အခန်း (၄၂)
Vol. 3 Ch. 42
ထမင်းစားပြီး နှစ်ယောက်လုံး ထွက်သွားမယ့်အချိန် အမိုက်စား ကားတစ်စီးက ကျီမိသားစုရဲ့ အိမ်အပေါက်မှာ ထိုးရပ်လိုက်သည်။ နောက်ပြီး အိမ်စေတစ်ယောက် အိမ်ထဲဝင်လာပြီး “ သခင်ကြီး၊ ပထမ သခင်လေးနဲ့ သခင်မလေး ရှောင်ဝမ်တို့ ပြန်လာပါပြီ။”လို့ ပြောလိုက်သည်။
“အာ? ငါ့သား ပြန်လာပြီ။” ဖန်ချီက အမြန်ထရပ်လိုက်ပြီးတော့ သူ့သားကို ကြိုဖို့ အပြင်ထွက်သွားခဲ့သည်။
ဖန်ရှောင်နွမ်က အိမ်တော်ရဲ့ ဝင်ပေါက် လေထုပြောင်းသွားတာကို သတိထားမိလိုက်သည်။ ကျီမိသားစု သခင်ငယ်လေး ရောက်လာပုံရသည်။ အဲ့ဒီအချိန်မှာပဲ သူမက သူမနဲ့အစောကြီးထဲက ရင်းနှီးထားတဲ့သူတစ်ယောက်နဲ့တော့ တွေ့လိမ့်မယ်လို့တော့ မထင်ထားမိပေ။
သခင်ကြီးကျီက ဖန့်ရှောင်နွမ်ကို ပြောလိုက်သည်။ “ မင်းနဲ့ ကျီလင်းချန် လက်ထပ်တုန်းက ရှောင်ဝမ်က ခရီးကနေ ပြန်မရောက်သေးဘူး။ အခုတော့ ရှောင်ဝမ်ကို မင်းတွေ့ရဖို့ အခွင့်ကောင်းပဲ။”
ဖန့်ရှောင်နွမ်က ခေါင်းငြိမ့်လိုက်သည်။ သူမက ဖန်ချီရဲ့ ကလေးက ဘယ်လိုပုံစံဖြစ်မလဲဆိုတာကို အရမ်းသိချင်နေသည်။ ကျီလင်းချန်က တစ်ခုခုပြောချင်ပေမယ့် တုံ့ဆိုင်းနေသည်။ အစကတော့ သူက ဆိုးတဲ့ကလေးတစ်ယောက်ကို တွေ့ဖို့မလိုဘူးလို့ ပြောချင်ခဲ့သည်။ ဒါပေမယ့် ပြန်စဉ်းစားလိုက်တော့ ဖန့်ရှောင်နွမ်က ကျီဝမ်ထက်ကြီးသည်။ သူက သူမကိုတွေ့ချင်ရင်လည်း တွေ့ပါစေတော့။
အိမ်အပြင်ဘက်ကနေ ရင်းနှီးတဲ့အသံကို ကြားလိုက်ရသည်။ “အမေ၊ သား အမေ့အတွက် အသားအရေထိန်းသိမ်းဖို့ သုံးရတဲ့ ပစ္စည်းတွေနဲ့ မိတ်ကပ်တွေ ယူလာခဲ့တယ်။ အမေ့ အကြာကြီးသုံးဖို့ လောက်တယ်။ အဖေ၊ သားအဖေ့အတွက် စီးကရက်အကောင်းစားနဲ့ ဝိုင်တွေ ယူခဲ့တယ်။ သားအဖိုးဖို့လဲ လက်ဆောင်တွေပါလာသေးတယ်။”
ဖန့်ရှောင်နွမ်က အသံကြားလိုက်တဲ့အခါ သူ့သာသာသူ တွေးနေမိသည်။ 'ကောင်းမယ်ပုံတော့ မထင်ဘူး။ ' ကျီမိသားစုရဲ့ သခင်လေးက ဆိုးဝါးတဲ့သူများဖြစ်နေမလား? သူက သူမကို မတွေ့ချင်လောက်ပေ။ သူမ အဲ့ဒါကို စဉ်းစားနေရင်း သူမ ခန့်မှန်းတာမှန်လား၊ မမှန်လားဆိုတာကို စစ်ဆေးချင်နေသည်။
ကျီဝမ်က လူမိုက်ပုံစံဖြစ်နေသည်။ သူ့ရဲ့ ဆံပင် အရောင်ခုနစ်မျိုးဆိုးထားပြီး နားကပ်တွေပါ ဝတ်ထားသည်။ သူ့ရဲ့တစ်ကိုယ်လုံးက လူငယ်ပုံစံ တောက်ပတဲ့အရောင်အဝါတွေ ထွက်နေသည်။ သူက ကျီမိသားစုရဲ့ တစ်ဉီးတည်းသော မြေးပဲ။ အဲ့ဒါကြေင့် သခင်ကြီးကျီက သူ့ကို အလိုလိုက်၊ အကြိုက်ဆောင်ထားတယ်ဆိုတာ ဖြစ်သင့်သည်။ သူက ချမ်းသာတဲ့ မိသားစုက လာတဲ့မြေးတစ်ယောက်ရဲ့ စိတ်ထားလေးတော့ ရှိသည်။
ဖန်ချီက သူမရဲ့သားက သူမကို လွမ်းနေတာကိုသိလို့ သူမသားရဲ့ ပုခုံးလေးကို ပွတ်ပေးလိုက်သည်။ “မြန်မြန်၊ အထဲကိုလာခဲ့။ မင်းအဖိုးက စောင့်နေတယ်။”
“ဟုတ်ပြီ။ အမေ၊ ပစ္စည်းတွေ လာချဖို့ ကားတွေအများကြီးလာလိမ့်မယ်။ အဲ့ပစ္စည်းတွေကို ယူထားလိုက်။ ကျွန်တော် အဖိုးကို သွားရှာလိုက်ဉီးမယ်။” ကျီဝမ်က ဖန်ချီကို ဖက်ပြီး အိမ်ထဲဝင်ဖို့ လုပ်လိုက်သည်။
“ဟုတ်ပြီ၊ ခဏလေး။ မင်းဉီးလေး လက်ထပ်ပြီးသွားပြီ၊ သူ့မိန်းမလည်း အထဲမှာ။ သေသေချာချာ ပြုမူနေထိုင်နော်။ သူမကို မလန့်စေနဲ့” ဖန်ချီမှာ မကောင်းတဲ့ စိတ်ထားတွေ မရှိတော့ပေ။ လူတိုင်းမှာ အားနည်းချက်ရှိသလိုပဲ လင်းရိုကလည်း ဖန်ချီရဲ့ အားနည်းချက်က သူ့သားဆိုတာကို သိသည်။ ဒါ့ကြောင့် သူမက အဲ့ဒါကို အခွင့်ကောင်းယူပြီးတော့ သူမကို စိတ်ဆိုးအောင်လုပ်ခဲ့တာပင်။ အဲ့ဒီအကြောင်းကို မနေ့ညက စဉ်းစားပြီးတော့ ဖန်ရှောင်နွမ်ရဲ့ ဖြစ်တည်မှုကို ဖန်ချီက အသိအမှတ်ပြုခဲ့သည်။ သို့သော်၊ သူမက သူမရဲ့ဂုဏ်သိက္ခာကို ပိုအလေးအထားတဲ့အတွက် ဘာမှမပြောခြင်းဖြစ်သည်။
“ဘာ? ကျွန်တော့် ဉီးလေးက အိမ်မှာ။” ကျီလင်းချန်အိမ်မှာ အိမ်မှာ ရှိတယ်ဆိုတာလည်း သိရော ကျီဝမ်က အမြန်က အိမ်ထဲက ထွက်သွားချင်နေသည်။ ဒါ့ကြောင့် သူ့ဉီးလေး လက်ထပ်ပြီးပြီလို့ သူ့အမေပြောထားတာကိုပါ လျစ်လျူရှုမိလိုက်သည်။
ကျီဝမ်က ကျီလင်းချန်ကို ကြောက်သည်။ ကျီဝမ်က ကြွက်က ကြောင်ကို ကြောက်သလိုမျိုး ကျီလင်းချန်ကို တအားကြောက်သည်။ သူ ငယ်ငယ်လေးကတည်းက တစ်မိသားစုလုံးက အလိုလိုက်ထားခဲ့သည်။ သူ့ဉီးလေးတစ်ယောက်ပဲ လူဆိုးဖြစ်နေသည်။ သူ့ကို ဘယ်အချိန်ပဲမြင်မြင် ဆူပူကြိမ်းမောင်းသည်။ သူ စာသေချာမလုပ်ရင်လည်း သူ့မိဘတွေက ဘာမှအလေးမထားပေမဲ့ သူ့ဉီးလေးကတော့ စာအုပ်တစ်အုပ်လုံးကို ကူးရေးခိုင်းပြီး အပြစ်ပေးတတ်သည်။ ကူးရေးတာမပြီးရင်တော့ အရိုက်ခံရသည်။
“မင်း ဘာအပြစ်မှမလုပ်ထားဘူးလေ။ မကြောက်ပါနဲ့။ မင်းဉီးလေးက မင်းကို မရိုက်ပါဘူး။” ဖန်ချီက ပြောလိုက်သည်။
ကျီဝမ်က ခေါင်းခါလိုက်သည်။ သူ့ကို ဖန်ချီက တားပေမယ့် ထွက်သွားချင်နေသည်။ “မင်းဉီးလေးက လက်ထပ်ပြီးသွားပြီ။ သူ့မိန်းမကို အထဲဝင်ပြီး ကြည့်ဉီးလေ။ မစိုးရိမ်ပါနဲ့။ မင်းဉီးလေးက မကြာခင်အိမ်ပြောင်းတော့မှာ။ မင်းကို ဘယ်သူမှမရိုက်တော့ဘူး။”
ကျီဝမ်က “ကျွန်တော် လင်းရိုကို မတွေ့ချင်ပါဖူး။ မတွေ့ဖူးတာ ကျနေတာပဲ။ အမေ့ကို သားပြောမယ်၊ လင်းရိုက ကောင်းတဲ့လူမဟုတ်ဘူး။”
သူ့သားက လင်းရိုအကြောင်း ပြောတာကိုကြာပြီးတော့ ဖန်ချီက ခဏငြိမ်နေလိုက်သည်။ ပြီးတော့မှ သူမ ဆက်ပြောလိုက်သည်။ “အဲ့ဒါ လင်းရိုမဟုတ်ဘူး။ တခြားတစ်ယောက်။”
ကျီဝမ်က နည်းနည်းပျော်သွားသည်။ လင်းရိုမဟုတ်သရွေ့ အဆင်ပြေသည်။ ဒါပေမဲ့ သူ့ဉီးလေးက ဘာလို့ ဒီလောက်မြန်မြန် လက်ထပ်လိုက်တာလဲ? သူက မထွက်သွားတော့ပေ။ အဲ့ဒီအစား အထဲဝင်ကြည့်ဖို့ ပြင်လိုက်သည်။ “လင်းရို မဟုတ်ရင် ကောင်းတယ်။ ကျွန်တော့် ဉီးလေးလက်ထပ်လိုက်တာလည်း မြန်လိုက်တာ။ ကျွန်တော် အထဲဝင်ပြီးတော့ ကြည့်ဉီးမှ။”
အထဲထဲမှာတော့ ဖန့်ရှောင်နွမ်က ကျီဝမ်ဘယ်သူလဲဆိုတာကို အပြင်ကအသံတွေကြားတာနဲ့ သိပြီးပြီဖြစ်သည်။ သူမ သခင်ကြီးကျီကို “အဖေ၊ ရှောင်ဝမ်ရဲ့နာမည်အပြည့်အစုံက ကျီဝမ်လား?”လို့ မေးလိုက်သည်။
သခင်ကြီးကျီက ခေါင်းငြိမ့်လိုက်သည်။ “မှန်တယ်။ မင်းတို့နှစ်ယောက်လုံး တက္ကသိုလ်တစ်ခုတည်းကပဲ။ ကျောင်းဖွင့်တဲ့အခါ မင်းတို့နှစ်ယောက် အတူတူသွားပြီးတော့ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်လို့ရတာပေါ့။”
သူမ တွေးနေတာတွေကို တိတိကျကျသိလိုက်ရတဲ့ ဖန့်ရှောင်နွမ်က မျက်တောင်ခတ်ကာ ရေရွတ်လိုက်သည်။ “သူ ကျွန်မနဲ့ မသွားချင်လောက်ဘူး”
ဖန့်ရှောင်နွမ် ပြောလိုက်တဲ့စကားတွေက ကျီလင်းချန်ရဲ့ သိချင်စိတ်ကို ပိုကြီးအောင်လုပ်နေသည်။ သူ စိတ်ပူနေတဲ့ သူ့မိန်းမကို ကြည့်လိုက်သည်။ ထပ်ပြီး၊ သူ့ရဲ့မျက်လုံးတွေက သူမ ဘာတွေစဉ်းစားနေလဲဆိုတာ သိနေပုံလည်း ရပြန်သည်။
အပြင်ဘက်မှာတော့၊ ကျီဝမ်က ကျီလင်းချန်ကို ကြောက်တာက သိချင်စိတ်ကို မထိန်းနိုင်တဲ့အတွက် အကြောက်တရား မရှိတော့ပေ။ သူက ကျီအိမ်တော်ထဲ ဝင်လာပြီးနောက် ကျီအိမ်တော်ရဲ့ ဧည့်ခန်းထဲကို ဝင်လိုက်သည်။
ဆိုဖာပေါ်မှာ လူသုံးယောက်ထိုင်နေသည်။ အရှေ့မှာ ထိုင်နေတာကတော့ အရေးကြီးဆုံးပုဂ္ဂိုလ် သခင်ကြီးကျီပင်။ ကျီဝမ် အမြဲကြောက်ရတဲ့ ကျီလင်းချန်ကတော့ သခင်ကြီးကျီ ဘေးမှာ ထိုင်နေသည်။ တခြားဖက်မှာတော့ ဘယ်တုန်းကမှ သူ့ကို လက်ဖျားနဲ့တောင် ထိခိုက်အောင်မလုပ်ဖူးတဲ့ သူ့ရဲ့ အဖေထိုင်နေသည်။