← Chapters

အခန်း (၃၄)

Vol. 3 Ch. 34

အခန်း (၃၄)

Vol. 3 Ch. 34

သခင်ကြီးကျီက စားလက်စ တူတွေကို ချပြီး ထရပ်ကာ ပြုံးလျက် ပြောလိုက်သည်။ “မင်းပါလား၊ မုရုံ” အဲ့လိုပြောပြီးနောက် သူ့ကို ကြိုဆိုဖို့ သွားလိုက်သည်။

ဖန့်ရှောင်နွမ်က ဖန်ချီကို တစ်ချက်လှည့်ကြည့်လိုက်တဲ့အခါ ဖန်ချီနဲ့ အကြည့်ဆုံသွားသည်။ ဖန်ချီကလည်း ဖန့်ရှောင်နွမ်ကို ကြည့်နေသည်။

“နင် ဘာတွေကြည့်နေတာလဲ? အမြန်သွားလေ။ မုရုံ၊ ယဲ့မုပိုင်နဲ့ တခြားသူတွေလည်း လာနေတယ်။ သူတို့က ကျီလင်းချန်ရဲ့ သူငယ်ချင်းကောင်းတွေပဲ။” ဖန်ချီရဲ့ အသံက ဖော်ရွေပုံပေါက်မနေပေမဲ့ ဖန့်ရှောင်နွမ်ကို သတိပေးလိုက်သလိုလေး ဖြစ်နေသည်။

“ဟုတ်ပါပြီ။” ဖန့်ရှောင်နွမ်က တူချထားပြီး ပြေးထွက်သွားခဲ့သည်။ သူမ ခုံကိုတွန်းလိုက်တဲ့အချိန်မှာ အသံထွက်သွားသည်။

မြို့တော်ဝန်ကျီက အဲ့ဒါကိုလည်း မြင်ရော သူ့မိန်းမကို အံ့ဩတကြီး ကြည့်နေခဲါသည်။ သူမရဲ့ မိန်းမက ပြဿနာ မရှာနေတာကို မြင်ရတာ အတော်ထူးဆန်းနေသည်။ သူမက ကောင်းကောင်းပြုမူနေသည်။

ဖန်ချီက “ရှင်တို့နှစ်ယောက်က ကျွန်မကို ဘာလို့ကြည့်နေတာလဲ? ကျွန်မက သူမနဲ့ ရန်ဖြစ်ချင်နေသေးတယ်လို့ ထင်နေတာလား? ကျွန်မလည်း တစ်ရက်လောက်နားဖို့လိုတယ်၊ ဟုတ်ပြီလား။ ဒီနေ့ သူမနဲ့ ရန်ဖြစ်ဖို့ ကျွန်မမှာ အားမရှိဘူး။” လို့ ပြောလိုက်သည်။

သူမက အသက်ကြီးနေတဲ့အတွက် သူမရဲ့ အားအင်တွေလည်း အရင်တုန်းကလို့ သိပ်မကောင်းတော့ချေ။ ဖန့်ရှောင်နွမ်နဲ့ ရန်ဖြစ်လိုက်တိုင်း သူမ အားနည်းသွားသလိုခံစားရသည်။ ဒီရက်တွေမှာ၊ သူမက စိတ်တွေတအားကြီးနေတဲ့အတွက် ကျန်းမာရေးနဲ့ အိပ်ချိန်တွေ မမှန်ဘူးဖြစ်နေသည်။

အခုဖန့်ရှောင်နွမ်က ကျီမိသားစုကနေ ထွက်သွားတော့မယ်ဆိုတော့ အမျိုးသမီးခေါင်းဆောင်နေရာအတွက် သူမနဲ့ ပြိုင်လုတော့မယ့်သူ မရှိတော့ဘူး။ ဖန်ချီက ဖန့်ရှောင်နွမ် အနားမှာရှိနေတာကို စကားနဲ့ ထုတ်မပြောပေမယ့် နှစ်သက်သလိုဖြစ်နေသည်။ မြို့တော်ဝန် နားလည်သွားသည်။ မြို့တော်ဝန်အနေနဲ့ လူအမျိုးမျိုးကို တွေ့ဖူးပေမယ့် အဲ့ဒီထဲမှာ ဖန်ချီက အကြောင်းအရာတစ်ခုထဲကိုပဲ စဉ်းစားတတ်တဲ့ သူဖြစ်နေသည်။

မြို့တော်ဝန်ကျီက “ကောင်းတာပေါ့၊ အားလုံးလည်း တိတ်တိတ်ဆိတ်ဆိတ်နေလို့ရတာပဲ”လို့ ပြောလိုက်သည်။

ဧည့်ခန့်ထဲမှာ ဖန့်ရှောင်နွမ်က သခင်ကြီးသွားတာကို မီသွားသည်။ သူမက တိတ်တဆိတ်နဲ့ သခင်ကြီးနောက်ကို လိုက်သွားခဲ့သည်။

ပြီးတော့ အရက်မူးနေတဲ့ ကျီလင်းချန်ကို လူနှစ်ယောက်က ထိန်းပေးထားမှန်း ဖန့်ရှောင်နွမ် တွေ့လိုက်ရသည်။ တခြားသုံးယောက်က သခင်ကြီးကျီနဲ့ စကားပြောဖို့ တက်သွားကြသည်။ သူတို့ထဲက တစ်ယောက်က ဖန့်ရှောင်နွမ်ရဲ့ အာရုံစိုက်တာကို ရလောက်အောင် ထူးထူဆန်းဆန်း လမ်းလျှောက်နေသည်။

“ဉီးလေးကျီ၊ ကျွန်တော်တို့က ကျီလင်းချန်ရဲ့ မင်္ဂလာပွဲကို ဂုဏ်ပြုပေးဖို့ လာခဲ့တာ၊ သူက လက်ထပ်တဲ့အကြောင်းတောင် ကျွန်တော်တို့ကို မပြောပြဘူး။”လို့ မုရုံက ပြောလိုက်သည်။

ဖန့်ရှောင်နွမ်က အစောနက ဖန်ချီပြောလိုက်တဲ့ နာမည်တွေကို မှတ်မိဖို့ စဉ်းစားနေသည်။ အဲ့ဒီနာမည်တွေက မုရုံနဲ့ ယဲ့မုပိုင်ဆိုတာကို သူမ သတိရလိုက်သည်။ တခြားသုံးယောက်ကတော့ အလာနည်းတတ်တဲ့ ကျီလင်းချန်ရဲ့ နောက်ထပ် သူငယ်ချင်းကောင်းတွေပဲ။

ယောင်ချမ့် အတွေးထဲမှာ နစ်မျောနေတဲ့ ဖန့်ရှောင်နွမ်ကို ကြည့်နေမိသည်။ သူက ယဲ့မုပိုင်ကို “အဲ့ဒီမိန်းကလေးက အတော်လှတာပဲ”လို့ ပြောလိုက်သည်။

ယဲ့မုပိုင်ကလည်း သခင်ကြီးကျီရဲ့ အနောက်က ဖန့်ရှောင်နွမ်ကို လှည့်ကြည့်လိုက်သည်။ ပြီးတော့ ယောင်ချမ့်ကို “ဟမ်၊ မင်းက သူမကို ပြောတာလား? သူမ မဟုတ်လောက်ပါဘူး။ သူမက ကျောင်းသူတစ်ယောက်ပဲ နေမှာပါ။ ကျောင်းသူတွေက လက်ထပ်လို့ရလို့လား?”လို့ တိုးတိုးလေး ပြန်ပြောလိုက်သည်။

ယဲ့မုပိုင်ပြောတာတွေကို သခင်ကြီးကျီက နီးနေတဲ့အတွက် ကြားရပြီး အထင်လွဲတာတွေ ရှင်းစေအောင် ချောင်းဟန့်လိုက်သည်။ ပြီးတော့ ဖန့်ရှောင်နွမ်ဘက်ကို လှည့်လိုက်ပြီး ဖန့်ရှောင်နွမ်ကို “နွမ်နွမ်၊ အရှေ့ကိုလာခဲ့လေ၊ မင်းကို ငါ သူတို့နဲ့ မိတ်ဆက်ပေးမယ်”လို့ ပြောလိုက်သည်။

ဖန့်ရှောင်နွမ်က အရှေ့ကို လျှောက်လာသည်။ ပြီးတော့ သခင်ကြီးကျီအနားမှာပဲ ဝင်ရပ်လိုက်သည်။ အဲ့ဒီအချိန်မှာ သခင်ကြီးကျီက သူမရဲ့ နာခံတတ်မှုအတွက် စိတ်ကျေနပ်သွားသည်။

“ဒါကတော့ ယဲ့လင်းနန် မိသားစုရဲ့ အမွေဆက်ခံသူ ယဲ့မုပိုင်။ သူက နိုင်ငံခြားကျွန်းအများကြီးကို ပိုင်ထားတဲ့ မုရုံ။ သူ့ဘေးနာကတော့ ဝမ်ယွီပေါ်။ လင်းချန်ကို ထိန်းထားတဲ့ နှစ်ယောက်ကတော့ ယောင်ချမ့်နဲ့ ကျောက်ယွီ။ ငါတို့ မိသားစုတွေက သူငယ်ချင်းကောင်းတွေပဲ။ သူတို့ကလည်း လင်းချန်ရဲ့ သူငယ်ချင်းကောင်းတွေဖြစ်တယ်။” သူတို့ငါးယောက်လုံးကို တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ပေးပြီးတော့ သူ့ဘေးနားက မိန်းကလေးကို မိတ်ဆက်ပေးသည်။ “ဒါကတော့ လင်းချန်ရဲ့..”

ကျီလင်းချန်က ဝိုင်တွေအများကြီးသောက်ထားတဲ့အတွက် အဲ့ဒီအချိန်မှာ တအားကို မူးနေသည်။ နွေဉီးရဲ့ လေက တိုက်ခတ်လိုက်တဲ့အခါ အရက်နံ့လေးက ထွက်လာသည်။ သူက မျက်လုံးမှေးထားပြီးတော့ သူ့ရဲ့ နာခံတတ်နေတဲ့ မိန်းမကို ကြည့်လိုက်သည်။

သခင်ကြီးကျီက ဖန့်ရှောင်နွမ်ကို မိတ်ဆက်လို့ မပြီးသေးခင်မှာပဲ ကျီလင်းချန်က “ မိန်းမ၊ ငါ အိမ်ပြန်မရောက်လို့ မင်းထပ်ပြီးတော့ စိတ်ဆိုးနေတာလား”လို့ မေးလိုက်သည်။

ဖန့်ရှောင်နွမ်က ပြောစရာစကားမရှိအောင်ကို ဖြစ်နေသည်။ “ဒါက…” ကျီလင်းချန်က သူမကို တအားကောင်းပြနေသည်။

ကျီလင်းချန် ပါးစပ်ဟလိုက်တာနဲ့ ဖန့်ရှောင်နွမ် ဘယ်သူလဲဆိုတာကိုတောင် ပြောပြစရာမလိုတော့ပေ။ သူက ဖန့်ရှောင်နွမ် ပြန်ဖြေတာမကြားတဲ့အတွက်၊ သည်းမခံနိုင်တော့တဲ့ပုံစံနဲ့ ထပ်ပြီး မေးပြန်သည်။ “ငါ့ကို ဖြေလေ၊ မင်းဒီနေ့ ဘယ်သူ့ကို စိတ်ဆိုးတာလဲ? စိတ်ဆိုးနေသေးလား? ငါ့ကိုပြော။ မင်းစိတ်ဆိုးပြေအောင် ငါလုပ်ပေးမယ်။”

ဒီစကားတွေလည်း ပြောလိုက်ရော ဧည့်ခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ကျီလင်းချန် အရက်မူးတဲ့အခါ ဖြစ်သွားတဲ့ပုံလို့ တစ်ထစ်ချပြောလို့ရသည်။ သူရဲ့ သူငယ်ချင်းငါးယောက်လုံး အံဩသွားပြီး အကုန်လုံးက သူ့ကို ကြည့်လိုက်သည်။

ဖန့်ရှောင်နွမ်က ရှေ့ကို လျှောက်သွားပြီး ယိမ်းယိုင်နေတဲ့ ကျီလင်းချန်ကို ဆွဲလိုက်သည်။ သူမက ခေါင်းခါပြီး “စိတ်မဆိုးဘူး။ ကျွန်မက တအားနာခံတတ်ပါတယ်။ ဘယ်သူကမှလည်း ကျွန်မကို စိတ်မဆိုးဘူး။” လို့ ပြောလိုက်သည်။

ယဲ့မုပိုင်က “ဉီးလေးကျီ၊ သူမက လူကြီးရောဖြစ်ပြီးလားဆိုတာ သိပါရစေ?” လို့ပြောလိုက်သည်။ ယဲ့မုပိုင်ရဲ့ အသံက ရုတ်တရက် ထွက်သွားပြီး သူ့စကားတွေက ထိတ်လန့်စရာဖြစ်နေသည်။

ဖန့်ရှောင်နွမ်ကို သူတို့ ဘယ်လောက်ကြည့်ကြည့် သူမကို လူကြီးလို့ မမြင်မိပေ။ သူတို့အားလုံး အဲ့ဒါကို သံသယဖြစ်နေပေမယ့် တန်းပြီး မေးရဲသည့် တစ်ဦးတည်းသောသူက ယဲ့မုပိုင်ပင်။

“ကျွန်မက အသက်နှစ်ဆယ်ရှိပါပြီ။ တရားဝင် လက်ထပ်ထားတာပါ။ ” ဖန့်ရှောင်နွမ်က သခင်ကြီးကျီစိတ်မသက်မသာ မဖြစ်စေရန် ပြောလိုက်သည်။

All Chapters