အခန်း (၅၇)
Vol. 4 Ch. 57
အဆိုးဆုံးကတော့ ဖန့်ရှောင်နွမ်က သူ့ကိုရိုက်လို့မဟုတ်ဘဲ သူမက သူ့ဉီးလေးကို ပြန်တိုင်လို့ပဲဖြစ်သည်။ အာ!!
ကျီဝမ် ထွက်သွားတဲ့အခါမှာ လင်မယား နှစ်ယောက်ပဲ ကျန်ခဲ့တော့သည်။ တစ်ယောက်တော့ ညကျရင် သူရမယ့် အကျိုးတွေကြောင့် စိတ်ကောင်းဝင်နေပေမယ့် တခြားတစ်ယောက်ကတော့ စိတ်ဆိုးနေတဲ့အတွက် နှုတ်ခမ်းစူနေသည်။ ကျီလင်းချန်က စိတ်ဆိုးနေတဲ့ သူ့မိန်းမ မျက်နှာထားကိုကြည့်ပြီး လက်နဲ့ သူမမျက်နှာကို အသာလေးဆွဲလိုက်သည်။
“သွားပြီးတော့ အဝတ်ခန်းထဲကို အင်္ကျီတွေကို ပြန်ထည့်ထားလိုက်။ ငါတို့ ဒီမှာ ခဏလောက်တော့ နေဉီးမှာ။ ငါအခု အပြင်ထွက်လိုက်ဉီးမယ်။ ငါပြန်လာရင် မင်းနဲ့ သန့်ရှင်းရေး ကူလုပ်ပေးမယ်။ ငါပြန်လာတာ နောက်ကျရင် မင်းအရင် အိပ်ရာဝင်နှင့်လိုက်။ ငါ့ကို စောင့်စရာမလိုဘူး”
ဖန့်ရှောင်နွမ် မျက်မှောင်ကြုတ်သွားသည်။ သူမက သူမယောကျာ်းကို “ကျွန်မက ရှင်နဲ့အတူ ဒီညအိပ်ရဉီးမှာလား?”လို့ နူးညံ့တဲ့အသံလေးနဲ့ မေးလိုက်သည်။ သူတို့က အိမ်မပြောင်းတဲ့အတွက် သူမလည်း ခြိမ်းခြောက်မခံရတော့ပေ။
ကျီလင်းချန်က “မင်းငါ နဲ့ မအိပ်ချင်ဘူးလား? ဒါမှမဟုတ် အိပ်ရာက ဆိုဖာထက် ပိုပြီးသက်သောင့်သက်သာမဖြစ်လို့လား?”လို့ ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က ရိုးသားစွာပဲ ခေါင်းငြိမ့်လိုက်သည်။ “မဟုတ်ဘူး။ ကျွန်မ ရှင်နဲ့အိပ်ရတာ အဆင်မပြေလို့။”
“မင်းမနေ့ညက ကောင်းကောင်းအိပ်ပျော်တာကို ငါတွေ့တယ်။ မင်း အဆင်မပြေဖြစ်တယ်လို့တော့ ငါမထင်မိဘူး။” အဲ့လိုပြောပြီးတော့ ကျီလင်းချန်က စာကြည့်ခန်းထဲ သွားခဲ့သည်။ ဖန့်ရှောင်နွမ်က သူ့ထွက်သွားတော့ တောက်ခေါက်လိုက်သည်။ “ဟမ့် ကျွန်မက ရှင်နဲ့ မအိပ်ပါဘူး။”
ကျီလင်းချန်ရဲ့ စာကြည့်ခန်းက မှောင်မဲပြီး ညှို့မှိုင်းနေသည်။ သူ ဝင်သွားသွားချင်းပဲ သူက နှိပ်စက်ချုပ်ချယ်နိုင်တဲ့ အနေအထားတစ်ခုကို ပြနေသည်။
“မင်းအဒေါ် ပြောလိုက်တဲ့ဟာကို နားလည်ဖို့ မင်းငါ့ကို သေချာရှင်းပြဖို့လိုတယ်”ကျီလင်းချန်က စားပွဲရဲ့ထိပ်မှာ ထိုင်နေပြီး အသံနိမ့်ပြီးတော့ ပြောလိုက်သည်။
ကျီဝမ် ခေါင်းမော့လိုက်တဲ့အခါ သူ့ဉီးလေးအကြည့်နဲ့ ဆုံသွားသည်။ ကျီလင်းချန်က ကျီဝမ်ပါးစပ်ရဲ့နှုတ်ခမ်းထောင့်က အနာကို မြင်လိုက်တော့ အနည်းငယ်အံ့ဩသွားသည်။ ဒါဆို သူ့ခေါင်းကို ငုံ့ထားတာက သူ့မျက်နှာက ဒဏ်ရာရနေလို့ပဲဖြစ်ရမည်။ လုပ်တဲ့သူကတော့ သူ့မိန်းမပဲ။ သူ့မိန်းမက သူ့တူပေါ်မှာ မသက်ညှာဘူးဆိုတာကို သူ့တူရဲ့မျက်လုံးကနေ သိနိုင်သည်။
“ရှင်းပြစမ်း။ မင်းရှင်းပြတာ ကျိုးကြောင့်သင့်တော်ရင် ငါ မင်းကို အပြစ်မပေးဘူး။” ကျီလင်းချန် နည်းနည်းတောင် စိတ်ပျော့သွားသည်။ ဘာကြောင့်လဲဆိုတော့ ကျီဝမ်က သူ့ကို ကူညီပေးနေလို့ပဲ။ အဲ့လိုမှမဟုတ်ရင် သူ့အနေနဲ့ ဖန့်ရှောင်နွမ်ကို ဆက်နေခိုင်းဖို့ ခက်လိမ့်မည်။
“ဉီးလေး။ ကျွန်တော် ဉီးလေးကို အိမ်မပြောင်းစေချင်ဘူး။ ဒီမှာဆိုရင်၊ ဉီးလေးက ဖန့်ရှောင်နွမ်ကို အနိုင်ကျင့်ရင် အနည်းဆုံးတော့ ကျွန်တော် သူမကို ကာကွယ်ပေးလို့ရတယ်။ ဉီးလေးသာ အိမ်ပြောင်းပြီး သူမကို တွန်းအားပေးရင် သူမက ဉီးလေးကို နေ့တိုင်းစိတ်ပျက်အောင် လုပ်လိမ့်မယ်။” သို့သော် ကျီဝမ်က ကျီလင်းချန်ကို မလိမ်ရဲပေ။ သူက သူ့ဉီးလေးကို အကုန်လုံးပြောပြလိုက်သည်။
ကျီလင်းချန်က သူ့ရဲ့ဒေါသကို ထိန်းပြီးတော့ “ငါက မင်းအဒေါ်ကို အနိုင်ကျင့်လိမ့်မယ်လို့ မင်းက ဘာလို့ထင်တာလဲ?”လို့ မေးလိုက်သည်။
“မနေ့ညက၊ ကျွန်တော့်ရှေ့မှာ၊ သူမက မလုပ်ချင်ဘူး။ သူမ ငြင်းဆန်ခဲ့တယ်လေ။ အဲ့ဒါကို ဉီးလေးက အတင်းလုပ်တာ။”
တကယ်က၊ မနေ့ညက အကြောင်းစဉ်းစားချိန် ကျီဝမ်က မျက်နှာပူမိနေသည်။ မနေ့ညက သူထွက်သွားပြီးတော့၊ သူဘယ်လိုပဲ စဉ်းစားစဉ်းစား၊ သူ့အတန်းဖော်အတွက် သူ ဝမ်းနည်းမိနေသည်။ သူ့ဉီးလေးက သူ့ကို ထွက်သွားဖို့ပြောလို့၊ ထွက်လာခဲ့သည်။ သူ့အတန်းဖော်က အိပ်ရာပေါ်မှာ သူ့ဉီးလေးရဲ့ နှိပ်စက်မှုကို ခံနေရတာကို ဒီတိုင်းပဲ အဖြစ်ခံလိုက်ရသည်။ သူက သူ့ကိုယ်သူ သစ္စာမရှိတဲ့သူလို့ ထင်နေသည်။ သူဘာလို့ သူ့အတန်းဖော်ကို မကယ်ခဲ့တာလဲ? ဒါ့ကြောင့် ဖန့်ရှောင်နွမ်နဲ့ သူ့ဉီးလေးကို ဆက်နေခိုင်းဖို့အတွက် သူ့ဘဝကိုတောင်ရင်းပြီး ဒီအစီအစဉ်ကို လုပ်ခဲ့တာပဲဖြစ်သည်။ အရိုက်ခံရလိမ့်မယ်လို့တော့ သူ မထင်ထားခဲ့ပေ။
ကျီလင်းချန်ရဲ့အသံက ပိုပြီးတော့ တင်းမာလာသည်။ “မင်းအဒေါ်နဲ့ ငါက လင်မယားပဲ။ အဲ့လိုမျိုးဖြစ်တယ်ဆိုတာ ပုံမှန်ပဲ။ ငါက သူမကို အနိုင်မကျင့်ဘူး။ သူမကို ငါက ကာကွယ်တာ။”
“ဖန့်ရှောင်နွမ်နဲ့ ဉီးလေးရဲ့ လက်ထပ်ခဲ့တဲ့အခြေအနေကို ဉီးလေးသိပါတယ်။ ကျွန်တော့်မိဘတွေလို လူတွေကိုသာ လင်မယားလို့ အခေါ်ခံရသင့်တာ။ ဉီးလေးတို့ကို အဲ့လိုခေါ်ရင် မရိုသေရာရောက်သွားမယ်၊ ပြီးတော့ ကျွန်တော်တို့နှစ်ယောက်ကြားမှာဆိုရင် ဉီးလေးအစား ကျွန်တော့်ကိုတောင် သူမ လက်ထပ်ခဲ့မှာ။” ကျီဝမ် အဲ့လိုပြောလိုက်မိတဲ့အတွက် နောင်တရသွားသည်။ သူ့ခေါင်းထဲမှာ ဘာတွေးမိမှန်းတောင် သူ မသိခဲ့ပေ။ ဖန့်ရှောင်နွမ်နဲ့ ပတ်သတ်လာရင် သူက ရဲတင်းလာပြီးတော့ ကျီလင်းချန်ကိုတောင်မှ ခေါင်းမာရဲသည်။
ကျီဝမ်က ကျီလင်းချန်ကို ဒေါသထွက်သွားအောင် လုပ်လိုက်သည်။ သူက အသံကျယ်ကြီးနဲ့ စားပွဲကို ရိုက်ချလိုက်သည်။ ကျီဝမ်က ကြောက်လန့်သွားတဲ့အတွက် နောက်ဆုတ်လိုက်သည်။ “ဉီးလေး၊ ဉီးလေးက အမှန်တရားကိုတောင် နားမထောင်နိုင်ဘူး။ ကျွန်တော် အမှန်ကို ပြောနေတာပါ။”
ကျီလင်းချန် - “မင်းရဲ့ အဲ့ဒီ့အထက်စီးဆန်တတ်တာကို ဘယ်ကနေ ရလာတာလဲ? မင်းက ငါနဲ့နှိုင်းယှဉ်လို့ရတယ်လို့ ဘာက မင်းကိုထင်စေတာလဲ? မင်းရဲ့အယုံလွယ်မှုနဲ့ မင်းလုပ်ထားတဲ့ အရှုပ်ထုပ်တွေကြောင့် ဖန့်ရှောင်နွမ် မင်းကိုနှစ်သက်မယ်လို့ ထင်လား? မင်းက ကျီမိသားစုရဲ့ ချမ်းသာတဲ့သခင်လေးဆိုတဲ့ဂုဏ်ကို ရခဲ့တာဘာလို့လို့ မင်းထင်လဲ? မင်းအရွယ်မှာ ငါက ကုမ္ပဏီရဲ့ ဉက္ကဌဖြစ်နေပြီ။ မင်းကတော့ ငါရှာထားတဲ့ ပိုက်ဆံတွေကို သုံးဖြုန်းနေတုန်းပဲ။ သူမက မင်းကို စိတ်ဝင်စားလိမ့်မယ်လို့ ဘာလို့ထင်တာလဲ?”
ကျီဝမ်က စကားတစ်ခုမှတောင် ပြန်မပြောနိုင်တော့ပေ။ သူ့ဉီးလေးပြောတာ မှန်သည်။ ကျီလင်းချန်က သူ့အသက်အရွယ်မှာ ကုမ္ပဏီမှာ အကြီးအကဲ ဆုံးဖြတ်တဲ့နေရာမှာ ရောက်နေပြီဖြစ်သည်။ သူကတော့ ပိုက်ဆံတစ်ပြားမှတောင် မရှာနိုင်သေးပေ။ သူက ပိုက်ဆံပဲဖြုန်းပြီး ပျော်အောင်နေနေသည်။ သူ့ဉီးလေးနဲ့ယှဉ်ရင် သူက ဘာမှလည်းမစွမ်းဆောင်နိုင်သလို ချောလည်းမချောနေပေ။ သူက သူ့ဉီးလေးနဲ့ ယှဉ်လို့ကိုမရဘူး။
“ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ ကျွန်တော်က ဖန့်ရှောင်နွမ်ကို မူလတန်းတည်းက သိခဲ့တာ။ နှစ်ပေါင်းဆယ့်တစ်နှစ်ကြာအောင် ကျွန်တော်တို့နှစ်ယောက်က အတန်းဖော်ဖြစ်ခဲ့တာ။ သူမအကြောင်းကို ဉီးလေးထက် ပိုသိသလို၊ သူမကို ဘယ်လိုပျော်ရွှင်အောင် လုပ်ပေးရမလဲဆိုတာကို သိတယ်။ နောက်ပြီး၊ သူမရဲ့စရိုက်ကိုလည်း ကျွန်တော်နားလည်တယ်။ သူမမှာသာ ရွေးချယ်ဖို့အခွင့်အရေးရှိရင် သူမက ဉီးလေးကို လက်မထပ်ဖို့ပဲရွေးမှာ။အဓိကကတော့ ကျွန်တော်က ဉီးလေးထက်ငယ်တယ်။” ကျီဝမ်ရဲ့ အသံက ပိုပြီးအားနည်းလာသည်။ သူက အမြန်ထွက်ပြေးလို့ရအောင် စာကြည့်ခန်းရဲ့ တံခါးနား ကပ်နေခဲ့သည်။