အခန်း (၆၁)
Vol. 5 Ch. 61
သခင်ကြီးကျီက အကျယ်ကြီးရယ်လိုက်သည်။ ကျီမိသားစုက ဒီလောက်ဘယ်တုန်းကမှ ပျော်ပျော်ရွှင်ရွှင်မရှိခဲ့ပေ။ သူ့ရဲ့ ဆိုးသွမ်းတဲ့မြေးကြောင့် အဖြူနဲ့အပြာစပ်ထားတဲ့ မြေအိုးကြီးကွဲသွားတည်းက ကျီဝမ်ကို ရိုက်ခဲ့တဲ့ ဘယ်သူ့ကိုမဆို သူ ကျေးဇူးတင်မိနေသည်။
ဖန့်မိသားစုအတွက် လက်ဆောင်တွေ ပြင်ဆင်နေတာနဲ့ ဖန်ချီ အလုပ်ရှုပ်နေသည်။ သူမက သူမယောကျာ်းနဲ့အတူ ပေးမယ့်လက်ဆောင်စာရင်းတွေကို စစ်ဆေးနေတာနဲ့ သူမရဲ့သားအတွက်တောင် ဂရုစိုက်ချိန်မရှိပေ။ ပြီးတော့ ဖန့်ရှောင်နွမ်က ကလေးလေးတစ်ယောက်လို ပိစိကွေးလေး။ သူမ ရိုက်တာ ဘယ်လောက်တောင် နာမှာမလို့လဲ?
ကျီဝမ်က ‘ငါ ဒီတစ်ခါတော့ ဒီစိတ်တိုတတ်တဲ့မိန်းကလေးကို စိတ်ဆိုးအောင်လုပ်ခဲ့ပြီ။ ငါတော့ သွားပြီ’လို့ သူ့ဘာသာ တွေးနေမိသည်။
ဆယ်နာရီမထိုးခင်မှာပဲ ကျီလင်းချန်ရဲ့ကား အိမ်ရှေ့ကို ဆိုက်လာသည်။ သူ ကားထဲက ထွက်ပြီး အိမ်စေကိုမေးလိုက်သည်။ “ဒုတိယသခင်မလေး နိုးပြီလား?”
အိမ်စေက ပြောလိုက်သည်။ “သခင်လေး၊ သခင်မလေးက သခင်လေး သွားတာနဲ့ တန်းနိုးလာပါတယ်။ အခု သူမက အိမ်ထဲမှာ သခင်လေး ကျီဝမ်နောက်ကို ပြေးလိုက်နေပါတယ်။”
သူတို့နှစ်ယောက်က ဘာလို့ အတူတူရှိနေပြန်တာလဲ? ကျီလင်းချန်က သူ့ နက်တိုင်ကို သေချာပြန်တည့်ပြီးတော့ ဧည့်ခန်းထဲကို တန်းဝင်သွားသည်။ ရန်ဖြစ်နေတဲ့ နှစ်ယောက်လည်း အခုတော့ ရန်ဖြစ်တာ ရပ်သွားသည်။ ဖန့်ရှောင်နွမ်နဲ့ ကျီဝမ်က ဆိုဖာမှာ ဆန်ကျင်ဘက်ထိုင်နေကြသည်။ ရယ်ဖို့ကို မနည်းထိန်းထားရတဲ့ သခင်ကြီးကျီက သူတို့နှစ်ယောက်ကြားမှာ ထိုင်နေသည်။
သခင်ကြီးကျီက အရမ်းကို စိတ်ကောင်းဝင်နေသည်။ သူက သူ့ရဲ့ဒုတိယသားပြန်လာတာကို မြင်တော့ သူ့ကို လက်ယမ်းပြသည်။ “လာပြီး ထိုင်ပါဉီး။ မင်းဇနီးက အခုတင် ငါ့အပေါ်ကို သူ့ဒေါသတွေ လာပုံချနေတယ်။”
ကျီလင်းချန်က သူမဘေးနားမှာထိုင်ပြီး စိတ်ဆိုးနေတဲ့ သူ့မိန်းမကို ကြည့်လိုက်သည်။ သူက ပြုံးလိုက်ပြီးတော့ “ဒီတစ်ခါကော မင်းဘာလုပ်ခဲ့တာလဲ?”လို့ မေးလိုက်သည်။ သူ မရှိတာနဲ့ အိမ်က ဘယ်တော့မှ တိတ်ဆိတ်မနေပေ။ အိမ်က အမြဲတမ်း စိုပြည်နေသည်။ အခုတော့ အိမ်က အိမ်နဲ့တူသွားပြီး။
အရိုက်ခံထားရတဲ့ ကျီဝမ်ကို ဖန့်ရှောင်နွမ်က လက်ညှိုးထိုးလိုက်ပြီး သူမယောကျာ်းကို ချွဲပြီးတော့ တိုင်လိုက်သည်။ “ယောကျာ်း၊ အခုတင် ကျွန်မအိပ်နေတာကို သူလာနိုးခဲ့တာ။”
ကျီလင်းချန်က ငြိမ်နေတဲ့ ကျီဝမ်ကို ကြည့်လိုက်ပြီး “မင်း သူ့ကို ရိုက်လိုက်သေးလား?”လို့ မေးလိုက်သည်။
ဖန့်ရှောင်းနွမ်က ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်တယ်။ အဖေကလည်း ကျွန်မကို ရိုက်ဖို့တုတ်ပေးတယ်လေ။ သူ့ကိုရိုက်တဲ့ထဲမှာ အဖေလည်း ပါတယ်။
ကျီလင်းချန်က ရယ်ဖို့ထိန်းထားရတဲ့ သူ့အဖေကို ကြည့်လိုက်သည်။ သူက သခင်ကြီးကျီ သူ့ရဲ့တုတ်ကောက်ကို ကောက်ကိုင်လိုက်ပြီး “ဟုတ်တယ်၊ ငါ သူမကို တုတ်ပေးခဲ့တာ။ ကျီဝမ့်ကို ရိုက်တဲ့ထဲမှာ ငါလည်းပါတယ်။”လို့ ဂုဏ်ယူတဲ့သဘောနဲ့ပြောတာကို တွေ့လိုက်သည်။
ကျီလင်းချန်က ပြောစရာမရှိအောင်ကို အံ့ဩသွားသည်။ သူ့အဖေက ကလေးဆန်သလိုပြုမူနေပုံရသည်။
ကျီလင်းချန် ပြန်လာတာကို မြင်တော့မှ ဖန့်ရှောင်နွမ်က သူမ မိဘတွေကို မဆက်သွယ်ရသေးဘူးဆိုတာကို သတိရသွားသည်။
ကျီလင်းချန် - “သူတို့ကို မင်း ဆက်သွယ်ဖို့ဆိုတာ အရမ်းနောက်ကျသွားပြီ။ မစိုးရိမ်ပါနဲ့။ ဒီမနက်တုန်းက ကားထဲမှာရှိတုန်း မင်းမိဘတွေကို ငါပြောပြီးသွားပါပြီ။ သူတို့က ဒီနေ့ အိမ်မှာစောင့်နေလိမ့်မယ်။”
အဲ့အချိန်မှာပဲ ဖန့်ရှောင်နွမ်က ယောကျာ်းရှိတာလည်း ကောင်းတဲ့အရာပဲဆိုတာကို ခံစားမိသွားသည်။ အနည်းဆုံးတော့ သူမက သူ့ကို အားကိုးလို့ရသည်။ အိမ်သွားရမယ့် အချိန်ပဲ။ ဖန့်ရှောင်းနွမ်က စိတ်လှုပ်ရှားစွာနဲ့ ကားထဲဝင်ပြီး ခါးပတ်ပတ်ထားကာ ကားမောင်းမဲ့ သူမယောကျာ်းကို စောင့်နေသည်။ သူမနောက်မှာတော့ မြို့တော်ဝန်ကျီရဲ့သားလည်း ကားထဲဝင်ထိုင်နေသည်။
ကျီဝမ်ရဲ့ မျက်နှာက ဒဏ်ရာတွေနဲ့ ပြည့်နေသည်။ “အဖေ၊ အမေ၊ သားလည်း လိုက်မယ်။”
ဖန်ချီက သူ့သားကို မလိုက်စေချင်ပေ။ သူ့သားက နည်နည်း မျက်နှာပူစရာဖြစ်နေတယ်လို့ သူမ ခံစားမိသည်။ “မင်းမျက်နှာ မသက်မသာချင်း အပြင်မထွက်နဲ့။ အဲ့အချိန် အိမ်မှာပဲနေပြီး ဘယ်သူနဲ့မှလည်း မတွေ့နဲ့”
“မဟုတ်ဘူး။ သားက ဖန့်မိသားစုဆီကို သွားမှာ။” သူက ဖန့်မိသားစုကို သူရခဲ့တဲ့ ဒဏ်ရာတွေကို ပြချင်နေသည်။ ဒဏ်ရာတွေအကုန်လုံးက သူတို့ရဲ့ စိတ်တိုလွယ်တဲ့ သမီးကြောင့်ဖြစ်ခဲ့တာချည်းပဲ။
မြို့တော်ဝန်ကျီက အချိန်မဖြုန်းချင်ပေ။ သူက ကျီဝမ်အစား “မေ့လိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ်၊ အဲ့ဒါ ကျီဝမ်နဲ့ပဲဆိုင်တယ်။ သူ သွားချင်ရင် သွားလို့ရတယ်”လို့ ပြောလိုက်သည်။ အဲ့လိုပြောပြီးတော့ သူက ကားစက်နိုးပြီး ကျီမိသားစုရဲ့ အိမ်ပြင်ဘက်တောင်ရောက်နေပြီဖြစ်တဲ့ သူ့နဲ့ညီကားနောက်ကို မောင်းလိုက်သွားသည်။
ဖန့်မိသားစုအိမ်ကို သူတို့ရောက်တော့ ဖန်ချီ မျှော်လင့်ထားတာထက် ဖန့်လင်မယားက အရမ်းကို စိတ်လှုပ်ရှားနေကြသည်။ သူမက ဘယလို တောင်းပန်စကားစပြောရမလဲဆိုတာကိုတောင် မသိပေ။ “ရှင်တို့ နောက်ဆုံးတစ်ခေါက် ဖန့်ရှောင်နွမ်ကိုတွေ့ဖို့ ကျီမိသားစုအိမ်ကို လာတုန်းက၊ ကျွန်မ…”
“အို့၊ သူမ ငါတို့ကို အကုန်ပြောပြီးပြီ။ သူမက အဲ့နေ့က အပြင်ထွက်သွားလို့ အိမ်မှာရှိမနေတော့ ငါတို့ သူမကို မတွေ့ခဲ့ဘူးလေ။” သခင်မဖန့်က ဖန်ချီကို စကားဖြတ်ပြောရင်း ပြုံးနေသည်။ ပြီးတော့ သူမက “နွမ်နွမ်က ငယ်သေးတယ်လေ။ သူမက ကျီမိသားစုဝင်နဲ့ လက်ထပ်ခဲ့ပေမယ့် သူမရဲ့အဖေနဲ့ ငါက ဘာမှတောင် သိပ်မပေးနိုင်ခဲ့လို့၊ သူမ ကျီမိသားစုအိမ်မှာ ပြဿနာရှာမှာကို စိတ်ပူနေခဲ့ရတာ။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူမဘေးနားမှာရှိပေးတဲ့ မင်းကြောင့် သူမ အမှားအများကြီးမလုပ်ခဲ့ဘူး။ နွမ်နွမ်က ငါတို့ကို အကုန်ပြောပြပါတယ်။ ဟိုတလောကပဲ၊ မင်းဆီကို ကျေးဇူးတင်ကြောင့် ပြောဖို့ လာဖို့လုပ်နေတာ၊ မင်းတို့အရင်လာလိမ့်မယ်လို့တော့ မထင်ထားခဲ့မိဘူး။”လို့ ပြောလိုက်သည်။
ဖန်ချီ အံ့ဩသွားသည်။ “ရှောင်နွမ်က ရှင်တို့ကို ဒါတွေပြောပြခဲ့တာလား?” ဖန့်ရှောင်နွမ်က သူမ ကျီမိသားစုမှာ ခံစားခဲ့ရတဲ့ နာကျည်းချက်တွေနဲ့ အဆင်မပြေမှုတွေကို သူမ မိသားစုကို မပြောပြခဲ့ပေ။ အဲ့ဒီအစား ဖြစ်လာတဲ့ဟာတွေအကုန်လုံးကို သူမ တစ်ယောက်တည်း ရင်ဆိုင်နေပြီး သူတို့နောက်မှာလည်း သူတို့ကောင်းကြောင်းကိုသာ ပြောခဲ့သည်။ အဲ့အချိန်၊ ဖန်ချီက သူမကိုယ်တိုင်က ဒီမိန်းကလေးငယ်လေးထက်တောင် ဆိုးရွာစွာပြုမှုခဲ့တယ်ဆိုပြီး သိလိုက်ရသည်။
အဲ့အချိန်မှာပဲ ဖန့်လင်မယားက ကျီဝမ်ကိုလည်း တွေ့လိုက်သည်။ “ရှောင်ဝမ်၊ မင်းက လင်းချန်ရဲ့တူလား?” ဖန့်လင်မယားရဲ့ အံ့ဩနေပြီး ပျော်နေတဲ့ မျက်နှာထားကို သူတို့မျက်နှာကနေတစ်ဆင့် ကြည့်တာနဲ့သိနိုင်သည်။
ကျီဝမ်က တမင် သူ့ပါးစပ်ထောင့်နားက အနာတွေကို ဖန့်လင်မယားမြင်အောင် ခေါင်းမော့လိုက်သည်။ သူက နာခံစွာ နှုတ်ဆက်လိုက်သည်။ “ဟုတ်ပါတယ်။ စကားပြောကြတာပါ။ မင်္ဂလာပါ၊ သခင်ကြီးနဲ့ သခင်မဖန့်။”
ဖန့်လင်မယားက တစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြသည်။ သူတို့ရဲ့အကြည့်ကို သူတို့နှစ်ယောက်ပဲ နားလည်ကြသည်။ 'ကြည့်၊ ငါတို့သမီးက ရှောင်ဝမ်ကို ရိုက်လိုက်ပြန်ပြီ။'