← Chapters

အခန်း (၃၅)

Vol. 3 Ch. 35

အခန်း (၃၅)

Vol. 3 Ch. 35

ဒါနဲ့ပဲ ဖန့်ရှောင်နွမ်က သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။ “ဟယ်လို၊ ကျွန်မက ကျီလင်းချန်ရဲ့ မိန်းမပါ။ ကျွန်မ နာမည်က ဖန့်ရှောင်နွမ်ပါ။”

ကျီလင်းချန်က မူးနေပြီး သူ့ခြေထောက်ကလည်း ယိမ်းယိုင်နေတဲ့အတွက် ကောင်းကောင်းမရပ်နိုင်တော့ပေ။ သူက ဖန့်ရှောင်နွမ်ကို မှီလိုက်ပြီး သူမရဲ့ နားနားကို ကပ်ပြီး “ငါ့ကို အခန်းထဲကို ခေါ်သွားပေး”လို့ တိုးတိုးလေးပြောလိုက်သည်။

အဲ့အဒါကို ကြားတော့ သခင်ကြီးကျီက ကြားဖြတ်ပြောလိုက်သည်။ “နွမ်နွမ် လင်းချန်ကို အခန်းထဲ ခေါ်သွားတော့လေ။”

ဖန့်ရှောင်နွမ်က နည်းနည်း စိတ်ပျက်သွားသည်။ “အဖေ၊ ကျွန်မ သူ့ကို တစ်ယောက်တည်း မနိုင်ဘူးလေ။”

“အိမ်တော်ထိန်း၊ ဒုတိယသခင်မလေးကို ကူဖို့ လူနှစ်ယောက်လွှတ်လိုက်။” လို့ သခင်ကြီးကျီက ခိုင်းလိုက်သည်။

အိမ်တော်ထိန်းက ကျီလင်းချန်ကို ကူဖို့ ရှေ့တိုးလာခဲ့ပေမယ့် အံ့ဩစွာနဲ့ပဲ ကျီလင်းချန်က သူ့ကို တွန်းထုတ်လိုက်ပြီး အသံကျယ်ကြီးနဲ့ ပြောလိုက်သည်။ “သူမတစ်ယောက်တည်းနဲ့ လုံလောက်ပြီ။”

ဖန့်ရှောင်နွမ်က ထငိုချင်ပေမယ့် မျက်ရည်တွေက ထွက်မလာပေ။ သူမ ဘယ်လိုလုပ် ဒါကို တစ်ယောက်တည်း လုပ်နိုင်မှာလဲ? သူ့ကိုယ်သူ ဒီလောက်လေးမှန်း အဲ့ဒီလူက မသိလား။ အခုတော့ သူက မူးနေတယ်၊ ပိုပြီးတော့တောင် ခန္ဓာကိုယ်က လေးနေသည်။

ကျီလင်းချန်က သူ့ရဲ့ မိန်းမလေး ဘာစဉ်းစားနေလဲဆိုတာ မသိပေ။ သူ့မှာက တခြားသူတွေ သူ့ကိုထိရင် မကြိုက်တဲ့ မိုင်ဆိုဖိုးဘီးယား ရှိနေသည်။ သူ့ညီအစ်ကိုလိုခင်တဲ့ သူငယ်ချင်းတွေကတော့ ခြွင်းချက်ပေါ့။ ဖန့်ရှောင်နွမ်ကျတော့၊ သူက မသိစိတ်ကနေ ရင်းနှီးတဲ့သူလို့ ထင်နေတဲ့အတွက်ကြောင့်ပင်။

အဲ့ဒါကို ကြည့်ပြီး ဖန့်ရှောင်နွမ်က ကံကြမ္မာကိုလက်ခံလိုက်ကာ တစ်ယောက်တည်း ကျီလင်းချန်ကို အခန်းထဲ ခေါ်သွားခံ့သည်။ အားတွေ စိုက်ထုတ်ပြီးခေါ်သွားတော့၊ နောက်ဆုံး အဲ့ဒီလူကို ဖန့်ရှောင်နွမ်က အခန်းထဲကို ခေါ်သွားနိုင်ခဲ့သည်။ သူမက ကျီလင်းချန်ကို အိပ်ရာပေါ်တင်လိုက်သည်။

ကျီလင်းချန် - “ငါ ဆိုဖာပေါ်မှာ ခဏထိုင်လိုက်ဉီးမယ်။”

“ရှင် အေးအေးဆေးဆေးနဲ့ အိပ်ရာပေါ်မှာ လှဲနေသင့်တယ်။ ဒီဆိုဖာက ရှင့်အတွက် သေးနေတယ်။ ညအိပ်ရင်းနဲ့ ပြုတ်ကျလိမ့်မယ်။ အဲ့ဒီအချိန်ကျ ကျွန်မ ရှင့်ကို မထူနိုင်ဘူး။ အာ ရှင်သာလှုပ်ရင် ရှင် ကျွန်မလက်ကို ကြိတ်မိတော့မယ်။”

ဖန့်ရှောင်နွမ်က ကျီလင်းချန်ကို အိပ်ရာပေါ်တင်လိုက်သည်။ ကျီလင်းချန်ရဲ့ အလေးချိန်ကြောင့် သူမပါ အိပ်ရာပေါ် ကျသွားသည်။ သူ့ရဲ့ကျောအောက်မှာ သူမလက်ကို ဖိထားခဲ့သည်။ ဖန့်ရှောင်နွမ်က သူ့ဘေးမှာ လှဲနေပေမယ့် သူမရဲ့ ဘယ်ဘက်လက်က သူ့ရဲ့ ကိုယ်အောက်မှာ ရောက်နေသည်။

“ကျီလင်းချန်၊ ဟိုဘက်လှည့်။ ရှင် ကျွန်မလက်ပေါ် ဖိအိပ်နေတယ်။ ကျွန်မ ထလို့မရဘူး။” ဖန့်ရှောင်နွမ်က ကျီလင်းချန်ကို အခန်းထဲရောက်အောင် အားအကုန်သုံးလိုက်ရလို့ အခု သူမမှာ အားမရှိတော့ပေ။

ကျီလင်းချန်က မူးနေပဲမဲ့ အကုန်လုံးကို သေချာသိနေသည်။ သူ လှိမ့်လိုက်တဲ့အခါ ခိုးလိုးခုလုဖြစ်နေသလို ခံစားနေရသည်။ ဘာမှတောင် မသိလိုက်ဘဲနဲ့ ဖန့်ရှောင်နွမ်ရဲ့ ခန္ဓာကိုယ်ကို တောင်ကြီးတစ်တောင် ဆွဲချလိုက်သလိုဖြစ်သွားသည်။ အဲ့ဒီအချိန်မှာ သူမရဲ့လက်က လွတ်သွားပေမယ့်….

“ကျီလင်းချန်၊ ရှင် ကျွန်မကို အသားယူနေတာမလား? ရှင့်ကိုယ်က အရမ်းလေးတယ်၊ ဖယ်ပေး။” ဖန့်ရှောင်နွမ်က သူ့ကို တွန်းဖို့ ကြိုးစားပေးမယ့် မရခဲ့ချေ။

ကျီလင်းချန်က ပလက်လှန် အိပ်တာထက် မှောက်အိပ်တာက ပိုပြီးသက်သောင့်သက်သာဖြစ်တာ သိသွားသည်။ ဒါပေမဲ့ သူ့ရဲ့အောက် တတွတ်တွတ်နဲ့ ပြောနေတဲ့ ကြက်တူရွေးတစ်ကောင်ရှိနေသည်။ ဒါကြောင့် သူ့ကို နည်းနည်း စိတ်တိုစေသည်။

ကျီလင်းချန်က “ပြောတာရပ်လိုက်တော့”လို့ ပြောလိုက်သည်။

“ကျီလင်းချန် ကျွန်မကတော့ ဆက်ပြောမှာပဲ။ ရှင်ပဲ ကျွန်မပေါ်မှာ လှဲအိပ်နေတာလေ။ ရှင် ကျွန်မကို ဘာလို့ ညစ်ပြီး မသတ်လိုက်တာလဲ? ရှင်တစ်ယောက်ယောက်ကို သတ်လိုက်ရင် ရှင့်ဘဝနဲ့ ပြန်ပြီး ပေးဆပ်ရမှာ၊ ရှင်…..”

ဖန့်ရှောင်နွမ်က စကားဆုံးအောင်တောင် မပြောလိုက်ရပေ။ သူမ မှင်သက်သွားမိသည်။ သူမရဲ့ နှုတ်ခမ်း နွေးနွေးလေးဖြစ်သွားမှုက သူမ အနမ်းခံလိုက်ရတာကို ပြနေသည်။

အဲ့ဒီအနမ်းမှာ အရက်နံ့ပြင်းပြင်းပါ ပါနေသည်။ ဖန့်ရှောင်နွမ်က အရင်လိုမဟုတ်ဘဲ နှလုံးခုန်နှုန်းတွေမြန်နေခဲ့သည်။ သူမက အဲ့ဒီလူကို တွန်းထုတ်ဖို့ပါမေ့နေသည်။ သူမရဲ့ ခါးပေါ်က လက်တွေက တင်းကျပ်နေသည်။ တွန်းကျပ်လွန်းလို့ သူမရဲ့ ခါးက အနာရမလိုတောင်ဖြစ်သွားသည်။

“အင်း၊ လွှတ်ပေး။” အနမ်းခံလိုက်ရပြီး ပထမဆုံး ဖန့်ရှောင်နွမ်တွေးမိတာက သူမရဲ့ ခါးအတွက် စိုးရိမ်မိတာပါ။ သူမက ကျီလင်းချန်ရဲ့ လက်တွေကို သူမရဲ့ လက်နှစ်ဖက်လုံးနဲ့ တွန်းထုတ်ဖို့ လုပ်ခဲ့သည်။

ကျီလင်းချန်က သတိပြန်ထားမိသွားသည်။ ဖန့်ရှောင်နွမ်က သူ့ခန္ဓာကိုယ်အောက်ကနေ လှုပ်ရမ်းနေတာတွေ့လိုက်တော့ သူမရဲ့ လက်တွေကို လွှတ်ပေးလိုက်သည်။ ဖန့်ရှောင်နွမ်ရဲ့ ခါးက လွတ်သွားပြိး သူမက လက်တွေ့ကို ကျီလင်းချန်ရဲ့ရင်ဘတ်တွေအပေါ်မှာ ထားထားလိုက်သည်။ “ငါက ယောကျာ်းတစ်ယောက် ဖိပြီး အသတ်ခံရတဲ့ ပထမဆုံး မိန်းမ ဖြစ်တော့မယ်လို့ ထင်တယ်။”

ကျီလင်းချန်က ဘာပြောလို့ပြောရမှန်းမသိဖြစ်နေသည်။ “ဒီမိန်းကလေး ပိုပြီး အလေးအနက် ထားလို့မရဘူးလား?” သူနဲ့ ဖန့်ရှောင်နွမ်က တစ်ယောက်နဲ့ တစ်ယောက်ကြည့်နေကြသည်။ သူ့ရဲ့မျက်လုံးတွေက နေ့လိုမျိုး ရှင်းလင်းနေသည်။ အစောနကလို မရှင်းမလင်းဖြစ်မနေတော့သလို အရက်မူးနေတဲ့ပုံစံကို မပေါ်တော့ပေ

ဖန့်ရှောင်နွမ်ကတော့ အစောနက အနမ်းခံရတာကို စဉ်းစားနေမိသည်။ သူမရဲ့ မျက်နှာက နီလာသည်။ “ရှင်၊ ရှင် တမင် လုပ်တာမလား။ ဟုတ်တယ်၊ ရှင် တမင်တကာကို လုပ်တာပဲ။”

ကျီလင်းချန်ရဲ့ လည်ဇလုတ်က အလျင်အမြန် ရွေ့သွားခဲ့သည်။ သူက ဖန့်ရှောင်နွမ်ရဲ့ ခါးကို လက်နှစ်ဖက်နဲ့ ဖက်လိုက်ပြီးတော့ သူ့ပေါ်ကို ဆွဲချလိုက်သည်။ ဒီအချိန်မှာတော့ သူက အောက်မှာရောက်နေပြီး ဖန့်ရှောင်နွမ်က အပေါ်ကို ရောက်နေသည်။ သူမက သူ့အပေါ်မှာ လှဲနေသည်။

အခုတော့ သူမ ဖိမခံထားရတော့ပေ။ ဖန့်ရှောင်နွမ်အတွက် ကျီလင်းချန်ဆီက လွတ်ဖို့ လွယ်ကူနေသည်။ သူမက ကျီလင်းချန်ရဲ့ ရင်ဘတ်ကို အားယူပြီး လွယ်လွယ်ကူကူပဲ ထလိုက်သည်။

သူမက လှည့်ကြည့်လိုက်တဲ့အခါ ကျီလင်းချန် အိပ်ပျော်သွားတာကို တွေ့လိုက်သည်။ ဖန့်ရှောင်နွမ်က သူမရဲ့ ရင်ဘတ်ကို အသာလေးပုတ်ပြီး ပျော်နေမိသည်။ ကံကောင်းစွာနဲ့ သူက မူးနေသည်။ သူမ ကျီလင်းချန်ကို အိပ်ရာမှာ တစ်ယောက်တည်းထားခဲ့ပြီး တံခါးကနေ ထွက်သွားသည်။

တံခါးပိတ်သံကို ကြားလိုက်တဲ့အခါ ခုတင်ပေါ်က အိပ်ချင်ယောင်ဆောင်နေတဲ့ လူက တန်းမျက်စိဖွင့်လိုက်သည်။ ဒီအချိန်မှာတော့ သူ့မျက်စိတွေက တကယ်ကို ရှင်းလင်းနေသည်။ သူက ထထိုင်လိုက်ပြီး လေးနက်တဲ့အကြည့်တွေနဲ့ တံခါးကို ကြည့်နေသည်။ သူ လုပ်လိုက်မိတာတွေကို စဉ်းစားပြီးတော့ သူ့ဘာသာသူပဲ အံ့ဩမိသွားသည်။ သူက ခန္ဓာကိုယ်က တအားကို နူးညံ့သွားပြီး သူ့လက်ထဲမှာ “ခေါင်းအုံး”ကို ကိုင်ထားရသလို နှုးညံ့နေမှုကို ခံစားလိုက်ရသည်။ သူမကို ဖက်လိုက်တာက ကောင်းပေမယ့် သူ ဘာလို့ သူမကို ရုတ်တရက် နမ်းခဲ့တာလဲ?

All Chapters