← Chapters

အခန်း (၆၆)

Vol. 5 Ch. 66

အခန်း (၆၆)

Vol. 5 Ch. 66

အဲ့နောက် ဖန့်ရှောင်နွမ်က နောက်ထပ်ဗီဒီယိုရိုက်လိုက်ပြီး လျှိုစစ်ယွီဆီ ပို့လိုက်သည်။ “အကခန်းထဲမှာ ယောကျာ်းလေးက ကျီဝမ်တစ်ယောက်တည်း။ ငါ့ယောကျာ်းက သူ့ကို ဗိုက်လှုပ်အကသင်ဖို့ ပြောထားတာ။”

လျှိုစစ်ယွီက မေးခွန်းတွေ အများကြီး မေးချင်နေသည်။ ဖန့်ရှောင်နွမ် ကျီမိသားစုထဲ ရောက်သွားပြီးတော့ ဘာတွေဖြစ်ခဲ့လဲဆိုတာကို သူမ သိချင်နေသည်။

ဖန့်ရှောင်နွမ် အပြင်ဘက်ကနေ ကျယ်လောင်စွာရယ်နေတဲ့အချိန်မှာပဲ ကျီဝမ်ကတော့ အခန်းထဲမှာ ကရတာနာလို့ အော်ဟစ်နေသည်။ သူတို့နှစ်ယောက်လုံးက လုံးဝဆန့်ကျင့်ဘက်ပဲ။

နေ့ခင်း၌ ကျီလင်းချန် အလုပ်ကနေ အိမ်ပြန်လာခဲါသည်။ အဝေးကနေတောင် ကျီမိသားစုအိမ်အောက်မှာ ဘေးချင်ကပ်ထိုင်နေတဲ့ စုံတွဲကို သူမြင်လိုက်ရသည်။ သူက ဒါကိုရွဲ့ပြောဖို့ အခွင့်အရေးယူလိုက်သည်။

ဖန့်ရှောင်နွမ်နဲ့ ကျီဝမ်နဲ့က ရေခဲမုန့်တွေကို ကိုယ်စီကိုင်ပြီး စားနေကြသည်။ သူတို့က နေပူရှောင်ဖို့ အိမ်အောက်မှာ ဘေးချင်ကပ်ထိုင်နေကြသည်။ သူတို့နှစ်ယောက်လုံးက သူ့ရဲ့ ကြောက်နိုင်စေတဲ့ အယောင်အဝါကိုတောင် သိပုံမရပေ။ “ဟေ့၊ ငါနင့်ကို နောက်တစ်ခါ ရေခဲမုန့်ထပ်ကျွေးမယ်။ နင်ကတော့ ငါ့ကို ဒီကိစ္စပြီးအောင် ကူညီပေး။”

ဖန့်ရှောင်နွမ်က ကျီဝမ်ကို မကူညီချင်လို့မဟုတ်ဘဲ ကျီလင်းချန်တစ်ယောက် ဒီရက်ပိုင်းအရမ်းကို ပြောင်းလဲသွားလို့ဖြစ်သည်။ သူမက သူ့အကြောင်းကို သေချာမသိပေ။ “သူက ငါ့စကားနားမထောင်ရင် ဘယ်လိုလုပ်မလဲ?”

“နင်က အခု သူကြိုက်တဲ့မိန်းကလေးလေ။ ငါ့ကို နားထောင်စမ်းပါ။ သူ့ကို နည်းနည်းလောက်ပဲ ချိုသာစွာပြောလိုက်၊ သူက နင်ပြောသမျှကို နားထောင်လိမ့်မယ်။”

တကယ့်ကိစ္စထဲမှာ ပါဝင်နေတဲ့သူတွေက မသိနိုင်ပေမယ့် ဘေးက ကြည့်နေတဲ့သူတွေတော့ အကုန်လုံးကို သိနိုင်သည်။ အရင်တုန်းက ဆိုရင်တော့ ကျီဝမ်က သူ့ရဲ့ဆိုးဝါးတဲ့ဦးလေးက အချစ်ကျေးကျွန်လေးဖြစ်နေမယ်လို့ ထင်ခဲ့မိမှာမဟုတ်ပေ။

ဖန့်ရှောင်နွမ်ရဲ့ နှုတ်ခမ်းထောင့်က ကွေးတက်သွားသည်။ ကျီလင်းချန်က သူမကို ကြိုက်တာလား? အဲ့ဒါက သူမဘဝမှာကြားဖူးတဲ့ အရီရဆုံးဟာသပဲ။

ကျီဝမ် - “ငါ့ဉီးလေးသာ နင့်ကို စိတ်မဝင်စားရင်၊ သူ နင့်ကို လက်ထပ်ခဲ့မှာ မဟုတ်ဘူး။”

“နင့်အဖိုးက သူ့ကို ခြိမ်းခြောက်ပြီးလက်ထပ်ခိုင်းလို့ လက်ထပ်ခဲ့တာကော မဖြစ်နိုင်ဘူးလား?”

ကျီဝမ်က ကျီလင်းချန်ရဲ့ စိတ်ကို တခြားသူတွေအားလုံးထက် နားလည်သည်။ “ဘယ်သူမှ ငါ့ဉီးလေးကို ခြိမ်းခြောက်လို့မရဘူး။ ဒါပေမယ့်၊ သူ မလုပ်ချင်တဲ့ အရာကိုလည်း ဘယ်တော့မှမလုပ်ဘူး။ သူရှေ့မှာ ဘုရင်လာပြီးမတ်တတ်နေရင်တောင် ဘာမှအသုံးမဝင်ဘူး။”

ဖန့်ရှောင်နွမ် နှုတ်ခမ်းကိုက်လိုက်သည်။ သူမ ကျီဝမ်နဲ့ယှဉ်ရင် ဘာမှ ရေရေရာရာ မသိပေ။ သူမ ရေခဲမုန့် တစ်ကိုက် ကိုက်ပြီး ပြောလိုက်သည်။“နင့်အစား ငါပြောပေးမယ်လို့ ကတိပေးတယ်၊ ဒါပေမဲ့ ငါလုပ်နိုင်ပါ့မလားဆိုတာကိုတော့ အာမ မခံနိုင်ဘူး။”

“ဟုတ်ပြီ။ ကိစ္စပြီးပြီနော်။”

ကျီလင်းချန်ရဲ့ကားက သူ့တို့ရှေ့မှာ ထိုးရပ်လာခဲ့သည်။ ပြီးတော့ ကျီလင်းချန် မှုန်သုန်နေတဲ့ ပုံနဲ့ ကားထဲက ထွက်လာသည်။ ရေခဲမုန့်စားနေတဲ့ သူတို့နှစ်ယောက်လုံးက ကားထဲက ထွက်လာတဲ့သူကို တစ်ချိန်တည်းမှာပဲ ကြည့်နေကြသည်။

ကျီလင်းချန် - “မင်းက ဒီမှာ ဘာထိုင်လုပ်နေတာလဲ?”

ဖန့်ရှောင်နွမ် - “ရှင်ပြန်လာတာကို စော

င့်နေတာလေ။”

ကျီဝမ်ကလည်း ပြောလိုက်သည်။“ဉီးလေးကို စောင့်နေတဲ့သူ့ကို ကျွန်တော်အဖော်ပြုပေးနေတာ။”

ကျီလင်းချန်က မြေကြီးပေါ်က ကောင်မလေးကို မချီဖို့ ကုန်းလိုက်သည်။ ပြီးတော့ သူမကို စိုက်ကြည့်ကာ “ရေခဲမုန့်ကို လွှင့်ပစ်လိုက်။”လို့ အမိန့်သံနဲ့ ပြောလိုက်သည်။

တစ်ဝက်ပဲစားရသေးတဲ့ ရေခဲမုန့်ကို ဖန့်ရှောင်နွမ်ကြည့်လိုက်ပြီး နောက်တစ်ကိုက်ကိုက်လိုက်သည်။ “မလုပ်နဲ့။”

ကျီလင်းချန်က တန်းခနဲ သူမလက်ထဲကဟာကို ဆွဲယူလိုက်ပြီးတော့ အမှိုက်ပုံးထဲ ပစ်လိုက်သည်။ သူတို့နှစ်ယောက်ပြောနေတာကို သူ ကြားလိုက်ရသည်။ သူ့တူက သူမကို ရေခဲမုန့်ဝယ်ကျွေးခဲ့တာ။

ကျီလင်းချန်က သဝန်တိုနေသည်။ ရေခဲမုန့်လည်း ပျက်စီးသွားသည်။ ကျီဝမ်က ပြဿနာထဲမပါအောင် အမြန်တိတ်တိတ်လေး ထွက်သွားတဲ့အချိန် ဖန့်ရှောင်နွမ်က နည်းနည်းစိတ်ဆိုးနေသည်။

အခန်းထဲရောက်တော့၊ ဖန့်ရှောင်နွမ်က ဆူပုတ်နေပြီး သူမမျက်လုံးတွေကလည်း ဒေါသတွေနဲ့ ပြည့်နေသည်။ သူမက သူမယောကျာ်းကို ကြည့်ပြီး ပြောလိုက်သည်။“ကျီလင်းချန်၊ ရှင် ကျွန်မကို ရေခဲမုန့်တော့ စားခိုင်းသင့်တယ်။”

ကျီလင်းချန်က ဖုန်းကို ဖန့်ရှောင်နွမ်ကို ပစ်ပေးပြီး အေးစက်စက်ပြောလိုက်သည်။ “ငါ့လက်ထောက်ကို မင်းဘာသာမင်း ဆက်သွယ်လိုက်။ နောက်ကျ မင်းစားချင်တာမှန်သမျှကို ငါ့ကို ပြော”

ဖန့်ရှောင်နွမ်က စိတ်ဆိုးနေတော့ တစ်ခုခုပါးစပ်ထဲမှာရှိနေသလို နှုတ်ခမ်းကြီးဆူနေသည်။ အဲ့ပုံစံလေးက ချစ်စရာလေးလို့ ကျီလင်းချန်က တွေးနေသည်။ ချစ်တဲ့သူရဲ့မျက်လုံးထဲမှာတော့ အမြဲတမ်းလှတယ်ဆိုတာ မှန်သည်။ အခုဖန့်ရှောင်နွမ်ပုံက သူ့အတွက်တော့ ချစ်စရာကောင်းနေသည်။ သူမသာ ကျီဝမ်နဲ့ ဝေးဝေးနေရင် အဲ့ထက်ပိုကောင်းမှာ။

“ဟင့်။ ရှင် ပေးရမှာလေ။ ကျွန်မက ဘာလို့ခေါ်ရမှာလဲ?” ဖန့်ရှောင်နွမ်က ဖုန်းကို ပစ်ပေးလိုက်သည်။ သူမ စိတ်ဆိုးနေတာ သေချာသည်။

ကျီလင်းချန်က ဖုန်းယူပြီး သူ့လက်ထောက်ကို ခေါ်လိုက်သည်။ “ရေခဲမုန့်ဝယ်ပြီးတော့ အိမ်ယူလာခဲ့။”

ဖုန်းကိုင်လိုက်တဲ့ လက်ထောက်က အရမ်းကို အံ့အားသင့်နေသည်။ သူဌေးက ရေခဲမုန့်စားချင်တာလား? သူက “သူဌေးကျီ၊ ဘယ်အရသာ စားချင်လဲ?”လို့ တန်းပြန်မေးလိုက်သည်။

ကျီလင်းချန် မျက်မှောင်ကြုတ်မိသွားသည်။ ရေခဲမုန့်မှာ အရသာအများကြီး ရှိတာလား? သူက သူ့ရဲ့စိတ်ဆိုးနေတဲ့ သူ့မိန်းမကို ကြည့်ပြီး မေးလိုက်သည်။ “ဘာအရသာတွေလဲ?”

သူ့လက်ထောက်က ပြောလိုက်သည်။ “အာ? အများကြီးရှိတယ်လေ။ စတော်ဘယ်ရီ။ မတ်ချာ၊ ချောကလက်”

“အကုန်လုံးသာဝယ်ပြီး ပို့လိုက်”ကျီလင်းချန်က သူ့လက်ထောက်ကို စကားဖြတ်ပြောလိုက်သည်။ သူ့မိန်းမဘာစားချင်လဲဆိုတာကို သူ မသိတဲ့အတွက် အကုန်လုံးဝယ်ခိုင်းလိုက်သည်။

လက်ထောက်လေးက ဖုန်းချပြီး တစ်ခါတည်း ရေခဲမုန့် အရသာစုံလင်အောင် ဝယ်တော့သည်။ ဖန့်ရှောင်နွမ်က နှုတ်ခမ်းစူပြီးတော့ သူမယောကျာ်းကို ကြည့်နေသည်။ “ရှင်က လွှင့်ပစ်ပြီးတော့မှ ဘာလို့ ကျွန်မကို ရေခဲမုန့် ထပ်ဝယ်ကျွေးချင်နေတာလဲ?”

“ရေခဲမုန့် ရောက်လာတော့မယ်လို့ ထင်တယ်။” ကျီလင်းချန်က သူ့မိန်းမဆီကို လျှောက်သွားပြီး နဖူးတောက်လိုက်သည်။ သူ သူမကို ထပ်ပြောခဲ့သည်။ “ဖန့်ရှောင်နွမ်၊ ကျီဝမ်က မင်းတူ။ မင်းတို့နှစ်ယောက် ဝေးဝေးနေသင့်တယ်။”

“နားလည်ပြီ၊ ကျွန်မ နားလည်ပြီ။” ဖန့်ရှောင်နွမ်က ညင်သာစွာနဲ့ ပြန်ဖြေလိုက်သည်။

“မင်းနားလည်တယ်ဆိုရင် ဘာလို့ သူ ဝယ်ကျွေးတဲ့ ရေခဲမုန့်ကို စားရတာလဲ?” ကျီလင်းချန်က နောက်ဆုံး၌ သူပြောချင်တာကို ပြောလိုက်သည်။

All Chapters