အခန်း (၄၆)
Vol. 4 Ch. 46
ကျီဝမ်က သတိမထားမိဘဲ ကျီလင်းချန်ကို ကြည့်လိုက်ပြီး နောက်ဆုံးအနေနဲ့ သူ့ကြုံနေတဲ့အခက်အခဲကို ရဲတင်းစွာဘပြောလိုက်သည်။ “ဉီးလေး၊ ကျွန်တော် အသက်ဆယ့်ရှစ်နှစ်ကျော်တာနဲ့ ကျွန်တော့်အကြောင်းကို ဂရုမစိုက်တော့ဘူးလို့ ဉီးလေး ပြောခဲ့တယ်လေ။”
ကျီလင်းချန်က သူ့တူကို အေးစက်စက်အကြည့်တွေနဲ့ ကြည့်လိုက်သည်။ “ ငါ အဓိပ္ပာယ်မရှိတာတွေ ပြောရတာ မကြိုက်ဘူးဆိုတာကို မင်းသိသင့်တယ်။”
ကျီဝမ်က သူ့ရဲ့ ဆံပင်အရင်းကို လက်တစ်ဖက်နဲ့ ဆွဲပြလိုက်သည်။ “ဉီးလေး၊ ဒါက ဆံပင်အစစ်ပဲ။ ဆံပင်ကို အနက်ရောင် ပြန်ဆိုးဖို့ဆို ကျွန်တော် ဆိုင်ကိုသွားရမှာ။ အခုက အတော်နောက်ကျနေပြီ။ ကျွန်တော် မနက်ဖြန်မှ လုပ်လို့ရမလား? ” ကျီလင်းချန် သဘောမတူမှာကြောက်လို့ ကျီဝမ်က “အရောင်ပြန်ဆိုးဖို့ ကျွန်တော်မနက်ဖြန် အစောကြီးထလိုက်ပါမယ်”လို့ ထပ်ပြောခဲ့သည်။
ကျီလင်းချန် - “၂၄နာရီလုံး ဖွင့်တဲ့ ဆံပင်ဆိုင်တွေအများကြီးရှိတယ်။ တစ်နာရီအတွင်း မင်းဆံပင် အနက်ရောင်ကို ငါမြင်ချင်တယ်”
ဖန်ချီက ကျီလင်းချန်နဲ့ သူ့မိန်းမကို ဒီနေ့ ဘာစကားမှ မပြောရသေးပေ။ အခုတော့ သူမက ဒီအခွင့်အရေးကိုယူပြီး သူတို့ကို နေအောင်ပြောဖို့ ကြိုးစားလိုက်သည်။ “လင်းချန်၊ မင်း ဒီမှာ ခဏနေလို့မရဘူးလား? ကျီဝမ် အိမ်မှာနေတုန်း သူ့ကို စည်းကမ်းရှိအောင် မင်း အစ်မကို ကူညီပေးပါဉီး။”
“အမေ၊ ကျွန်တော်အမေ့ကို ဟင်းထည့်ပေးမယ်။ စားလေ၊ အမြန်စားပါ။” ကျီဝမ်က လျင်လျင်မြန်မြန်ပဲ သူ့အမေပါးစပ်ကို ဆက်မပြောတော့အောင် လက်ဖြင့်ကာလိုက်သည်။ ဉီးလေးဆိုး၊ မကောင်းဆိုးဝါးမလေးတို့လည်း စားပွဲတစ်ခုတည်းမှာပဲ ထိုင်လိုက်သည်။ အဲ့ဒီ လင်မယားသာ ထွက်သွားချင်ရင် ထွက်သွားလို့ရပြီ။ သူတို့နေချင်ရင်လည်း နေလို့ရသည်။ ကျီဝမ်ကတော့ သူတို့ကို မြန်မြန်ထွက်သွားစေချင်သည်။
ထမင်းစားပြီးတော့ ကျီလင်းချန်က အိမ်စေတွေကို ပစ္စည်းအိတ်တွေ အကုန်အောက်ချလာဖို့ ပြောလိုက်သည်။ ကျန်တာဆိုလို့ ကျီဝမ်ရဲ့ ဆံပင်သာ ရှိတော့သည်။ ကျီလင်းချန်က ကျီဝမ်ရဲ့ခေါင်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ “မင်း ဘယ်တော့ ဆံပင်အရောင်ပြန်ဆိုးမှာလဲ?”
ကျီလင်းချန်ကို ကြည့်နေရင်း ကျီဝမ်ရဲ့ နှလုံးခုန်နှုန်းကမြန်လာသည်။ သူကိုယ့်သူ စိတ်အေးအောင်လုပ်လိုက်သည်။ “ဉီးလေး အရင်သွားလို့ရမလား? ကျွန်တော် ဆံပင်ကို တန်းပြန်ဆိုးမှာပါ။ ကျွန်တော် ဆံပင်ကို အနက်ရောင်ပြန်ဆိုးပါ့မယ်လို့ ဒီနေ့ပဲ ဉီးလေးကို ကတိပေးပါတယ်။”
ဖန်ချီက သူ့သားရဲ့ကျောကို ရိုက်လိုက်သည်။ “မင်းဘာတွေ ပြောနေတာလဲ?” သူက အဲ့ဒီလိုစကားကို ဘယ်လိုများ တည့်ကြီး ပြောရဲတာလဲ? သူ့ပြောတဲ့ပုံစံက ကျီလင်းချန်ကို နှင်သလိုဖြစ်နေသည်။ ဖန်ချီက အားနာနေသည်။ သူမက ကျီလင်းချန်နဲ့ သူ့မိန်းမကို ထွက်သွားစေချင်ပေမယ့် ကျီဝမ် စည်းကမ်းရှိအောင် ထိန်းပေးဖို့ ကျီလင်းချန်ကို ကူညီစေချင်သည်။
ကျီလင်းချန်က စိတ်မရှည်တော့ပေ။ ထမင်းစားနေတာက တစ်နာရီကျော်သွားပြီဖြစ်တဲ့အတွက် သူက အမိန့်ပေးလိုက်သည်။ “အိမ်တော်ထိန်း၊ ဆံသဆရာ သွားခေါ်လိုက်”
“မခေါ်နဲ့၊ မခေါ်နဲ့။ ဉီးလေး၊ ကျွန်တော်သွားပါမယ်၊ အခုသွားလိုက်မယ်။” ကျီဝမ်က အိမ်တော်ထိန်းကို ဆွဲလိုက်သည်။ သူ ကျီလင်းချန်ရှေ့မှာ တအားကို ပြာပြီးထိတ်လန့်နေသည်။ အစတုန်းက သူ့ဆိုးထားတဲ့ ဆံပင်အရောင်ကို သူ့ငယ်ချင်းတွေနဲ့ မနက်ဖြန်တွေ့ပြီး ကြွားဖို့လုပ်ထားတာ။ အခုကျတော့၊ သူ့ဉီးလေးကို အရင်တွေ့လိုက်ရတဲ့အတွက်၊ သူ့မှာ ရွေးချယ်စရာမရှိတော့ပေ။
စိတ်အတိုစေဆုံးအရာကတော့ သူ့ဉီးလေးနားမှာထိုင်ပြီး ရယ်ဖို့မနည်းထိန်းနေရတဲ့ မိန်းမတစ်ယောက်ကို ဖြစ်သည်။ ဒါက ဘာများ အဲ့လောက်ရယ်စရာကောင်းနေလို့လဲ။
ကျီဝမ်ကို ဖန့်ရှောင်နွမ် စတွေ့ကတည်းက သူမ မျက်နှာမှာ အမြဲတမ်းပြုံးနေတတ်သည်။ သူမယောကျာ်းကို ကျီဝမ် အရှုံးပေးရတာကို မြင်တိုင်း သူမ မထိန်းနိုင်ပဲ ရယ်မိသည်။
သူမက တကယ်ပဲ ကျီဝမ်အတွက် အမြဲတမ်းဒုက္ခပေးနေတဲ့သူလို့ ထင်ရသည်။
......
ကျီလင်းချန်ရဲ့ မျက်လုံးထဲမှာတော့ ဖန့်ရှောင်နွမ်ရဲ့ ရှုံ့ချရယ်မောနေမှုက မိန်းကလေးတစ်ယောက်က သူဂရုစိုက်တဲ့သူတွေကြည့်မိလို့ ရတဲ့ပျော်ရွှင်နေမှုနဲ့ တူနေသည်။ တိုက်တိုက်ဆိုင်ဆိုင် ကျီလင်းချန် ဖန့်ရှောင်နွမ်ကို လှည့်ပြီး အာရုံစိုက်မိတဲ့အခါတိုင်း ကျီဝမ်နဲ့ ဖန့်ရှောင်နွမ်နဲ့က တစ်ယောက်နဲ့ တစ်ယောက် ကြည့်နေကြသည်။ ကျီဝမ်က ဖန့်ရှောင်နွမ်ကို ပါးစပ်လှုပ်ပြောလိုက်သည်။ 'ရယ်နေတာရပ်ပြီး၊ ငါ့ကို မြန်မြန်ကူညီပေးဉီး'
သူတို့က အတန်းဖော်ဖြစ်လာတာ နှစ်ပေါင်းများစွာကြာပြီပင်။ ဖန့်ရှောင်နွမ်က ကျီဝမ်ရဲ့ နှုတ်ခမ်းတွေကို သေချာမမြင်ရပေမဲ့ သူ ဘာပြောချင်တာလဲဆိုတာကို သူမ ချက်ချင်းနားလည်သည်။ သူမ ခေါင်းခါလိုက်သည်။ 'ငါ့ကို ကူညီစေချင်တာလား? မဖြစ်နိုင်ဘူး'
သူတို့နှစ်ယောက်ကြားက ရင်းနှီးဆက်ဆံမှုကို မြင်တိုင်း သူ့မိန်းမကို အကဲခတ်နေတဲ့ ကျီလင်းချန်ကို စိတ်ဆိုးစေသည်။ သူ မျက်မှောင်ကြုံ့လိုက်သည်။ “ဖန့်ရှောင်နွမ်၊ မင်း ကျီဝမ်ကို မြင်နေရတာ ပျော်လား?”
သူမရဲ့ ယောကျာ်း မေးလိုက်တဲ့အခါ ဖန့်ရှောင်နွမ်က ကျီဝမ်က စကားပြောနေတာပင်။ ဒါ့ကြောင့် သူမက သူပြောတာကို မကြားလိုက်ဘဲနဲ့ ဒီတိုင်း “ဟမ်”လို့ ပြန်ဖြေလိုက်မိသည်။ ကံမကောင်းစွာနဲ့ အဲ့ဒီ “ဟမ်”လို့ဖြေလိုက်တာက “ဟုတ်တယ်”လို့ မှားယွင်းစွာ ဘာသာပြန်မိလိုက်သည်။ အဲ့ဒါက လူတစ်ယောက်ရဲ့ သူ့နှလုံးအိမ်က မီးတောက်ကို ပိုကျွမ်းလောင်အောင်လုပ်လိုက်သည်။
သူတို့ဘေးနားမှာ ရပ်နေတဲ့ ဖန်ချီက ကျီလင်းချန်ရဲ့ မနှစ်မြို့မှုကို သိနေသည်။ သို့သော် သူမရဲ့ ဉီးနှောက်မရှိတဲ့ သားနဲ့ သူမ မနှစ်သက်တဲ့ ဖန့်ရှောင်နွမ်တို့က ဘာမှသတိမထားမိကြပေ။ သူတို့က ပိုဆိုးအောင်တောင် လုပ်နေကြသည်။
ကျီဝမ်က သူတို့နှစ်ယောက်ရှေ့မှာရပ်ပြီးတော့ ဖန့်ရှောင်နွမ်ရဲ့ လက်ကောက်ဝတ်ကို ဆွဲလိုက်သည်။ “ငါနဲ့လိုက်ခဲ့”
အဲ့လိုပြောပြီးတော့ ကျီဝမ်က သူ့ဉီးလေးမိန်းမကို သူ့ဉီးလေးရှေ့မှာပဲ ခေါ်သွားသည်။ အရေးကြီးဆုံးကတော့၊ ဖန့်ရှောင်နွမ်က ကျီဝမ်နဲ့ ပြုံးပြီးတော့ကို ထွက်သွားသည်။
သူတို့နှစ်ယောက် ထွက်သွားတဲ့အခါ ခန်းမကြီးက တိတ်ဆိတ်နေက။ အပ်ကျသံကိုတောင် ကြားနိုင်နေသည်။ ကျီလင်းချန်ရဲ့ လည်စလုတ်က တော်တော်လေး လှုပ်ရှားနေသည်။ “မရီး၊ ကျီဝမ်က ဒီနှစ် ၂၁နှစ်ပြည့်မှာမဟုတ်လား? သူလည်း ငယ်တော့တာမဟုတ်ဘူး။ လက်ထပ်ပေးဖို့ အချိန်ကျပြီ။”
ဖန့်ချီက ပါးစပ်က မဲ့ကွေးသွားသည်။ အသက် ၂၁နှစ်လား? မငယ်တော့ဘူးတဲ့လား? လက်ထပ်ဖို့ အချိန်ကျပြီတဲ့လား?
“လင်းချန်၊ သူက ငယ်ပါသေးတယ်”လို့ ဖန်ချီက အသံတိုးတိုးနဲ့ ပြောလိုက်သည်။
ကျီဝမ်နဲ့ ဖန့်ရှောင်နွမ်တို့ ထွက်သွားပြီးတော့ သူတို့က အနောက်ဘက်ခြံထဲကို သွားခဲ့သည်။ ကျီဝမ်က ဖန့်ရှောင်နွမ်လက်ထဲကို သူ့ဖုန်းထည့်ပေးလိုက်သည်။ “မြန်မြန်၊ ငါ့ကို ဓာတ်ပုံရိုက်ပေး။ ငါ့ဆံပင်ကို အရောင်ပြန်ဆိုးရတော့မှာ။
ဖန့်ရှောင်နွမ်က ဖုန်းကိုင်ပြီးတော့ ကျယ်လောင်စွာရယ်လိုက်သည်။ “ကျီဝမ်၊ နင် လုပ်နိုင်တာ ဒါအကုန်ပဲလား။ နင်က အမြဲတမ်း နင့်ဉီးလေးကို ကြောက်နေရတာပဲ။ နင့်သိက္ခာတွေတော့ သွားပါပြီ။”