အခန်း (၄၅)
Vol. 3 Ch. 45
ကျီဝမ်က သိချင်စောနဲ့ ပြောလိုက်သည်။ “ငါ ငါ့အမေအကြောင်း ကောင်းကောင်းသိတယ်။ သူမက သူ့ဂုဏ်သတင်းကို တအားမက်မောတာ။ ပြောရရင်၊ မင်းတို့နှစ်ယောက် ရန်ဖြစ်ဖို့ မဖြစ်နိုငဘူး။”
“ဒီကိစ္စက အချိန်နည်းနည်းလေးနဲ့ ရှင်းပြလို့မရဘူး။ မနေ့ညကမှ နင့်အမေနဲ့ ငါက အကြောင်းအရင်းကို သိသွားတာ။”
ကျီဝမ် လှည့်လိုက်တဲ့အခါ သူ့ဦးလေးက သူတို့နဲ့ တအားမဝေးတဲ့ နေပူထဲမှာ ရပ်နေတာကို တွေ့လိုက်သည်။ မယုံကြည်နိုင်စွာ သူ့မျက်လုံးတွေကို ပွတ်ပြီး သေချာကြည့်လိုက်သည်။ တကယ်ကြီး သူ့ဉီးလေးပင်။ “ဖန့်ရှောင်နွမ်၊ ဘာလို့ ငါ့ဉီးလေးက နေပူထဲမှာရပ်ပြီး ငါတို့ကို ကြည့်နေရတာလဲ?”
ဖန့်ရှောင်နွမ်က လှည့်ကြည့်လိုက်ပြီး သူမယောကျာ်းကို မျက်စိမှေးပြီး ကြည့်လိုက်သည်။ “ကယ်စီယမ်ဓာတ်ပြည့်ဝအောင် သူက နေပူခံနေတာနေမှာပေါ့။”လို့ သူမက ပြောလိုက်သည်။
ကျီဝမ် - “ဖြစ်နိုင်တယ်”
ကျီလင်းချန် ထပ်ပြီး စောင့်မကြည့်နိုင်တော့ပေ။ သူ အိတ်ကပ်ထဲက လက်နှစ်ဖက်ကို ထုတ်လိုက်ပြီးတော့ သူတို့နှစ်ယောက်ဆီ မြန်မြန်လျှောက်သွားခဲ့သည်။ ရာသီဉတုက အရမ်းပူနေပေမယ့် သူတို့ကတော့ သူတို့နားလာနေတဲ့ လေအေးတစ်ချက်ဝေ့သွားတာကို ခံစားမိနေသည်။
သူတို့နှစ်ယောက်လုံးက ဆရာလာပြီးဆုံးမဖို့ကို စောင့်နေတဲ့ အမှားလုပ်ထားတဲ့ ကျောင်းသားတွေလို သေချာမတ်တပ်ရပ်နေသည်။
ကျီလင်းချန်က သူတို့နှစ်ယောက်ရှေ့ကို မျက်မှောင်ကြုတ်ပြီး လျှောက်လာကာ “ငါက အပြင်မှာ နေပူမခံရလို့လား? အိမ်ပြန်ရောက်တော့လည်း ငါက နေပူခံရမယ်လို့ မင်းထင်နေတာလား?”
ကျီဝမ်က ရိုးသားယောင်ဆောင်လိုက်သည်။ သူ့အတန်းဖော်ဆီကို သူ နည်းနည်းမှီလိုက်သည်။ “နင်လည်း ကယ်စီယမ်ဓာတ်ပြည့်ဝအောင် နေပူခံနေတာမလား?”
ကျီလင်းချန်က ဖန့်ရှောင်နွမ်ကို သူ့ဖက် ဆွဲလိုက်သည်။ “မင်း၊ အနေအထိုင်ဆင်ခြင်။ သူက မင်းရဲ့ တူ။”
သူတို့နှစ်ယောက်လုံး တိတ်ဆိတ်နေသည်။ ကျီလင်းချန်က ဖန့်ရှောင်နွမ်လက်ကို ဆွဲသွားပြီး သူမကို အနောက်ခြံထဲက ခေါ်ထုတ်သွားသည်။ ဖန့်ရှောင်နွမ်က ခလုတ်တိုက်ပြီး လဲမလိုဖြစ်သွားသည်။ ကျီလင်းချန်က သူမကို ထူလိုက်သည်။ “မင်းသွားနေတာကို ကြည့်ဖို့ မင်းမှာ မျက်စိရှိဖို့ လိုတယ်လေ။”
“အို” ဖန့်ရှောင်နွမ် ဆွဲခေါ်သွားခံခဲ့ရသည်။ သူမ ခေါင်းလှည့်လိုက်ပြီး ကျီဝမ်ကို အသံမထွက်ဘဲ ပါးစပ်လှုပ်ကာ ပြောပြလိုက်သည်။ “နင့်ဉီးလေး စိတ်ဆိုးနေတာ”
“ငါသိတယ်”ကျီဝမ်ကလည်း ပြန်ပြီး ပါးစပ်လှုပ်ပြလိုက်သည်။
ကျီလင်းချန် သူ့တူနဲ့ သူ့မိန်းမကြား ပြောဆိုနေတာတွေကို သတိထားမိတဲ့အတွက် သူမကို ထပ်ပြီး အကြမ်းဆွဲသွားပြန်သည်။ ဖန်ရှောင်နွမ် ထပ်ပြီးတော့ လဲကျသွားပြန်သည်။ ကျီလင်းချန်က သူမကို ချီပြီးတော့ ဧည့်ခန်းထဲ ခေါ်သွားခဲ့သည်။
......
ကျီလင်းချန်က ခဏလေးတောင် ကြာကြာမနေချင်တော့ပေ။ ဆယ်နှစ်ကြာအောင် အတန်းဖော်ဖြစ်လာတဲ့ သူ့မိန်းမနဲ့ သူ့ဆိုးရွားတဲ့တူအကြောင်း စဉ်းစားမိတိုင်း သူစိတ်အခြေအနေ မကောင်းဘူးဖြစ်နေသည်။ သူ သခင်ကြီးကျီကို သူတို့ ဒီနေ့ ပြောင်းတော့မယ်ဆိုတာကို အကြောင်းကြားလိုက်သည်။ ဘာကြောင့်လဲဆို ကျီဝမ် ဒီနေ့ပြန်လာလို့ပဲ။ သခင်ကြီးကျီကတော့ သူတို့ကို အမြန်ကြီး မပြောင်းစေချင်ပေ။ သူက ကျီလင်းချန်ကို တားလိုက်သည်။ “ဘာတွေလောနေတာလဲ? မနက်ဖြန်မှ သွားလေ။”
“ညစာစားပြီးတာနဲ့ ကျွန်တော်တို့သွားမယ်။” ကျီလင်းချန်က အသေအချာပြောလိုက်သည်။
တစ်နေ့ခင်းလုံး ကျီလင်းချန်ရဲ့ အကြည့်တွေက ဖန့်ရှောင်နွမ်ဆီက မခွာပေ။ သူမ ရေချိုးခန်းထဲဝင်သွားရင်တောင် သူ့အကြည့်တွေက တံခါးပေါ်ရောက်နေသည်။ တစ်ခုခုတော့ မှားနေပြီဆိုတာကို ဖန့်ရှောင်နွမ် ခံစားမိသည်။ သူက သူမကိုလည်း မျက်စိအောက်က အပျောက်မခံပေ။ ဒီလိုလုပ်တဲ့အတွက် ဖန့်ရှောင်နွမ် အနေကျပ်လာသည်။
နောက်ဆုံးတော့ ညရောက်လာပြီ။ ကျီဝမ်ပြန်ရောက်လာတဲ့အတွက် သခင်ကြီးကျီက တအားကို ပျော်နေသည်။ တည့်ခင်းဧည့်ခံထားတဲ့ ညစာစားပွဲကလည်း ထူးထူးခြားခြား ဟင်းမျိုးစုံနဲ့ ပြည့်နေသည်။ ကျီလင်းချန် ဖန့်ရှောင်နွမ်ကို ဆွဲပြီး အောက်ထပ်ကို ဆင်းလာတဲ့အခါ အကုန်လုံး ရောက်နှင့်နေပြီဖြစ်သည်။
မြို့တော်ဝန်ကျီက ကျီလင်းချန်နေအောင် စကားအနည်းငယ် လှမ်းပြောလိုက်သည်။ ဖန်ချီတောင်မှပဲ ထူးထူးခြားခြား ရွှင်ပျတဲ့မျက်နှာထား ရှိနေသည်။ ကျီဝမ်သာ မပြန်လာသေးရင် ကျီလင်းချန် နေချင်နေဉီးမည်။ အခုတော့ သူ မနေဖို့အတွက်ကို သေချာဆုံးဖြတ်ပြီးပြီ။
ကျီဝမ်က သူ့ရှေ့က အမဲသားစတိတ်ကို ဖြေးဖြေးလှီးနေသည်။ သူက ကျီလင်းချန်ကို နေဖို့အတွက် တစ်ခွန်းတောင် မဟပေ။ သူ အဲ့လိုလုပ်ရင်လည်း သူရွဲ့ပြီးပြောနေတယ်ဆိုတာကို အားလုံးက သိနိုင်သည်။ သူ အမဲသားစတိတ် လှီးနေတုန်း သူ့လက်ပေါ်က တက်တူးက မြင်သာအောင် ပေါ်လာသည်။
ဖန်ချီက ကျီဝမ်ရဲ့လက်ကို လက်ညှိုးထိုးပြီး မေးလိုက်သည်။ “အဲ့ဒါဘာဖြစ်တာလဲ? မင်းက ဘယ်လိုလုပ် ဆိုးရွားတဲ့ကလေး ဖြစ်သွားတာလဲ?”
ကျီဝမ် - “အမေ၊ တက်တူးထိုးတာနဲ့ပဲ သားက ဆိုးတဲ့ကလေးမဖြစ်သွားပါဘူး။ အဲ့ဒါက သားက လူ့အဖွဲ့အစည်းထဲမှာ နေနေတယ်ဆိုတာကို သက်သေပြထားတာလေးတစ်ခုပါ။”
ဖန်ချီက ကျီလင်းချန်ကို ကြည့်လိုက်သည်။ “လင်းချန်၊ ငါတို့ သူကို ထိန်းလို့မရတော့ဘူး။ ကျီဝမ်ကို ပြောပါဉီး။”
ကျီမိသားစုထဲမှာ ကျီဝမ်ကို ထိန်းနိုင်တာဆိုလို့ ကျီလင်းချန်တစ်ယောက်ပဲရှိသည်။ ကျီလင်းချန်က အမြဲတမ်း သူ့တူကို ဆုံးမဖို့ အိမ်တော်ကို ပြန်လာလေ့ရှိသည်။ ကျီလင်းချန်ရဲ့ အကြည့်ကို ကျီဝမ်မြင်လိုက်တဲ့အခါ အမြန်ပဲ သူ့နောက်က လက်ကို ချထားလိုက်သည်။ “ဉီးလေး။ သား အရွယ်ရောက်နေပါပြီ။ ဉီးလေးပဲ ပြောခဲ့တာလေ၊ ကျွန်တော် အသက်၁၈နှစ်ပြည့်ရင်…”
ကျီလင်းချန်က “မင်းတက်တူးကို ငါ မမြင်စေနဲ့။ မင်းလက်ကို ဖြတ်လိုက်၊ ဒါမှမဟုတ် မင်းတက်တူးကို ဖျက်လိုက်။”
ကျီဝမ် မျက်နှာက မအီမသာဖြစ်သွားသည်။ သူက သူ့အဒေါ်လည်းဖြစ်၊ အတန်းဖော်လည်းဖြစ်တဲ့ ဖန့်ရှောင်နွမ်က သူ့အတွက်များ ပြောပေးမလားဆိုပြီး ဖန့်ရှောင်နွမ်ကို ကြည့်လိုက်သည်။ ဒါပေမဲ့ ဖန့်ရှောင်နွမ်က နားမလည်ဘူးဖြစ်နေသည်။ “ဘာလို့ ငါ့ကို လာကြည့်နေတာလဲ? နင့်လက်ကို ဖြတ်ခိုင်းတာ နင့်ဉီးလေးလေ၊ ငါ မဟုတ်ဘူး။”
ကျီလင်းချန် - “သုံးမိနစ်ပဲ။ မင်း အဲ့ဒါကို မဖျက်နိုင်ဘူးဆိုရင်၊ ငါ မင်းကို ကူဖို့ လူတစ်ယောက် ခေါ်လိုက်မယ်။”
“မလိုပါဘူး၊ မလိုပါဘူး။ ကိုယ့်ကိုယ်ကို ဒုက္ခမခံပါနဲ့။ တစ်မိနစ်ထဲနဲ့ ရပါတယ်။” တစ်ယောက်တည်းဖြစ်နေပြီး အားကိုးရာမဲ့နေတဲ့ ကျီဝမ်က ဝမ်းနည်းတဲ့မျက်နှာထားကြီးနဲ့ ဖြစ်နေသည်။ သူက ထရပ်ပြီး ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။ သူထွက်လာတဲ့အခါ သူ့လက်တွေက သန့်ရှင်းနေပြီး “တက်တူး”ရဲ့ အစအနတစ်ခုမှတောင် မကျန်ခဲ့ပေ။
ဖန့်ရှောင်နွမ်က ရုတ်တရက် သဘောပေါက်သွားသည်။ “ဒါဆို အဲ့ဒါက တစ်သက်လုံးစွဲနေတဲ့ဟာ မဟုတ်ဘူးပေါ့။”
ကျီဝမ်က သူ့ခန္ဓာကိုယ်ပေါ်မှာ တက်တူး မထိုးရဲပေ။ ဒါပေမဲ့ သူ့စိတ်ဆန္ဒပြည့်အောင်ဆိုပြီး ဈေးကြီးပေးကာ တကယ့်အစစ်ပုံစံနဲ့တူတဲ့ တက်တူးကို သူ့လက်ပေါ်မှာ ကပ်ထားသည်။
မြို့တော်ဝန်ကျီက သူ့သားရဲ့ဆံပင်က ရောင်စုံတွေနဲ့ ဖြစ်နေတာကို သဘောမကျပေ။ သူက ကျီလင်းချန် ရှိနေတာကို အခွင့်ကောင်းယူပြီးတော့ ပြောလိုက်သည်။ “မင်း ဆံပင်ကိုလည်း အနက်ပြန်ဆိုးလိုက်”