အခန်း (၁၉၀)
Vol. 13 Ch. 190
ဖန့်ရှောင်နွမ် အလျင်အမြန် တောင်းပန်လိုက်သည်။ "ယောကျ်ား တောင်းပန်ပါတယ်။ ရှင့်ကို မတော်တဆ ကန်မိသွားတာ။"
ကျီလင်းချန်က ဘာမှပြန်မပြောဘဲ ရုတ်တရက် သူ့ခြေထောက်ကို သူ့မိန်းမဆီ ဆန့်ကာ သူမကိုတမင် ထိလိုက်သည်။
"ဟင်" ဖန့်ရှောင်နွမ် သူမယောကျ်ားကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
ကျီလင်းချန် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "မင်းခြေထောက်တွေ ဘာလို့ ဒီလောက်အေးနေတာလဲ"
ဖန့်ရှောင်နွမ် ပြောစရာစကားပျောက်ရှသွားသည်။ သူမယောကျ်ားက သူမခြေထောက်တွေကို သူ့ခြေထောက်တွေနဲ့ နွေးအောင်လုပ်ပေးမို့လား။
ကျီလင်းချန်က စာအုပ်ကို ကုတင်ဘေးက စားပွဲပေါ်တင်ကာ ဇနီးဖြစ်သူ၏ လက်ကို လှမ်းဆွဲလိုက်သည်။ သူမရဲ့လက်က အဆင်ပြေပေမယ့် ခြေထောက်တွေက အေးစက်နေသည်။ အရေပြားအေးတဲ့သူတွေက တရုတ်တိုင်းရင်းဆေးဆရာဆီ သွားပြဖို့ လိုအပ်တယ်လို့ သူကြားဖူးသည်။ ဇနီးဖြစ်သူက ရေနွေးနဲ့ ရေချိုးခဲ့ပေမယ့် ခြေထောက်တွေက အေးစက်နေခဲ့သည်။ ကံကောင်းထောက်မစွာ၊ သူမ၏ လက်အပူချိန်က ပုံမှန်ဖြစ်သည်။ မဟုတ်ရင် မနက်ဖြန် ဆရာဝန်ဆီ သွားရမယ်။ ဇနီးဖြစ်သူ၏ ခြေထောက်ကို အချိန်အတော်ကြာ နွေးသွားအောင်လုပ်ပေးပြီးနောက် သူမ၏ ခြေထောက်အပူချိန်က ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိသွားခဲ့သည်။ ကျီလင်းချန် သူ့ ခြေထောက်တွေကို ပြန်ရုတ်လိုက်ပြီး စာပြန်ဖတ်ဖို့ သူ့စာအုပ်ကို ကောက်ယူလိုက်သည်။
ဖန့်ရှောင်နွမ်က သူ့အနားကိုကပ်လာသည်။ “ယောကျ်ား၊ မင်း နေ့တိုင်း စာအုပ်တွေ ဖတ်တယ်နော်။ ဘာစာအုပ်တွေဖတ်နေတာလဲ" သူမ တစ်ချက်ကြည့်လိုက်တော့ စကားလုံးတွေကို မဖတ်နိုင်ဘူးဆိုတာ သိလိုက်ရသည်။
ကျီလင်းချန် ပြောလိုက်သည်။ "အနောက်ဘက်သို့ ခရီးသွားခြင်း"
ဖန့်ရှောင်နွမ်ပြောလိုက်သည်။ "ဒါဆို စွန်းဝူခုန်းက ဘယ်မှာရှိလဲ" သူမယောကျ်ား ဝတ်ကျေတမ်းကျေပြောနေတာလို့ သူမ ခံစားမိသည်။
ကျီလင်းချန် ပြောလိုက်သည်။ "သူက စာအုပ်တွေထဲ မှာရှိတယ်"
ဖန့်ရှောင်နွမ် ထပ်ပြီး နီးကပ်ခဲ့ပြန်သည်။ စွန်းဝူခုန်းရဲ့ အရိပ်က ဘယ်နေရာမှာမှ မမြင်ရဘူး။ " ဖြစ်နိုင်ရင် ကျွန်မကို ဘာသာပြန်ပေး”
ကျီလင်းချန် ပြောလိုက်သည်။ "မင်းအတွက် ကိုယ်ဘာသာပြန်ပေးနိုင်ပေမယ့် ကိုယ့်ကို ဘယ်လိုဆုချမှာလဲ။"
ထိုစကားကို ပြောပြီးနောက် သူ့အကြည့်တွေက ဇနီးဖြစ်သူရဲ့ နှုတ်ခမ်းပေါ်သို့ ရောက်သွားသည်။ "ကိုယ် ဒီနေ့ ဘာဆုမှ မရသေးဘူးလို့ထင်တယ် "
“ဟုတ်တယ် ရှင်ရပြီးပြီ။ ကားပေါ်မှာ နမ်းခဲ့တာကို မေ့သွားပြီလား။ ကျွန်မ အဲဒါကို မှတ်မိသေးတယ်။ ကျွန်မ ဒါကို ရှင်းရှင်းလင်းလင်း သဘောမတူဘူး!" ဖန့်ရှောင်နွမ် စိတ်လှုပ်ရှားစွာပြောလိုက်သည်။
ဒါတောင် ကျီလင်းချန်က သူမကို နမ်းနေတုန်းပင်။ ဖန့်ရှောင်နွမ် ရုန်းကန်ဖို့ ပျက်ကွက်ခဲ့ပြီး အရှုံးသာပေးလိုက်ရသည်။ နောက်ဆုံးတွင် သူမ ဇာတ်လမ်းကို မကြားရတော့ဘဲ အခွင့်ကောင်းယူခံလိုက်ရသည်။ သူမဒေါသအရမ်းထွက်ပြီး သူ့ကို ကြိမ်ဖန်များစွာ ဆူခဲ့သည်။
ထိုညတွင် သူ့ရဲ့ ဇနီးချောလေးကို ရင်ခွင်ထဲမှာထည့်ထားကာ စာကြည့်ခန်းထဲသို့ တစ်လှမ်းမှပင် မလှမ်းခဲ့ပေ။
ဖန့်ရှောင်နွမ် အိပ်ပျော်သွားပြီးနောက် ကျီလင်းချန်က သူမရဲ့ ချစ်စရာကောင်းစွာ အိပ်နေတဲ့ မျက်နှာကို ကြည့်ပြီး သူမရဲ့နှုတ်ခမ်းပေါ် တိတ်တဆိတ် နမ်းလိုက်သည်။ သူမကို နမ်းနေတာ မပြီးသေးတဲ့အတွက် လည်ပင်းကို နမ်းလိုက်သည်။ သူ ဒီလို တိတ်တိတ်လေး နမ်းချင်ပေမယ့် နည်းနည်းတော့ ခွန်အားတွေ သုံးခဲ့သည်။ သူမရဲ့လည်ပင်းမှာ မတော်တဆ မာကင်ရာ ချန်ထားခဲ့မိသည်။ ဇနီးဖြစ်သူ၏ နူးည့တဲ့ လည်ပင်းမှာ ရှိနေတဲ့ သူ၏ လုပ်ရပ်များ၏ အထောက်အထားကို ကြည့်ကာ တွေးလိုက်မိသည်။ 'အိုး၊ ဒါက မနက်ဖြန် scene တစ်ခု ဖြစ်လာလိမ့်မယ်'
သေချာပါတယ်၊ နောက်တစ်နေ့ မနက်စောစောမှာ ဖန့်ရှောင်နွမ် ရေချိုးနေရင်း သူမရဲ့လည်ပင်းပေါ်က ထင်ရှားတဲ့ အမှတ်အသားတွေကို တွေ့လိုက်ရသည်။ အစတုန်းကတော့ ခြင်ကိုက်တာလို့ ထင်ခဲ့ပေမယ့် ခင်ပွန်းဖြစ်သူရဲ့ ရှောင်တိမ်းတဲ့အကြည့်တွေကို မြင်လိုက်ရတော့ ရုတ်တရက် သဘောပေါက်သွားသည်။ ခေါင်းအုံးကို ကောက်ကိုင်လိုက်ပြီး သူမယောကျ်ားကို ပစ်လိုက်သည်။ "ရှင်က ညစ်ပတ်တဲ့ လူရမ်းကားပဲ!"
…
ထမင်းစားပွဲမှာ ကျီဝမ် စိတ်ရှုပ်ယှက်ပြီးမေးခဲ့သည်။ " ဖန့်ရှောင်နွမ် ဘာဖြစ်နေတာလဲ။ ဒီနေ့ ကော်လာမြင့်တဲ့အဝတ်အစားတွေ ဝတ်ရင် ပူပြီး သေသွားလိမ့်မယ်နော် ”
ဖန့်ရှောင်နွမ် အံကြိတ်ကာ ခြိမ်းခြောက်လိုက်သည်။ "နင်သေချင်နေတာလား"
ကျီဝမ် ပြောစရာစကားပျောက်ရှသွားသည်။ ထို့နောက် သူပြောလိုက်သည်။ “ဘာလို့ ဒီလောက် အထက်စီးဆန်နေတာလဲ။ ဒါ ငါ့အိမ်!"
“ဒါက မင်းအဒေါ်အိမ်လည်း ဟုတ်တယ်” ကျီလင်းချန် ပြောလိုက်သည်။
ကျီဝမ် နာခံစွာ ပါးစပ်ကို ပိတ်လိုက်သည်။ အမှန်တော့ သူတို့က အတူတူပါပဲ။
"ရှင်လည်း ပါးစပ်ပိတ်ထား!" ဖန့်ရှောင်နွမ် ဒေါသတကြီး ဟောက်လိုက်သည်။
ကျီလင်းချန်လည်း သူ့ပါးစပ်ကို နာခံစွာ ပိတ်လိုက်သည်။ သူသည် မူလက ကျီ မိသားစု အစား ကွင်းဆက်၏ ထိပ်မှာရှိခဲ့သည်။ ထိုမိန်းကလေးနှင့် လက်ထပ်ပြီးနောက် မိသားစုမှာ သူ့အဆင့်အတန်းက အနည်းငယ် နိမ့်ကျသွားသည်။
ကျီဝမ် အံ့အားသင့်သွားသည်။ ပြိုင်ဘက်မရှိတဲ့ ဦးလေးက သူ့မိန်းမရဲ့ နှိမ့်ချခြင်းကို အမှန်တကယ် ခံခဲ့ရတာလား။ ဖန့်ရှောင်နွမ်ကို ပြန်ကြည့်လိုက်တော့ သူ့ရင်ထဲမှာ နားမလည်နိုင်တဲ့ အထိတ်တလန့် ဖြစ်မှုကို ခံစားလိုက်ရသည်။ သူမ သူ့ကို မတိုက်ခိုက်ခဲ့ဘူးမလား ဒါမှမဟုတ် တိုက်ခိုက်ခဲ့တာလား။
ထမင်းစားပြီးနောက် ကျီလင်းချန်သည် မူလက သူ့ဇနီးလေးအား ကျောင်းသို့ လိုက်ပို့ချင်သော်လည်း ကြင်နာမှုမရှိဘဲ ငြင်းပယ်ခံခဲ့ရသည်။
ဖန့်ရှောင်နွမ်က သူမရဲ့ အိတ်ကို ကောက်ယူလိုက်ပြီး စာအုပ်ကို ယူကာ ကျီဝမ် ကားရဲ့ ခရီးသည် ထိုင်ခုံတွင် ဝင်ထိုင်ခဲ့သည်။
"ရှောင်နွမ်၊ မင်း ငါ့ဦးလေးနဲ့ ချထားတာလား" လို့ ကျီဝမ် စိတ်ဝင်တစား မေးလိုက်သည်။
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဟုတ်တယ်၊ ငါ ချထားတာ"
"ဘာလို့ သူ ဒဏ်ရာမရတာလဲ" ကျီဝမ် ဆက်မေးလိုက်သည်။ ဖန့်ရှောင်နွမ် ချတာကို သူ အကြိမ်များစွာကိုမြင်ဖူးသည်။ သူမက လက်သီးနဲ့ ခြေထောက်နှစ်ဖက်လုံးကို သုံးတာ။ သူ လုံးဝ ထိခိုက်ဒဏ်ရာမရမှာတော့ မဟုတ်ပေ။
ဖန့်ရှောင်နွမ် နေကာမျက်မှန်ကို ၀တ်ထားကာ မျက်လုံးကို သပ်ရပ်စွာ ဖွင့်လိုက်သည်။ သူမ နေရောင်အောက်မှာ နေပူဆာလှုံပြီး ဂုဏ်ယူစွာပြောလိုက်သည်။ "အဲ့တာက အတွင်းဒဏ်ရာတွေပဲ!"
ကျီဝမ် ပြောစရာစကားမဲ့သွားသည်။ သူ ဖန့်ရှောင်နွမ် ကို လက်မထောင်ပြလိုက်သည်။ ရန်ပွဲအပေါ်တွင်မူတည်ပြီး ပြင်ပဒဏ်ရာ၊ အတွင်းဒဏ်ရာတွေက ချီ ပေါ်တွင်မူတည်ပြီး သူမက နှစ်ခုစလုံးကို ထိခိုက်စေနိုင်သည်။ သူမက တကယ်ကို ကျွမ်းကျင်တဲ့သူပါ။
သူတို့ကျောင်းသို့ရောက်သောအခါ၊ လျိုစစ်ယွီ စိတ်ဓာတ်ကျနေသည်။ သူမရဲ့ အချစ်ဆုံး သူငယ်ချင်းတွေကို မြင်တော့ သူမ နိုးကြားနေစေဖို့ တွန်းအားပေးခဲ့သည်။ သူမ သူတို့ကို နှုတ်ဆက်ပြီးနောက် အိပ်ချင်မူးတူး အခြေအနေသို့ ပြန်သွားခဲ့သည်။
ဖန့်ရှောင်နွမ်နဲ့ကျီဝမ်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ကျီဝမ် အမြန်မေးခဲ့သည်။ "စစ်ယွီ၊ မနေ့ညက သင်္ချိုင်းကိုဓားပြတိုက်ဖို့ ထွက်သွားလိုက်လို့လား"
ဖန့်ရှောင်နွမ် သံယောင်လိုက်ခဲ့သည်။ "ငါ့ကိုပြော၊ နင်ဘယ်သူ့သင်္ချိုင်းကို ဓားပြတိုက်လာတာလဲ"
စားပွဲပေါ်မှာ လှဲနေတဲ့ လျိုစစ်ယွီက မျက်လုံးမှိတ်ပြီး ပြောခဲ့သည်။ "လျိုမိသားစု ဘိုးဘေးတွေရဲ့ သင်္ချိုင်းမှာ ကပြခဲ့တာ"
"ရို၊ စစ်ယွီက တကယ်ကို အံ့သြစရာကောင်းတာပဲ။ သူ့ဘိုးဘေးတွေရဲ့ သင်္ချိုင်းမှာ ကပြတယ်!" ကျီဝမ် လက်ခုပ်တီးရင်း ပြောလိုက်သည်။
ဖန့်ရှောင်နွမ် မေးလိုက်သည်။ "နင် ဘိုးဘေးရဲ့ ဘယ်မျိုးဆက်ကို ကပြခဲ့တာလဲ"