← Chapters

အခန်း (၂၅၄)

Vol. 17 Ch. 254

အခန်း (၂၅၄)

Vol. 17 Ch. 254

"ဝိုး" လျိုစစ်ယွီက စနောက်လိုက်သည်။ "နင် နင့်လူကို သွားကြီးဖြဲပြီး ပြုံးပြနေလိုက်တာ နင့် မျက်လုံးတွေတောင်ကွဲထွက်သွားတော့မယ် "

“မဟုတ်ပါဘူး၊ မကွဲထွက်ပါဘူး” ဖန့်ရှောင်နွမ် ပြန်ပြောလိုက်သည်။ "သူတို့က တစ်တန်းတည်းဖြစ်သွားတာ"

ခေါင်းလောင်းသံကြားတော့ ဖန့်ရှောင်နွမ်က သူ့ပစ္စည်းတွေကို ထားခဲ့ကာ ခင်ပွန်းဖြစ်သူဆီ တည့်တည့်ပြေးသွားခဲ့သည်။ “ယောကျ်ား၊ ဒီမနက် ရှင် ကျွန်မကို လိုက်မပို့ရတော့ နေ့ခင်းဘက် လာကြိုတာပေါ့။ ကျွန်မကိုအရမ်းလွမ်းနေလို့လား"

ကျီလင်းချန်က သူ့ဇနီးလေးနဲ့ အချိန်အတော်ကြာ နေခဲ့ရပြီး လူတွေကို ချော့တဲ့နည်းကိုလည်း ဖြည်းညှင်းစွာ သင်ယူခဲ့သည်။ သူသင်ယူခဲ့တာတွေကို ချက်ချင်းအသုံးချခဲ့သည်။ "ကိုယ် အလုပ်လုပ်နေတုန်း မင်းအကြောင်းပဲ တွေးနေမိတာ။ အစည်းအဝေးတွေလုပ်ဖို့ ကိုယ် စိတ်မပါတော့ဘူး ဒါကြောင့် မင်းကိုလာခေါ်ဖို့ အလုပ်စောစောဆင်းလာတာ"

ဖန့်ရှောင်နွမ် ၏ အပြုံးက ပို၍ ကျယ်လာသော်လည်း သူမက သူမယောကျ်ားကို lecture ပေးနေဆဲပင် “အမြဲတမ်း ဒီလိုမျိုး မလုပ်ရဘူးနော်။ ရှင် မင်းရဲ့ရုံးခန်းကို ဒီအတိုင်းထားခဲ့လို့မရဘူး။ ရှင် ကျွန်မကိုပဲ တွေးနေရင် ကုမ္ပဏီ ဒေဝါလီခံလိုက်ရရင် ဘယ်လိုလုပ်မလဲ။”

ကျီလင်းချန်က ဇနီးဖြစ်သူ၏ ပျော့ပျောင်းတဲ့ ဆံပင်တွေကို ပွတ်သပ်လိုက်သည်။ "မင်းရဲ့စာအုပ်တွေတောင် ယူမလာဘူးလား"

“မယူလာဘူး ရှောင်ဝမ်နဲ့ ရှောင်ယွီတို့ ကျွန်မကို ကူညီပေးလိမ့်မယ်” ဖန့်ရှောင်နွမ် ပြန်ပြောလိုက်သည်။

ခဏအကြာတွင် လျိုစစ်ယွီနဲ့ ကျီဝမ်တို့ စာအုပ်အထပ်လိုက်နဲ့ ထွက်လာခဲ့သည်။

ကျီလင်းချန် ယူတော့မယ့်အချိန်မှာ ဖန့်ရှောင်နွမ်က ပိုမြန်ပြီး တိုက်ရိုက် ယူသွားခဲ့သည်။ CEO ကျီရဲ့ လက်က အံသြဖွယ်ကောင်းလောက်အောင် လေထဲတွင် တန့်နေခဲ့ကာ တိတ်တဆိတ်သာ ပြန်ဆုတ်ခဲ့သည်။ သူက လျိုစစ်ယွီ ရဲ့လက်မောင်းကို တစ်ချက်ကြည့်လိုက်ပြီး မေးခဲ့သည်။ "ဒီလက်မောင်းမှာ အမာရွတ်ရှိလား"

ဖန့်ရှောင်နွမ်ရဲ့ နှလုံးကတုန်သွားသည်။ သူမ ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ ခင်ပွန်းဖြစ်သူကို ကြည့်လိုက်သည်။ “ယောကျ်ား၊ ရှင်.…”

"ကိုယ်က မေးကြည့်ရုံလေးပါပဲ " ကျီလင်းချန် ပြန်ဖြေခဲ့သည်။

ခင်ပွန်းဖြစ်သူ၏စကားကိုကြားတော့ ဖန့်ရှောင်နွမ်က သူတွေးနေသည့်အရာကို ချက်ချင်းနားလည်သွားသည်။ သူမ မပြုံးနိုင်တော့ဘဲ သူမရဲ့အမူအရာက ချဥ်လာခဲ့သည်။ သူမ၏ နူးညံ့တဲ့ မျက်နှာလေးကလည်း လေးနက်လာသည်။

လျိုစစ်ယွီ သည် လေထုက မမှန်တော့ဘူးဆိုတာကို ခံစားမိလိုက်သည်။ သူမ ကိုးရိုးကားရားနိုင်စွာပြုံးပြီး ပြောလိုက်သည်။ "ဟင့်အင်း၊ မရှိဘူး"

ဖန့်ရှောင်နွမ်က သူမရဲ့လက်မောင်းကို ညွှန်ပြပြီး ပြောခဲ့သည်။ "ကျွန်မမှာ အမာရွတ်ရှိလားလို့ ရှင် ဘာလို့ မမေးတာလဲ"

"မင်းရဲ့လက်မောင်းကို ကိုယ် နေ့တိုင်းတွေ့နေရတာပဲ။ မင်းမှာ အမာရွတ်ရှိရင် ကိုယ်သိမှာပေါ့ ” ကျီလင်းချန် ပြန်ဖြေလိုက်သည်။

သုံးယောက်သား တခစ်ခစ်နဲ့ရယ်လိုက်ကြသည်။

ကျီလင်းချန်ရဲ့ စကားတွေက သူတို့၏ စိတ်ကူးများကို ရိုင်းစိုင်းစေဖို့ လွယ်ကူစေသည်။

ဖန့်ရှောင်နွမ်ရဲ့ မျက်နှာ နီရဲလာသည်။ ခင်ပွန်းသည်က တိုက်ရိုက်ကြီးပြောလွန်းသည်ဟု သူမ ခံစားခဲ့ရပြီး သူမ၏ သူငယ်ချင်းတွေ နားလည်မှုလွဲသွားတော့မှာပဲ။ ဒါပေမယ့် သူမက လက်နှစ်ဖက်နှင့် ခြေထောက်တွေကို ဖော်ထားပြီး အိပ်ခန်းထဲမှာ အမြဲတမ်း ပြေးနေသည်မှာ အမှန်ပင် ဖြစ်သောကြောင့် သူမ ၎င်းကို ငြင်းဆို၍မရပေ။

ခဏကြာတော့ လျိုစစ်ယန် ရောက်လာသည်။ ကျီလင်းချန် ကိုတွေ့တော့ သူ့ညီမအနားကို ချက်ချင်းသွားလိုက်သည်။ "CEO ကျီ၊ ရှောင်နွမ်ကို လာခေါ်တာလား။"

"ဟုတ်တယ် မင်းက မင်းညီမကို လာခေါ်ဖို့လာတာလား။ မင်းမိဘတွေထက် မင်းက ပိုကြိုးစားတာပဲ။ မင်း သူ့ကို တစ်ချိန်လုံး လာကြိုပေးတယ်နော်။ မင်း ရဲစခန်းမှာ အားနေတာပေါ့"

လျိုစစ်ယန် ပြုံးလိုက်သည်။ “ကျွန်တော်က သူ့ကိုအမြဲ လာကြိုတယ်။ မကြာသေးခင်ကမှ ကျင်းမြို့တော်က ငြိမ်းငြိမ်းချမ်းချမ်း ရှိလာတာ။ ကျွန်တော် အလုပ်မရှုပ်ပါဘူး။" သူက စကားများများမပြောဘဲ သူ့ညီမ၏ လက်ကို လှမ်းကိုင်လိုက်သည်။

ကျီလင်းချန်က သူ့ဘေးနားက သူ့မိန်းမကို ကြည့်လိုက်သည်။ သူမရဲ့ ဗာဒံပုံသဏ္ဍာန် မျက်လုံးဝိုင်းဝိုင်းများက သူ့ကိုဖောက်ထွင်းပြီး မြင်ရလုနီးပါးပင်။ "ကိုယ် မင်းကို တကယ် ကျောင်းလာကြိုဖို့ လာတာပါ"

ဖန့်ရှောင်နွမ် ပြန်ပြောလိုက်သည်။ "ဟမ့်! ကျီလင်းချန် ရှင် ပိုပိုပြီး မရိုးသားတော့ဘူး၊ အခု ရှင် ကျွန်မကို ဘယ်လိုအသုံးချရမယ်ဆိုတာတောင် သင်ယူနေပြီပဲ!" သူမ စကားပြောပြီးသည်နှင့် လှည့်ပြီး ကျီဝမ်နဲ့ ထွက်သွားခဲ့သည်။ သူမ ကျီဝမ်နဲ့ အိမ်ပြန်ချင်သည်။

ကျီဝမ် ထိတ်လန့်သွားသည်။ “အဒေါ် ကျွန်တော့်နောက်ကို မလိုက်ပါနဲ့။ ကျွန်တော် အသက်ရှည်ရှည်နေချင်သေးတယ်"

ဖန့်ရှောင်နွမ်က ကျီဝမ်ရဲ့ အင်္ကျီလက်ကိုဆွဲကာ ငြင်းဖို့ အခွင့်အရေးမပေးဘဲ ရှေ့သို့ဆွဲသွားခဲ့သည်။

ကျီလင်းချန်က သူမနောက်ကို လိုက်သွားခဲ့သည်။ ဇနီးလေးရဲ့လက်ကိုဆွဲကိုင်ကာ မင်းသမီးလေးကဲ့သို့ ပွေ့ချီလိုက်သည်။

ဖန့်ရှောင်နွမ် မတုံ့ပြန်နိုင်ခင် သူမ ပွေ့ချီခံလိုက်ရသည်။

ကျောင်းသူ/သားများ အားလုံး ဝိုင်းပြီး တိတ်တဆိတ် ကြည့်နေကြသည်။

ကျီလင်းချန်က သူ့မိန်းမကို ပွေ့ချီ လာတဲ့ အဖြစ်အပျက်က ကျောင်းရဲ့ ဖိုရမ်ဆီ မြန်မြန်ရောက်သွားသည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ကျီလင်းချန်!"

"ကိုယ့်ကို ယောကျ်ားလို့ ခေါ်" ကျီလင်းချန် ပြန်ပြောလိုက်သည်

"လူယုတ်မာကြီး!" ဖန့်ရှောင်နွမ် ပြောလိုက်သည်။

"ကိုယ် ဘယ်လောက်ပဲ လူယုတ်မာဖြစ်ပါစေ၊ ကိုယ်က မင်းယောကျ်ားပဲ" ကျီလင်းချန် ပြန်ပြောလိုက်သည်။

သူ့ကိုကြည့်နေတဲ့လူတိုင်းကို သူ ဂရုမစိုက်ခဲ့ပေ။ ဆူညံပွက်လောရိုက်နေတဲ့ ဇနီးသည်အား ချက်ခြင်း ရှေ့ခရီးသည် ထိုင်ခုံဆီသို့ သယ်ဆောင်သွားကာ ထိုင်ခုံခါးပတ်ကို ပတ်ပေးခဲ့သည်။ "မင်းကို လာခေါ်ဖို့ ကိုယ်တကယ်ရောက်နေတာ"

"ဟမ့်!" ဖန့်ရှောင်နွမ် ဒေါသတကြီးဖြင့် မျက်နှာကို ဘေးသို့ လှည့်လိုက်သည်။

ကျီလင်းချန်က ခန္ဓာကိုယ်ကိုကိုင်းကာ သူမ၏ နူးညံ့လှတဲ့ မျက်နှာလေးကို နမ်းလိုက်သည်။ အဲ့တာက ရေမျက်နှာပြင်ပေါ် ပျံနေတဲ့ ပုစဉ်းတစ်ကောင်လို ပေါ့ပါးလွန်းသည်။ ထို့နောက် သူက ဒရိုင်ဘာထိုင်ခုံဆီသို့ လျှောက်သွားကာ ကားကို စတင်နှိုးလိုက်ပြီး ဇနီးဖြစ်သူကို ခေါ်သွားခဲ့သည်။

အိမ်အပြန်လမ်းတွင် အခြားကားတစ်စီး၌ လျိုစစ်ယန် က မျက်ခုံးတွေကျုံ့ထားခဲ့သည်။ "ရှောင်ယွီ၊ ရှောင်နွမ် မင်းရဲ့ဓာတ်ပုံတွေကို ကြည့်ဖို့ မကြာသေးခင်က ငါတို့အိမ်ကို လာခဲ့တာမလား။ သူ့ယောက်ျားကလည်း မင်းကိုရှာဖို့ မင်းရဲ့ကျောင်းကို လာနေတယ်။ ဘာတွေဖြစ်နေတာလဲ ”

"အာ။ ဓာတ်ပုံတွေလား။ ရှောင်နွမ်က ညီမ ငယ်ငယ်တုန်းက ဓာတ်ပုံတွေ ကြည့်ချင်တယ်လို့ ပြောလို့လေ။ အဲဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ အဲဒါတွေကို ညီမ သူ့ကို ပြလိုက်တယ်။ သူညီမရဲ့ပုံတွေကိုကြည့်တယ်၊ ညီမလည်း သူ့ရဲ့ပုံတွေကိုကြည့်တယ်။ နောက်ပြီး သူ့ယောက်ျားက ညီမအတွက် လာတာမဟုတ်ပါဘူး။ သူ့ကို လာခေါ်ဖို့ ရောက်လာတာ။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အရမ်းကောင်းတယ် ပြီးတော့ နေ့တိုင်းနမ်းကြတယ်လို့ ကျီဝမ် ပြောတာကြားဖူးတယ် မဟုတ်ရင်တော့ သူတို့ ပါးစပ်တွေ ယားနေကြမှာပဲ ”

All Chapters