← Chapters

အခန်း (၄၉)

Vol. 4 Ch. 49

အခန်း (၄၉)

Vol. 4 Ch. 49

ကျီလင်းချန်နောက်မှာ ပုန်းနေတဲ့ ဖန့်ရှောင်နွမ်က ကျီဝမ်ပြန်လာတာကိုတွေ့တော့ သူမယောကျာ်းကို အကာကွယ်ယူနေရာမှ ရုတ်တရက်ထွက်လာခဲ့သည်။ “ကျွန်မကြည့်ပါရစေဉီး” ဖန့်ရှာင်နွမ်က ကျီဝမ်ဆံပင်ကို ကြည့်ဖို့ လက်လှမ်းလိုက်သည်။

ကျီဝမ်က ဖန့်ရှောင်နွမ်ရဲ့လက်ကို ရိုက်ချလိုက်သည်။ “ငါက ငါ့ဉီးလေးကို ကြည့်ခိုင်းတာ။ နင့်ကို ကြည့်ခိုင်းတာမဟုတ်ဘူး။”

“ငါက နင့်ဉီးလေးရဲ့ မိန်းမပဲ။ ငါ ကြည့်ပေးတာကလည်း သူကြည့်ပေးတာနဲ့ အတူတူပဲ။” ဖန့်ရှောင်နွမ်က သူမရဲ့လက်ဖမိုးကို ပွတ်လိုက်သည်။ ပြီးတော့ သူမရဲ့လက်ဖမိုးကို ကျီလင်းချန်ကိုပြပြီး ချစ်စရာကောင်းတဲ့အသံနဲ့ “ယောကျာ်း၊ ကြည့်ပါဉီး၊ နီရဲသွားပြီ။” လို့ညည်းပြခဲ့သည်။

ကျီလင်းချန်က သူ့မိန်းမရဲ့ နူးညံ့တဲ့လက်ကို ကိုင်ပြီး သေချာကြည့်လိုက်သည်။ ပြီးတော့ သူက ကျီဝမ်ကို “တောင်းပန်လိုက်”ဆိုပြီးတော့ အေးစက်တဲ့အကြည့်နဲ့ ပြောလိုက်သည်။

ကျီဝမ်က နောက်ဆုံးကျန်နေတဲ့သူ့ရဲ့ခေါင်းမာမှုကို ဆုပ်ကိုင်ထားသေးသည်။ “မတောင်းပန်ပါဘူး။ သူနဲ့တန်တာပဲ။ ကျွန်တော့်ဆံပင်ကို ဉီးလေးကို ကြည့်ခိုင်းတာလေ။”

“ဟုတ်တယ်၊ သူနဲ့တန်တာပဲ။” လို့သခင်ကြီးကျီကပါ ဒေါသထွက်ပြီးတော့ ပြောလိုက်သည်။

ယောကျာ်း၊ မိန်းမနဲ့ လူငယ်တွေအကုန်လုံးက သူတို့ရဲ့ ပုံပန်းသဏ္ဍာန်ကို တအားဂရုစိုက်ကြသည်။ မိန်းမတွေကို မပြောသင့်တာက သူတို့ရဲ့ အရေးအကြောင်းတွေဖြစ်ပြီး ယောကျာ်းတွေအတွက်က ဆံပင်ပါးလာခြင်းပင်။

သခင်ကြီးကျီက မငယ်တော့တော့ဘဲ ဆံပင်အနည်းငယ်တော့ပဲ ရှိတော့ပေမဲ့ ဆံပင်ပါးလာလို့ ထိပ်ပြောင်တာကို အပြောမခံနိုင်ပေ။

ဖန့်ရှောင်နွမ်ရဲ့ နှုတ်ခမ်းတွေ မဲ့ကွေးလာသည်။ သူမ ကျီလင်းချန်နောက်မှာပဲ အေးအေးဆေးဆေး ပုန်းနေပြန်သည်။ အခုတော့ သူမယောကျာ်းကိုပဲ အားကိုးရတော့မယ်ဆိုတာ သိသွားသည်။ အရေးကြီးဆုံးကတော့ ကျီမိသားစုကနေ အမြန်ဆုံးထွက်သွားဖို့ပဲ။ “ကျီလင်းချန်၊ ကျီဝမ်ဆံပင်နဲ့ ပတ်သတ်ပြီးဘာမှမရှိတော့ဘူးမလား။ သွားရအောင်။”

သူ့ရဲ့မိန်းမခေါ်တဲ့ အခေါ်အဝေါ်တွေကို ကျီလင်းချန်က သေချာနားထောင်နေသည်။ အခုတော့ သူ့မှာနာမည်တစ်ခုထပ်တိုးပြန်ပြီ။ သူ သူမအတွက် အသုံးဝင်ရင်တော့ “ယောကျာ်း”လို့ခေါ်ပြီး အသုံးမဝင်တော့ရင် “ကျီလင်းချန်”လို့ ခေါ်နေပုံရသည်။ သူ အဲ့ဒါကြောင့် မကျေမနပ်ဖြစ်နေသည်။ “အဖေ ပြောတာမှန်တယ်။ ညကြီးမှ အိမ်ပြောင်းတာ မသင့်တော်ဘူး။”

အဲ့ဒီစကားဆုံးတာနဲ့ ကျီမိသားစုမှာ တစ်ညထပ်နေရဉီးမယ်ဆိုတာ ဖန့်ရှောင်နွမ်သိလိုက်သည်။ အဲ့ဒီအချိန်မှာ သူမခေါင်းပေါ်က ကောင်းကင်ကြီး ပြိုကျတော့မယ်လို့ သူမ ခံစားလိုက်ရသည်။

ကိစ္စကတော့ ခဏတာပြီးသွားပြန်ပြီ။ အားလုံးလည်း ကိုယ့်အခန်းဆီကို ပြန်သွားကြသည်။ ဖန့်ရှောင်နွမ်က ဆိုဖာပေါ်ထိုင်ပြီး သူမကိုယ်သူမ “ငါက ဒီနေရာကနေထွက်သွားရတော့မှာကို ငါတုံးအတဲ့စကားတွေပြောပြီး ရန်ရှာလိုက်တယ်။ အခုတော့ ငါက သူများတွေကို ထိခိုက်အောင်လုပ်မိတဲ့အပြင် ငါ့အတွက်ပါ ဘာမှအကျိုးမရှိနေဘူး။ ငါ ထွက်သွားလို့မရတော့ဘူး။”လို့ ညည်းနေသည်။

ဖန့်ရှောင်နွမ်က သူမ သခင်ကြီးကျီကို ပြောလိုက်တာကြောင့် အိမ်ကထွက်သွာလို့မရတာမဟုတ်ဘဲ သူမက ကျီလင်းချန်ကို ခေါ်တဲ့ အသုံးအနှုန်းကြောင့်ဆိုတာကို မသိခဲ့ပေ။

“ကျီလင်းချန်၊ ကျွန်မတို့ မနက်ဖြန်မနက် ထွက်သွားကြမလား? ကျောင်းလည်းဖွင့်တော့မယ်။ ပြီးတော့ ကျွန်မမှာ ထွက်သွားဖို့ အချိန်သိပ်မရှိတော့ဘူး။”

“ကြည့်တာပေါ့။ ငါမနက်ဖြန် ဘယ်လိုစိတ်အခြေအနေရှိမလဲဆိုတာကို ကြည့်ဉီးမယ်။” အဲ့လိုပြောပြီးတော့ ကျီလင်းချန်က ရေသွားချိုးခဲ့သည်။

.....

တအားမဝေးတဲ့ အိပ်ခန်းမှာတော့ ကျီဝမ်က သူ့မိဘတွေရဲ့ အထူးအခန်းထဲကို ခိုးဝင်ပြီး သူ့အမေဆီကို တိတ်တဆိတ် သွားခဲ့သည်။ “အမေ၊ အမေနဲ့ ဖန့်ရှောင်နွမ်ကြားထဲမှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ သားကိုပြောပြပါ။”

ဖန်ချီက ဖြစ်ခဲ့တာတွေ အကုန်လုံးကို သူမသားကိုပြောပြလိုက်သည်။ အဲ့ဒီအချိန်တုန်းက ဘာတွေဖြစ်လဲဆိုတာအကုန် ကျီဝမ်ကို ပြောပြလိုက်သည်။ အမှန်ကို သိလိုက်ရတော့ ကျီဝမ် သက်ပြင်းချလိုက်မိသည်။

“ကျားမတစ်ကောင်က ဉာဏ်သုံးပြီး လိမ်တတ်တဲ့ ခွေးမတစ်ကောင်းကို မနိုင်နိုင်ဘူး။” ထို့နောက် သူ သူ့အမေကို ပြောလိုက်သည်။ “အမေ၊ ဒီကိစ္စမှာ သားကိုယုံပါ။ လင်းရိုက အမေ့ကိုလိမ်နေတာ။ ကျွန်တော် ဘာမှ မပြောရဲပေမဲ့ ဖန့်ရှောင်နွမ်အကြောင်းကို သားသိတဲ့အတွက် အာမခံနိုင်ပါတယ်။ ကျီမိသားစုရဲ့ အမျိုးသမီးခေါင်းဆောင်အတွက်နဲ့တော့ သူမက အမေ့ဆီက မလုပါဘူး။ သူမက တအားပျင်းတာ။ လှဲဖို့သာ သူမကို ပြောရင် သူမ ထထိုင်တော့မှာကို မဟုတ်ဘူး။ ပြီးတော့ သူမ ထိုင်နိုင်ရင်လည်း ဘယ်တော့မှ မတ်တတ်ရပ်မှာမဟုတ်ဘူး။ သူမက ထမင်းစားနေတဲ့အချိန်မှာဆိုရင်လည်း တခြားသူတွေကိုတောင် ခွံကျွေးချင်တာ။ အရူးတစ်ယောက်ဖြစ်တဲ့အထိ ပင်ပန်းအောင်လုပ်နိုင်တဲ့ အဲ့ဒီလို ရာထူးမျိုးကို သူမ တကယ်ကို အမေ့ဆီက လုမှာမဟုတ်ဘူး။”

“သား ဘာပြောလိုက်တာလဲ?” သူ့သားပြောပုံအရဆိုရင် သူမကိုယ်တိုင်က ပင်ပန်းလွန်းလို့ အရူးတောင်ဖြစ်ခဲ့သလိုဖြစ်နေသည်။ “လွန်ခဲ့တဲ့တစ်ညကမှ ငါက လင်းရိုရဲ့ထောင်ချောက်ထဲမှာဆိုတာ သိလိုက်ရတာ။”

သူမ သက်ပြင်းချလိုက်မိသည်။ “အားလုံးက ဒီလောက်အထိတောင် ဖြစ်ခဲ့ပြီးပြီပဲ။ ထပ်ပြီးတော့လည်း ဆက်ဖြစ်နေမှာပဲ။ ဒီတိုင်းပဲ ထားလိုက်ပါမယ်။”

စူးစမ်းချင်စိတ်ဆိုတာ တစ်မျိုးဆက်ကနေ နောက်မျိုးဆက်ကို လက်ဆင့်ကမ်းလာတာလို့ ပြောကြသည်။ ကျီဝမ်လည်း သူ့အမေက ထမင်းစားဝိုင်းမှာ ကြောက်စရာကောင်းတဲ့ ကျားမတစ်ကောင်နဲ့ ဘယ်လိုရန်ဖြစ်ခဲ့လဲဆိုတာ သိချင်နေသလို သူ့အမေကလည်း သူမ သား ဖန့်ရှောင်နွမ်ကို ဘယ်လိုသိတာလဲဆိုတာကို သိချင်နေသည်။

ဖန်ချီက ကျီဝမ်ကို “ရှောင်ဝမ်၊ မင်း ဖန့်ရှောင်နွမ်ကို ဘယ်လိုသိတာလဲ? မင်းတို့က အကြာကြီး အတန်းဖော်တွေဖြစ်ခဲ့ပေမဲ့ မင်းက သူမအကြောင်းကို တစ်ခါမှ မပြောဖူးဘူးမလား?”

ကျီဝမ်က သူ အနိုင်ကျင့်ခံခဲ့ရပြီး ဖန့်ရှောင်နွမ်ရဲ့ ခိုင်းဖက်လို့ သတ်မှတ်ခံခဲ့ရတဲ့ နှစ်တွေကို စဉ်းစားမိသွားသည်။ သူက ပြန်ပြောရမှာ ရှက်တဲ့အတွက် သူ့အမေကို လိမ်လိုက်သည်။ “အမေ၊ သားက ဖန့်ရှောင်နွမ်ကို ဖိနှိပ်ထားခဲ့တာ။ ကျောင်းမှာ သူက သားနဲ့ ယှဉ်လို့တောင်မရဘူး။”

ဖန်ချီက သူမ သားအကြောင်းကို သိတဲ့အတွက် သူ လိမ်တာလို့ တထစ်ချသိသည်။ “မင်းက မိန်းကလေးတစ်ယောက်ကို ဘယ်လိုရိုက်နိုင်မှာလဲ? မင်းကို ငါသင်ပေးထားတဲ့ ကောင်းမွန်တဲ့ပြုမှုပုံတွေကို မင်းမေ့သွားတာလား?”

ဖန်ချီ ပြောတာတွေကို ကြားလိုက်တော့ ကျီဝမ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ “အမေ၊ သားသိပါတယ်။ သားနောက်ကို သူမကို အနိုင်မကျင့်တော့ပါဘူး။ နောက်ကျနေပြီ။ အမေလည်း အိပ်တော့လေ။ သား သူမကိုပြန်တောင်းပန်လိုက်ပါမယ်။”

သူ ဖန့်ရှောင်နွမ်ရဲ့အစွမ်းအစကို သိထားတဲ့အတွက် သူမက သူ့အမေကို ကောင်းကောင်းပြုမှုခဲ့မယ်ဆိုတာကို ကျီဝမ်သိသည်။ သူ့အမေကတော့ သူမကို အကြိမ်ပေါင်းများစွာ နားလည်မှုလွဲခဲ့သည်။ အခုတော့ သူ သူ့အမေကိုယ်စား သူမကို တောင်းပန်ချင်သည်။

“နောက်ကျနေပြီ၊ မသွားနဲ့။ မင်းအဒေါ်ဆီကို မင်းအခုသွားရင် မင်းဉီးလေး စိတ်မကြည်ဖြစ်သွားလိမ့်မယ်။” ဖန်ချီက ကျီဝမ်ကို သူမနဲ့စကားပြောနေတာကို အဆုံးမသတ်စေချင်သေးပေ။ ဒါပေမဲ့ သူ့ကို တခြားအချိန်မှသွားဖို့တော့ ပြောလိုက်သည်။

All Chapters