အခန်း (၆၈)
Vol. 5 Ch. 68
ဖန်ချီက ဖန့်ရှောင်နွမ်ကို နားလည်မှုလွဲခဲ့တာဖြစ်ပြီး သူမအတွက် ဒုက္ခရောက်စေမယ့်အရာတွေကို လုပ်ခဲ့တဲ့အတွက် သူမ ဖန့်ရှောင်နွမ်ကို မြင်တိုင်း အပြစ်ရှိသလို ခံစားနေရသည်။ အဲ့ဒီစိတ်ကပဲ သူမရဲ့သားနဲ့ သက်တူရွယ်တူ မိန်းကလေးတစ်ယောက်နဲ့ ပြောရင် ပိုပြီးတော့တောင် သူမကို စိတ်ရှည်အောင်လုပ်ပေးနေသလိုဖြစ်နေသည်။
မကြာပါပေ ဖန်ချီက သူမရဲ့ ယောက်မက အရမ်းကို ပွင့်လင်းပြီး နှစ်လိုဖွယ်ကောင်းတယ်ဆိုတာကို သူမ သိသွားသည်။ သူမက လိုချင်တာဆိုရင် အကုန်လုံးကို ပွင့်လင်းပြီး ပြောပြီး ဘာမှလည်း မဖုံးကွယ်ထားပေ။ သူမက လုပ်ချင်တာကို ရအောင်လုပ်တတ်တဲ့ လင်းရိုထက် အများကြီးသာသည်။
ဖန်ချီက စားပွဲပေါ်က ရေခဲမုန့်ကို ယူပြီး အထုပ်ကို ဖြေကာ စားကြည့်လိုက်သည်။ “ချိုတာပဲ”
ဖန့်ရှောင်နွမ်က အကုန်လုံးနဲ့ ရေခဲမုန့်မျှစားခဲ့သည်။ အိမ်ထဲက အိမ်စေတွေအကုန်လုံးလည်း ရေခဲမုန့်စားရပေမယ့် ကျီလင်းချန် တစ်ယောက်ပဲ မစားလိုက်ရပေ။ အိပ်ခန်းထဲကျတော့ သူ မေးလိုက်သည်။ “သူတို့ကျတော့ အကုန်စားရပြီးတော့၊ ကိုယ့် အတွက်ကော?”
“ရှင့်ဟာကို ကျွန်မ စားလိုက်မယ်။”အစတုန်းကတော့ ဖန့်ရှောင်နွမ်က ကျီလင်းချန်အတွက် တစ်ခုချန်ထားပေမဲ့ တစ်ခုစားပြီးတော့ သူမက ထပ်စားချင်နေတာနဲ့၊ ဘာမှမတွေးတော့ဘဲနဲ့ သူမ ယောကျာ်းရဲ့ ရေခဲမုန့်ကို စားလိုက်သည်။ ပြောရရင်၊ သူလည်း ကြိုက်လောက်တာမှ မဟုတ်တာ။ သူက အရမ်းအေးစက်စက် နိုင်တယ်။ သူမ သူ့ကို မကျွေးချင်လို့ စားပစ်လိုက်သည်။
ကျီလင်းချန်က သူ့မိန်းမကို ကြည့်နေရင်း သူ့လည်စလုတ်ရွေ့သွားသည်။ “ဒါဆို ကိုယ်က ဘာစားရမှာလဲ?”
“ရှင်က စားမှာမှ မဟုတ်တာ။ ဘယ်သူက ရှင့်ကို ကျွန်မဟာ လွှင့်ပစ်ခိုင်းလို့လဲ?” ဖန့်ရှောင်နွမ်ရဲ့ အသံက ပိုပိုပြီး နူးညံ့လာသည်။ သူမ အပြစ်ရှိသလို ခံစားလိုက်ရပြီး နှုတ်ခမ်းကိုက်လိုက်မိသည်။
ကျီလင်းချန်က သူမ နားသွားပြီး မေးစေ့ကိုကိုင်ကာ သူမရဲ့ နှုတ်ခမ်းလေးတွေကို ကြည့်နေသည်။ “အဲ့ဒါအကုန်လုံးကို ကိုယ်ဝယ်ခဲ့တာလေ။ မစားကြည့်ရင် ကိုယ်ရှုံးသွားမှာပေါ့” အဲ့လိုပြောပြီးတော့ သူက ခေါင်းငုံ့ကာ မိန်းကလေးရဲ့ နှုတ်ခမ်းကို နမ်းလိုက်သည်။
ဖန့်ရှောင်နွမ် အံ့အားသင့်သွားသည်။ သူက သူမအတွက် ရေခဲမုန့်ဝယ်ပေးခဲ့သည်။ အခု သူက ဘာလို့ သူမကို နမ်းနေတာလဲ? “ကျီ..ဟမ်”
သူမက သူ အခွင့်ကောင်းယူနိုင်ဖို့အတွက် သူမပါးစပ်ကို ဖွင့်ပေးထားသလို ဖြစ်သွားသည်။ အဲ့ဒါကြောင့် သူမရဲ့ပါးစပ်က ယောကျာ်းတစ်ယောက်ရဲ့ အငွေ့အသက်တွေနဲ့ ပြည့်သွားသည်။
ကျီလင်းချန်က သူမပါးစပ်ထဲက ရနံ့လေးကို အရသာခံမိသည်။ သူ့ကို လွှမ်းမိုးထားတာကလည်း အဲ့ရနံ့ဖြစ်နေသည်။ အဲ့ဒီရနံ့လေးက ခဏလေးနဲ့ မပျောက်သွားပေ။ သူမရဲ့ လျှာပေါ်မှာ အစောနက စားထားတဲ့ ရေခဲမုန့်ရနံ့လေးက စွဲနေသေးသည်။ သူက ပိုပြီးတော့ နမ်းချင်လာတဲ့အတွက် သူမက သူ့တူရဲ့ ရည်းစားဟောင်းဆိုတာကိုတောင် မေ့သွားသည်။
ဖန့်ရှောင်နွမ်က နမ်းလိုက်တာကြောင့် မှင်သက်သွားပြီး အဲ့ဒီလူကို တွန်းထုတ်ဖို့တောင် မေ့နေသည်။ ရုတ်တရက်၊ သူမ ဖုန်းမြည်လာကာ ဖုန်းသံက အဲ့ဒီယောကျာ်းကို အသိစိတ်ပြန်ဝင်သွားစေသည်။
ဖန့်ရှောင်နွမ်ရဲ့ မျက်လုံးတွေကလည်း ပြန်ပြီးအသိဝင်လာတဲ့အတွက် သူမကို တကယ် နှစ်သက်စွာနဲ့နမ်းနေတဲ့ သူကို တွန်းထုတ်လိုက်သည်။ ကျီလင်းချန်ရဲ့မျက်လုံးတွေက ခံစားချက်တွေနဲ့ ပြည့်နေကာ သူ့ရှေ့က သူ့မိန်းမကို ကြည့်နေမိသည်။ သူမရဲ့ ပါးတွေက အရမ်းနီမြန်းလာပြီး သူမရဲ့အသက်ရှုသံတွေလည်း မြန်နေသည်။ သူမရဲ့ အကြည့်တွေကလည်း တစ်ခုခုကို ရှောင်နေချင်သလို ဖြစ်နေသည်။ သူမနှုတ်ခမ်းပေါ်က နီမြန်းနေမှုကြောင့် သူတို့နမ်းခဲ့တယ်ဆိုတာကို သေချာသိနိုင်သည်။ “ဖုန်းအရင်ကိုင်လိုက်လေ။”
ဖန့်ရှောင်နွမ် ဖုန်းကိုင်လိုက်တော့ လျှိုစစ်ယွီခေါ်တာကို တွေ့လိုက်ရသည်။ သူမ ထပြီး ပြတင်းပေါက်ဆီကို လျှောက်သွားလိုက်သည်။ သူမ ပြန်မဖြေခင် အသက်ပြင်းပြင်းရှုလိုက်သည်။ “စစ်ယွီ ဘာကိစ္စရှိလို့လဲ?”
တခြားဖက်မှာတော့ လျှိုစစ်ယွီက စိတ်လှုပ်ရှားစွာ ပြောနေခဲ့သည်။ “ရှိတာပေါ့၊ အရေးကြီးကိစ္စ။ ပြောဖို့ကောင်းတော့မှာပဲ။”
ဖန့်ရှောင်နွမ် နားမလည် ဖြစ်နေသည်။ “အာ? ဘာပျော်စရာလဲ?”
လျှိုစစ်ယွီက ပျော်ရွှင်စွာပြောလိုက်သည်။ “မေဂျာပြောင်းချင်တယ်ဆိုပြီး အရင်က နင် ငါ့ဆီကို လာမပြောဘူးလား? ငါ့အစ်ကိုက ကူညီပေးခဲ့တာ။ ကျောင်းတက်ရင်၊ ငါတို့ အတန်းဖော်ဖြစ်ပြီ။”
ဖန့်ရှောင်နွမ်က ဒီကိစ္စကို မေ့တောင်မေ့နေသည်။ သခင်ကြီးကြောင့်ရယ်၊ ကျီလင်းချန်ရဲ့ ခြိမ်းခြောက်ခဲ့တာတွေကြောင့် သူမ အတင်းလက်ထပ်ခဲ့ရသည်။ အဲဒါကို စိတ်ဆိုးတာကြောင့် သူမ စီးပွားရေးကို လေ့လာဖို့ ဆုံးဖြတ်လိုက်ပြီး ကျီလုပ်ငန်းစုကို နောင်ကျရင် ရအောင်ယူမယ်ဆိုပြီး ယုံကြည်မှုရှိရှိ စီစဉ်ခဲ့သည်။
ဖန့်ရှောင်နွမ် - “တကယ်လား? ငါတကယ် စီးပွားရေးကျောင်း ပြောင်းလို့ရတာလား?”
“ဟုတ်တယ်။ နင် ပြောင်းလို့ရပြီ။ ငါလည်း ငါ့အစ်ကိုကို အတန်းအတူတူတည်း ပြောင်းခိုင်းလိုက်တယ်။ ငါတို့လေးယောက်လုံး နောက်ကျရင် အတန်းအတူတူ တက်ရတော့မယ်။” လျှိုစစ်ယွီက ကျောင်းပြောင်းလာတဲ့အတွက် သူမနဲ့ မရင်းနှီးတဲ့နေရာဖြစ်တာကြောင့် အရမ်းကို စိတ်မသက်မသာဖြစ်နေသည်။
ကံကောင်းစွာနဲ့ သူမ ကံကောင်းသွားသည်။ သူမ အထက်တန်းကျောင်းကနေ ပြောင်းလာတဲ့အတွက်၊ သူမက ဖန့်ရှောင်နွမ်နဲ့ အချစ်ဆုံးသူငယ်ချင်းသုံးယောက်ကို သိသည်။ တစ်ယောက်က ပိုက်ဆံရှိပြီးတော့ ပွင့်လင်းတဲ့ ဖန့်ရှောင်နွမ်၊ နောက်တစ်ယောက်က ချမ်းသာတဲ့ ဒုတိယမျိုးဆက် မြို့တော်ဝန်ရဲ့ ချောမောလှတဲ့သား ကျီဝမ်။ နောက်ဆုံးတစ်ယောက်ကတော့ တော်ပြီးတော့ စာဖတ်ကာ ကျိုးကြောင်းဆင်ခြင်တတ်တဲ့ ကျန်းယန်ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ်၊ ကျန်းယန်က ကောင်မလေးရပြီးတည်းက သူတို့နဲ့ သိပ်ပြီးမလည်ကြတော့ပေ။ သူက တကယ်ကို သူ့ကောင်မလေးကိုပဲ ဂရုစိုက်နေတဲ့အတွက် သူ့ရဲ့ စာမေးပွဲရလဒ်တွေလည်း မကောင်းတော့ပေ။
“ဘာ? ကျီဝမ်၊ ကျန်းယန်၊ ငါတို့က တစ်တန်းတည်းပဲလား?” အဲ့ဒါကို သိလိုက်တော့ ဖန့်ရှောင်နွမ် သိပ်မပျော်တော့ပေ။ သူမရဲ့ မောင်လေးလိုဖြစ်နေတဲ့ ကျီဝမ်က သူမရဲ့ ခိုင်းဖက်လေး လာဖြစ်တာမဟုတ်ဘူးလား?
ဖန့်ရှောင်နွမ်က သူမအတွက်သာ တွေးပြီး အိပ်ရာပေါ်က လူကို ဂရုမစိုက်ပေ။
ကျီလင်းချန်က သူမရဲ့စကားလုံးတွေကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သူက သူမ စီးပွားရေးကျောင်းပြောင်းတာက ကျီဝမ်နဲ့ တစ်တန်းတည်းနေချင်လို့ ဆိုပြီး အထင်မှားသွားလိုက်သည်။ သူ့မိန်းမနဲ့ သူ့တူရဲ့ အရင်က ဆက်ဆံရေးက အခုထိရှိနေသေးတယ်ဆိုပြီး မှားယွင်းစွာ တွေးနေသည်။ သူ အဲ့ဒါကို တွေးမိလိုက်တော့ ဘယ်လိုမှ သည်းမခံနိုင်တော့ဘဲ ခေါင်းတွေကိုက်လာသည်။ အစောနက နမ်းခဲ့တဲ့ အနမ်းက သူ့မျက်နှာကို ပါးရိုက်လိုက်သလိုဖြစ်နေသည်။ သူ့ကိုယ်သူ စိတ်အေးနိုင်ဖို့ အသက် ပြင်းပြင်း ရှူလိုက်ရသည်။ သူ သူ့မိန်းမကို ဒေါသတကြီး ကြည့်လိုက်မိသည်။ သူမက ပျော်ရွှင်စွာဖြင့် ပြတင်းပေါက်ဘေးနားမှာ ဖုန်းပြောနေသည်။
ဖန့်ရှောင်နွမ် ဖုန်းချလိုက်သည်။ သူမ ဖုန်းချပြီး လှည့်လိုက်တဲ့အခါ သူမယောကျာ်းရဲ့ အကြည့်နဲ့ ဆုံသွားသည်။ အစောနက အနမ်းကို သူမသတိရသွားကာ သူမ ဘာမှမပြောဘဲ နေခဲ့သည်။ သူမက နံရံကို မှီပြီး ရပ်နေတဲ့ပုံစံကို နည်းနည်းပြောင်းလိုက်ကာ ကျီလင်းချန်နဲ့ ဝေးတာနဲ့ ထွက်ပြေးသွားသည်။