အခန်း (၆၇)
Vol. 5 Ch. 67
ဖန့်ရှောင်နွမ်က မတွေးဘဲ ပြန်ဖြေလိုက်သည်။“ကျွန်မအရင်တုန်းကလည်း သူဝယ်ကျွေးတာစားခဲ့တာပဲ”
“မင်းက အရင်အကြောင်းတွေတောင် ငါ့ကို ပြောရဲတာလား?” ကျီလင်းချန်က သဝန်တိုပြီးတော့ သူမရဲ့ပါးတွေကို ဆွဲဆိတ်လိုက်သည်။ “မင်းယောကျာ်းက ဘယ်သူလဲ?”
“ရှင်ပါ။ ဟုတ်ပါတယ်။” ဖန့်ရှောင်နွမ်က သူမမျက်နှာကို လက်နဲ့ ရိုက်လိုက်သည်။ “ကျီလင်းချန်၊ ကျွန်မကို အနိုင်ကျင့်တဲ့အတွက် ရှင့်ကို တရားစွဲချင်တယ်။”
ကျီလင်းချန် ဘာလုပ်လို့ လုပ်ရမှန်းမသိတော့ပေ။ သူ့ဒေါသလည်း တဖြေးဖြေးပြေလျော့သွားသည်။ ဖန့်ရှောင်နွမ်က မျက်နှာကို ပွတ်ပြီး သူ့ရှေ့ကနေ ပြေးထွက်သွားသည်။ သူက ပုန်းနေတဲ့ သူ့မိန်းမကို လက်ညှိုးထိုးပြီး သတိပေးလိုက်သည်။“နောက်ကျ တခြားယောကျာ်းလေးတွေရဲ့ပိုက်ဆံကို မသုံးနဲ့”
အဲ့ပြောပြီးတော့ ကျီလင်းချန်က သူ့အိတ်ကပ်ထဲက ဘဏ်ကတ်ကို ထုတ်ပြီး အိပ်ရာဘေးနားမှာ ချထားလိုက်သည်။ “ဒါ မင်းအတွက် မုန့်ဖိုးပဲ။ တစ်လကို ဆယ်သန်း။ အဲ့တာက မလောက်သေးဘူးဆိုရင် ငါ့ကို ထပ်တောင်း။ မင်း တခြားယောကျာ်းရဲ့ ပိုက်ဆံကို သုံးတာမြင်ရင် ငါမင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး။”
ဖန့်ရှောင်နွမ်က အရှုံးပေးသလို ခေါင်းငြိမ့်လိုက်သည်။ ဒါပေမဲ့ အိပ်ရာဘေးက ဘဏ်ကတ်ကိုတော့ သူမ ထိကို မထိပေ။
လက်ထောက် အရမ်းကို တော်သည်။ ဘယ်လောက်မှ မကြာသေးခင်မှာပဲ ရေခဲမုန့်ပုံးကို ပို့လိုက်သည်။ ဖန့်ရှောင်နွမ်က ပုံးထဲမှာ အရသာမျိုးစုံပါတာကို မြင်တော့ တန်းပျော်သွားသည်။ ‘တန်ပါတယ်လေ။ ရေခဲမုန့်တစ်ဝက်ကြောင့် ရေခဲမုန့်တစ်ပုံး ရတာဆိုတော့။ မဆိုးပါဘူး။’ သူမကိုယ်သူမ ပြောလိုက်ပြီးတော့မှ တစ်ခုကို ထုတ်ယူပြီးတော့ စားလိုက်သည်။
လက်ထောက်က သူဌေးရဲ့မိန်းမကို ဘယ်တုန်းကမှ မတွေ့ဖူးခဲ့ပေ။ အခုသူ့ရှေ့က မိန်းကလေးငယ်လေးတစ်ယောက်ကို မြင်တော့ သူမက ဧည့်သည်ဖြစ်မှာပဲဆိုပြီး ထင်လိုက်သည်။ အဲ့ဒါကြောင့် သူက ပြောလိုက်သည်။“မိန်းကလေး၊ ဒါက သူဌေးကတော်ဖို့ပါ။ မိန်းကလေး...”
လက်ထောက် စကားဆုံးအောင်မပြောခင်မှာပဲ ဖန့်ရှောင်နွမ်က သူ့ကို စကားဖြတ်ပြောလိုက်သည်။ “ဟုတ်တယ်လေ။ ကျွန်မက သူဌေးကတော်ပဲ။”
လက်ထောက်ရဲ့မျက်လုံးတွေက အံ့အားသင့်ပြီး ပြူးသွားသည်။ ဘာ? သူဌေးက ကျောင်းသူလေးကို လက်ထပ်ခဲ့တာလား?
အဲ့အချိန်မှာပဲ၊ ကျီလင်းချန်က လှေကားကနေ လမ်းလျှောက်ဆင်းလာခဲ့သည်။ သူ ဧည့်ခန်းထဲဝင်သွားတဲ့အခါ ရေခဲမုန့်တွေစားနေတဲ့ သူ့မိန်းမကို တွေ့လိုက်ရသည်။ သူ သူမပါးစပ်နားမှာပေနေတာကို တွေ့သွားပြီး စားပွဲပေါ်က တစ်ရှူးကို ယူကာ သူ့လက်နဲ့ပဲ သုတ်ပေးလိုက်သည်။ “နေရာတကာ ရေခဲမုန့်တွေချည်းပဲ။ သုတ်လိုက်ဉီး။”
ဖန့်ရှောင်နွမ်က မကျေနပ်သည့်ပုံစံဖြင့် ကြည့်လိုက်သည်။ “ရှင့်ကိစ္စ မဟုတ်ဘူး။”
ကျီလင်းချန်က ဘာမှမပြောပေ။ သူ့မိန်းမက သူဝယ်ပေးတဲ့ ရေခဲမုန့်ကိုင်ထားတာကို တွေ့တော့ သူ့မျက်စိထဲမှာ အတော်သဘောကျနေသည်။
......
ဘေးမှာရပ်နေတဲ့ လက်ထောက်က၊ သူ့ကို သူတို့သတိမထားမိအောင် နေနေပြီး အတော်လေးကို မှင်သက်နေသည်။ 'သူဌေးကျီက ကျောင်းသူလေးကို လက်ထပ်ခဲ့တယ်။ သူတို့ရဲ့ အသက်အရွယ်က တအားမကွာနေဘူးလား? သူဌေးကျီက သူ့မိန်းမပါးစပ်ကို သူ့ဘာသာသူ သုတ်ပေးခဲ့တယ် သူဌေးတစ်ယောက်ရဲ့ အရှိန်အဝါတွေ ဘယ်ရောက်သွားတာလဲ? သူဌေးကျီက သူ့မိန်းမ သူ့ကို အော်ခဲ့တာကိုတောင် ဘာမှပြန်မပြောဘူး။ သူ့ရဲ့ ထိန်းမနိုင်တဲ့ ဒေါသတွေ ဘယ်ရောက်သွားတာလဲ? ‘ဘုရားရေ’ သူအခု တိတ်တိတ်လေးနေရမှာလား? သူမြေကြီးထဲကို တိုးဝင်သွားလို့ရမယ့် အပေါက်လေးဘာလေးများမရှိဘူးလား?' ကံမကောင်းစွာဖြင့် မရှိပါပေ။
ဖန့်ရှောင်နွမ်က သူမယောကျာ်းကို အရမ်းစိတ်ဆိုးနေသည်။ သူမ ရေခဲမုန့်စားပြီးသွားတော့ ဧည့်ခန်းထဲက ရေခဲမုန့်ပုံးကို ယူဖို့ မေ့သွားသည်။ သူမက ကျီလင်းချန်ကို လျစ်လျူရှုထားသည်။ ဘေးနားက လက်ထောက်က ပြောစရာစကားမရှိအောင်ကို တအား မျက်နှာပူနေသည်။ သူက ထစ်ထစ်အအနဲ့ မေးလိုက်သည်။ “သူဌေးကျီ၊ ခိုင်းစရာများရှိသေးလား”
ကျီလင်းချန် - “မရှိဘူး၊ ပြန်တော့”
ပြန်ခွင့်ရတော့၊ လက်ထောက်က လျင်မြန်စွာဖြင့် ကျီမိသားစုအိမ်ကနေ ထွက်သွားခဲ့သည်။ သူ လျှောက်တာနှေးရင် သူ့သူဌေးက သူ့ကို လှမ်းတားမှာ ကြောက်နေသည်။
ဧည့်ခန်းထဲကနေ ထွက်လာတဲ့ ဖန့်ရှောင်နွမ်က ဝေမျှပေးတဲ့သူတစ်ယောက်ဖြစ်သွာသည်။ သူမက ကျီလင်းချန်ဝယ်ပေးတဲ့ ရေခဲမုန့်ပုံးကို ဖက်လိုက်ပြီး အဲ့ဒါတွေကို တခြားသူတွေကိုပါ ဝေပေးလိုက်သည်။ သူမ သခင်ကြီးကျီနဲ့ အိမ်တော်ထိန်းကို မြင်လိုက်တော့ သူက သူတို့ကိုပါ ရေခဲမုန့်တွေ ပေးလိုက်သည်။ “အဖေ၊ စားကြည့်ပါဉီး၊ အရမ်းကောင်းတယ်။”
သခင်ကြီးကျီက မစားချင်ပေးမယ့် ဖန့်ရှောင်နွမ်ကျွေးတာကို ငြင်းလို့မရပေ။ သူ ရေခဲမုန့်တစ်ခုကို ယူပြီး စားကြည့်လိုက်သည်။ ရေခဲမုန့်က သူ့ပါးစပ်ထဲမှာ အေးပြီးတော့ ချိုနေသည်။ ပြီးတော့ နူးညံ့ပြီး ခရင်တွေနဲ့ ပြည့်နေသည်။
“အရမ်းကောင်းတာပဲ။” သခင်ကြီးကျီအတွက်တော့ ရေခဲမုန့်စားတာ ပထမဆုံးပင်။ ရေခဲမုန့်စားတာက မကျန်းမာဘူးလို့ သူအရင်တုန်းက ပြောခဲ့သည်။
ဖန့်ရှောင်နွမ်က အိမ်စေကိုလည်း ရေခဲမုန့်တစ်ခုပေးလိုက်သည်။ ပြီးတော့ အဲ့ပုံးကြီးကို ယူပြီးတော့ ဖန်ချီကို ရှာဖို့ သွားသည်။ ဖန်ချီက ကျီမိသားစု အသုံးစားရိတ်တွေကို စာကြည့်ခန်းထဲမှာ ကြည့်နေသည်။ အဲ့ဒါက ကျီမိသားစုရဲ့ အမျိုးသမီးခေါင်းဆောင်အနေနဲ့ သိရမယ့်အရာပင်။
ဖန့်ရှောင်နွမ်က တံခါးခေါက်ဖို့ လက်မအားဘူးဖြစ်နေသည်။ အပြင်ကနေပြီးတော့ သူမ အော်ပဲအော်နိုင်သည်။ “ယောက်မ၊ အထဲမှာရှိလား?”
“ရှိတယ်လေ၊ ဝင်ခဲ့။” ဖန်ချီက ဖန့်ရှောင်နွမ်နဲ့ ပတ်သတ်ပြီး ဘာမကျေမနပ်တာမှ မရှိတော့ပေ။
ဖန့်ရှောင်နွမ်က လက်ထဲ ရေခဲမုန့်ပုံးကြီးကိုင်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ ပြီးတော့ ရေခဲမုန့်တစ်ခုကို ဖန်ချီကို လှမ်းပေးလိုက်သည်။ “ယောက်မ၊ ကျွန်မယောကျာ်း ဝယ်ခဲ့တာ။ အရမ်းကောင်းတယ်။ နွေရာသီမှ ရေခဲမုန့်စားတာက အကောင်းဆုံးပဲ။”
ဖန်ချီက ပြုံးပြီး ပြောလိုက်သည်။ “အစ်မ ရေခဲမုန့်မစားဘူး။ အစ်မအတွက် ညီမလေးပဲစားလိုက်နော်”
“ကျွန်မလည်း စားနေတာပဲ။” ဖန့်ရှောင်နွမ်က ရေခဲမုန့်ကို ဖန်ချီရဲ့စားပွဲပေါ် တင်ခဲ့လိုက်သည်။ “ကျွန်မမှာ အများကြီးရှိသေးတယ်။ ယောက်မရဲ့။ စားကြည့်လိုက်ပါ။ အရသာရှိတယ်။”
သူမက ဖန်ချီလုပ်နေတာကို ကြည့်ပြီး နှုတ်ခမ်းကိုက်လိုက်သည်။ “ကျွန်မ ဘာမှနားမလည်ဘူး။ ယောက်မ၊ ဆက်လုပ်နော်။ ကျွန်မ သွားတော့မယ်။”
ဖန်ချီက သူမ ထွက်သွားတာကို ပြုံးရင်းကြည့်နေမိသည်။ သူမတို့နှစ်ယောက်ရဲ့ ပြဿနာတွေကို ရှင်းပြီးသွားတော့ ဆက်ဆံရေးကလည်း အတော်လေးတိုးတက်လာသည်။