အခန်း (၅၁)
Vol. 4 Ch. 51
ကျီလင်းချန် ပြောလိုက်တဲ့စကားကြောင့် ဖန့်ရှောင်နွမ်ဘယ်လိုမှ ပြန်ခံမပြောနိုင်တော့ပေ။ သူမ လေကိုတဝကြီး ရှုလိုက်သည်။ “ကြံကြံဖန်ဖန်၊ ကျွန်မက မကျေနပ်ဘူးလို့လည်း မပြောပါဘူးနော်။ ရှင် ကျွန်မကို တစ်သက်လုံးမထိရင် ပိုတောင်ကောင်းတယ်။”
ကျီလင်းချန်ရဲ့ အကြည့်က ရွေ့သွားပြီးတော့ မတော်တဆနဲ့ ဖန့်ရှောင်နွမ်ရဲ့ လှပတဲ့ ကိုယ်လုံးလေးကို ကြည့်မိသွားသည်။ ဖန့်ရှောင်နွမ်ကလည်း သူကြည့်တဲ့နောက်ကို လိုက်ကြည့်ဖို့ ခေါင်းနည်းနည်း နိမ့်ချလိုက်သည်။ သူမရဲ့နဖူးက ကျီလင်းချန်ရဲ့နဖူးနဲ့တိုက်မိသွားသည်။
ဖန်ရှောင်နွမ်က မြန်မြန် ခေါင်းမော့လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်၊ ကျီလင်းချန်ကလည်း သူ့ခေါင်းကို မော့လိုက်သည်။ “သေပါပြီ။” ဒီအချိန်မှာ သူတို့နှုတ်ခမ်းချင်း ဆုံမိသွားသည်။ ဖန့်ရှောင်နွမ် ရင်ခုန်သွားပြီး သူမ ခဏတာ တွေဝေသွားသည်။ သူမက ကျီလင်းချန်ရဲ့အနမ်းကိုတောင် ရှောင်ဖို့ မေ့သွားသည်။
ကျီလင်းချန်ရဲ့ လည်စလုတ်ရွေ့သွားသည်။ သူနဲ့ တအားကို နီးနီးကပ်ကပ်ရှိနေတဲ့ သူ့မိန်းမကိုကြည့်ပြီး နှုတ်ခမ်းကို အသာလေးဖွင့်ပြီး သူမရဲ့နှုတ်ခမ်းကို နမ်းလိုက်သည်။ နွေးနွေးလေးဖြစ်သွားတဲ့ နှုတ်ခမ်းကြောင့် ဖန့်ရှောင်နွမ် အသိပြန်ဝင်သွားသည်။ သူမက လက်ကို ကျီလင်းချန် ပုခုံးပေါ်တင်ကာ အားနဲ့ သူ့ကို တွန်းလိုက်သည်။ ပြီးတော့ သူမက အိပ်ရာပေါ်က ထပြီး ဆိုဖာဆီကို ခြေဗလာနဲ့ပြေးသွားခဲ့သည်။ ပြီးတော့ သူမခေါင်းကို စောင်နဲ့အုပ်ထားသည်။
စောင်အောက်မှာတော့၊ ဖန့်ရှောင်နွမ်က သူမ ခန္ဓာကိုယ်ထဲက နှလုံးက ခုန်ထွက်သွားတော့မလို ခံစားနေရသည်။ သူမက 'ငါ အရင်တုန်းက အနမ်းမခံခဲ့ရဖူးတာလည်း မဟုတ်ပါဘူး။ အခုမှ ဘာလို့ ငါက တအားကို အသိသာကြီး တုန့်ပြန်နေရတာလဲ?' ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်ပြီး နှစ်သိမ့်နေသည်။
ဖန့်ရှောင်နွမ်ရဲ့ စိတ်ထဲ မသိစိတ်လေးတစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။ မသိစိတ်က သူမကို “အရင်တစ်ခေါက်တုန်းက သူက အရက်သောက်ထားလို့ မေ့သွားခဲ့တာ။ အဲ့ဒါကြောင့် နမ်းခဲ့တာကို နင်ပဲမှတ်မိလို့၊ ဘာမှမဖြစ်ဘူးလေ။ အခုက နင်တို့နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေတာလေ။ ငါ မမြင်ချင်ယောင်ဆောင်လိုက်ပါမယ်။” လို့ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က အဲ့ဒီမသိစိတ်ကို “တစ်ယောက်ယောက်သာ တစ်မျိုးကြီးခံစားရမယ်ဆိုရင်တောင်၊ အဲ့ဒါ သူပဲဖြစ်သင့်တာ။ ငါက အဲ့ဒီညက ငါတို့နမ်းခဲ့တယ်ဆိုတာ သိတယ်လေ။”လို့ ပွင့်လင်းစွာ ပြောလိုက်သည်။
အဲ့ဒီမသိစိတ်လေးက သူမပြောတာကို လက်မခံခဲ့ပေ။ “အဲ့ဒီလူက တခြားမိန်းမတွေနဲ့လည်း ဒီလိုအတွေ့အကြုံရှိနိုင်တဲ့အတွက် သူက ဘာမှဖြစ်မှာမဟုတ်ဘူး။ တစ်မျိုးကြီးဖြစ်တယ်လို့လည်း သူခံစားရမှာမဟုတ်ဘူး။”
“မဟုတ်ဘူး၊ သူနဲ့ လင်းရိုနဲ့က ချစ်သူတွေ မဟုတ်ဘူး။” သူမ ကျီလင်းချန်ကို ကာကွယ်ပြီး ပြောပေးနေတယ်ဆိုတာတောင် ဖန့်ရှောင်နွမ် သတိမထားမိပေ။
ဖန့်ရှောင်နွမ်က သူမရဲ့စိတ်ထဲက မသိစိတ်နဲ့ စကားများနေတုန်း။ အိပ်ရာပေါ်က ယောကျာ်းက မသိလိုက်ဘဲနဲ့ ဆိုဖာဆီကို လျှောက်လာခဲ့သည်။ သူမက သူရောက်နေတာကိုခံစားမိတတော့ စောင်နဲ့ဖုံးပြီး ကွေးနေသည်။ ခဏကြာတော့၊ သူမရဲ့ ခန္ဓာကိုယ်က လေထဲမြောက်သွားသည်။ သူမကို စောင်ခြုံရက်နဲ့ပဲ မချီသွားသည်။
ဖန့်ရှောင်နွမ်က နောက်တစ်ခါ အိပ်ရာပေါ်ကို ခေါ်သွားခံရပြန်သည်။ သူမရဲ့ နှလုံးခုန်သံတွေက တအားမြန်နေသည်။ ကျီလင်းချန်က သူမရဲ့စောင်ကို ဆွဲယူပြီး ဖယ်ချင်ပေမဲ့ သူမက သူ့ကိုလုပ်ခွင့်မပေးပေ။ သူမက ကျီလင်းချန်ကို မတွေ့ချင်ဘူးဖြစ်နေသည်။
“ဒါကို ဆိုဖာပေါ်တင်လိုက်၊ မင်းကိုယ်မင်း စောင်နဲ့အုပ်ထားလိုက်။”လို့ ကျီလင်းချန်က ပြောသည်။
ဖန့်ရှောင်နွမ်က ခေါင်းထုတ်ပြီးကြည့်လိုက်တော့ ကျီလင်းချန်က အေးအေးဆေးဆေးဖြစ်နေတာကို သူမ တွေ့လိုက်သည်။ သူ့ရဲ့မျက်နှာကလည်း နီရဲမနေသလို သူ့နှလုံးခုန်သံကလည်း မမြန်နေပေ။ သေချာသွားပြီ၊ ဒီယောကျာ်းက အတွေ့အကြုံရှိခဲ့ဖူးတာပဲ။ သူက ဘယ်လိုမှကို ရှက်ရွံ့မနေဘူး။ 'ဟမ့်၊ လူရှုပ်လူပွေ'
“မလုပ်ဘူး။” ဖန့်ရှောင်နွမ်က အသေအချာ ငြင်းပြန်သည်။
ကျီလင်းချန် သူမကိုယ်သူမ ဖက်ထုပ်လိုမျိုး ပတ်ထားတဲ့ သူ့မိန်းမကို ကြည့်ပြီး စောင်ကို ဆွဲယူဖို့ လှမ်းလိုက်သည်။ “ရှင် ဘာလုပ်နေတာလဲ?” စောင်ဆွဲယူခံလိုက်ရတယ့်အတွက် ဖန့်ရှောင်နွမ် ရုတ်တရက် လန့်သွားသည်။ သူမက ကျီလင်းချန်ကို စိတ်ဆိုးစွာ ကြည့်နေခဲ့သည်။
ကျီလင်းချန်ကတော့ စိတ်မဆိုးနေပေ။ အဲ့ဒီအစား သူက ပြုံးနေသည်။ “ အိပ်ရာပေါ်မှာ အိပ်တာက ဆိုဖာပေါ်မှာ အိပ်တာထက်ပိုကောင်းတယ်။”
“ကျွန်မ မအိပ်ဘူး။” ဖန့်ရှောင်နွမ်က လှိမ့်လိုက်ပြီးတော့ ဆိုဖာဆီကို ထွက်ပြေးရအောင် ကြမ်းပြင်ပေါ်ကို ခုန်လိုက်သည်။
“မင်းနောက်တစ်လှမ်း ထပ်တိုးတာနဲ့၊ ငါ ဖန့်မိသားစုကိုဝယ်လိုက်မှာ။ မင်း ငါ့ကို ယုံလား?” ကျီလင်းချန် ခြိမ်းခြောက်လိုက်သည်။
ဖန့်ရှောင်နွမ်ရဲ့ခြေလှမ်းရပ်သွားသည်။ သူမက လှည့်လိုက်ပြီးတော့ “ဟင့်၊ ရှင်မလုပ်ရဲပါဘူး၊ ရှင်လုပ်မှာမဟုတ်ဘူး။” 'လူဆိုး၊ လူရှုပ်' အမှန်တော့ နောက်ဆုံးပြောလိုက်တဲ့ဟာက သူမရင်ထဲမှာပဲ တိတ်တိတ်လေးပြောလိုက်တာပင်။ အဲ့လိုပြောပြီး သူမက ကျီလင်းချန်ကို လျှာထုတ်ပြီး ပြောင်ပြလိုက်သည်။
ကျီလင်းချန်ရဲ့ အပြုံးက ပိုပြီးတောင်ထင်ရှားလာသည်။ သူ့မိန်းမရဲ့ လှည့်စားတတ်တဲ့ မျက်နှာထားလေးက သူ့မျက်လုံးထဲမှာ ချစ်မြတ်နိုးမှုတွေ ပြည့်လာအောင် လုပ်နိုင်ခဲ့သည်။ အဲ့ဒီမိန်းကလေးက သူမရဲ့ တကယ့်စရိုက်ကို ပြပေးခဲ့သည်။ သူမကို ခြိမ်းခြောက်ဖို့ အသုံးမဝင်တော့ဘူး။
ဒီအချိန်တော့ ကျီလင်းချန်က လိုက်မခေါ်တော့ဘူး။ အဲ့ဒီအစား သူ့ဘေးနားက နေရာလွတ်လေးကို ထိလိုက်သည်။ “မင်း ငါ့စကားနားမထောင်ရင် ငါရဲ့ စိတ်အခြေအနေ ကောင်းမှာမဟုတ်ဘူး။ ငါ့စိတ်အခြေအနေမကောင်းရင် ငါတို့ ဒီမှာ ဆက်နေရလိမ့်မယ်။”
“အာ” ဖန့်ရှောင်နွမ် အော်လိုက်သည်။ “ရှင်၊ လူလိမ်။”
“ငါက လူကြီးလူကောင်းဆန်လာတာ ရိုးသွားပြီ။ လူလိမ်လိုမျိုး ခံစားရတာလည်း ကောင်းမယ်လို့ ငါထင်လိုက်တာ။” လို့ ကျီလင်းချန်က တိုးတိုးလေးပြောလိုက်သည်။
“ရှင်က လူကြီးလူကောင်းမဟုတ်ဘူး။ ဟမ့်။ လူကြီးလူကောင်းဆိုတာ သူပြောတဲ့စကား သူတည်အောင်လုပ်တယ်။ ရှင်ကတော့ လူကြီးလူကောင်းမဟုတ်ဘူး။” ဖန့်ရှောင်နွမ်ရဲ့ ဒေါသတွေ ပေါက်ထွက်သွားသည်။
“ပြန်စဉ်းစားကြည့်။ ငါ ဘယ်တုန်းက မင်းကို ကတိပေးထားတာကို ဖျက်ဖူးလို့လဲ? ငါတို့ ဒီကို ရောက်တည်းက မင်းအတွက် လုပ်ပေးဖို့ကို တွန့်ဆုတ်ခဲ့ဖူးလား? ဒါမှမဟုတ် အခု အိမ်ပြောင်းဖို့ကိုလား? ငါ မင်းအတွက် အိမ်တောင်ဝယ်ပြီးသွားပြီး။ မင်းရဲ့ အမူအကျင့်တွေကပဲ မကောင်းနေတာ။” ကျီလင်းချန်က ပြန်ပြောလိုက်သည်။
ဖန့်ရှောင်နွမ် - “ရှင်က လူကြီးလူကောင်းမဟုတ်ဘူး။ ကျွန်မ ရှင်နဲ့အတူတူ မအိပ်လို့ ကျွန်မက ကောင်းကောင်း မပြုမူဘူးလို့ ရှင်ထင်တာ။ ရှင်သာ ယောကျာ်းကောင်းဆိုရင် ကျွန်မနဲ့အစောကြီးတည်းက အိမ်ပြောင်းရမှာ။”
“ငါက မင်းအတွက် လူလိမ်ဖြစ်နေပြီဆိုရင်၊ အဆုံးထိ လူလိမ်လိုပဲ လုပ်လိုက်မယ်။ ငါတို့ ဒီမှာ ဆက်နေမယ်။ အိမ်မပြောင်းဘူး။” အဲ့လိုပြောပြီးနောက်၊ ကျီလင်းချန်က စောင်ကို ယူလိုက်ပြီး ဖန့်ရှောင်နွမ် ရပ်နေတဲ့နားကို ပစ်ချလိုက်သည်။