← Chapters

အခန်း (၅၅)

Vol. 4 Ch. 55

အခန်း (၅၅)

Vol. 4 Ch. 55

ဒါက ဆုံးဖြတ်ချက်ဆိုရင်လည်း ကောင်းပါပြီ။ ဖန့်ရှောင်နွမ် ခေါင်းငြိမ့်လိုက်သည်။ ပြီးတော့ သူ့ယောကျာ်း အစောနက ပြုမှုတာတာတွေကို တွေးမိပြီး “ယောကျာ်း၊ ဒီတစ်ခါတော့ ရှင်ပေးတဲ့ ကတိကို တကယ်တည်မှာမလား?”လို့ စိုးရိမ်ပြီး မေးလိုက်သည်။

ကျီလင်းချန်က သူမ မေးလိုက်တာကို စိတ်မဆိုးပေ။ အဲ့အစား၊ သူက ပြုံးပြီး ပြန်ဖြေလိုက်သည်။ “တကယ်ပေါ့။ ကိုယ့်ကတိကို တည်ပါတယ်ကွာ။ ဒီတစ်ကြိမ်၊ ကိုယ် မင်းကို အဖေ၊ အစ်ကိုနဲ့ မရီးရှေ့မှာပဲ ကတိပေးတယ်။ မင်းသာ အိမ်ပြောင်းချင်တယ်ဆိုရင် ကိုယ် မင်းကို ချက်ချင်းခေါ်သွားမယ်။”

ဖန့်ရှောင်နွမ်က လုံးလုံးကို လက်လျှော့လိုက်သည်။ သူမက နာခံစွာနဲ့ပဲ သူ့လက်ဆွဲအိတ်ကို အိပ်ခန်းထဲကို ပြန်ယူသွားသည်။ သူမက ထိုင်ပြီး သက်ပြင်းချလိုက်ချင်းမှာပဲ ကျီဝမ် ဝင်လာခဲ့သည်။ “ဖန့်ရှောင်နွမ်၊ ငါ့ကိုအမြန်ကျေးဇူးတင်။ ဒီသခင်လေးက နင့်ကို ဒီမှာနေအောင် သူ့ဘဝကိုတောင် ရင်းထားတာ။”

ဖန့်ရှောင်နွမ် မျက်မှောင်ကြုတ်သွားသည်။ သူပြောလိုက်တာကို သူမ နားမလည်ပေ။ “ကျီဝမ်၊ နင့်ကြောင့်မလို့ ဒီနေ့ကိစ္စတွေဖြစ်သွားရတတာလို့ ကျေးဇူးပြုပြီး မပြောစမ်းပါနဲ့။ ငါ့ကို နင်က အိမ်မပြောင်းစေချင်တာလား?”

“ဘာ? ငါဒီလောက်တုံးလိမ့်မယ်လို့ နင်ထင်လား? အဖိုးဆီက သန်းတစ်ရာတောင်းတာ၊ အမေ့ရဲ့ ဈေးကြီးပုလဲဆွဲကြိုးက ပုလဲတွေကို ယူတာတွေကိုလေ။ ငါ ပိုက်ဆံလိုနေတယ်လို့ နင်ထင်နေတာလို့တော့ မပြောနဲ့နော်။ “ ကျီဝမ်က ဆက်ပြောနေပေမဲ့ ဖန့်ရှောင်နွမ်ရဲ့ မျက်နှာထားက ပိုပြီးမဲမှောင်လာသည်။

ဖန့်ရှောင်နွမ်က လက်သီးဆုပ်နေသည်။ သူမက အံကြိတ်ပြီး “ကျီဝမ်၊ နင် ငါ့ကို နောက်တစ်ခေါက် ထပ်ပြောပြပါလား?”လို့ ပြောလိုက်သည်။

ကျီဝမ်က ဉာဏ်မပြေးပေ။ သူ့မှာ ကြိုပြီး ချိန်ဆစဉ်းစားနိုင်စွမ်းကိုမရှိဘူး။ သူ့ရဲ့သစ္စာရှိမှုကို ပြဖို့ သူက “ငါက နင့်အတွက် တမင် အဖိုးရဲ့ ပန်းအိုးကို ခွဲခဲ့တာ။ အဖိုးက ငါ့နောက်လိုက်ပြီး ရိုက်ခဲ့တာ။ နင့်ကို ဒီမှာနေနိုင်အောင် ငါဘယ်လောက် စွန့်စားခဲ့လဲဆိုတာ ကြည့်လိုက်။ နင်သာ ဒီမှာနေရင်၊ နင့်ကို ငါ့ဉီးလေးက နှိပ်စက်အနိုင်ကျင့်ရင်၊ ငါက နင့်ကို ကာကွယ်ပေးလို့ရတယ်လေ”လို့ ပြောလိုက်သည်။

ဖန့်ရှောင်နွမ်က ထပ်ပြီးတော့ ဉီးနှောက်မရှိတဲ့သူပြောတာကို နားမထောင်ချင်တော့ပေ။ သူမက သူ့မျက်နှာနဲ့ ကျီဝမ်ရဲ့ ပါးစပ်ထောင့်တွေကိုပါ ထိုးချလိုက်သည်။ “သေစမ်း၊ နင်က ဒီလောက်ရူးတာပဲ။ ငါလည်း နင့်ကို သေချာကျေးဇူးတင်ရမှာပေါ့။”

သူက သူမကို နေစေချင်တာနဲ့ပဲ သူမကိုတောင် အဲ့အကြောင်း မမေးခဲ့ပေ။ ဖန့်ရှောင်နွမ် စိတ်ဆိုးနေသည်။ ဖန့်ရှောင်နွမ်ရဲ့ မျက်နှာထားအဆင်မပြေတာကို ကျီဝမ်တွေ့တော့ သူမ လက်တွေကို ကြည့်လိုက်သည်။ သူဒုက္ခရောက်တော့မှာကို သူသိသည်။

သေပါပြီ။ သူက ဒယ်ပိုင်းထဲကလွတ်တဲ့ငါးက မီးပုံထဲခုန်ချတဲ့အဖြစ်မျိုးပဲ။

ဧည့်ခန်းထဲမှာ၊ ကျီလင်းချန်က ဖန့်ရှောင်နွမ်ကို ကူပြီး သန့်ရှင်းရေးလုပ်ဖို့ အခန်းပြန်ဖို့ ထရပ်လိုက်သည်။ ဖန်ချီက သူ့ကိုတားပြီးတော့ သူ့ကို သူမယောကျာ်းရဲ့ စာကြည့်ခန်းထဲကို ခေါ်သွားသည်။ မြို့တော်ဝန်ကျီပဲ အဲ့မှာမဟုတ်ပဲ၊ သခင်ကြီးကျီလည်း အဲ့မှာရှိနေသည်။ သူတို့နှစ်ယောက်လုံးရဲ့မျက်နှာတွေက မကောင်းနေပေ။ ဖန်ချီရဲ့မျက်နှာကလည်း စိုးရိမ်မှုအပြည့်ဖြစ်နေသည်။ “လင်းချန်၊ ငါတို့ မိသားစု ဆွေးနွေးကြရအောင်။”

ကျီလင်းချန်က လှည့်ပတ်ကြည့်တော့ ဖန့်ရှောင်နွမ်ကို မတွေ့ရပေ။ သူ မျက်မှောင်ကြုတ်သွားသည်။ “မရီးထွက်မှာလား၊ ကျွန်တော်ထွက်ရမလား။” ကျီမိသားစုဝင်သုံးယောက်လုံး ဆွေးနွေးရင်ဆွေးနွေး ဒါမှမဟုတ် အကုန်လုံး တစ်ချိန်တည်း ထွက်ရမယ်။

ဖန်ချီက ဖန့်ရှောင်နွမ်ကို မမြင်လို့ ကျီလင်းချန် မကျေမနပ်ဖြစ်နေတာကို ရိပ်မိလိုက်သည်။ သူမက “ရှောင်နွမ်ကို ငါက မဖိတ်တာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် သူမကလည်း ကျီဝမ်လိုပဲ ကလေးပဲရှိသေးတယ်လေ။ ငါတို့ပြောမယ့်ဟာကို သူမ သိလို့မဖြစ်ဘူး။ ရှောင်ဝမ်အတွက် သေရေး၊ရှင်ရေးလို့ အရေးကြီးတဲ့ကိစ္စပဲ။ ငါ ပြောတာကို နားလည်ပေးပါ။”လို့ ရှင်းပြလိုက်သည်။

......

ဖန်ချီရဲ့စကားတွေက လိမ္မာပါးနပ်သည်။ သူမရဲ့ စရိုက်ကလည်း နှိမ့်ချနေသည်။ ကျီလင်းချန် လက်မခံလို့မရတော့ဘူး။ သူ့မိန်းမကို ဝင်ဆွေးနွေးခိုင်းမယ့် သူ့အတွေးကို နောက်ဆုံးလက်လျှော့လိုက်ရသည်။ ပြဿနာရှာတဲ့သူက ကျီဝမ်အကြောင်းကို ပြောမယ်ဆိုရင် သူမက သူ့မကောင်းကြောင်းကိုပဲ ပြောလိမ့်မည်။

သူတို့နောက်ဆုံးအချိန်ထိနေခဲ့တဲ့ အကြောင်းကို တွေးမိတော့ ကျီလင်းချန် အနည်းငယ်ပြုံးမိလိုက်သည်။ ဖန့်ရှောင်နွမ်က အရမ်းနူးညံ့သည်။ သူသာ ပြောင်းနေရင် သူမကို နောက်တစ်ခါ ဖက်ရဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။ ပြီးတော့ သူမရဲ့ အနံ့လေးက ချစ်စရာကောင်းသည်။ ဈေးကြီးတဲ့ ရေမွှေးအနံ့တွေလိုမဟုတ်ဘဲ သူမရဲ့ မွှေးရနံ့လေးက သူ့နှလုံသားရဲ့အတွင်းကော၊ အပြင်ထိပါ သင်းပျံ့နေသည်။

ထပ်ပြီးတော့၊ ကျီလင်းချန်က ဖန့်ရှောင်နွမ်ကို သူ့မိသားစုနဲ့ အဆင်ပြေစေချင်သည်။ အခုတော့ သူတို့က ဆက်နေခိုင်းထားတာဆိုတော့ မိသားစုကိစ္စကိုပဲ အာရုံစိုက်ရတော့မည်။ အိမ်မပြောင်းခင်မှာ အိမ်ကပြဿနာတွေကို ဖြေးရှင်းတာလည်း ကောင်းသည်။ အဲ့ဒီအချိန်အတွင်းမှာ၊ သူတို့က တစ်ယောက်နဲ့တစ်ယောက် ပိုပြီး ရင်းနှီးကျွမ်းဝင်အောင် လုပ်ဖို့လိုသည်။

အိမ်တော်မှာ ဆက်နေတာက မလိုအပ်တဲ့ပြဿနာတွေကို ရှောင်ပြီးသားဖြစ်လိမ့်မည်။ ဉပမာ- လင်းရိုပေါ့။ အဲ့လိုအကြောင်းတွေကြောင့် ကျီလင်းချန်က ဆက်နေနေတာပဲဖြစ်သည်။ သူ မနေချင်တဲ့ တစ်ခုတည်းသော အကြောင်းက သူ့တူ၊ ကျီဝမ်ကြောင့်ပဲ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ့တူကြောင့်ပဲ ဆက်နေဖြစ်မယ်ဆိုတာကိုတော့ မစဉ်းစားမိခဲ့ပေ။

ကျီလင်းချန်က ပိုပြီးတော့ ဖော်ရွေတဲ့ပုံစံဖြစ်လာတာကိုတွေ့တော့ ဖန်ချီက သူမစိုးရိမ်နေတာတွေကို စပြောတော့သည်။ “ရှောင်ဝမ် ခရီးထွက်နေတာ တစ်လလောက်ရှိပြီ။ သူပြန်လာတော့ သူက ပိုက်ဆံတောင်းပြီး လက်ဝတ်တန်ဆာကိုပဲ ခိုးခဲ့တယ်။ သူနေတဲ့နေရာတွေကို ကျွန်မစစ်ကြည့်လိုက်တော့ သူက မက်ကောင်းနဲ့ ကမ္ဘောဒီးယားမှာပဲ နေခဲ့တာ။ သူ့မှာ အကြွေးတွေရှိနေလားဆိုပြီး ကျွန်မစိတ်ပူနေတယ်။” ဖန်ချီက ထိုင်နေတဲ့သုံးယောက်ကို ဘဏ်စာတမ်းတွေ ပြလိုက်သည်။

ကျီလင်းချန်က စာရင်းကို ကြည့်လိုက်ပြီး အေးအေးဆေးဆေးပဲ ထိုင်လိုက်သည်။ သခင်ကြီးကျီ၊ နဲ့ မြို့တော်ဝန်ကျီတို့ကတော့ တိတ်ဆိတ်နေသည်။ အများဆုံးသုံးထားတာက ဆယ်သန်း။ မသင်္ကာဖွယ်ငွေလွှဲထားတာက သုံးသိန်းကနေ ငါးသိန်းအထိရှိသည်။ ဒီငွေအလွှဲအပြောင်း လုပ်ထားတာတွေ ပေါင်းလိုက်ရင် သန်းပေါင်းများစွာရှိနေသည်။

ဒါက အသက်နှစ်ဆယ်အရွယ် ကလေးတစ်ယောက်ရဲ့ သာမန်အသုံးစားရိတ် မဟုတ်ပေ။

All Chapters