အခန်း (၄၇)
Vol. 4 Ch. 47
ကျီဝမ်ကတော့ သူမပြောတာတွေကို နည်းနည်းမှဂရုမစိုက်ပေမဲ့ သူ့ဉီးလေးအကြောင်း စဉ်းစားလိုက်တဲ့အခါ ယောင်ဝါးဝါးတောင် မလုပ်ရဲတော့ပေ။ သူက သူ့လက်တွေကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ပြီး ခြံထဲမှာ ရပ်နေကာ သူ့ကိုယ်သူ ချောတယ်လို့ထင်အောင် ဟန်လုပ်နေသည်။ “ငါ မချောဘူးလား?ငါက စွဲမက်ဖွယ်ကောင်းတယ်မလား?” ကျီဝမ်က သူ့ကို ဓာတ်ပုံရိုက်ပေးနေတဲ့ ဖန့်ရှောင်နွမ်ကို ကိုယ့်ကိုယ့်ကို အထင်ကြီးစွာနဲ့ မေးနေသည်။
ဖန့်ရှောင်နွမ်က နောက်ဆုတ်လိုက်ပြီး သူမဖုန်းကိုကိုင်ကာ မရပ်မနားဘဲ ဓာတ်ပုံရိုက်နေသည်။ “နင့် ကိုယ်ဟန်ကို မြန်မြန် ပြောင်းလေ။ နင်အခုမှ မလုပ်ရင် နောက်တစ်ခါ အခွင့်အရေးရှိမှာမဟုတ်တော့ဘူးနော်။”
ကျီဝမ်က သူ့ဆံပင် အနက်ရောင်ပြန်ဆိုးရတော့မယ့်အကြောင်းကို စဉ်းစားနေမိသည်။ ထောင်ပေါင်က မော်ဒယ်တစ်ယောက်လို လျင်မြန်စွာနဲ့ ဟန်ပန်တွေကို ပြောင်းရိုက်နေသည်။ ဖန့်ရှောင်နွမ်က သူ့ကို ဓာတ်ပုံမရိုက်ခင်မှာပဲ နောက်ဟန်ပန်တစ်ခုထပ်ပြောင်းလိုက်သည်။
ကျီလင်းချန်က ပြတင်းပေါက်နားမှာရပ်ပြီး အပြင်က လူငယ်တွေကို ကြည့်နေသည်။ ဖန့်ရှောင်နွမ် ကျီမိသားစုဝင်ဖြစ်ပြီးတည်းက အပျော်ရွှင်ဆုံးဖြစ်နေပုံ အခုမှ မြင်ရသည်။
ကျီလင်းချန် - “ကျီဝမ်ကို ခေါ်ပြီး သူ့ခေါင်းကို ကတုံးတုံးပေးလိုက်။”
ကျီလင်းချန် ပြောလိုက်တာတွေကြောင့် ဖန့်ချီလန့်သွားသည်။ သူအဲ့လောက်ကြီး လုပ်လိမ့်မယ်လို့ မထင်ထားခဲ့ပေ။ ဒါကြောင့် သူမ သူ့ကို မလုပ်ဖို့ အမြန်သွားတောင်းပန်ခဲ့သည်။ “လင်းချန်၊ မရီးပြောတာကို နားထောင်ပါဉီး။ ရှောင်ဝမ်က သူမှားတာကို သိပါတယ်။ သူ့ခေါင်းကိုတော့ ကတုံးမတုံးလိုက်ပါနဲ့။ သူက မင်းရဲ့တူလေ။”
ကျီလင်းချန်က သူ့အိမ်အကူတွေကို သူပြောတဲ့အတိုင်းလုပ်ဖို့ ပြောနေရင်းမှာပဲ သူ့အကြည့်တွေက တကယ်လုပ်မယ့်ပုံစံမျိုး ဖြစ်နေသည်။ ဘယ်လောက်မှ မကြာခင်မှာပဲ ကျီဝမ်ကို ဧည့်ခန်းထဲကို ဆွဲခေါ်ခဲ့ကြသည်။
“ဟေ့၊ မင်းတို့ ဘာလုပ်နေတာလဲ? ငါ ဓာတ်ပုံရိုက်နေတယ်လေ။ ငါတကယ် ဆံပင်ဆိုးခဲ့တာကို ပြရအောင် wechat မှာ တင်မလို့လေ။ ဘာလို့ငါ့ကို လာဆွဲခေါ်နေရတာလဲ? မင်းတို့က ဖန့်ရှောင်နွမ်ကိုကျ မခေါ်ဘူးလား?” ကျီဝမ်က မတရားသလို ခံစားရတဲ့အတွက်ကြောင့် ရဲရဲပဲ ပြန်ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က ကျီဝမ်ရဲ့ဖုန်းကို ကိုင်ပြီး ကျီဝမ်ကို ပြောလိုက်သည်။ “ကျီဝမ်၊ နင် အရှက်မရှိဘူးလား? ငါက နင့်ကိုဓာတ်ပုံရိုက်ပေးဖို့ နေပူထဲမှာ ပြေးနေရတာကို နင်က ငါ့ကို ဆွဲခေါ်သွားစေချင်တာလား? ငါ နင့်မျက်နှာကို သုံးရက်လောက် ကန်ထည့်လိုက်လို့ ဘယ်က အပေါ်၊ ဘယ်က အောက်မှန်းတောင် သိမှာ မဟုတ်ဘူး။” သူမက သူမဖုန်းကို ယူပြီး သူ့နောက်လိုက်ကာ ဧည့်ခန်းထဲကို ရောက်လာခဲ့သည်။ “ငါရိုက်ထားတဲ့ဓာတ်ပုံတွေကို ငါ မဖျက်ဘူးလို့ နင်ထင်နေလား?”
ကျီဝမ်က “မလုပ်ပါနဲ့၊ အဲ့ဒါ ငါ့ဘဝမို့လို့ပါ”လို့ ပြောလိုက်သည်။
ကျီလင်းချန်ရဲ့မျက်နှာက တအားကို မျက်မှောင်လွှမ်းနေသည်။ သူက ထိုင်ခုံကို ညွှန်ပြလိုက်သည်။ “သူ့ကို ထိုင်ခိုင်းလိုက်။ သူ့ကို ကိုင်ထားပြီးတော့ သူ့ဆံပင်တွေအကုန် တုံးလိုက်တော့၊ အိမ်တော်ထိန်း။”
ဘာ? သူ့ခေါင်းကို တုံးလိုက်တော့? တကယ်လား? ဘာလုပ်တော့မယ်ဆိုတာကို သိသွားတော့ ကျီဝမ်က အမြန်ပဲ တောင်းပန်ခဲ့သည်။ “ဉီးလေး၊ ကျွန်တော်မှားပါတယ်။ အခုပဲ ကျွန်တော့်ဆံပင်ကို အနက်ပြန်ဆိုးလိုက်ပါမယ်။”
ဖန့်ရှောင်နွမ်က လက်စားချေတတ်တဲ့သူဖြစ်သည်။ ကျီဝမ်က သူမကို အိမ်စေတွေ ဆွဲခေါ်သွားအောင်ပြောခဲ့လို့ မကျေမနပ် ဖြစ်နေခဲ့သည်။ အဲ့ဒီအချိန်မှာ၊ သူမ တအားပျော်နေသည်။ “ယောကျာ်း၊ သူ့ခေါင်းကို ကတုံးတုံးပြီးတော့ သင်ခန်းစာပေးလိုက်”
......
ဖန်ချီက ဖန့်ရှောင်နွမ်ကို စိုက်ကြည့်နေသည်။ ပြဿနာရှုပ်အောင် လာလုပ်နေတဲ့သူပဲ။ သူမက အဲ့ဒီဟန်ပြပွဲကို ဆက်မကြည့်နိုင်တော့ပေ။
ဖန့်ရှောင်နွမ် သူ့ကို ခေါ်လိုက်တဲ့ အခေါ်အဝေါ်ကြောင့် ကျီလင်းချန် နှလုံးခုန်မြန်သွားသည်။ သူက သူ့ရဲ့ပျော်နေပုံရတဲ့ မိန်းမကို လှည့်ကြည့်လိုက်သည်။ သူမမျက်လုံးထဲက ဖြစ်ချင်နေမှုကို သူသိသည်။
ဖန်ချီက ရင်တုန်စွာဖြင့် ပြောလိုက်သည်။ “လင်းချန်၊ ရှောင်ဝမ်ကို မိန်းမယူခိုင်းဖို့ အစောနလေးကပဲ ပြောခဲ့တယ်လေ။ သူသာ အခု ကတုံးတုံးလိုက်ရင် သူအရမ်းရုပ်ဆိုးသွားလိမ့်မယ်။ ဘယ်လိုမိန်းကလေးက သူ့ကို ကြိုက်တော့မှာလဲ?”
ဝိုးးး ဝိုးးးးဝိုးးး
ကျီဝမ်က မိန်းမယူတော့မှာ?
ကျီဝမ် ကျီလင်းချန်ကို ကြောက်ကြောက်နဲ့ ကြည့်လိက်သည်။ သူ့ရဲ့လည်စလုတ်ရွေ့သွားပြီး သူ့ခြေထောက်တွေကလည်း ကြောက်လို့တုန်ယင်နေသည်။ “ဉီးလေး၊ မိန်းမရှာပေးမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ?”
ဖန့်ရှောင်နွမ်က ရုတ်တရက် စိတ်ဝင်စားသွားသည်။ သူမက ကျီလင်းချန်နားကို စိတ်လှုပ်ရှားစွာနဲ့ ပြေးသွားပြီး သူ့လက်ကို ဆွဲလိုက်ည်။ “ကျီလင်းချန်၊ ဘယ်သူက ကျီဝမ်ရဲ့ မိန်းမလဲဟင်?”
ကျီလင်းချန် မျက်မှောင်ကြုံ့သွားသည်။ သူ့မိန်းမ သူ့ကိုခေါ်တာက ခဏခဏပြောင်းနေသည်။ “မင်း ငါ့ကို ဘယ်လိုခေါ်တာ?”
“ကျီလင်းချန်၊ လင်းချန်၊ ယောကျာ်းလား? ကျီဝမ့် မိန်းမက ဘယ်သူလဲဟင်? ကျွန်မကို မြန်မြန်ပြောပြပါ။ သူမကို ကျွန်မသိလားဆိုတာကို သိချင်လို့ပါ၊ ဟုတ်ပြီလား?” ဖန့်ရှောင်နွမ်က သိချင်စောတွေကြောင့် သူမက ကျီလင်းချန်ကို ချွဲပြီး နားပူနားဆာလုပ်နေတယ်ဆိုတာကို သတိမထားမိချေ။
ကျီလင်းချန်က နားထောင်ချင်စရာနာမည်ကို ထပ်ကြားလိုက်ရတော့ သူ့မျက်နှာရဲ့ တင်းမာမှုက ပြေလျော့လာသည်။ “အဲ့ဒါက မဆုံးဖြတ်ရသေးဘူး။ သူ့ရဲ့ အဒေါ်အနေနဲ့ သူ့အိမ်ထောင်ရေးကို မင်း ဝင်ပါလို့ရတယ်။”
“ဟုတ်လား၊ မစိုးရိမ်ပါနဲ့။ ဒီကိစ္စ ကျွန်မတာဝန်ထား။” ဖန့်ရှောင်နွမ်က မျက်စိဝေ့လိုက်သည်။ သူမက အိမ်စေတွေ ဆွဲခေါ်ထားတဲ့လူကို ကြည့်ပြီးတော့ မကောင်းတာလုပ်တော့မယ့်ပုံနဲ့ ပြုံးလိုက်သည်။ “မစိုးရိမ်ပါနဲ့၊ တူလေး။ မင်းအဒေါ်အနေနဲ့ မင်းရဲ့အိမ်ထောင်ရေးကို ငါသေချာစီစဉ်ပေးပါမယ်။ ငါ မင်းကို ကောင်းတဲ့ မိန်းကလေးတစ်ယောက် ရှာပေးမယ်။”
ဖန်ချီက အခြေအနေကို မြင်သွားတဲ့အတွက် သူမ သည်းမခံနိုင်တဲ့ အတိုင်းအတာ ရောက်သွားသည်။ ဒါ့ကြောင့် အိမ်စေတစ်ယောက်ကို လွှတ်လိုက်သည်။ “မြန်မြန် သခင်ကြီးကို သွားရှာပြီး ရှောင်ဝမ်ကို လာကယ်ခိုင်းလိုက်”
အိမ်စေက ခန်းမထဲမှာ ဘာဖြစ်နေလဲဆိုတာ အကုန်နားလည်သည်။ ကျီဝမ်ဆံပင်ကိစ္စအတွက် သူမက အပေါ်ထပ်ကို ပြေးတက်သွားပြီး သခင်ကြီးကျီကို သွားရှာသည်။ “သခင်ကြီ၊ သခင်ငယ်လေး ဒုက္ခရောက်နေပါတယ်။”
…
ခန်းမထဲမှာတော့၊ ကျီလင်းချန်က ခေါင်းကို ကတုံးစတုံးဖို့ အကုန်ပြင်ဆင်ထားပြီးပြီ။ ကျီဝမ်ရဲ့ ဆံပင်ကိစ္စကိုဖြေရှင်းပြီးမှသာ သူက သူ့မိန်းမနဲ့အတူ ဒီနေရာကနေ ထွက်သွားလို့ရမည်ပင်။
“ကျီလင်းချန်၊ မင်းဘာလုပ်နေတာလဲ?” သခင်ကြီးကျီရဲ့ အသံထွက်လာတဲ့အခါ သူက လှေကားပေါ်မှာပဲ ရှိသေးသည်။
“အဖိုး၊ သားကို မြန်မြန်ကယ်ပါဉီး။ ကျီဝမ်က သူ့ကိုလာကယ်တဲ့သူရဲ့အသံကို ကြားလိုက်ရသလိုဖြစ်တဲ့အခါ မျက်ရည်တွေဝဲလာသည်။