အခန်း (၃၆)
Vol. 3 Ch. 36
ကျီလင်းချန် ခေါင်းကိုက်နေသည်။ သူက နဖူးကိုပွတ်နေသည်။ ဘယ်လိုပဲ သူစဉ်းစားစဉ်းစား သူမကို ဘာကြောင့် နမ်းလိုက်တာလဲဆိုတာကို မသိဘူးဖြစ်နေသည်။ နမ်းပဲနမ်းခဲ့တာကတော့ အဆင်ပြေပေမယ့် သူက သူမရဲ့ နှုတ်ခမ်းတွေကိုပါ ယောင်သွားအောင်လုပ်လိုက်သည်။ အရက်မူးတဲ့သူတစ်ယောက်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာများဖြစ်နေတာလား?
အောက်ထပ်မှာတော့၊ ဖန့်ရှောင်နွမ်က လှေကားထစ်မှာ တစ်ယောက်တည်း ထိုင်နေသည်။ သူမ နှလုံးခုန်တာရပ်သွားအောင် အသက်ပြင်းပြင်းရှုလိုက်သည်။ ပြီးတော့မှာ သူမယောကျာ်းရဲ့ သူငယ်ချင်းတွေနဲ့ သွားတွေ့ဖို့ ဧည့်ခန်းထဲ လျှောက်သွားခဲ့သည်။
သခင်ကြီးကျီက “သူ အိပ်သွားပြီလား?” လို့မေးလိုက်သည်။
ဖန့်ရှောင်နွမ်က “သူ အိပ်သွားပါပြီ”လို့ ပြန်ဖြေလိုက်သည်။ ဖန့်ရှောင်နွမ်က သခင်ကြီးကျီရဲ့ ဘေးနား ဝင်ထိုင်လိုက်သည်။ ပြောရရင်၊ သူမ ဘယ်လိုနည်းနဲ့ သူမယောကျာ်းရဲ့ သူငယ်ချင်းတွေနဲ့ စကားဖောင်ဖွဲ့ပြောရမလဲဆိုတာ မသိပေ။ ပွင့်ပွင့်လင်းလင်းပြောရရင်၊ သူတို့အားလုံးက သူမအတွက် သူစိမ်းသာသာဖြစ်နေသည်။
ယဲ့မုပိုင်က ဖန့်ရှောင်နွမ်ရဲ့ ပါးစပ်ကို သတိထားမိသွားသည်။ အစောနက ပုံစံနဲ့ မတူနေဘူး။ သူက ယောင်ချမ့်ကိုပါ ကြည့်ဖို့ အချက်ပြလိုက်သည်။ ယောင်ချမ့်ကလည်း သူမရဲ့နှုတ်ခမ်းကို ကြည့်လိုက်ပြီး ယဲ့မုပိုင်ကို ခေါင်းငြိမ့်ပြလိုက်သည်။
ယဲ့မုပိုင်က ခေါင်းရှုပ်သွားသည်။ “ငါ့ကို ဘာလို့ ခေါင်းငြိမ့်နေတာလဲ?”
ယောင်ချမ့်က ဒီမိန်းကလေး အခန်းထဲကို အကြာကြီးဝင်သွားတာ မထူးဆန်းတော့ဘူးလို့ သူဘာသာသူတွေးနေမိသည်။ သူမက မိတ်ကပ်ထပ်ပြင်ရအောင် နေနေတာကို။ ဒီနက်မှောင်လှတဲ့ နှုတ်ခမ်းနီက သူမနဲ့ မလိုက်ဘူး။ တအားသိသာလွန်းနေသည်။
ယဲ့မုပိုင်က မုရုံရဲ့လက်ကို ဆွဲလိုက်ပြီးတော့ ဖန့်ရှောင်နွမ်ကို ကြည့်ဖို့ သူ့ကိုလည်း အချက်ပြလိုက်ပြန်သည်။ မုရုံက သူ့ကို အသာလေးတွန်းပြီးတော့ ယဲ့မုပိုင်ကို စိုက်ကြည့်လိုက်သည်။ “ငါ မကန်းဘူး။”
သူတို့နှစ်ယောက်က တလှုပ်လှုပ်နဲ့ လုပ်နေကြပြီး သူတို့နှစ်ယောက်ရဲ့ မျက်နှာချင်းဆိုင်နေတာက သိသာလာနေသည်။ ဝမ်ယွီပေါ်တောင် အနေရခက်လာပြီး ထရပ်လိုက်ကာ ပြန်လိုက်ပါဉီးမယ်လို့ ပြောလိုက်သည်။ “ဉီးလေးကျီ၊ ကျီလင်းချန်လည်း အိမ်ပြန်ရောက်ပြီဆိုတော့၊ ကျွန်တော်တို့ ပြန်လိုက်ပါဉီးမယ်။ နောက်နေ့မှပဲ ထပ်လာခဲ့ပါမယ်။”
ယဲ့မုပိုင်က ကျီလင်းချန်ပေးခဲ့တဲ့ ဒဏ်ရာတွေ အများကြီးရခဲ့တာမလို့ ဖြေးဖြေးလေး ထနေသည်။ မုရုံက သူ့ကို ကူညီပေးလိုက်တော့မှ ယဲ့မုပိုင် ထနိုင်တော့သည်။ ကျီမိသားစုဝင်တွေကလည်း သူတို့ကို အိမ်ပေါက်ဝထိ လိုက်ပို့ပေးကြသည်။
နောက်ကျနေပြီဖြစ်တဲ့အတွက် ကျီလင်းချန်လည်း အိပ်ပျော်နေပြီ။ သခင်ကြီးကျီကလည်း သူတို့ကို ထပ်နေဖို့ မပြောတော့ပေ။ “အင်… လင်းချန်ကိုပြန်ပို့ပေးလို့လည်း ကျေးဇူးတင်ပါတယ်။ အားရင်တော့ မကြာမကြာလာလည်ပါ။ မင်းတို့ကို မတွေ့ရတာလည်းကြာပြီ။”
အားလုံးက ခေါင်းငြိမ့်လိုက်သည်။ ဖန့်ရှောင်နွမ်က သခင်ကြီးကျီနောက်ကလိုက်ပြီး သူတို့ထွက်သွားတာကို ကြည့်နေသည်။
ယဲ့မုပိုင် ကားထဲဝင်တဲ့အထိ ဖန့်ရှောင်နွမ်က သူ့ရဲ့ ထူးဆန်းတဲ့ပြုမူပုံကို ကြည့်နေမိသည်။ ကားက အဝေး ရောက်သွားတော့မှသာ ဖန့်ရှောင်နွမ် သက်ပြင်းချနိုင်တော့သည်။ သူက သခင်ကြီးကျီကို သိချင်စောနဲ့ “အဖေ၊ ကျွန်မ မေးစရာလေးရှိလို့ မေးလို့ရမလား?”လို့ မေးလိုက်သည်။
သခင်ကြီးက “ရတာပေါ့” ဆိုပြီး ခေါင်းငြိမ့်ပြလိုက်သည်။
“ယဲ့မုပိုင်လို့ခေါ်တဲ့သူက ကျောရိုးမှာထိခိုက်ထားတာလား?”လို့ ဖန့်ရှောင်နွမ်က ရူးကြောင်ကြောင်မေးလိုက်သည်။
သခင်ကြီးကျီက “ကျီလင်းချန်နိုးလာရင် သူ့ကို မေးလိုက်ပေါ့”လို့ ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က အတွေးထဲမှာပဲ နစ်မျောနေပြန်သည်။ သူမ ဘာလို့ ဒီကိစ္စကို ကျီလင်းချန်ကို မေးရမှာလဲ? သူမ ရှုပ်ထွေးသွားသည်။ သခငကြီးကျီက ပြုံးပြီး ဖန့်ရှောင်နွမ်ရဲ့ နှုတ်ခမ်းကို ကြည့်လိုက်သည်။ တကယ်နားလည်တဲ့သူကတော့ ဘာဖြစ်ခဲ့လဲဆိုတာကို တစ်ချက်ကြည့်ရုံနဲ့တင်ပြောနိုင်သည်။ သူ ထူးဆန်းသလို ခံစားရလို့ လှည့်ထွက်သွားလိုက်သည်။
ဖန်ချီက သခင်ကြီးကျီနောက် ကပ်လိုက်သွားခဲ့သည်။ ဖန့်ရှောင်နွမ်က သူမကို လှမ်းခေါ်လိုက်သည်။ “ယောင်းမ၊ ကျေးဇူးတင်ပါတယ်။” အကြောင်းအရာတစ်ခုကနေ နောက်တစ်ခုရောက်သွားသည်။ အခုတင်ပဲ ထမင်းစားခန်းမှာ ဖန်ချီကို ကျေးဇူးတင်သင့်ကြောင်း ဖန့်ရှောင်နွမ်က သူမကိုသူမ သတိပေးနေသည်။ ဒါပေမဲ့ ကျေးဇူးတင်လိုက်လို့ သူမက အားလုံးကို ဒီတိုင်းပဲထားလိုက်မယ်လို့ မဆိုလိုပါချေ။
ဖန်ချီက ဘာမှကို ပြနါမပြောပေ။ သူမက လှည့်ပြီး အခန်းထဲကို ပြန်သွားခဲ့သည်။ သူမရဲ့ အဲ့ဒီမိန်းကလေးပေါ်ထားတဲ့ တုံ့ပြန်မှုကတော့ နည်းနည်းပြောင်းသွားသည်။
အခန်းထဲမှာတော့၊ အိပ်ရာထဲမှာပဲရှိနေသေးတဲ့ ကျီလင်းချန်ကို ဖန့်ရှောင်နွမ်က ကြည့်နေသည်။ သူမ သေချာစဉ်းစားလိုက်သည်။ “ငါက အစောနက သူ့ဖိနပ်တွေကို မချွတ်ပေးခဲ့ပါဘူး။” ဒါပေမဲ့ သူမက သပ်သပ်ရပ်ရပ်ထားထားတဲ့ သားရေဖိနပ်တစ်စုံနဲ့ အိပ်ရာဘေးနားက ခြေအိတ်ကိုကြည့်ပြီးတော့ ထပ်တွေးမိပြန်သည်။ “ဒါပေမဲ့ ငါထွက်သွားတုန်းက သူ တကယ်ကို အိပ်ပျော်နေခဲ့တာကို”
ဖန့်ရှောင်နွမ်က ကျီလင်းချန်ရဲ့မျက်နှာကို သူမရဲ့ လက်ညှိုးနဲ့တို့လိုက်သည်။ “ဟေ့၊ ရှင် နိုးပြီလား?”
ကျီလင်းချန်က အိပ်ရေးစက်တဲ့သူပင်။ အခု၊ သူမနိုးနေရင်တောင် ဖန့်ရှောင်နွမ်က သူ့ကို နှိုးနေမှာ။ ဒါပေမဲ့ သူက အိပ်ချင်ယောင်ဆောင်ပြီး မျက်လုံးပိတ်ထားကာ သူမကို လျစ်လျူရှုထားသည်။
“သူက တကယ်အိပ်ပျော်နေတာလား?” ဖန့်ရှောင်နွမ်ရဲ့ အသံက ပျော်သွားသလိုမျိုးဖြစ်နေသည်။ နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ ကျီလင်းချန်ကို သူမက ကြည့်ပြီးတော့ တောက်ခေါက်လိုက်သည်။ “လူတစ်ယောက် အရက်မူးနေရင်၊ သူက သေနေတဲ့ ဝက်တစ်ကောင်လိုပဲလို့ ငါ့အမေက ပြောဖူးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ နိုးမှာမဟုတ်လောက်ဘူး။”
“အာ! ငါ ဒီလောက် ကံကောင်းမယ်လို့တောင် မထင်ထားမိဘူး။ ရှင်၊ ဝက်သေတစ်ကောင်က အခု ငါ့လက်ထဲကို ရောက်နေတယ်။” ဖန့်ရှောင်နွမ်က အိပ်ရာဘေးမှာ ထိုင်လိုက်ပြီး ကျီလင်းချန်ရဲ့ မျက်နှာကို ဆွဲဆိတ်ဖို့ လုပ်လိုက်သည်။ သူမက သူနဲ့ ကစားလေလေ၊ ပိုပြီးပျော်လာလေလေဖြစ်နေသည်။ “ရှင့်ကို ကျွန်မကို အနိုင်ကျင့်ခွင့်ပေးတယ်။ အခု လက်စားချေဖို့ ကျွန်မအတွက် မနောက်ကျသေးဘူး။ ဘယ်တော့မှ နောက်မကျဘူး။”
ကျီလင်းချန် မနိုးလာနိုင်ဘူးဆိုတာကိုသိတော့ ဖန့်ရှောင်နွမ်က ပိုပြီးတော့တောင် ရဲတင်းစွာလုပ်လာသည်။ သူမက ကျီလင်းချန်ရဲ့ နှာခေါင်းကို ဆွဲထားပြီး သူ့ကို အသက်ရှုလို့မရအောင် လုပ်သည်။ ခဏလောက်ကြာတော့ သူမ လွှတ်ပေးလိုက်သည်။
အဲ့ဒီအချိန်မှာပဲ၊ အိပ်ပျော်ချင်ယောင်ဆောင်ထားတဲ့ လူက တိတ်တဆိတ်နဲ့ လက်သီးဆုပ်နေခဲ့သည်။ အစောနက အနမ်းကြောင့်သာ မဟုတ်ဘူးဆိုရင် သူက တန်းထပြီးတော့ ဖန့်ရှောင်နွမ်ကို လုပ်မိနိုင်သည်။
ဖန့်ရှောင်နွမ်က တအားကို စိတ်လှုပ်ရှားမိနေသည်။ “ရှင်က တအားကို အံ့ဩဖို့ကောင်းတယ်မလား? ထပြီးတော့ ကျွန်မကို ရိုက်ဉီးလေ။”