့်ဖြစ်သည်။ လူတိုင်း စာရင်းသွင်းနိုင်သည်။ အဆင့်နှစ်မှာ အဖြူရောင်အဆင့်ဖြစ်သည်။ အဖြူကတ်ရှိသူများသာ ပါဝင်နိုင်မည်ဖြစ်သည်။ သင်တန်းသားဦးရေမှာ ၅၀၈ ဦးဖြစ်သည်။ အဆင့်သုံးမှာ အဝါရောင်အဆင့်ဖြစ်သည်။ အဝါကတ်ရှိဖို့ လိုသည်။ ပါဝင်သူအရေအတွက်မှာ ၂၅၄ ဦးဖြစ်သည်။ အဆင့်လေးမှာတော့ အနီကတ်ဖြစ်သည်။ တက်ရောက်သူ ၁၂၇ ဦးရှိသည်။

All Chapters