အခန်း (၅၆)
Vol. 4 Ch. 56
အခြေအနေက တင်းမာလာတယ်ဆိုတာ သခင်ကြီးကျီ ရိပ်မိသည်။ မြို့တော်ဝန်ကျီက သူ့သားအမှားတွေ လုပ်နေပြီလို့ ထင်ပေမဲ့ ဖန်ချီကတော့ သူမသားက သူ့ဘေးက လူတွေကြောင့် လမ်းမှားပေါ်ရောက်နေတယ်ဆိုပြီး ထင်နေသည်။ ကျီလင်းချန်ကတော့ “အဲ့ဒါ ပုံမှန်ပဲ”လို့ ပြောလိုက်သည်။
သခင်ကြီးကျီက ခေါင်းမော့ပြီး သူ့ကိုကြည့်ကာ “အဲ့ဒါပုံမှန်လား?”လို့ ပြန်မေးလိုက်သည်။
ကျီလင်းချန်က အမြဲတမ်း ရေရှည်ကိုကြိုကြည့်တတ်သည်။ သူက အားလုံးကို တခြားသူတွေထက် ပိုပြီးတော့ တွေးမြင်တတ်သည်။ ကျီမိသားစုက ဆုံးဖြတ်ချက်ချမယ့်အခါမှာ ကျီလင်းချန်ရဲ့ အတွေးပေါ်မှာပဲ ဆုံးဖြတ်ချက်တွေက မူတည်နေသည်။ သူက ငယ်ပေမယ့် တခြားသူတွေထက် မနည်းသည့် အတွေ့အကြုံတွေရှိသည်။
ကျီမိသားစု တန်ဖိုးထားတာက ငွေမဟုတ်ဘဲ ကျီဝမ်ရဲ့ စရိုက်ကိုပဲ တန်ဖိုးထားတာဖြစ်သည်။ အကယ်၍ ကလေးကသာ လောင်းကစားလုပ်မိရင် အချိန်မီမပြုပြင်နိုင်ရင် ဒုက္ခအကြီးအကျယ် ရောက်သွားနိုင်သည်။ အကုန်လုံးက ကျီဝမ်အတွက် စိတ်ပူနေတယ့်အခါမှာ ကျီလင်းချန်ကတော့ အေးဆေးဖြစ်နေသည်။ သူတစ်ယောက်ထဲကပဲ ကျီဝမ်သုံးခဲ့တဲ့ အသုံးစားရိတ်တွေအကုန်လုံးက ကျိုးကြောင်းသင့်တယ်လို့ ထင်နေသည်။
ကျီလင်းချန်က “ကျွန်တော် ကျီဝမ်ကို စမ်းခဲ့တယ်။ သူက လောင်းကစားလည်း မလုပ်ရဲလောက်ဘူး၊ အကြွေးတင်နေတာဆို အဝေးကြီးပဲ။ ကျွန်တော် ကျီဝမ်ကို လောင်းကစားလုပ်ဖို့ ခေါ်သွားခဲ့ဖူးတယ်။ ကျွန်တော်သူ့ကို သန်းတစ်ရာပေးတာတောင်၊ သူက စိတ်မဝင်စားဘူး။ ဒါဆို သူ့ကို ၁၀သန်းကျော်လောက်နဲ့ စိတ်ဝင်စားအောင် လုပ်လို့ရတယ်လို့ထင်လား?”
ကျီလင်းချန် ပြောလိုက်တာကြောင့် အကုန်လုံး အံအားသင့်သွားသည်။ မင်းက ကျီဝမ်ကို လောင်းကစားလုပ်ဖို့ ခေါ်သွားတာလား? သူ ဘယ်တုန်းက လောင်းကစားလုပ်ခဲ့တာလဲ?
အမှန်တော့၊ ဒါက ကျီလင်းချန် သူ့တူကို ပညာပေးခဲ့တဲ့အတွက် ထွက်လာတဲ့ရလဒ်တစ်ခုပဲ ဖြစ်သည်။ ကျီဝမ် ဂျူနီယာ အထက်တန်းတုန်းက သူ့ကိုယ်ပိုင်အကြံဉာဏ်တွေရှိသလို၊ ငွေနဲ့ပတ်သတ်ပြီးလည်း ကောင်းကောင်းနားလည်နေသည်။ သူ့တူကို ပညာပေးဖို့အတွက် ကျီလင်းချန်က သူ့တူကို သူနဲ့အတူ အလုပ်ခရီးတစ်ခုကို ခေါ်သွားသည်။ သူက သူ့တူကို Las Vegas ကို ခေါ်သွားခဲ့သည်။
အဲ့ညက၊ ကျီဝမ်က သူ့ဉီးလေးနောက်ကို တစ်ချိန်လုံးလိုက်ရမှာဖြစ်လို့ အရမ်းကြောက်နေပြီး သူ့အင်္ကျီကို တင်းကြပ်စွာဆုပ်ကိုင်ထားသည်။
ကျီလင်းချန်က သူ့လက်ကို ဝှေ့ယမ်းပြီးတော့ နေရာတစ်ခုလုံးကို ကြိုတင်ဘွတ်ကင်ယူလိုက်သည်။ ပိုက်ဆံတွေက စားပွဲပေါ်မှာ အပြည့်ဖြစ်နေတဲ့အခါ စဖို့ အသင့်ဖြစ်နေသည်။ ကျီဝမ်က သူ့ဉီးလေးကို အတင်းဆွဲခေါ်သွားသည်။ သူ့ဉီးလေးရဲ့ ဆုံးမတာကို မကြောက်တာ သူ့အတွက် အဲ့ဒါက ပထမဉီးဆုံးအကြိမ်ပဲဖြစ်သည်။ လောင်းကစားလုပ်တာက ကောင်းတဲ့အပြုအမူမဟုတ်ဘူးဆိုတာ သူ့အတွက် သိသာထင်ရှားသွားသည်။
နောက်တော့ ကျီလင်းချန်က သူ့တူနဲ့အတူ ကာစီနိုက ထွက်သွားခဲ့သည်။ အဲ့ဒါပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျီဝမ်က လောင်းကစားလုပ်တာကို ဂရုလည်းမစိုက်သလို၊ စိတ်ကို မဝင်စားဘူး။
ကျီလင်းချန်က အကြောင်းစုံရှင်းပြပြီးတဲ့အခါမှာ သူတို့သုံးယောက်လုံး အတော်လေး လန့်သွားကြသည်။ ကျီလင်းချန်က ထရပ်လိုက်ပြီး “အစ်ကိုနဲ့ မရီး၊ ကျီဝမ်ရဲ့ ပညာရေးက အမြဲတမ်း ကျွန်တော့်တာဝန်မဟုတ်ဘူးလေ။ ကျွန်တော်လည်း နောက်ကျရင် ကျွန်တော့်ကလေးတွေရှိလာတော့မှာ။ ကိုယ့်သားသမီးအတွက် ကိုယ့်တာဝန်ကို ယူကြရအောင်”လို့ပြောပြီးတော့ တစ်ချက်မှလှည့်မကြည့်ဘဲ စာကြည့်ခန်းထဲက ထွက်သွားခဲ့သည်။
ကျီလင်းချန်ရဲ့စကားကို သခင်ကြီးကျီကြားလိုက်တော့ သူ့မျက်လုံးက တောက်ပပြီး လင်းလက်သွားသည်။ သူက သူ့ရဲ့အကြီးဆုံးသားနဲ့ချွေးမကို ပျော်ပြီးတော့ ကြည့်လိုက်သည်။ “နောက်ကျရင် သူ့ကလေးတွေရှိလာမှာလို့ ပြောခဲ့တာလား?”
ဖန်ချီက သူမ မတ်ရဲ့ အိမ်ထောင်အကြာင်းကို သူမယောကျာ်းနဲ့ ယောက္ခမရှေ့မှာ ပြောရတာကို မျက်နှာပူနေသည်။ “သူ့တို့ရဲ့အိမ်ထောင်ရေးအဆင်ပြေရင်၊ နောက်နှစ်လ၊ သုံးလလောက်နေရင် ဖန့်ရှောင်နွမ်ဆီက သတင်းထူးကြားရလောက်တယ်။”
......
သခင်ကြီးကျီက အဲ့ဒီသုံးလတောင်ကြာသွားသလိုနဲ့ ပြုံးနေမိသည်။ သူက ပျော်ရွှင်စွာ ကြည်နူးစွာပြုံးမိပြီး၊ “သူက တကယ်ကို သခင်တစ်ပါးပဲ။ စကားတစ်ကြောင်းလောက်နဲ့၊ ငါတို့မိသားစုရဲ့ တိုးတက်ကြီးပွားရေးက အတိုင်းသား သိသာနေတယ်”လို့ပြောလိုက်သည်။
“အဖေ၊ ဘာပြောနေတာလဲ?” ဖန်ချီက သိပ်နားမလည်ဘူးဖြစ်နေသည်။ သခင်ကြီးကျီက ပြုံးပြီး လက်ယမ်းပြကာ စာကြည့်ခန်းထဲက ထွက်သွားသည်။
ကျီလင်းချန် အခန်းကို ပြန်တဲ့အခါ သူ့တူကို အခန်းထဲမှာ တွေ့လိုက်သည်။ ကျီဝမ်က တုန်နေပြီး ခေါင်းကို လက်နဲ့ကာကာ ကြမ်းပြင်ပေါ်မှ မထရဲပဲ ဒူးတုပ်ထိုင်နေသည်။
ဖန့်ရှောင်နွမ်က သူမ အိပ်နေကျ ဆိုဖာမှာ စိတ်ဆိုးစွာထိုင်နေသည်။ သူမ ကျီလင်းချန်ပြန်လာတာကို မြင်တော့ သူမက ကျီဝမ်ကိုလက်ညှိုးထိုးပြပြီး “ကျီလင်းချန်၊ အမြန် ရှင့်ရဲ့တူကို ထိန်းဉီး။ ဒါတွေအကုန်လုံးကို သူတမင်လုပ်ခဲ့တာ”လို့ တိုင်လိုက်သည်။
ကျီလင်းချန်က “မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တယ်?” လို့ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က “ကျီလင်းချန်”လို့ ပြန်ဖြေလိုက်သည်။
ခေါင်းငုံ့ထားတဲ့ ကျီဝမ်က “ငါ့ဉီးလေးက နင့်ကို “ယောကျာ်း”လို့ ခေါ်စေချင်တာလို့တိုးတိုးလေး ပြောလိုက်သည်။ သူပြောပြီးပြီးချင်းပဲ ဖန့်ရှောင်နွမ်က သူ့ခေါင်းရဲ့အနောက်ကို ရိုက်ချလိုက်သည်။
သူမ ကျီလင်းချန် ရှိနေတာကိုတောင် ဂရုမစိုက်ပေ။ “ပါးစပ်ပိတ်ထား။ နင့်ကြောင့်သာမဟုတ်ရင် ငါအခု ဒီနေရာရဲ့ အဝေးကို ရောက်နေလောက်ပြီ။”
ကျီလင်းချန် မျက်ခုံးတစ်ချက်ပင့်လိုက်သည်။ သူ ဒီလိုကြမ်းတမ်းတဲ့မိန်းမကို လက်ထပ်ထားလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ? သူမက တခြားသူတွေကို ရိုက်ပုတ်ရမယ့်အချိန်မှာ အတော့်ကို ကြမ်းတမ်းသည်။ သူလမ်းလျှောက်ဝင်လာတာနဲ့ ဖန့်ရှောင်နွမ်ရဲ့လက်က သူ့ကို လာဆွဲလိုက်သည်။ “ယောကျာ်း၊ သူက ကျွန်မတို့ကို အိမ်မပြောင်းအောင် တမင် သူ့အဖိုးရဲ့ပန်းအိုးကို ခွဲပြီး သူ့အမေရဲ့ ပစ္စည်းကိုလည်း ခိုးခဲ့တာ။”
မနက်ခင်းတုန်းက သူ့တူရဲ့ လုပ်ရပ်တွေနဲ့ ရည်ရွယ်ချက်ကို ကျီလင်းချန် ခန့်မှန်းမိပေမဲ့ သူ့ကို ဘာလို့ ထွက်မသွားခိုင်းတာလဲဆိုတာကိုတော့ နားမလည်ဘူးဖြစ်နေသည်။ သူက သူ့ရဲ့ သနားစရာကောင်းအောင်လုပ်ပြနေတဲ့ မိန်းမကို ကြည့်ပြီးတော့ တန်းသဘောပေါက်သွားသည်။ သူဒီမှာပဲဆက်နေနေ ထွက်သွားသွား အရေးမကြီးဘူး။ ဖန့်ရှောင်နွမ်တော့ နေမှရမည်။ အဲ့ဒါကို တွေးပြီးတော့ ကျီလင်းချန် စိတ်တိုသွားသည်။ “ငါ့စာကြည့်ခန်းထဲကို သွား။”
ကျီဝမ်က ထလိုက်ပြီးတော့ ခွေးလေးတစ်ကောင် ခြေထောက်နှစ်ချောင်းကြားက အမြှီးလေးကုပ်ပြီး သွားသလို အခန်းထဲက ထွက်သွားသည်။ သူက အမှားကြီးကျူးလွန်မိသလို ခံစားနေရသည်။ ဒီဖန့်ရှောင်နွမ်က သူမအတွက် ဘာကကောင်းတာလဲဆိုတာတောင် မသိဘူး။ သူကတော့ သူ့ဘဝတောင်ရင်းပြီး သူမကို ဒီမှာဆက်နေလို့ရအောင် လုပ်ပေးပေမယ့် သူမကတော့ ဒါကို အသိအမှတ်မပြုပေ။