← Chapters

အခန်း (၄၃)

Vol. 3 Ch. 43

အခန်း (၄၃)

Vol. 3 Ch. 43

ကျီဝမ်က သူ့ဉီးလေးရဲ့ မိန်းမဘယ်နားမှာလဲဆိုတာကို စဉ်းစားနေတဲ့အချိန်မှာပဲ ဖန့်ရှောင်နွမ်က ဧည့်ခန်းထဲကို ရောက်လာခဲ့သည်။ “ဟယ်လို၊ ကျီဝမ်။ ငါက မင်းရဲ့ ဒေါ်လေး ဖန့်ရှောင်နွမ်ပဲ။” ဖန့်ရှောင်နွမ်က သန့်စင်ခန်း သွားလိုက်တာဖြစ်သည်။ သူမ ထွက်လာတဲ့အခါ သူမနဲ့ရင်းနှီးတဲ့သူကို တွေ့လို့ နှုတ်ဆက်ဖို့ သွားလိုက်သည်။

ကျီဝမ်က ကျယ်လောင်စွာ အော်လိုက်သည်။ အပိုပြောတာမလုပ်ဘဲ သူ အရမ်းလန့်သွားတဲ့အတွက် လဲတောင်ကျသွားသည်။ ကျီလင်းချန်က သူ့အကြောက်ဆုံးသူဖြစ်ပြီး ဖန့်ရှောင်နွမ်က သူ့ဉီးလေးပြီးရင် အကြောက်ရဆုံးဖြစ်သွားသည်။

“အတန်းဖော်၊ မင်္ဂလာပါ။ ငါတို့နှစ်ယောက်လုံးက တက္ကသိုလ်တစ်ခုတည်းကပဲလို့ ကြားထားတယ်။” ကျီဝမ်ရဲ့ မျက်နှာထားကိုကြည့်ပြီးတော့ ဖန့်ရှောင်နွမ်က သူ့ကို စလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဒါက သူမ အခုလေးတင် သိလိုက်ရတဲ့ အကြောင်းအရာတစ်ခု ဖြစ်သည်။

အခန်းတစ်ခုလုံးက လူတွေက လန့်သွားကြသည်။ အကုန်လုံးက ကျီဝမ်နဲ့ ဖန့်ရှောင်နွမ်ကို ကြည့်နေကြသည်။ ကျီလင်းချန်တောင် အနည်းငယ်အံ့ဩမိသွားသည်။ ဖန့်ရှောင်နွမ်နဲ့ သူ့ရဲ့တူက အတန်းဖော်တွေလား?

ကျီဝမ်ကတော့ လုံးဝကို မှင်သက်သွားသည်။ သူအကြောက်ရဆုံးဉီးလေးက သူကြောက်ရတဲ့ အတန်းဖော်ကို ခဏလေးအတွင်းမှာပဲ လက်ထပ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။ သူက လှည့်ပြီး ဒီရှုပ်ထွေးနေတဲ့ နေရာကနေ ထွက်သွားချင်နေသည်။ အခုတော့ သူ့ကိုယ်သူ ဘယ်လိုကယ်တင်ရမလဲဆိုတာပဲ တွေးနေသည်။

ဖန့်ရှောင်နွမ်နဲ့ ကျီလင်းချန်တို့ နှစ်ယောက်လုံးက ထွက်သွားဖို့ ပြင်နေတဲ့ ကျီဝမ်ကို “ပြန်လာခဲ့။” လို့ တစ်ပြိုင်တည်း ပြောလိုက်သည်။ အဲ့လိုပြောပြီးတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေသည်။

ကျီဝမ်က ပျော်ပျော်ရွှင်ရွှင်ပဲ အိမ်ကို ပြန်လာခဲ့သည်။ သူပထမဆုံးပြန်ရောက်တဲ့နေ့မှာပဲ သတင်းဆိုးကြားရလိမ့်မယ်လို့ မထင်ထားပေ။ 'ပထမတော့ သူ့ဉီးလေးက အိမ်ရောက်နေတယ်။ ပြီးတော့ ဖန့်ရှောင်နွမ်ကလည်း အိမ်မှာရှိနေတယ်။ အဆိုးဆုံးကတော့ သူ့ဉီးလေးက ဖန့်ရှောင်နွမ်ကို လက်ထပ်ခဲ့တယ်။ ပြီးပြီ။ သွားပါပြီ။ သူ့အတွက် အဆိုးဆုံးနေ့ရက်တွေက ကြိုဆိုနေပြီ။ '

အခန်းထဲက လူတွေအကုန် မှင်သက်သွားကြသည်။ ကျီဝမ်ကို ပြောလိုက်တဲ့ ဖန့်ရှောင်နွမ်ရဲ့ လေသံကြောင့် သူတို့နှစ်ယောက်က အရင်က ရန်ဖြစ်ခဲ့ဖူးပုံရသည်။ သခင်ကြီးကျီက “ရှောင်နွမ်၊ မင်းနဲ့ ရှောင်ဝမ်က အတန်းဖော်တွေလား?”လို့ ပထမဆုံး မေးလိုက်သည်။

ဖန့်ရှောင်နွမ်က ကျီလင်းချန်ဖက်ကနေ ဖြတ်သွားပြီး ထိုင်လိုက်သည်။ သူမက ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်ပါတယ်၊ ကျွန်မတို့က အထက်တန်းတုန်းက အတန်းဖော်တွေပါ။

“မဟုတ်ဘူး။ ကျွန်တော်တို့က မူလတန်းကျောင်း၊ အထက်တန်းဂျူနီယာနဲ့ အထက်တန်းတွေမှာပါ အတန်းဖော်တွေပါ။” ကျီဝမ်က မပြောဘူးလို့ ထိန်းထားပေမဲ့ ထပ်ပြောမိလိုက်သည်။ သူက ငိုချင်နေပေမယ့် မျက်ရည်က ကျမလာဘူးဖြစ်နေသည်။

ဖန့်ရှောင်နွမ်က သူပြောတာကို သဘောတူလိုက်ပြီး “ဟုတ်တယ်၊ ကျွန်မတို့က အမြဲတမ်း အတန်းဖော်တွေလေ”လို့ ပြုံးပြီး ပြောလိုက်သည်။

ကျီဝမ်က ဖန့်ရှောင်နွမ်နဲ့ အတန်းဖော် မဖြစ်ခင်အချိန်အထိ ကျောင်းမှာ အနည်းငယ် ဆိုးသွမ်းသည်။ အဲ့ဒီမှာ သူ့အတွက် စိတ်ဆင်းရဲစရာ ခရီးလမ်းစခဲ့တာပေါ့။ သူက “ဖန့်ရှောင်နွမ်၊ ငါ့အတွက် ခုံကိုသုတ်ပေး၊ သန့်ရှင်းရေးလုပ်ပေးပြီး အိမ်စာလည်း လုပ်ပေး။ မင်းသာ ငါ့အတွက် အိမ်စာမလုပ်ပေးဘူးဆိုရင် မင်းကို ငါက ရိုက်မှာလို့ ပြောတယ်နော်။” လို့ ပြောခဲ့သည်။

ဖန့်ရှောင်နွမ်က “နင်က ငါ့ကို ရိုက်မှာလား?”လို့ပြောလိုက်သည်။ ငယ်ရွယ်သန်မာတဲ့ ဖန့်ရှောင်နွမ်က ကျီဝမ်ကို ဘာစကားမှပြောဖို့ အခွင့်အရေးမပေးခဲ့ပေ။ သူမက ကျီဝမ် မျက်နှာကို ထိုးလိုက်ပြီး သူ့ဆံပင်ကို ဆွဲကာ ခုံပေါ်ကို တွန်းထားလိုက်သည်။ “နင် ငါ့ကို လာပြီး အမိန့်လာပေးဉီးမှာလား? နင့် ဂုဏ်သိက္ခာတွေကော ဘယ်မှာလဲ?”

.....အဲ့ဒါကတော့ မူလတန်းကျောင်း၊ ဒုတိယတန်းမှာဖြစ်ခဲ့တာ။ အဲ့ဒါက ကျီဝမ် ပထမဆုံး ဖန့်ရှောင်နွမ်ဆီက အရိုက်ခံခဲ့ရတာပဲ။ ကျီဝမ်က အလိုလိုက်ခံရတဲ့ ကလေးဖြစ်တဲ့အတွက် ဖန့်ရှောင်နွမ်က သူ့ကို ဒုက္ခပေးတဲ့ အရိပ်ဆိုးလိုဖြစ်နေသည်။ အဲ့ဒါဖြစ်ပြီးနောက်ပိုင်း သူက ဖန့်ရှောင်နွမ်ရဲ့ ခုံကို သုတ်ပေးရတယ်၊ သန့်ရှင်းရေးလုပ်ပေးရပြီး အိမ်စာတွေကိုပါ လုပ်ပေးရသည်။

...

ကျီဝမ် ဂျူနီယာအထက်တန်းမှာ သူ့ ခန္ဓာကိုယ်က မြန်မြန် ဖွံ့ဖြိုးလာခဲ့သည်။ သူက အတန်းဖော်တွေ အကုန်လုံးထဲမှာ အရပ်ရှည်ဆုံးပဲ။ အစကတော့ သူ့နဲ့ ဖန့်ရှောင်နွမ်က တစ်တန်းတည်း မဟုတ်ပေ။ မူလတန်းကျောင်းတုန်းက သူနှိပ်စက်ခံထားရတာကို တွေးမိပြီး ဖန့်ရှောင်နွမ်နဲ့ တစ်ခုံတည်းထိုင်ရအောင် သူ့မိသားစုအရှိန်အဝါကိုသုံးပြီး တမင်တကာ အတူတူထိုင်ခဲ့သည်။ သူ အရင်တုန်းက နှိပ်စက်ခံခဲ့ရသလို ဖန့်ရှောင်နွမ်ကိုလည်း ပြန်ခံစားစေချင်သည်။ ဒါပေမဲ့ နောက်ထပ် ဘာဖြစ်သွားလဲဆိုတာကတော့ အံ့ဩစရာမရှိတော့ပေ။ ကျီဝမ်က အရင်အတိုင်းပဲ ခုံသုတ်ပေး၊ သန့်ရှင်းရေးလုပ်ပေးပြီး အိမ်စာတွေပါ လုပ်ပေးရပြန်သည်။

အထက်တန်းရောက်သွားတော့ ကျီဝမ်က အရပ်ရှည်ပြီး သန်မာလာတယ်လို့ ထင်သည်။ ဖန့်ရှောင်နွမ်ထက်တောင် ဉီးခေါင်းတစ်ခေါင်းစာ ပိုရှည်နေသည်။ သူမကို ရှုံးအောင်လုပ်ဖို့အတွက် ဘာပြဿနာမှ မရှိပေ။

နောက်ပိုင်းမှ၊ ဖန့်ရှောင်နွမ်က ငယ်ငယ်တည်းက တိုက်ကွမ်ဒိုကို လေ့ကျင့်နေတယ်ဆိုတာကို သူ သိသွားသည်။ သူမက ဒီနှစ်တွေမှာ ခါးပတ်နက်ရထားတာ ကြာနေပြီ။ တိုက်ကွမ်ဒိုကိုပဲ သူမက သိတာမဟုတ်ဘဲ တခြား သိုင်းအတတ်တွေကို သိသေးသည်။

အဲ့ဒီအချိန်မှာ ကျီဝမ်က အိမ်မှာအနားယူဖို့အတွက် တစ်ပတ်တောင် ခွင့်ယူခဲ့သည်။ ကျောင်းပြန်ဖွင့်တဲ့အခါ သူက ဖန့်ရှောင်နွမ်ရဲ့အတန်းကို အပြောင်းခံရပြီး သူမရဲ့ မောင်လေးအဖြစ် သုံးနှစ်လုံးလုံး နေခဲ့ရသည်။

နောက်ဆုံးတော့ သူ တက္ကသိုလ်ရောက်သွားပြီ။ ကျီဝမ်က ဖြစ်ခဲ့တာတွေအားလုံးကို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရသည်။ သူ အရမ်းပျော်သွားတဲ့အတွက် ငိုတောင်ငိုလိုက်သည်။ သူ့ရဲ့ အံ့အားသင့်စရာ တက္ကသိုလ်ဘဝက မောင်လေးလို့ အခေါ်ခံရပြီး နှိပ်စက်ခံခဲ့ရတာတွေအကုန်လုံးကို မေ့ပစ်နိုင်အောင် လုပ်ပေးသည်။ သူက ဆိုးရွားတဲ့ ဖန့်ရှောင်နွမ်အကြောင်းကိုတောင် မေ့နိုင်သွားသည်။ ဒါပေမဲ့ ကံကြမ္မာက သူ့အပေါ်ကို အကြီးအကျယ်ကို စနောက်လိုက်ပြန်သည်။ အဲ့ဒီဆိုးရွားတဲ့ ဖန့်ရှောင်နွမ်က အခု သူ့အဒေါ်ဖြစ်လာသည်။ ဒါကို ကျီဝမ် ဘယ်လိုလက်ခံရမလဲ?

ဖန့်ရှောင်နွမ်က သူမ ငယ်ငယ်ကလေးက အနိုင်ကျင့်ခဲ့တဲ့သူက ကျီမိသားစုရဲ့ တစ်ဉီးတည်းသော ကလေးဖြစ်မယ်လို့ ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ပေ။ သူက သူမရဲ့ တူလေးတောင် ဖြစ်လာသည်။ သူတို့နှစ်ယောက်ရဲ့ ကံတရားက အတော်ကို ဆုံစည်းပေးချင်ပုံရသည်။ “ ငါ့ကံကလည်း ကျီမိသားစုရဲ့ ကံနဲ့ အတော်စပ်နေပုံရတယ်”

ဖန့်ရှောင်နွမ်ရဲ့ စကားတွေကြောင့် ကျီလင်းချန်က အာရုံထားမိသွားသည်။ သူ့တူကို ကြည့်လိုက်တဲ့အကြည့်က ပြောင်းသွားသည်။ “ဒီကို လာပြီး သေချာထိုင်လေ။ မင်းအဒေါ်အကြောင်းကို သိအောင်လုပ်လေ။”

ကျီဝမ်က မသွားချင်ပေ။ “ဉီးလေး လင်းရိုကိုပဲ လက်ထပ်လိုက်ရမှာ။ လင်းရိုက ဉာဏ်နီဉာဏ်နက်များတဲ့သူပဲ။ သူမကတော့ ကျားမတစ်ကောင်လိုပဲ”

ဖန့်ရှောင်နွမ်က တောက်ခေါက်လိုက်သည်။ “ငါ နင့်ကို ဘာလုပ်ခဲ့လို့လဲ? ငါတို့ အတူတူ ထိုင်တည်းက နင့်ကို ကောင်းကောင်းဆက်ဆံခဲ့တာမလား?”

သူမက သူ့ကို သူမ ဝေယျာဝေစ္စတွေကို လုပ်ခိုင်းခဲ့လို့လား။ သူမရဲ့ အိမ်စာလေးပဲ လုပ်ခိုင်းခဲ့တာ မဟုတ်ဘူးလား? ကျီဝမ်ကြောင့် ဖန့်ရှောင်နွမ် အိမ်စာလုပ်တာ ရှားသည်။ ကျောင်းမှာတောင်မှ သူမက ဘာသန့်ရှင်းရေးမှ လုပ်စရာမလိုဘူး။ သူမ ရေသောက်ချင်တယ်ဆိုရင်တောင် အဲ့ဒီကောင်လေးက သူမအတွက် ရေဘူးတန်းယူပေးတာပင်။

All Chapters