← Chapters

အခန်း (၆၅)

Vol. 5 Ch. 65

အခန်း (၆၅)

Vol. 5 Ch. 65

ဖန့်ရှောင်နွမ်က ဘာမှမသိဘဲ သူမခေါင်းကို ကုတ်လိုက်သည်။ “သူ မနေ့ညက ဘယ်အချိန် ပြန်လာတာလဲ?”

သူမက အရမ်းကို အိပ်ချင်နေတော့ ဘယ်အချိန်လဲဆိုတာကို မသိခဲ့ပေ။ သူမ နောက်ဆုံး မှတ်မိတာက ကျီလင်းချန်ကို ဖုန်းခေါ်ခဲ့တာပဲ။ သူမ ထပြီး အခန်းထဲက လမ်းလျှောက်ထွက်သွားသည်။ ကျီဝမ်ရဲ့ အော်သံကို ကြားလိုက်တော့ သူမက မနက်စာစားဖို့ အောက်ကို ဆင်းနေဆဲဖြစ်သည်။ “အာ၊ ငါ့ဉီးလေးက အချစ်ရှုးပဲ။ ငါ့လို သန်သန်မာမာ ယောကျာ်းတစ်ယောက်က ဘယ်တုန်းကမှ ဒီလို အနိုင်ကျင့်မခံခဲ့ရဘူး။”

ဖန်ချီ ဒုက္ခရောက်နေပုံရသည်။ “မင်းဉီးလေးက မင်းအတွက် ဆရာကောင်းကို ရှာတွေ့ထားတာ။”

ကျီဝမ်က ထခုန်ပေါက်လိုက်သည်။ “သူ့မိန်းမကို သင်ခိုင်းပါလား။ ဘာပဲဖြစ်ဖြစ် သား မသွားဘူး။ သွားလည်းမသွားလို့ သားကို သတ်မယ်လို့ ခြိမ်းခြောက်တောင် မသင်ဘူး။”

ဖန့်ရှောင်နွမ် ဆွံ့အသွားသည်။ သူမက အသာလေးလွှတ်မပေးဘူး ပုံစံနဲ့ ပြောလိုက်သည်။“နင် တစ်မနက်ခင်းလုံး အော်နေတာ။ နင် အရိုက်ခံချင်နေတာလား?”

ဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့သူကို တွေ့တာထက်ကို ကျီဝမ်တုန့်ပြန်ပုံက တအားကို လွန်ကြူးနေသည်။ သူက စိတ်ဆိုးစွာနဲ့ ဖန့်ရှောင်နွမ်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။ “ဒီလိုဖြစ်အောင်လုပ်တာ နင်ပဲ။ အခုတော့ ငါ့ဉီးလေးက ငါ့ကို သင်ခန်းစာပေးဖို့ လုပ်နေပြီ”

ဖန့်ရှောင်နွမ် နားမလည်နိုင်ဖြစ်နေသည်။ “ငါက နင့်ကို ဘာလုပ်ခဲ့လို့လဲ?”

ဖန်ချီက တခြားဘက်မှ ရှင်းပြလိုက်သည်။“ဒီနေ့မနက်၊ ရှောင်ဝမ်အတွက် စိတ်ဝင်စားစရာကောင်းတဲ့ အတန်းတစ်ခုတွေ့ထားတယ်လို့ လင်းချန်က ပြောသွားတယ်။ သူ ကတတ်တယ်ဆိုတာကို ငါလည်း အခုမှသိတာ။”

ကျီဝမ်က ပြောလိုက်သည်။“အမေ၊ အကုန်လုံးပြောပြလေ။ အဲ့တာက ဗိုက်လှုပ်ကတာ။”

ဖန့်ရှောင်နွမ်က ၁.၈မီတာရှည်တဲ့ ကျီဝမ်ကို သေချာကြည့်ပြီး ရယ်လိုက်သည်။

“ဟဟဟ၊ နင့်ဉီးလေးက ဘာလို့ နင့်ကို ဗိုက်လှုပ်အကသင်တန်းကို ပို့တာလဲ?”

ကျီဝမ်က သူထပ်ပြီး ကူညီပေးခဲ့တဲ့ နှလုံးသားမဲ့တဲ့ ဖန့်ရှောင်နွမ်ကို လက်ညှိုးထိုးပြီး စိတ်တိုစွာ ပြောလိုက်သည်။ “အဲ့တာနင့်ကြောင့်လေ။ မဟုတ်ရင်၊ သူက ဘယ်လိုလုပ် ငါ့ကို လက်စားချေလို့ရမှာလဲ?”

ဖန့်ရှောင်နွမ်က သူမအပြစ်မရှိဘူးလို့ တွေးနေသည်။ သူမနဲ့ အဲ့ဒါဘာဆိုင်လို့လဲ? ကျီဝမ်က သူမကို ဆွဲခေါ်သွားပြီး ဧည့်ခန်းထဲကနေ အတူတူထွက်သွားသည်။ သူတို့က ကိစ္စကို ဖြေရှင်းဖို့ အိမ်ပြင်ကို သွားကြသည်။ “နင်က ငါ့ရည်းစားဟောင်းဆိုပြီး နင့်ဉီးလေးကို ပြောခဲ့တာလား?”

ဖန့်ရှောင်နွမ် ပြောလိုက်သည်။“အဲ့ဒါ အမှန်ဆိုတာကို ဘယ်သူယုံမှာလဲ? ငါက မျက်စိကန်းနေလို့လား? နင့်ကို ငါက ဘာလို့ ကြွေရမှာလဲ?”

“အဲ့ဒါ ငါ့ဉီးလေး ငါ့ကို မနေ့က ပြောခဲ့တာပဲ။ ပြီးတော့ ငါတို့ပတ်သတ်ခဲ့တယ်ဆိုပြီး ငါ ဝန်ခံလိုက်တယ်။ အခုတော့ သူက ငါ့ကို သူ့ပြိုင်ဘက်အနေနဲ့ သဘောထားနေတယ်။” ကျီဝမ်က ရှင်းပြလိုက်သည်။

မနေ့က ဘာဖြစ်ခဲ့လဲဆိုတာကို ဖန့်ရှောင်နွမ်စဉ်းစားမိပြီး ခေါင်းခါလိုက်သည်။ သူမက “ငါသာ အဲ့လိုပြောခဲ့ရင် ငါ့ဘဝတစ်လျှောက်လုံး နင့်အပါးစေဖြစ်ပါစေဆိုပြီး ငါကျိန်ရဲတယ်”လို့ပြောပြီး ကျိန်လိုက်သည်။

ကျီဝမ်က “သေစမ်၊ နင်က ဒီလိုတောင် ကျိန်ရဲတာလား? ဒါဆို၊ တကယ်ပဲ နင် ငါ့ဉီးလေးကို ဘာတွေပြောခဲ့တာလဲ?”

ဖန့်ရှောင်နွမ်က ပြန်တွေးကာ ပြောလိုက်သည်။“မနေ့က ငါတို့နှစ်ယောက်ဘယ်လိုပတ်သတ်တာလဲဆိုပြီး နင့်ဉီးလေးက ရုတ်တရက်မေးလာတယ်။ နင်က ငါ့အတွက် အခိုင်းစေလိုဆိုတာကို မပြောဖို့ ငါ နင့်ကို ကတိပေးထားတယ်လေ။ ဒါကြောင့် နင်နဲ့ငါက အချစ်ဆုံးသူငယ်ချင်းတွေလိုပဲလို့ ငါသူ့ကို ပြောလိုက်တယ်။ အတူတူဈေးဝယ်ထွက်တယ်၊ ပြီးတော့ အတူတူကစားကြတယ်လို့ သူ့ကို ပြောလိုက်တယ်။ ပြီးတော့ နင့်ဉီးလေးက ပစ္စည်းတွေသိမ်းဖို့ ငါ့ကို အချိန်၁၅မိနစ်ပေးတယ်။ ပြီးတော့ ငါ့ကို စောင့်နေဖို့ ကားဆီသွားခဲ့တာ။ အဲ့ဒါပဲ။”

ကျီဝမ်က “အဲ့ဒါပဲလား?”လို့ ပြောလိုက်သည်။

“ဟုတ်တယ်လေ။ အဲ့ဒါပဲ။ အိမ်ပြန်တဲ့အချိန်မှာတောင် ငါတို့ ဘာမှမပြောကြဘူး။” ကျီလင်းချန် ဘာလို့ ကျီဝမ်ကို အဲ့လိုပြောတာလဲဆိုတာကို ဖန့်ရှောင်နွမ် နားမလည်ပေ း။

ကျီဝမ်က နားမလည်နိုင်ဘဲ ခေါင်းကုတ်နေသည်။ “ဘာမှ မူမမှန်တာလဲ မပါပါဘူး။”

ဖန့်ရှောင်နွမ်လည်း သူနဲ့ သဘောတူလိုက်သည်။ “အဲ့ဒါဟုတ်တယ်။ ဘာမှ မှားတာလဲ မပါဘူး။ ပြီးတော့ နင့်ဉီးလေးက နင့်ကို ဘာပြောခဲ့တာလဲ?”

ခဏနေကြတော့ ကျီဝမ် တစ်မျိုးတုန့်ပြန်လိုက်သည်။ “ငါသိပြီ။ ငါ့ဉီးလေးက ငါ့ကို တမင် ကစားနေတာပဲ။ ငါတို့နှစ်ယောက်ကြားမှာ တစ်ခုခုရှိနေတယ်လို့ သူ ထင်နေတာ။ ငါတို့ဆက်ဆံရေးက တအားကောင်းတယ် ထင်ပါတယ်။”

ဖန့်ရှောင်နွမ် - “သွားစမ်းပါ။ ငါ့မျက်စိကန်းနေတာလို့ နင်ထင်လား (ဒါမှမဟုတ်) ငါ့နှလုံးသားက ကန်းနေတယ်လို့ နင်ထင်နေတာလား? နင့်ကို ငါက ဘာလို့ စိတ်ဝင်စားရမှာလဲ?”

ကျီဝမ် - “ငါ့မျက်စိကန်းနေတယ်လို့လည်း ငါမထင်ပါဘူး။ ငါ့ဉီးလေး ဘာတွေးနေတာလဲ? ဘာလို့ နင့်ကို ကြိုက်ရမှာလဲ?”

သူတို့နှစ်ယောက် အကြောင်းအရင်းသိတဲ့အခါမှာ ကျီဝမ်က ဖန့်ရှောင်နွမ်အပေါ် မျှော်လင့်ချက်တွေထားထားသည်။ “ဟေ့၊ ငါက နင့်ကို ၁၁နှစ်လုံးလုံး ကူပြီးလုပ်ပေးခဲ့ရတာလေ။ ငါ့ဉီးလေးကို ကူပြီးရှင်းပြပေးပါ။ ငါ့ရဲ့ ဗိုက်လှုပ်အကသင်တန်းမ တက်ရတော့အောင်လုပ်ပေး”

ဖန့်ရှောင်နွမ်က မျက်တောင်ခတ်နေသည်။ သူမမှာ တခြားမကောင်းတဲ့ အတွေးတွေ အများကြီးပဲ။ “ဒီကိစ္စ၊ ဒီကိစ္စကိုတော့ ငါတို့နောက်မှ ပြောကြမယ်။”

နေ့ခင်းမှာတော့ အိမ်တော်ထိန်းက ကျီဝမ်ကို ဗိုက်လှုပ်အကသင်တန်းဆီ အတင်းသွားခိုင်းတာကြောင့် သွားလိုက်ရသည်။ ဖန့်ရှောင်နွမ်က ပျင်းစရာကောင်းတယ်ဆိုပြီးတော့ သူ့နောက်ကို ကြည့်ဖို့ဆိုပြီး လိုက်သွားသည်။

အကခန်းထဲမှာ ကျောင်းသားဆယ်ယောက်ရှိသည်။ ကိုးယောက်က မိန်းကလေးဖြစ်ပြီး ကျီဝမ်တစ်ယောက်တည်းကသာ ယောကျာ်းလေးဖြစ်နေသည်။ တခြားသူတွေက အေးဆေးကနိုင်ပေးမယ့် ကျီဝမ်ကတော့ ဟုတ်မနေပေ။ သူ့အော်သံတွေကို ဖန့်ရှောင်နွမ်က အခန်းအပြင်ဘက်ကနေတောင် ကြားနေရသည်။ “အာ.. နာတယ်။ ကျွန်တော့်အရိုးတွေ ကျိုးကုန်ပြီ။ ..နာတယ်….နာတယ်။”

ဖန့်ရှောင်နွမ်က အဲ့တာကို ရိုက်ယူထားဖို့ ဖုန်းထုတ်လိုက်သည်။ ပြီးတော့ အဲ့တာကို သူမအချစ်ဆုံးသူငယ်ချင်းကို ပို့လိုက်သည်။ “စစ်ယွီ၊ ကျီဝမ်က ငါနဲ့ ဘယ်လို တော်နေလဲဆိုတာကို နင် မခန့်မှန်းနိုင်လောက်ဘူး။”

“သူက နင့်ရဲ့အမြဲတမ်း လက်ပါးစေ မောင်လေးမဟုတ်ဘူးလား?”

“ကျီဝမ်က ကျီလင်းချန်ရဲ့တူအရင်းပဲ။ အခုတော့ ငါတို့လေးယောက်ထဲမှာ ပုန်းလျှိူးနေနေတဲ့ ချမ်းသာတဲ့မျိုးဆက်ရှိနေတယ်။” ဖန့်ရှောင်နွမ်က ရှင်းပြလိုက်သည်။

“ဘုရားရေ၊ ကျီဝမ်က နင့်တူလား?” လျှိုစစ်ယွီက လန့်ပြီး အိပ်ရာက ထလာသည်။ သူမက ဖုန်းကို လက်နှစ်ဖက်နဲ့ကိုင်က ဖန့်ရှောင်နွမ်ကို မက်ဆေ့ပို့နေသည်။

ဖန့်ရှောင်နွမ်က အီမိုဂျီပုံလေးနဲ့ ပြန်ဖြေလိုက်သည်။“ဟုတ်တယ်၊ ငါက အခု သူ့ရဲ့အဒေါ်”

All Chapters