← Chapters

အခန်း (၅၀)

Vol. 4 Ch. 50

အခန်း (၅၀)

Vol. 4 Ch. 50

ဖန်ချီရဲ့စရိုက်နဲ့ဆိုရင် သူမကို တောင်းပန်ခိုင်းဖို့ဆိုတာ အလွန်ခက်ခဲတဲ့ ကိစ္စတစ်ခုပင်။ သူမရဲ့သားကို သူမအစားတောင်းပန်ခိုင်းတာကတော့ အဆိုးကြီးမဟုတ်ပေ။

ကျီဝမ်က “ဘာမှစိုးရိမ်စရာမရှိပါဘူး။”လို့ ပြောလိုက်သည်။

ကျီဝမ်က ဘာမှကို မကြောက်ပါ။ သူ ကြောက်တဲ့အရာက သူတို့နှစ်ယောက်က အိမ်ထောင်ကျသွားတဲ့အတွက် လင်မယား ဖြစ်သွားတာကိုပင်။ သူ လက်လျှော့ချင်လည်း လက်လျှော့နိုင်လောက်သည်။

သူ သူ့အမေအခန်းထဲက ထွက်သွားပြီးတော့ သူ့ဉီးလေး အခန်းထဲကို သွားခဲ့သည်။ သူက တံခါးခေါက်ပြီးတော့ “ဖန့်ရှောင်နွမ်၊ တံခါးဖွင့်ဉီး၊ နင် မအိပ်သေးဘူးဆိုတာ ငါသိတယ်”လို့ ပြောလိုက်သည်။

ဆိုဖာပေါ်မှာ စိတ်မကြည်ဖြစ်နေတဲ့ မိန်းကလေးက ထထိုင်လိုက်သည်။ သူမက အိပ်ရာပေါ်မှာ စာဖတ်နေတဲ့ ယောကျာ်းကို လှည့်ကြည့်ပြီး ပြောလိုက်သည်။ “ရှင် အင်္ကျီဝတ်ထားဉီး၊ ကျွန်မ တံခါးသွားဖွင့်တော့မယ်။”

ကျီလင်းချန်က ဖတ်နေတဲ့ စာအုပ်ကို ပိတ်လိုက်သည်။ သူ့မျက်လုံးတွေက မီးတောက်တွေလိုဖြစ်နေသည်။ သူ့တူကို သူကြည့်လေလေ၊ မနှစ်သက်လေလေဖြစ်နေသည်။

ဖန့်ရှောင်နွမ် တံခါးဖွင့်လိုက်ပြီး မအီမသာနဲ့ ပြောလိုက်သည်။ “ညသန်းခေါင်ကြီး ဒီမှာ နင်က ဘာလာလုပ်နေတာလဲ? အရေးကြီးကိစ္စရှိလို့လား?”

“ရှိတယ်။ ဘာကိစ္စမှမရှိရင် ငါက ဘာလို့ဒီကို လာရမှာလဲ?” အဲ့လိုပြောပြီးတော့ ကျီဝမ်က လင်မယားနှစ်ယောက်ရဲ့အိပ်ခန်းထဲကို နှောင့်နှေးမှုမရှိ လျှောက်ဝင်လာသည်။ သူ ခေါင်းအုံးတွေနဲ့ စောင်တွေကို ဆိုဖာပေါ်မှာ တွေ့လိုက်တဲ့အခါ အော်လိုက်သည်။ “သေစမ်း၊ နင်တို့နှစ်ယောက်။ နင်တို့နှစ်ယောက် တစ်သက်လုံးတော့ ခွဲမအိပ်ဘူးမလား?”လို့

အဲ့ဒါကိုမြင်တော့ ဖန့်ရှောင်နွမ်က ခေါင်းမော့ပြီး သူ့နဖူးကို ရိုက်လိုက်သည်။ “နင့်အသံကို တိုးဉီး။”တစ်ချိန်တည်းမှာပဲ ကျီလင်းချန်က စောင်ကိုမပြီး အိပ်ရာပေါ်က ထလာသည်။ သူ့တူကို နားလည်အောင် လုပ်ပေးဖို့ အချိန်ကျပြီ။

ကျီဝမ်က ဖန့်ရှောင်နွမ်ကို တောင်းပန်ရမှာကို ပြန်ပြီး အသိဝင်လာသည်။ သူ့အကြည့်တွေက လင်မယားနှစ်ယောက်ကြားမှာ အံဩမှင်သက်နေပုံရသည်။ “ဖြစ်မှဖြစ်ရလေ၊ ငါက နင့်ကို ငါ့ဉီးလေး မိန်းမဖြစ်လာတယ်ထင်ခဲ့တာ။ ငါ မထင်ခဲ့ဘူး။ နင်က အခုထိ ဒီလို..... ကျွန်တော့်အသက်ကိုတော့ ချမ်းသာပေးပါ၊ ဉီးလေးရယ်။”

ကျီလင်းချန်က ကျီဝမ်ရဲ့ နားရွက်တွေ နီရဲလာထဲအထိ ဆွဲဆိတ်လိုက်သည်။ “ဒါဆို မင်းအဒေါ်က အခုထိဘာလဲ?”

ကျီဝမ် - “အပျိုပေါ့။ ဉီးလေး၊ ကျွန်တော့်နားရွက် ပြုတ်ထွက်တော့်မယ်။ ဉီးလေးက အခုထိ သူ့ကို လက်ဖျားနဲ့တောင်မှ မထိရသေးတာ။ သူမက အပျိုမလား?”

နားရွက်က နာနေတာကြောင့် ကျီဝမ်စကားဆက်မပြောနိုင်တော့ပေ။ သူ့ဉီးလေး ဒေါသမပြေသေးဘူးဆိုတာ သိတဲ့အတွက် သူက သူ့အတန်းဖာ်ကိုပဲ အကူအညီတောင်းလို့ရသည်။ “သေစမ်း၊ ဖန့်ရှောင်နွမ်။ အရူးလိုပဲ ရပ်နေပြီး ရယ်မနေနဲ့။ လာပြီး ငါ့ကိုကယ်ပါဉီး။”

ဖန့်ရှောင်နွမ်က သူ့ယောကျာ်းက သူ့တူကို နှိပ်စက်နေတာကို မြင်ပြီး စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေသည်။ “ဒါအရမ်းဆိုးတာပဲ။ ကျီဝမ် သနားပါတယ်”လို့သူမဘာသာ တွေးမိပြီး သူမနှုတ်ခမ်းက မဲ့ကွေးသွားသည်။

......

ဖန့်ရှောင်နွမ်က “အာ? ငါက နင့်ကို မကူညီချင်လို့မဟုတ်ပါဘူး။ ငါက ငါ့ယောကျာ်းကို မနိုင်လို့ပါ။”လို့ ပြန်ဖြေလိုက်သည်။ ဖန့်ရှောင်နွမ်က စိတ်ရွှင်လန်းနေသည်။ “ယောကျာ်း”ဆိုတဲ့ အသုံးအနှုန်းက သူမပါးစပ်ထဲက ထပ်ထွက်လာပြန်သည်။

ကျီဝမ်က ရွံရှာပြီး တံတွေးထွေးလိုက်သလို ဟန်ဆောင်လိုက်သည်။ “နင် ငါ့ကို ရိုက်ပုတ်သတ်တုန်းကကျ နင်က အားကြီးသလိုပဲ အမြဲတမ်းပြုမှုနေတာလေ။ အဲ့ဒါတွေ အခုဘယ်ရောက်သွားလဲ? နင် မကူညီချင်ရင် မကူညီဘူးလို့သာပြောလိုက်။ ကြောင်သူတော် ကြွက်သူခိုး လုပ်မနေနဲ့။”

ကျီလင်းချန်ရဲ့ ဒေါသက ပြေသွားပြီး သူ့အသံလည်း နူးညံ့သွားသည်။ သူက လှည့်လိုက်ပြီးတော့ ဖန့်ရှောင်နွမ်ကို “သူ့အတွက် ဖြေပေးလိုက်”လို့ ပြောလိုက်သည်။

ဖန့်ရှောင်နွမ် ဘာဖြေလို့ဖြေရမလဲမသိ ဖြစ်သွားသည်။ ဒါပေမဲ့ သူမက “ကျီဝမ်ပြောတာနဲ့ ပတ်သတ်ပြီး ဘာမှမမှားဘူး။ ကျွန်မတို့က လက်ထပ်ပြီးတည်းက ခွဲအိပ်နေတာလေ။ ဘာမှလည်း မဖြစ်ခဲ့ဘူး။ ကျွန်မက အပျိုပဲလေ။”

ကျီလင်းချန်ရဲ့ လည်စလုတ်က လျင်မြန်စွာရွေ့သွားသည်။ သူက သူမနဲ့ မအိပ်ရသေးလို့ ညည်းပြနေတာလား?

ကျီလင်းချန်က သူ့တူရဲ့ နားရွက်ကို လွှတ်ပေးလိုက်သည်။ သူက သူ့မိန်းမဆီကို လျှောက်သွားလိုက်သည်။ ဖန့်ရှောင်နွမ် ကြောက်လွန်းလို့ သူမ နားရွက်တွေကို လက်နှစ်ဖက်နဲ့ အုပ်ထားခဲ့သည်။ “ရှင် ဘာလုပ်နေတာလဲ?”

သူမ ဖြေလိုက်တာ မှားသွားရင် သူမနားရွက်တွေလည်း ဆွဲဆိတ်ခံရမှာလား? သူမ အစောထဲက သိရင်၊ ဖြေလိုက်မှာ မဟုတ်ဘူး။

ကျီလင်းချန်က သူ့မိန်းမရဲ့ လက်မောင်းသေးလေးကို ဆွဲလိုက်ပြီး သူမကို သူ့လက်မောင်းတွေကြား ဖမ်းဆွဲထားလိုက်သည်။ လက်တစ်ဖက်က သူမရဲ့ခါးကို အနောက်ကနေ ဖက်ထားသည်။ သူက ကုန်းလိုက်ပြီး သူ့မိန်းမခြေထောက်တွေကို နောက်လက်တစ်ဖက်နဲ့ ဆွဲယူလိုက်သည်။ ပြီးတော့ သူက မတ်တပ်ရပ်ပြီးတော့ ကျီဝမ် ရှေ့မှာတင် သူမကို ချီပြီး ခေါ်သွားခဲ့သည်။

ဖန့်ရှောင်နွမ်က သူမရဲ့ ခန္ဓာကိုယ် လေထဲမြောက်သွားတဲ့အခါ သူမနှလုံး ထွက်ကျတော့မတတ် သူမ ကြောက်လန့်သွားသည်။ “ဟေ့၊ ရှင်ဘာလုပ်နေတာလဲ?”

ကျီလင်းချန်က သူ့မိန်းမကို အိပ်ရာထဲကို ခေါ်သွားရင်းနဲ့ သူ့လည်စလုတ်တွေက အမြန်ရွေ့နေသည်။ သူက စောင်ကို မလိုက်ပြီး သူ့မိန်းမကို အိပ်ရာပေါ်ပစ်ချလိုက်သည်။

ကျီဝမ်က စိတ်လှုပ်ရှားနေသည်။ ဝေါင်း! သူ့ဉီးလေးက သူ့ကို တိုက်ရိုက်ကြည့်ခိုင်းတော့မှာလား? ဘယ်လောက်စိတ်လှုပ်ရှားဖို့ ကောင်းလိုက်လဲ!

ဖန့်ရှောင်နွမ်က လန့်နေသည်။ သူမက ထပြီးတော့ အိပ်ရာဘေးမှာ ထိုင်ချလိုက်သည်။ “ကျီလင်းချန်။ ကျွန်မတို့မှာ စည်းရှိတယ်လေ။ စည်းမကျော်ပါနဲ့။”

ကျီလင်းချန်က သူ့ရဲ့ မသိတတ်တဲ့ တူကို လှည့်ကြည့်လိုက်ပြီး အေးစက်စက် မေးလိုက်သည်။ “မင်းက အဲ့မှာ ရပ်ပြီးတော့ ကြည့်မလို့လား?”

ကျီဝမ်က ခြေနှစ်လှမ်း သုံးလှမ်း နောက်ဆုတ်ပြီး စိတ်လှုပ်ရှားစွာနဲ့ ပြောခဲ့သည်။ “ဉီးလေးတို့ ဆက်လုပ်ပါ။ ရပ်ပြီးကြည့်ရတာပင်ပန်းလို့၊ ထိုင်ပြီးကြည့်လိုက်ပါမယ်။”

ကျီလင်းချန်က သူ့တူကို လှည့်တောင်မကြည့်ပေ။

“ထွက်သွားစမ်း”

သူ စိတ်တိုပြီး အော်လိုက်သည်။ ကျီဝမ်က ဒုက္ခအကြီးအကျယ်ရောက်နေတဲ့ သူ့အတန်းဖော်ကို ကယ်ဖို့တောင် သတိမရတော့တဲ့အထိ ကြောက်သွားခဲ့သည်။ သူက အမြန် ထွက်သွားကာ သူတို့ရဲ့ အိပ်ခန်းတံခါးကို ပိတ်ဖို့တောင် မေ့သွားသည်။

အိပ်ခန်းထဲမှာတော့ လင်မယားနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကို ကြည့်နေကြသည်။ ဖန့်ရှောင်နွမ်က ထွက်ပြေးချင်ပေမယ့် ကျီလင်းချန်က သူမကို အိပ်ရာပေါ်မှာ အားနဲ့ ဖိထားသည်။ “ကျီလင်းချန်၊ ရှင် ဆိုဖာပေါ်မှာ အိပ်မလို့လား?”

ကျီလင်းချန်က ပြန်မဖြေပေ။ သူ့ရဲ့ ချောမောလှတဲ့ မျက်နှာက ဖန့်ရှောင်နွမ်နဲ့ တအားနီးကပ်လာသည်။ ဖန့်ရှောင်နွမ်က အသက်မရှုရဲလောက်အောင်အထိ ရင်တွေတုန်နေသည်။ သူမ အသက်အောင့်ထားရသည်။

“ငါ မင်းနဲ့ မအိပ်လို့ မင်းကိုယ်မင်း မကျေမနပ်ဖြစ်နေတာလား?” ကျီလင်းချန်က ရုတ်တရက် ထမေးလိုက်သည်။

All Chapters