← Chapters

အခန်း (၃၇)

Vol. 3 Ch. 37

အခန်း (၃၇)

Vol. 3 Ch. 37

ဖန့်ရှောင်နွမ်က အဲ့ဒီယောကျာ်းရဲ့ မျက်နှာနဲ့ ဝအောင် ကစားပြီးသွားတဲ့အခါ အိပ်ရာကို မှီလိုက်သည်။ ပြီးတော့ လက်ပေါ်မေးတင်ပြီးတော့ သူမယောကျာ်းရဲ့မျက်နှာကို သေချာကြည့်လိုက်သည်။ သူမ တောက်ခေါက်လိုက်သည်။ “အခုလို သေချာကြည့်တော့လည်း ရှင်က အရမ်းကို ချောတာပဲ။” ပြီးတော့ သူမက ကျီလင်းချန်ရဲ့ ပါးကို ယားအောင်လုပ်လိုက်သည်။ “ရှင်က အရမ်းချောပေမဲ့ ကျွန်မက ရှင့်ကို မချစ်ဘူး။”

ဖန့်ရှောင်နွမ် ပြောလိုက်တဲ့စကားတွေက အိပ်ချင်ယောင်ဆောင်နေတဲ့ ကျီလင်းချန်ကို အရေးကြီးတဲ့အရာတစ်ခု သတိရအောင်လုပ်လိုက်သည်။ သူက ဘာလို့ ဒီမိန်းကလေးသူ့ကို အမြန်လက်ထပ်ခဲ့တာလဲဆိုတာ သိချင်နေသည်။

ဖန့်ရှောင်နွမ်က သူမဘာသာ ထပ်ပြောနေပြန်သည်။ “ကျီလင်းချန်၊ ရှင့်ရဲ့ မောက်မာမှုကို ကျွန်မသည်းမခံနိုင်ဘူး။ ကျွန်မ ရှင့်ကို ပြောမယ်၊ တအားမမောက်မာနဲ့။ တစ်နေ့မှာ ကျွန်မက ရှင့်ထက် ပိုပြီးတော့ အင်အားကြီးလာမှာ။”

အိပ်ချင်ယောင်ဆောင်နေတဲ့ သူက သူမပြောလိုက်တာကို ကြားပြီးရယ်မိလိုက်သည်။ “အိပ်မက်ထဲမှာပေါ့။”

ဖန့်ရှောင်နွမ်က “ရှင်က တော်တော်ဆိုးတဲ့သူပဲ။ အမြဲတမ်း ကျွန်မမိသားစု စီးပွားရေးကို အပိုင်စီးပြီးဝယ်မယ်ဆိုတာနဲ့ ကျွန်မကို ခြိမ်းခြောက်တယ်။ ရှင့်အဖေက ရှင့်ကိုလက်ထပ်ဖို့ ကျွန်မကို ခြိမ်းခြောက်ခဲ့တယ်။ မင်္ဂလာဉီးညမှာလည်း ရှင်က အမှန်ပြောဖို့ ခြိမ်းခြောက်ပြန်တယ်။ ကျွန်မ ရှင့်ကိုပြောခဲ့ပေမယ့်၊ ရှင်က မယုံခဲ့ဘူး။ ကံကောင်းလို့ ရှင်က ဒီနေ့ အတော်ကို အိပ်မောကျနေပြီလေ။ မဟုတ်ရင်၊ ကျွန်မ ဒီလိုတောင် ပြောလို့ရမှာမဟုတ်ဘူး။ ရှင် စောင့်နေလိုက်။ မကြာဘူး၊ ရှင့်ကိုလည်း ကျွန်မ ခြိမ်းခြောက်မယ်။ ကျွန်မ ရှင့်ကို အရင်သတ်ပြီးမှာ ရှင့်စီးပွားရေးကို သိမ်းဖို့ ခြိမ်းခြောက်မှာ။ ရှင့်ကို ဘာနဲ့ ခြိမ်းခြောက်ရမယ်မှန်း ကျွန်မ မသိဘူး။ ဘာနဲ့ ရှင့်ကို ခြိမ်းခြောက်သင့်လဲ?

ကျီလင်းချန်က ဆက်ပြီး အိပ်ချင်ယောင်ဆောင်နေသည်။ ဒီမိန်းကလေး တခြားဘာတွေထပ်ပြောဉီးမလဲဆိုတာကို ကြားချင်နေသည်။ သူက “ငါက အိပ်မက်မက်ရတာကို ကြိုက်တဲ့မိန်ကလေးကို လက်ထပ်ခဲ့တာပဲ”လို့ သူ့ဘာသာသူ တွေးနေမိသည်။

“ရှင်၊ အိပ်ချင်ယောင်ဆောင်နေတာမလား? ရှင့်ရဲ့ စလုတ်ရွေ့သွားတာကို ကျွန်မတွေ့တယ်။” ကျီလင်းချန်ကို ခြိမ်းခြောက်ဖို့ စဉ်းစားနေတဲ့ ဖန့်ရှောင်နွမ်က ရုတ်တရက် လန့်ပြီး ထရပ်လိုက်သည်။ သူမက ကျီလင်းချန်ရဲ့ လည်စလုတ်ရွေ့သွားတာကို တွေ့လိုက်သည်။

ကျီလင်းချန်က တိတ်တိတ်လေးနေနေသည်။ အဲ့ဒါက သူထိန်းချုပ်ထားလို့ရတဲ့ဟာမှ မဟုတ်တာ။

ဖန့်ရှောင်နွမ်က ကျီလင်းချန်ရဲ့ ခန္ဓာကိုယ်ကို သူမရဲ့ အားအကုန်သုံးပြီး လှုပ်လိုက်သည်။ “ဟင့်.. ထ။ ရှင့်ရဲ့ စလုတ်ရွေ့သွားတာကို ကျွန်မတွေ့တယ်။ ရှင် အိပ်ချင်ယောင်ဆောင်နေတာပဲ။”

ကျီလင်းချန်က တစ်လက်မတောင် မရွေ့ပေ။ သူက သူ့မိန်းမက ဘာတွေထပ်ပြီးတော့ ပြောဉီးမလဲဆိုတာကို ကြားချင်သေးသည်။ သူ နောက်ထပ် ဘာလျှို့ဝှက်ချက်တွေ ထပ်ကြားရဉီးမလဲဆိုတာကို သိချင်နေသည်။

ဖန့်ရှောင်နွမ်က မျက်မှောင်ကြုတ်လိုက်သည်။ ကျီလင်းချန်က ဘယ်လိုမှကို မတုံ့ပြန်ဘူး။ သူ တကယ်ကော အိပ်ပျော်နေတာလား? သူမက လက်ကို ကျီလင်းချန်ရဲ့ စလုတ်ပေါ်မှာ တင်ပြီး အသာလေး ဆွဲဆိတ်လိုက်သည်။ “ရွေ့လေ၊ ရွေ့သွားလားဆိုတာကို ကျွန်မကြည့်မယ်။”

ကျီလင်းချန်က သူမရဲ့ အေးစက်နေတဲ့လက်နဲ့ သူ့ရဲ့စလုတ်ကို ထိနေတာကြောင့် မသက်မသာဖြစ်နေသည်။ သူ အသက်ရှုရတာ ခက်ခဲနေသည်။ သူ ထိန်းထားလို့မရဘဲဖြစ်တော့မယ့်အချိန်မှာပဲ တံခါးခေါက်လိုက်သည်။

ဖန့်ရှောင်နွမ်က လက်ဖယ်ပြီးတော့ “ဘယ်သူလဲ?”လို့ မေးလိုက်သည်။

အိမ်စေက “ကျွန်မပါ၊ ဒုတိယသခင်မလေး။ သခင်မလေးနဲ့ သခင်လေးဖို့ ညစာယူလာတာပါ။”လို့ ပြောလိုက်သည်။

“ငါလည်း ဗိုက်ဆာနေတာနဲ့အတော်ပဲ။” ဖန့်ရှောင်နွမ်က တံခါးဖွင့်ဖို့ ပြေးသွားခဲ့သည်။ ကုတင်ပေါ်က လူကတော့ သက်ပြင်းလေးချလိုက်ပြီး အနည်းငယ် ရွေ့လိုက်သည်။

ကျီလင်းချန်က “ဒီမိန်းကလေးက ငယ်ပြီး ဘာမှမသိဘူးပဲ။ တစ်ခုမှကို သိမနေတာ”လို့ သူ့ဘာသာသူ တွေးနေမိသည်။ သူမက သူအိပ်နေတဲ့အချိန်မှာ ဝက်သေ လို့လဲခေါ်သည်။ သူ့မျက်နှာနဲ့ နှာခေါင်းကိုလည်း ဆွဲဆိတ်သည်။ ပြီးတော့ သူ့ရဲ့ စလုတ်ကို ထိကြည့်ပြီးတော့ သူ့ကို ခြိမ်းခြောက်ဖို့တောင် ကြိုးစားသေးသည်။ “ငါ့ကို နောက်ကျရင် ဘယ်လိုခြိမ်းခြောက်မလဲတောင် စဉ်းစားနေသေးတယ်?” သူမက အတော်ထူးဆန်းတာပဲ။ အတော်လည်း လျှောက်တွေးတတ်တယ်။

ဖန့်ရှောင်နွမ်က အိပ်ခန်းတံခါးကို ဖွင့်လိုက်သည်။ သူမက ပန်းကန်တွေ ယူလိုက်ပြီး အိမ်စေကို ကျေးဇူးတင်ကြောင်း ယဉ်ကျေးစွာ ပြောလိုက်သည်။“ကျေးဇူးပါ။ မင်းတို့လည်း သွားစားတော့လေ”

သူမက ထမင်းဗန်းကို ချထားပြီးတော့ လက်နှစ်ဖက်ကို ပျော်ပြီးတော့ ပွတ်နေသည်။ သူမက နောက်ဆုံးတော့ သူမဗိုက်ကို အပြည့်ဖြည့်ရတော့မည်။ သူမက ပန်းကန်ကို ကော်ဖီစားပွဲပေါ်တင်ပြီးတော့ စားမယ့်အလုပ်မှာပဲ ကုတင်ပေါ်က လူကို လှမ်းကြည့်မိလိုက်သည်။

“ငါ သူ့ကို ခေါ်သင့်ရဲ့လား?”

“ထားလိုက်တော့၊ ထားလိုက်တော့။ သူအိပ်တာကို ငါနှောင့်ယှက်မနေတော့ပါဘူး။ သူက ခဏလောက်တော့ အဆာခံနိုင်ပါတယ်။” ဖန့်ရှောင်နွမ်က အဲ့လိုပြောပေမဲ့လည်း သူမ စပြီးမစားခင် ကုတင်ပေါ်က လူအတွက် အစားအစာတွေ ချန်ထားခဲ့သည်။

ကျီလင်းချန်က မျက်လုံးမှေးပြီးတော့ ဖန့်ရှောင်နွမ် စားတာကို မျက်နှာတည်ကြီးနဲ့ ကြည့်လိုက်သည်။ သူမပါးစပ်က ပြည့်နေတဲ့အတွက် လေးငါးရက်လောက် မစားရသေးလို့ အလောတကြီး စားနေပုံနဲ့ တူသည်။ သူမ မမြိုချခင်မှာပဲ နောက်ထပ် သူမပါးစပ်ထဲကို နောက်တစ်လုပ်ထပ်ထည့်လိုက်သည်။ အဲ့ဒါကလည်း အောက်ထပ်က ထမင်းစားဝိုင်းမှာ သူမကိုယ်သူမ တအားမစားအောင် ထိန်းထားလို့ ဖြစ်သည်။

ကျီလင်းချန်က ပင်ပန်းနေသည်။ သူက မျက်စိမှိတ်လိုက်ပြီး တကယ်အိပ်ပျော်ချင်နေသည်။ သူက နောက်နေ့ တစ်နာရီမထိုးခင်အထိ အိပ်ခဲ့သည်။ ပြီးတော့ သူထလိုက်သည်။ အရက်သောက်ထားတာကြောင့် ပင်ပန်းတာတွေလည်း ပျောက်သွားသည်။ သူ ဆိုဖာကိုကြည့်လိုက်တော့ ဆိုဖာတစ်ယောက်ခုံလေးပေါ်မှာ အိပ်နေတဲ့ ဖန့်ရှောင်နွမ်ကို တွေ့သွားသည်။ မနေ့က ဝတ်ထားတဲ့ သူမရဲ့ အဝတ်တွေကလည်း မလဲရသေးဘူး။ ဖုန်းကြီးကလည်း ပွင့်လျက်ဖြစ်နေသည်။

ဆိုဖာရဲ့တခြားဖက်မှာ ခရီးဆောင်အိတ်တွေနဲ့ လက်ဆောင်ပုံးတွေ ရှိနေသည်။ ကျီလင်းချန်က မနေ့ညက သူမနဲ့ အတူ အိမ်ပြောင်းဖို့ လုပ်ထားတာကို သတိရသွားသည်။ ဒါပေမဲ့ သူ့ရဲ့ သူငယ်ချင်းငါးယောက်နဲ့ အရက်သောက်မိသွားမယ်လို့ မထင်ထားခဲ့ပေ။

သူတို့အားလုံးက သူ့ရဲ့မိန်းမကို‌ တွေ့ချင်လို့ ကျီမိသားစုအိမ်ကို လာချင်ခဲ့ကြသည်။ အကယ်၍ သူသာ မမူးခဲ့ရင် သူတို့အားလုံး ဖန့်ရှောင်နွမ်ကို တွေ့ရမှာမဟုတ်ဘူး။

ကျီလင်းချန်ရဲ့ အကြည့်တွေက လေးနက်နေသည်။ သူက သူ့သူငယ်ချင်းတွေ လုပ်ခဲ့တာအတွက် ပြန်ပေးဆပ်ခိုင်းမယ့်ပုံ ပေါ်နေသည်။ သူက စောင်ကိုလှန်လိုက်ပြီးတော့ ရေချိုးခန်းထဲကို သွားသည်။ သူက ငုံ့ကြည့်လိုက်တဲ့အခါ သူ့ရဲ့ဖိနပ်တွေကို အိပ်ရာဘေးမှာ တွေ့သည်။ သူ့ရဲ့ သားရေဖိနပ်နဲ့ ခြေအိတ်တွေကို တစ်ယောက်ယောက် ယူသွားခဲ့သည်။ သူ ဖန့်ရှောင်နွမ်ကို ကြည့်ပြီးနောက် ဖိနပ်စီးပြီး ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။

All Chapters