အခန်း (၅၉)
Vol. 4 Ch. 59
ဖန့်ရှောင်နွမ်မှာ ကျီလင်းချန် ပြောတာတွေကို ငြင်းဆန်ဖို့ ပြောစရာစကားမရှိတော့ပေ။ အရင်ကတော့ သူမက သူနဲ့ လင်းရိုရဲ့ ဆက်ဆံရေးကို မပြတ်မသားဖြစ်တယ်လို့ ပြောခဲ့ပြီး ကျီလင်းချန်ကို လူရှုပ်လူပွေဆိုပြီးတော့တောင် ဝေဖန်ပြောခဲ့သည်။ အခုတော့ အကုန်လုံး ရှင်းရှင်းလင်းလင်း ဖြစ်သွားပြီပင်။
ကျီလင်းချန်က လူကောင်းမဟုတ်ပေမဲ့ သူ့ရဲ့ဘဝက ဘာအရှုပ်အရှင်းမှ မရှိဘူးဆိုတာ ဖန့်ရှောင်နွမ် သိသွားသည်။ သူမက သူ့ရဲ့မိန်းမ။ သူတို့နှစ်ယောက်စလုံးက လက်ထပ်ပြီးသား လင်မယား။ သူမရဲ့ယောကျာ်းအတွက် ဒီလိုအရာတွေ လိုအပ်တယ်ဆိုတာ ပုံမှန်ပါပင်။
သူမ သက်ပြင်းချလိုက်မိသည်။ သူမက တကယ်ပဲ သူနဲ့ သူမရဲ့ ဘဝတစ်သက်လုံး အတူတူနေသွားချင်လား?
“ကျီလင်းချန်၊ ကျွန်မတို့ သဘောတူထားတယ်လေ။ ရှင်… ရှင်ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘူးဆိုရင်၊ ကျွန်မရှင့်ကို ပေးမယ်….. ကျွန်မကို မရိုက်ပါနဲ့။” သူမ နဖူးတောက်ခံလိုက်ရတော့ ပြောနေတာတောင် ပြီးအောင်မပြောလိုက်ရဘူး။
ဖန့်ရှောင်နွမ်က သူနဖူးတောက်လိုက်တဲ့ နေရာကို လက်နဲ့ကာလိုက်သည်။ သူမနားကပ်လာတဲ့ ယောကျာ်းကို ကြည့်နေရင်းနဲ့ သူမရဲ့မျက်လုံးတွေက ငြင်းဆန်လိုစိတ်တွေနဲ့ ပြည့်နေသည်။
ကျီလင်းချန်ရဲ့ နက်ရှိုင်းပြီး ညှို့အားပြင်းတဲ့ အသံထွက်လာသည်။ “မစိုးရိမ်ပါနဲ့။ ငါက ဆာလောင်မှုလောက်လေးကိုတော့ သည်းမခံနိုင်တဲ့ လူမဟုတ်ဘူး။ အခု ငါက ငါတို့သဘောတူထားတာက အရေးမပါတော့ဘူးဆိုတာကို မင်းကို တရားဝင် အသိပေးနေတာ။”
“ရှင် ဘာလို့ အဲ့လိုလုပ်တာလဲ?” မင်္ဂလာဉီးညမှာ တစ်ခုခုဖြစ်သွားခဲ့ရင်တောင် သူမ လက်ခံနိုင်ဉီးမယ်။ ဘာကြောင့်လဲဆိုရင် သူမက အဲ့အချိန်မှာ ဇနီးတစ်ယောက်ဖြစ်တော့မယ်ဆိုပြီး သေချာစိတ်ပြင်ဆင်ထားလို့ပင်။
အခုတော့၊ ကျီလင်းချန်ကို သူမ တဖြေးဖြေးသိလာတဲ့အခါမှ သူမက မိသားစုရဲ့ တစ်ဉီးတည်းသော သမီးဆိုတာကို ဖုံးကွယ်ချင်နေသေးသည်။ ဒီလိုဖုံးကွယ်ထားရင်၊ အိမ်ထောင်ကွဲသွားရင်တော့ သူမ ဘယ်အချိန်မဆို ထွက်သွားလို့ရသည်။
“နောက်နောင်၊ မင်း ကျီဝမ်နဲ့ အနေအထားတစ်ခုထားပြီး နေပါ။ သူက ငါ့တူဆိုတာ အမှတ်ရထား။” ဖန့်ရှောင်နွမ်နားကို ကပ်ပြီးတော့ ကျီလင်းချန်က ပြောလိုက်သည်။ သူက သူမကို နမ်းတော့မည်။
“ကောင်းပြီ၊ ကျွန်မ” သူမက “ကျွန်မ”လို့ပြောလိုက်တဲ့အခါမှာ ဖန့်ရှောင်နွမ်က နှုတ်ခမ်းဆူလိုက်တော့ ကျီလင်းချန်ရဲ့ နှုတ်ခမ်းကို ထိမိသွားသည်။
သူ့အကြံအလုပ်ဖြစ်တာကို ကျီလင်းချန် မြင်သွားတော့ သူက သူ့မိန်းမရှက်ပြီး ထွက်ပြေးလို့ရအောင် အချိန်မပေးတော့ပေ။ သူက သူ့လက်မောင်းနဲ့ သူမကို ဖမ်းထားပြီးတော့ သူမရဲ့ ခေါင်းအနောက်ဘက်ကို ဖမ်းလိုက်ပြီး သူမရဲ့ နူးညံတဲ့နှုတ်ခမ်းတွေကို စနမ်းလိုက်သည်။ အဲ့ဒီအချိန်မှာပဲ၊ သူ ပြောင်းလဲမြန်ဆန်နေတဲ့ ကမ္ဘာကြီးမှာ အေးချမ်းမှုကို ရှာတွေ့လိုက်သလို ခံစားလိုက်ရသည်။
ချစ်စိတ်ဝင်နေတဲ့ ဖန့်ရှောင်နွမ်လည်း သူမရှေ့က ယောကျာ်းကို တွန်းထုတ်ဖို့တောင် မေ့သွားသည်။
ဒေါက်၊ ဒေါက်၊ ဒေါက် အိပ်ခန်းတံခါးကို တစ်ယောက်ယောက် လာခေါက်နေခဲ့သည်။ ဖန့်ရှောင်နွမ် အသိဝင်လာပြီး သူမရှေ့က ယောကျ်ားကို တွန်းထုတ်လိုက်သည်။
ဖန်ချီရဲ့ နှုတ်ဆက်သံကို တံခါးကနေ ကြားလိုက်ရသည်။ “ရှောင်နွမ်၊ အိပ်နေပြီလား?” ဖန်ချီရောက်လာတာကို ဖန့်ရှောင်နွမ် တော်တော်ကျေးဇူးတင်နေသည်။ သူမသာ မရောက်လာရင် ဒီည ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတောင် မသိနိုင်တော့ပေ။
တချို့က ပြုံးနေပေမဲ့ တချို့က ဝမ်းနည်းနေသည်။ ကျီလင်းချန်အတွက်တော့ ဖန်ချီကြောင့် ဒီနေ့မတိုင်ခင်အထိ တစ်ခါမှ စိတ်အနှောင့်အယှက် မဖြစ်ဖူးပေ။
“မအိပ်သေးပါဘူး။ ကျွန်မ ရှိပါတယ်။” ဖန့်ရှောင်နွမ် ကျီလင်းချန်ရဲ့မျက်လုံးတွေကို မကြည့်ရဲပေ။ သူမ ခေါင်းငုံ့ပြီးတော့ အိပ်ရာကနေ ထသွားသည်။ သူမက တံခါးဖွင့်ဖို့ ခြေဗလာနဲ့ ပြေးသွားခဲ့သည်။
“ယောင်းမ၊ ကျွန်မကို ရှာနေတာလား?” ဖန့်ရှောင်နွမ်က ဖန်ချီကို ကျေးဇူးတင်နေသည်။ သူမက ဖန်ချီကို “ယောင်းမ”လို့ ခေါ်လိုက်တည်းက သူမတကယ် ကျေးဇူးတင်နေတယ်ဆိုတာ အသံနဲ့တင် သိနိုင်သည်။
ဖန်ချီက မနက်ဖြန် ဖန့်မိသားစုဆီကို တောင်းပန်ဖို့ သွားလည်မှာ။ သူမရဲ့ ရိုးသားမှုကို ပြချင်တဲ့အတွက် သူမက ဖန့်ရှောင်နွမ်ရဲ့မိဘတွေ ကြိုက်တတ်တာတွေကို သိဖို့ ဖန့်ရှောင်နွမ်ကို မေးချင်နေသည်။ “ရှောင်နွမ်၊ မင်းမိဘတွေက ဘာကြိုက်တတ်လဲ? သူတို့ မကြိုက်တာတွေကော ရှိလား?”
ဖန့်ရှောင်နွမ်က ဖန်ချီကို အစောတည်းက ကျေးဇူးတင်မိနေသည်။ သူမရဲ့ ရိုးသားမှုကို မြင်လိုက်ရတော့ အထင်လွဲမှုကြောင့် ဖြစ်ခဲ့ရတဲ့ နာကျည်းမှုတွေကလည်း ရုတ်တရက် လွင့်ပျယ်သွားသည်။ “ကျွန်မ မိဘတွေက အကုန်ကြိုက်ပါတယ်။ ယောင်းမ လာလည်တာကို သူတို့တွေ့တာနဲ့ ဝမ်းသာသွားမယ်ဆိုတာကို အာမခံရဲတယ်။”
ဖန်ချီက “မင်းနဲ့ လင်းချန်က အစ်မနဲ့ မင်းအစ်ကို သွားမှာကို အဖော်လိုက်ခဲ့ပါလား? မင်းလည်း မင်းမိဘတွေဆီသွားလည်လို့ရတာပဲ။”လို့ ထပ်ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က ကျီလင်းချန်အစား သဘောမတူရဲပေ။ “မနက်ဖြန်သူ့မှာ လုပ်စရာရှိချင် ရှိနေမှာ။”
ဖန့်ချီက “လင်းချန် အပြင်မသွားပါဘူး။ မင်းပဲ သူ့ကို သွားပြီး မေးလိုက်ပါလား? မနက်ဖြန် သူ့မှာ အရေးကြီးကိစ္စမရှိဘူးဆိုရင်၊ မင်းလည်း မင်းမိဘတွေဆီသွားလည်လို့ရမှာပေါ့။”
ကျီလင်းချန်ကို စကားပြောရမှာ ဖန့်ရှောင်နွမ် မျက်နှာပူနေသည်။ ကျီလင်းချန်က အကုန်လုံးကို ကြားပြီးပြီ။ သူက တမင်ဘာမှမပြောဘဲ နေနေတာဖြစ်သည်။ သူက သူ့မိန်းမ အရင်လာမေးတာကို စောင့်နေချင်သေးသည်။
“ယောင်းမ၊ အရင်ဝင်လာခဲ့ပါ။” ဖန့်ရှောင်နွမ်က ဖန်ချီကို အခန်းထဲကို ခေါ်လိုက်သည်။ သူမက ဆိုဖာပေါ်မှာထိုင်နေတဲ့ ကျီလင်းချန်က လှမ်းကြည့်လိုက်သည်။ ခဏလောက်ကြာသွားပေမဲ့ သူမ ကျီလင်ချန်ကို ဘာမှမပြောသေးပေ။ “ယောင်းမပဲ သူ့ကို မေးလိုက်ပါ။”
သူတို့နှစ်ယောက်လုံးက အတွေ့အကြုံရှိပြီးသားလူတွေဖြစ်သည်။ သူတို့နှစ်ယောက်ကြားမှာ မသက်မသာဖြစ်နေတာကို ဖန်ချီသိနေသည်။ သူမက ပြုံးပြီး “ လင်မယားနှစ်ယောက် စကားပြောရမှာကို ရှက်နေကြတာပဲ။”လို့ ပြောလိုက်သည်။ ဖန်ချီက ဖန့်ရှောင်နွမ်အနေခက်အောင် မလုပ်ပါပေ။ သူမက ကျီလင်းချန်ကိုပဲ “လင်းချန်၊ မင်းမနက်ဖြန် အားလား?”လို့ တိုက်ရိုက်မေးလိုက်သည်။
ကျီလင်းချန်က “မနက်ဖြန် ရှောင်နွမ်သာ သူ့မိဘအိမ်ပြန်ရင် ကျွန်တော်အလုပ်တွေ ရွှေ့လိုက်လို့ရပါတယ်။”လို့ ပြောလိုက်သည်။
ဖန့်ရှောင်နွမ်မျက်နှာ ရှက်သွေးဖြာနေသည်။ သူမက “မဟုတ်သေးပါဘူး။ ကျီလင်းချန်ကို တခြားတစ်ယောက်နဲ့လူစားလဲလိုက်တာဖြစ်မယ်”ဆိုပြီး သူမဘာသာ တွေးနေမိသည်။
“ကောင်းပြီ၊ ဒါဆို ငါတို့ မနက်ဖြန်မနက် ဖန့်မိသားစုအိမ်ကိုသွားကြမယ်။” ဖန်ချီ စကားပြောပြီးတော့၊ မတတ်နိုင်ဘဲ သူမရဲ့ မတ်ကို အကြံဉာဏ်လေးပေးလိုက်သည်။
“လင်းချန်၊ ငါ အကူအညီတစ်ခုလောက်တောင်းလို့ရမလား? ကျီဝမ်က အမှားတစ်ခုခုလုပ်ရင်တောင် မင်းသူ့ကို အပြစ်ပေးရင် နည်းနည်းလောက် သက်ညှာပေးပါ။ ငါပြောချင်တာက၊ သူ့မျက်နှာကိုတော့ မထိုးပါနဲ့။ သူ့ပါးစပ်ထောင့်မှာ အနာရထားပြီ။ အခု သူ့မျက်နှာကို ဘယ်လိုသွားပြရတော့မလဲ”