← Chapters

အခန်း (၆၀)

Vol. 4 Ch. 60

အခန်း (၆၀)

Vol. 4 Ch. 60

ဖန့်ရှောင်နွမ် စိတ်ရှုပ်သွားသည်။ 'ကျီဝမ်ကို မျက်နှာမှာ ဒဏ်ရာရအောင်လုပ်လိုက်တာ ငါပါ။' သူမက သေချာအောင် ဖန်ချီနားကို ကပ်သွားသည်။ “ယောင်းမ၊ ကျီဝမ်မျက်နှာကို ဒဏ်ရာရအောင်လုပ်တာ ဘယ်သူလို့ထင်လဲ?”

ဖန်ချီ - “လင်းချန်ကလွဲပြီး ဘယ်သူဖြစ်နိုင်ဉီးမှာလဲ? သူက ကျီဝမ်ကို အသားလေး ထိုးလိုက်တာမဟုတ်ဘူး။ သူ့မျက်နှာတစ်ခုလုံး ယောင်ကိုင်းနေလို့ ငါ့နှလုံး နာကျင်နေရပြီ။”

သူမက ကျီဝမ်ကို ရိုက်လိုက်တုန်းက သူမယောကျာ်းက ကျီဝမ်ကို စာကြည့်ခန်းထဲကို ခေါ်သွားတာကို ဖန့်ရှောင်နွမ် ရုတ်တရက် သတိရလိုက်သည်။ ဒါဆို၊ သူမယောကျာ်းက တမင် အပြစ်ဝင်ခံပေးလိုက်တာပေါ့။ သူမက သူမကို လှည့်မကြည့်နေတဲ့ ကျီလင်းချန်ကို ကြည့်လိုက်သည်။

“မရီးပဲ ကျီဝမ်ကို ဆုံးမစေချင်တယ်ဆိုရင် ကျွန်တော်ဆုံးမတာကို ဘာမှ ဝင်မပြောပါနဲ့။ ကျွန်တော်လုပ်တာအားလုံးက သူကောင်းဖို့ပဲ။” ဆိုဖာပေါ်မှာထိုင်နေတဲ့ ကျီလင်းချန်က အတည်ပေါက်ကြီးနဲ့ ပြောလိုက်သည်။

“ဒါပေမဲ့ မင်း သူ့ကို အတော်လေးထိခိုက်အောင်လုပ်လိုက်တယ်လေ။ မင်း နောက်ဆို သူ့မျက်နှာကို မထိုးလို့ရမလား။”လို့ ဖန်ချီက ပြောလိုက်သည်။

ဖန့်ရှောင်နွမ်က အပြစ်ရှိသလို ခံစားရလို့ ခေါင်းငုံ့လိုက်သည်။ သူမက ကျီလင်းချန်နားကို ဖြေးဖြေးချင်းနဲ့ သူ့နောက်ကို သွားနေနေသည်။

ကျီလင်းချန် စိတ်ကောင်းဝင်နေသည်။ အဲ့ဒါကြောင့် တခြားသူတွေ သူ့ကို အကြံပေးတာကို လက်ခံနိုင်သည်။ “ဒါဆိုလည်း ကျွန်တော်နောက်တစ်ခါ သတိထားပါမယ်။ သူ့မျက်နှာကို မထိုးမိအောင် ကြိုးစားပါမယ်။”

ဖန်ချီ - “ကျီဝမ်ကို ဆုံးမဖို့ ခက်တယ်ဆိုတာ အစ်မ သိပါတယ်။ မင်းအစ်ကိုနဲ့ ငါ့မှာလည်း သားလေးတစ်ယောက်ပဲရှိတယ်။ လင်းချန်၊ မင်း သူ့ကို မထိုးခင် သေချာစဉ်းစားပါ။ သူ့ကို တအားကြီးထိခိုက်အောင် မလုပ်ပါနဲ့။”

ဖန်ချီ က 'မင်းလည်း မင်းသားကို နောက်နောင် ဆုံးမရင်၊ သူ့မျက်နှာကို ထိုးလိုက်လို့' ရင်ထဲက တိတ်တိတ်လေးပြောမိလိုက်သည်။

ကျီလင်းချန်က “ကျွန်တော် နားလည်ပြီ။”လို့ ပြောလိုက်သည်။

ဖန်ချီ ပြန်သွားတော့ တကယ်ကျီဝမ်ကို ရိုက်ခဲ့တဲ့သူက အခန်းထဲမှာ တိတ်တိတ်လေး နေနေသည်။ ကျီလင်းချန်က သူ့မိန်းမကို ငုံ့ကြည့်လိုက်သည်။ “နောက်တစ်ခါ၊ မင်းကျီဝမ်ကို ရိုက်ရင်၊ ညင်ညင်သာသာလုပ်ပါ။ သူ့မျက်နှာကို မထိုးနဲ့။ သိလား?”

ဖန့်ရှောင်နွမ်က “သိပါပြီ”လို့ နာခံတဲ့ပုံစံနဲ့ ဖြေလိုက်သည်။ ကျီလင်းချန်က သူမအတွက် အပြစ်ဝင်ခံပေးတဲ့အတွက် သူမအနေနဲ့ သူ့ကို ကူညီပေးရတော့မည်။

သူ့မိန်းမက အစောနက ဖြစ်သွားတာအတွက် ရှက်နေသေးတယ်ဆိုတကို ကျီလင်းချန်သိတဲ့အတွက် အဲ့ဒါကို သူထပ်မပြောတော့ပေ။ သူ အဝတ်ခန်းထဲဝင်သွားသည်။ သူက ညဝတ်အင်္ကျီယူလိုက်တဲ့အခါ ဗီဒိုထဲက မိန်းကလေးအသုံးအဆောင်တွေကို တွေ့သွားသည်။ “အိတ်ထုတ်တွေ အများကြီး ဖြစ်နေတာ မဆန်းတော့ပါဘူး။ တော်တော်များတဲ့ အဝတ်အစားတွေပဲ။”

သူက ပစ္စည်းတွေနဲ့ပြည့်နေတဲ့ အဝတ်ခန်းထဲက သူ့ညဝတ်အင်္ကျီကို တွေ့တော့ ပြန်ထွက်လာခဲ့သည်။ ဖန့်ရှောင်နွမ် ဆိုဖာပေါ်မှာ ထိုင်နေသေးတာကို သူမြင်တော့ “သွားပြီး အိပ်ရာပေါ်ကို အရင်သွားအိပ်လိုက်”လို့ ပြောလိုက်သည်။

ဆိုဖာအကြီးကြီးကို အခန်းထဲကို ယူသွားကြတဲ့အတွက် ကျယ်ပြီး သက်သောင့်သက်သာဖြစ်တဲ့ အိပ်ရာပဲ ကျန်ခဲ့သည်။ ဖန့်ရှောင်နွမ်က ထပ်ပြီးစကားမများတော့ပေ။ သူမ အိပ်ရာဆီသွားခဲ့သည်။ ကျီလင်းချန် ကိုယ်လက်သန့်စင်လို့အပြီး ထွက်လာတဲ့အခါ သူ့မိန်းမက စောင်ကို ပတ်ခြုံထားပြီး အိပ်ပျော်နေသည်။

ကျီလင်းချန်က အိပ်ရာပေါ်ထိုင်လိုက်ပြိး စောင်ကို မကာ တခြားဘက်မှာ လှဲလိုက်သည်။ သူ သူမရဲ့ခေါင်းကို မပြီးတော့ သူ့လက်မောင်းကို သူမရဲ့ လည်ပင်းအောက်မှာ ထားလိုက်ပြီး သူ့လက်မောင်းပေါ်မှာ သူမကို အိပ်ခိုင်းလိုက်သည်။ ဖန့်ရှောင်နွမ်နားမှာ နီးနီးကပ်ကပ်နေပြီး သူပြုံးလိုက်သည်။ ပြီးတော့ သူမရဲ့ မူးမေ့လောက်စရာကောင်းတဲ့ ရနံ့လေးကို ပင့်သက်ရှိုက်ပြီး ရှုလိုက်သည်။

“တော်တော်ထူးဆန်းတာပဲ။ မင်းရနံ့က မင်းရဲ့ သွားတိုက်ဆေးနဲ့ ကိုယ်တိုက်ဆပ်ပြာရနံ့တွေနဲ့ မတူပဲ ထူးထူးခြားခြား ဖြစ်နေတယ်။ မင်းမှာ ဘာလို့ ဒီလောက်ကောင်းတဲ့ ရနံ့ရှိနေရတာလဲ?”

သူ အရင်တုန်းက ဖန့်ရှောင်နွမ်နားကို မကပ်ဖူးပေ။ ဒါ့ကြောင့် သူမရဲ့ သဘာဝရနံ့ကိုလည်း သူ သတိမထားမိခဲ့ချေ။ သူတို့ရဲ့ ပထမဆုံးအနမ်းက သူမရဲ့ ထူးခြားတဲ့အနံ့အသက်ကို သိခွင့်ရခဲ့တဲ့ အနီးကပ်ဆုံးအထိအတွေ့ပင်။ သူက သူမရဲ့မွှေးရနံ့ကို စွဲလမ်းမိနေသည်။ လူတိုင်းက သူတို့နဲ့ သက်ဆိုင်တဲ့ ထူးခြားတဲ့ ရနံ့ကို တစ်သက်လုံးလိုက်ရှာကြသလိုမျိုး သူလည်း သူနဲ့ သက်ဆိုင်တဲ့ မွှေးရနံ့ကို ရှာတွေ့သွားပြီး အဲ့ရနံ့က သူမဆီကလာတာ ဖြစ်သည်။

နောက်နေ့မှာ ဖန့်ရှောင်နွမ်က သူ့ယောကျာ်းကြောင့် အိပ်မက်ကောင်းမက်နေတာကနေ နိုးလာခဲ့သည်။ “စောစောထပြီး ရေချိုးသန့်စင်တော့။ ကိုယ်တို့ ဒီနေ့ အဖေနဲ့အမေဆီကို သွားလည်မှာလေ။ မင်း သူတို့ကို အရင်ဖုန်းဆက်ပြီး သူတို့ဒီနေ့ တခြားလုပ်စရာတွေရှိလားဆိုတာကို မေးထားလိုက်။ ပြီးတော့ ကိုယ်တို့ ဒီနေ့လာမှာဆိုတာကိုလည်း ပြောလိုက်ဉီး။”

ဖန့်ရှောင်နွမ်က အိပ်ရာကနေထပြီး ခဏလောက် တွေဝေနေသည်။

ကျီလင်းချန်က အဝတ်အစားကို ကျော့ရှင်းစွာဝတ်ထားပြီးပြီပင်။ သူက သူ့မိန်းမ အခြေအနေကို ကြည့်ပြီးတော့ “ထတော့၊ ထတော့။ ကိုယ် ဒီနေ့ တချို့အလုပ်လေးတွေစီစဉ်စရာရှိသေးလို့ ကုမ္ပဏီသွားလိုက်ဉီးမယ်။ ပြီးရင် ကိုယ် မင်းကို လာခေါ်မယ်။”လို့ ပြောလိုက်သည်။

ဖန့်ရှောင်နွမ်က သန်းပြီး‌ ခေါင်းဆက်တိုက်ငြိမ့်လိုက်သည်။ ကျီလင်းချန်က အဝတ်ခန်းထဲကို ဝင်သွားသည်။ သူပြန်ထွက်လာတော့ အိပ်ရာပေါ်မှာ လှဲနေသေးတဲ့ မိန်းကလေးကို တွေ့လိုက်ရသည်။ သူ ဘယ်လိုလုပ်ရမှန်း မသိတော့ပဲ သူ့လက်ကို ပေါင်ပေါ်တင်ထားမိသည်။ “မင်း တအားကို အိပ်ချင်နေတာလား?”

အဲ့လိုပြောပြီး သူ့မိန်းမရဲ့ မျက်နှာလေးကို ဖွဖွလေးပုတ်လိုက်သည်။ “မင်းမိဘတွေကို ဖုန်းဆက်ဖို့ မမေ့နဲ့နော်။”

အိပ်ရာပေါ်က မိန်းကလေးကတော့ အခုထိ မျက်လုံးပိတ်လျက်ပဲ။ သူမရဲ့ အပြုအမူက ဒီတိုင်းပြီးရောဆိုပြီး ခေါင်းငြိမ့်လိုက်ပုံပေါ်နေသည်။ ကျီလင်းချန်က သူမရဲ့ အိပ်ချင်မူးတူးမျက်နှာကို မြင်ပြီးတော့ မနှိုးရက်ဘူးဖြစ်နေမိသည်။ ဘယ်လိုပဲဖြစ်ဖြစ်ပါလေ၊ သူ့မှာအချိန်ရှိသေးတယ်။ သူက ကုမ္ပဏီသွားရင်းလမ်းမှာ သူ့ယောက္ခတွေကို ဖုန်းဆက်လို့ ရတာပဲ။

ပြီးတော့ ကျီလင်းချန်က အိမ်က ထွက်လာကာ “နောက်တစ်နာရီကြာရင် ဒုတိယသခင်မလေးကို နှိုးလိုက်ဉီး” လို့ အိမ်စေတွေကို မှာခဲ့သည်။ သွားတဲ့လမ်းမှာ၊ ကျီလင်းချန်က သူ့ယောက္ခမတွေကို ဆက်သွယ်ပြီး လာလည်မယ့် အချိန်ကိုပါ သေချာပြောလိုက်သည်။

ဖန့်ရှောင်နွမ်က စောင်ကို ဖက်ပြီးတော့ ထပ်အိပ်နေသည်။ မနက်ခင်းအစောကြီး အိပ်ရာထဲမှာ နေခွင့်ရတာ ဘယ်လာက်ကံကောင်းလဲဆိုတာ သူမ သိသည်။ သို့သော် အရာအားလုံးကတော့ သူမ ဖြစ်ချင်သလို မဖြစ်ပါ။ သူမ အိပ်ရာထဲက ထပ်အိပ်တာ ဘယ်လောက်မှတောင် မကြာသေးခင်မှာပဲ ကျီဝမ်က သူမကို နှိုးလိုက်သည်။ သူမက ကျီဝမ့် ခေါင်းကို တူနဲ့ ထုပစ်ချင်လောက်အောင်ကို စိတ်တိုနေသည်။ “နင့်ဉီးလေးတောင် ငါ့ကို မနက်ခင်းတုန်းက မနှိုးခဲ့ဘူး။ နင်က ဘာတွေလာပြီးတော့ မာန်ပြနေရတာလဲ? နင့်ကို သူ မနေ့က သေချာလေးမဆုံးမခဲ့ဘူးလား?”

ဖန့်ရှာင်နွမ်က အိမ်ရှေ့ဘက်ထွက်ပြေးသွားတဲ့ ကျီဝမ်ကို ထုနှက်ဖို့ သူ့နောက်ကို ပြေးလိုက်ခဲ့သည်။ ကျီဝမ်က ပြေးရင်းနဲ့ အော်ဟစ်နေခဲ့သည်။ “ကယ်ပါဉီး။ ဖန့်ရှောင်နွမ် တစ်ယောက်ယောက်ကို သတ်တော့မယ်”

All Chapters