← Chapters

အခန်း (၅၂)

Vol. 4 Ch. 52

အခန်း (၅၂)

Vol. 4 Ch. 52

ခဏကြာတော့ ကျီလင်းချန်က သူ့ဘေးနား နေရာလွတ်ကိုတိုးပြီး လျှောက်သွားသည်။ “ငါတို့မနက်ဖြန် အိမ်ပြောင်းမှာလား၊ မပြောင်းဖူးလားဆိုတာ မင်း ဒီနေ့ည ဘယ်လိုပြုမှုလဲအပေါ်မှာမူတည်တယ်။”

ဖန့်ရှောင်နွမ်က အရမ်းစိတ်ဆိုးသွားသည်။ သူမရှိနေတဲ့နေမှာ ရပ်ပြီး ခဏစဉ်းစားလိုက်သည်။ နောက်ပြီးတော့မှ၊ သူမ အရှုံးပေးပြီး အိပ်ရာဘေးနား လျှောက်သွားခဲ့သည်။ “ကျွန်မ ရှင့်ကို ရှင်းအောင်အရင်ပြောပြဉီးမယ်။ ကျွန်မတို့နှစ်ယောက် မအိပ်ရသေးလို့ ကျွန်မက ဘာမှမကျေမနပ်လည်းမဖြစ်ဘူး။”

အဲ့လိုပြောပြီးတော့ ဖန့်ရှောင်နွမ်ရဲ့ သူမလိုချင်တာရဖို့ အိပ်ရာပေါ်ကို ဖြေးဖြေးချင်းတက်သွားခဲ့သည်။

အခန်းထဲက ကျီလင်းချန်ရဲ့ အိပ်ရာပေါ်မှာ အိပ်ရတာ သူမအတွက် ပထမဆုံးပဲ။ သူမ ဘယ်လောက်ရင်တုန်နေလဲဆိုတာ ဘုရားပဲသိနိုင်သည်။

ကျီလင်းချန်က တမင် သူမဘက်ကို လှည့်လိုက်ပြီး သူမနောက်တစ်ခါ လှိမ့်ချပြီး အိပ်ရာကနေထပ်ပြေးချင်အောင် ဖန့်ရှောင်နွမ်ကို ကြောက်အောင်လုပ်နေသည်။ ကျီလင်းချန်က သူမရဲ့လက်ကို ဆွဲပြီး သူ့ကိုယ်နဲ့ သူမကို ဖိထားခဲ့သည်။ “မင်းဘာလို့ ထွက်ပြေးနေတာလဲ?”

“ရှင်ကျွန်မကို ဖိထားတယ်။” ဖန့်ရှောင်နွမ်က သူမကိုယ်သူမ လွတ်အောင်မရုန်းနိုင်တာကြောင့် စိတ်တိုပြီးပြောလိုက်သည်။

“ငါက စားပွဲပေါ်က မီးသီးကို ပိတ်နေတာ။” အဲ့လိုပြောပြီး ကျီလင်းချန်က လက်လှမ်းပြီး လိမ္မော်ရောင် မီးသီးလေးကို ပိတ်လိုက်သည်။ အခန်းတစ်ခုလုံး မှောင်သွားသည်။ ဒါပေမဲ့ ကျီလင်းချန်ကတော့ ဖန့်ရှောင်နွမ်ကို မလွှတ်ပေးသေးပေ။

ဖန့်ရှောင်နွမ်က “မီးပိတ်ဖို့ ရှင် ကျွန်မကို ပြောခဲ့သင့်တယ်”လို့ ပြောလိုက်သည်။

ကျီလင်းချန်က “ငါ မီးဖွင့်ထားလို့၊ ငါကိုယ်တိုင်ပဲ မီးပိတ်လိုက်တာ”လို့ ပြန်ဖြေလိုက်သည်။

ဖန့်ရှောင်နွမ်က မျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းဆူလိုက်သည်။ “ဆင်ခြေတွေ။ ရှင် ကျွန်မကို ဖိသတ်နေတာ အသိသာကြီး။”

ကျီလင်းချန်က ပျော်ပြီး ပြုံးလိုက်သည်။ သူ့အောက်က မိန်းကလေးက အိပ်ရာထက်တောင် ပိုနူးညံ့သေးတယ်ဆိုတာ သူသိတဲ့အတွက် အခုမထချင်သေးဘူးဖြစ်နေသည်။

ဖန့်ရှောင်နွမ်က သူ့ကို အားနဲ့တွန်းလိုက်သည်။ “ကျီလင်းချန်၊ ရှင် မနက်ဖြန် ကျွန်မနဲ့အတူ အိမ်ပြောင်းရမယ်။”

နောက်ကျနေပြီ။ ဖန့်ရှောင်နွမ်အတွက် ဒီလိုနူးညံ့တဲ့အိပ်ရာပေါ်မှ လှဲအိပ်ရဖို့ဆိုတာ ရှားသည်။ မကြာဘူး၊ သူမရဲ့ အသက်ရှုသံကိုတောင် ကြားနိုင်သည်။

လရောင်က တောက်ပနေပြီး ပြတင်းပေါက်အပြင်ဘက် လရောက်က တောက်ပပြီး အေးချမ်း၊ တိတ်ဆိတ်နေသည်။ အခန်းက လိမ္မောင်ရောင်လွှမ်းနေပြီး သူတို့ရဲ့မျက်နှာတွေပေါ်မှာ တောက်ပစွာ လွှမ်းဖုံးနေသည်။

ကျီလင်းချန်က သူ့မိန်းမ အိပ်ပျော်သွားတဲ့အခါ နောက်မီးသီးကို ပိတ်လိုက်သည်။ သူ့ရဲ့ ချစ်စရာကောင်းတဲ့မိန်းမကို သူ မြတ်နိုးမိနေပြီး အခုတင် နမ်းမိလိုက်တဲ့အနမ်းအကြောင်းကို တွေးမိပြန်သည်။ အဲ့ဒီ့အနမ်းက တမင်တကာလုပ်တယ်ဆိုတာကိုတော့ သူမ မသိလိုက်ပေ။ တိုက်ဆိုင်သလိုပုံစံနဲ့ အဲ့ဒီအနမ်းကို သူက ဖုံးထားသည်။

အခုတင်၊ သူတို့ရဲ့ နဖူးတွေထိသွားတဲ့အခါ သူမကော၊ သူကောက ခေါင်းမော့ထားသည်။ အဲ့အချိန်မှာ သူက တမင်သူ့ရဲ့ကိုယ်ကို ရှေ့ကိုတိုးလိုက်ပြီး သူမကို နမ်းလိုက်သည်။ မနေ့ညက သူမရဲ့နှုတ်ခမ်းက မွှေးရနံ့က သူ့ရဲ့စိတ်ထဲ အကြာကြီးစွဲထင်နေသည်။ ဒီနေ့ညတော့ ဘာမှမဖြစ်ခဲ့ပေ။ သူမက သူ့ကို တွန်းထုတ်ပြီး ကြောက်လန့်ကာထွက်ပြေးသွားသည်။

ဒီနေ့ဖြစ်ခဲ့တာက သူ့အမှား မဟုတ်ပေ။ သူ့တူပြန်လာတဲ့အခါ သူ့တူက သူ့မိန်းမနဲ့ နီးနီးကပ်ကပ်နေလာသည်။ သူတို့က သူ့ကို မရိုသေသလိုပြုမူနေကြသည်။ ဒါပေမဲ့ အခုတော့ အကြောင်းအရာနှစ်ခုက သူ့အတွက် ရှင်းရှင်းလင်းလင်း ဖြစ်လာသည်။ ကျီဝမ်ကိုလည်း အပြစ်ပေးဖို့ အကြောင်းမရှိသလို၊ သူမကိုလည်း အနိုင်ကျင့်ဖို့ အကြောင်းမရှိတော့ပေ။

ဒီနေ့ညက ကောင်းကင်မှာ ကြယ်တွေပြည့်နေပြီးလင်းလက်နေသည်၊ ခြံထဲက ပန်းတွေကလည်း ထူးထူးခြားခြား သင့်ပျံ့နေသည်။ သူ့ရဲ့လက်ထဲက မိန်းကလေးကလည်း အရမ်းနူးညံ့နေသည်။

နောက်နေ့ ဖန့်ရှောင်နွမ် နိုးလာသည်။ သူမ အိပ်ရာထဲမှာပဲရှိသေးသည်။ သူမက လွတ်လွတ်လပ်လပ်ပဲ ခြေဆန့်၊လက်ဆန့်နေသည်။ “ငါ ဒီလို အေးအေးဆေးဆေးမအိပ်ရာတာတောင် ကြာနေပြီပဲ။ အိပ်ရာက တကယ်ကို သက်သောင့်သက်သာရှိနေတာပဲ။” သူမက ခန္ဓာကိုယ်ကို ညာဘက်ကို လှည့်လိုက်ပြီးနောက် မတော်တဆ ကျီလင်းချန်ရဲ့ လက်မောင်းထဲ ဝင်မိသွားသည်။

ဖန့်ရှောင်နွမ်က လျှပ်စီးလိုအမြန်နဲ့ အိပ်ရာပေါ်က မထခင် ခဏတာ တုံ့ဆိုင်းနေမိသည်။ သူမ မနေ့က ကျီဝမ်ပြေးတာထက်တောင်မြန်တဲ့ အရှိန်နဲ့ ရေချိုးခန်းထဲကို ပြေးဝင်သွားသည်။

ရေချိုးခန်းတံခါးကို ပိတ်ချလိုက်သံကြားတော့ ကျီလင်းချန်ရဲ့ နှုတ်ခမ်းထောင့်တွေ တက်သွားပြီး ပြုံးလိုက်သည်။ သူ့ရဲ့ မိန်းမက အရမ်းကို စိတ်ဝင်စားဖို့‌ကောင်းနေသည်။ သူ ထပြီးတော့ ရေချိုးခန်းတံခါးဆီ သွားလိုက်သည်။ “မြန်မြန်ဆေးကြော။ ငါတို့ဒီနေ့စောစော အိမ်ပြောင်းကြမယ်။”

ဖန့်ရှောင်နွမ်က သူမကိုယ်သူမ မှန်ထဲကြည့်လိုက်သည်။ သူမမျက်နှာက ရှက်သွေးဖြာနေသည်။ သူမက မျက်နှာကို ပွတ်လိုက်ပြီးတော့ “ဖန့်ရှောင်နွမ်၊ နင် ဘယ်လိုဖြစ်လို့ သူ့အလှမှာ ကြွေဆင်းသွားတာလဲ? ရုပ်ချောတာက ဘဝမှာ အရေးကြီးဆုံးမလို့လား? ဟုတ်တယ်၊ သူက အရမ်းကို ချောမောနေပုံပေါက်နေတာ။” လို့ သူမကိုယ်သူမ ပြောနေသည်။

သူမပြန်မဖြေတာကို ကျီလင်းချန် သိသွားသည်။ သူက တံခါးခေါက်လိုက်သည်။ “အဆင်သင့်ပဲလား။ မင်း ကိုယ်လက်သန့်စင်ပြီးတာနဲ့၊ ငါတို့ ထွက်မယ်နော်။ ဒီမှာ ငါတို့ မနက်စာမစားတော့ဘူး။ ငါ မင်းကို ဆိုင်တစ်ဆိုင်ခေါ်သွားမယ်။”

“ကောင်းပြီ။” ဖန့်ရှောင်နွမ်က ရေပိုက်ဖွင့်ပြီးတော့ သူမမျက်နှာကို ခဏလောက် ရေနဲ့ဆေးနေသည်။ ပြီးတော့ သူမ တံခါးဖွင့်ပြီး အပြင်လျှောက်လာသည်။

ကျီလင်းချန်က ဖန့်ရှောင်နွမ်ရဲ့မျက်နှာ ရေစိုနေတုန်းဆိုတာ တွေ့သွားသည်။ ပြီးတော့၊ သူက ရေချိုးခန်းထဲဝင်က တဘက်ယူပြီး သူမမျက်နှာခြောက်သွားအောင် သုတ်ပေးလိုက်သည်။

သူ လုပ်ပေးနေတာကြောင့် ဖန့်ရှောင်နွမ်ရင်ထိတ်နေသည်။ သူမက သူမဘာသာလည်း တွေးနေသည်။ 'သွားပြီ၊ သွားပြီ။ အခုကျီလင်းချန်က အတုပဲဖြစ်မယ်။ ကျီလင်းချန်အစစ်ကို နတ်ဆိုးဖမ်းသွားပြီနဲ့တူတယ်'

လွန်ခဲ့တဲ့နှစ်ရက်အတွင်း ကျီလင်းချန် တအားပြောင်းလဲသွားသည်။ ဖန့်ရှောင်နွမ် သတိထားမိပြီး ဘယ်လိုတုံ့ပြန်ရမလဲဆိုတာတောင် မသိနေဘူး။ ဒီယောကျာ်းက သူမကို အမြဲတမ်းစနေပြီး တစ်ချိန်လုံးနောက်ပြောင်နေတဲ့သူနဲ့ အတူတူပဲလား?

ကျီလင်းချန်က သူ့မိန်းမရဲ့ သန့်ရှင်းတဲ့မျက်နှာလေးကိုကြည့်ပြီး “ပြည့်စုံသွားပြီ၊ သွားစို့”လို့ ကျေနပ်မှုအပြည့်နဲ့ပြောလိုက်သည်။ လင်မယား နှစ်ယောက်က တံခါးကို သွားဖို့အလှမ်းမှာပဲ သခင်ကြီးကျီက သူတို့ရပ်သွားအောင် စိတ်တိုတဲ့အသံနဲ့ အော်လိုက်သည်။

“ကျီဝမ်၊ မင်း ဒီကို အမြန်လာခဲ့စမ်း။”

ထို့နောက် ဖန့်ရှောင်နွမ်နဲ့ ကျီလင်းချန်က တစ်ယောက်ယောက် သူတို့ရှေ့ကနေ ဖြတ်သွားတာ သတိထားလိုက်မိသည်။ သူတို့နှစ်ယောက်နောက်မှာ ပုန်းနေပုံရတဲ့ သူက ထွက်ဖို့ဟန်ပြင်နေသည်။

All Chapters