← Chapters

အခန်း (၆၉)

Vol. 5 Ch. 69

အခန်း (၆၉)

Vol. 5 Ch. 69

သူမက ကျီဝမ်ကို ရှာဖို့ ပြေးထွက်သွားခဲ့တာဖြစ်သည်။ ကျီလင်းချန်အတွက် သူ့မိန်းမက သူ့တူကို သတင်းကောင်းသွားပြောမယ်ဆိုတာကို ခန့်မှန်းဖို့ မခက်ခဲနေပေ။ ဒါပေမဲ့ သူက သူတို့နှစ်ယောက်ကို လုံးလုံးကို အထင်လွဲနေသည်။ အခုချိန်ထိလည်း ဘယ်သူကမှ ဘာမှမရှင်းပြပေ။ သူတို့ရှင်းပြရင်တောင်မှ သူ ယုံမှာမဟုတ်ချေ။

သူ အခုဘာလုပ်သင့်လဲ? ကျီလင်းချန်က အိမ်ပြောင်းရင်ကောင်းမလားဆိုပြီး ဆိုဖာပေါ်မှ ထိုင်ကာ‌တွေး နေသည်။ သူ မြန်မြန်စဉ်းစားနိုင်တာ အဲ့တာပဲရှိတယ်။ သူက သူတို့နှစ်ယောက်တွေ့တာကို တားလို့ရသလို၊ ဖန့်ရှောင်နွမ် မေဂျာပြောင်းတာကိုလည်း တားလို့ရသည်။ အချိန်ကြာလာရင်တော့ သူတို့နှစ်ယောက်ကြားက ပတ်သတ်မှုလည်း မရှိတော့ဘူး ဖြစ်သွားလိမ့်မည်။

သူတို့နှစ်ယောက်ကိုသာ အတူတူနေခိုင်းရင်၊ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး မတိုးလာနိုင်ဘူးဆိုတာ ဘယ်သူမှ မသိနိုင်ပေ။ စဉ်းစားကြည့်တော့၊ သူတို့က အသက်နှစ်ဆယ်ကျောင်းသားတွေ၊ ပြီးတော့ သူတို့က ငယ်ပြီး လုပ်နိုင်စွမ်းလည်းရှိကြသည်။ သူတို့က အကျိုးဆက်တွေကို မစဉ်းစားဘဲနဲ့ လုပ်ချင်ရာလည်း လုပ်နိုင်သည်။ ကျီလင်းချန်က ဒီကိစ္စတွေကို မဖြစ်စေချင်ပေ။

ကျီဝမ် အိပ်ခန်း၌။

ဖန့်ရှောင်နွမ် ရောက်လာတဲ့အခါ၊ ကျီဝမ်က ဆိုဖာပေါ်မှာ ဂိမ်းကစားနေသည်။ သူ သူမကိုတွေ့တဲ့အခါ သူ့ရဲ့ ကစားဖော်ဖြစ်တဲ့ ဖုန်းကို ပစ်ချထားလိုက်သည်။ ပြီးတော့ သူက မျှော်လင့်တကြီးနဲ့ “အလုပ်ဖြစ်လား?”လို့ မေးလိုက်သည်။

“အလုပ်ဖြစ်တယ်။” ဖန့်ရှောင်နွမ်က ပျော်ပြီး လက်ခုပ်တီးလိုက်သည်။

ကျီဝမ်က သူလုပ်လိုက်တာကို စဉ်းစားပြီး လက်သီးဆုပ်လိုက်ကာ သူမကို အားပေးလိုက်သည်။ “နင်က သစ္စာတော့ ရှိတာပဲ။ အဲ့ဒီဗိုက်လှုပ်အကက ငါတကယ်စိတ်ဝင်စားတာမဟုတ်ဘူး။ တစ်နေ့တည်းနဲ့တင် ငါ့ခါးကျိုးတော့မယ်လို့ ခံစားနေရတယ်။”

ဖန့်ရှောင်နွမ် ခဏလောက် တွေးနေမိသည်။ “ဟုတ်ပြီ၊ ကျီဝမ်၊ ငါ အောင်အောင်မြင်မြင်တော့ လုပ်ပြီးပြီ။ ဒါပေမဲ့ နင်လုပ်ရမယ့်ဟာ မပြီးသေးဘူးနော”

သူမ သူကို သတင်းကောင်း ပြောလိုက်သည်။ “ငါ မေဂျာပြောင်းလိုက်ပြီ။”

ကျီဝမ် - “ပြီးတော့ကော?”

“စီးပွားရေးကျောင်း၊ ဒုတိယနှစ်၊ အတန်းကိုး” ဖန့်ရှောင်နွမ်က အဲ့သတင်းကောင်းပြောနေရင်းနဲ့ ပြောလိုက်သည်။

“ငါနင့်ကို ရှောင်လို့ကို မရဘူးလို့ ငါပြောခဲ့တာ၊ မှန်တယ်မလား?” ဘာလုပ်ရမယ့်ဟာ ပါလိမ့်။ ကျီဝမ်က သူ့နောက်ထပ် ကဖို့မလိုဘူးလို့ တွေးလိုက်ပေမယ့်၊ သူ တစ်နှစ်လောက်ပျော်ပြီးတော့မှ ဖန့်ရှောင်နွမ်နဲ့ ထပ်ပြီးဆုံရမယ်လို့တော့ မမျှော်လင့်ထားပေ။

ဖန့်ရှောင်နွမ်က အပြုံးကို ဖုံးထားလို့မရပေ။ သူမက လမ်းလျှောက်လာပြီးတော့ ကျီဝမ် ပုခုံးကို အသားလေးပုတ်ပေးလိုက်သည်။ “မစိုးရိမ်ပါနဲ့။ နင့်အဒေါ်အနေနဲ့၊ ငါက တူဖြစ်တဲ့ နင့်ကို ကောင်းကောင်းစောင့်ရှောက်မှာပါ။”

ကျီဝမ် အတော်လေး စိတ်ပျက်သွားသည်။ သူ အော်ပြောလိုက်သည်။ “ဖန့်ရှောင်နွမ်၊ နင်က နင့်ကံကောင်းမှုတွေ မရှိတော့အောင်လုပ်နေတာပဲ။ ငါ နင့်ရဲ့ ခိုင်းဖက်အဖြစ် ဆယ့်တစ်နှစ်တောင် လုပ်ပေးခဲ့တာလေ၊ ငါ့ကို နောက်ထပ်သုံးနှစ်ထပ် ဒုက္ခခံခိုင်းဉီးမလို့လား?”

ဖန့်ရှောင်နွမ်က ကျေနပ် ပြုံးပြုံးလိုက်သည်။ “ဆယ်နှစ်ကျော်တောင် ကြာလာတာပဲ။ နောက်ထပ်သုံးနှစ်ကိုလည်း ငါမလွဲစေရဘူး။” သတင်းကောင်းပြောပြီးသွားတော့ ကျီဝမ်ရဲ့ တုန့်ပြန်ပုံကြောင့် သူမ အရမ်းကျေနပ်သွားသည်။ သူမက သီချင်းလေးညည်းပြီးတော့၊ အိပ်ခန်းကို ပြန်သွားခဲ့သည်။

သူမရဲ့ ကျေနပ်တဲ့အပြုံးကို တွေးလိုက်မိတော့ ကျီလင်းချန်ရဲ့ မျက်နှာက မှုန်သုန်သွားသည်။ “မင်း အဲ့လောက် ‌ပျော်လား?”

“ပျော်တယ်လေ၊ ဘာဖြစ်လို့လဲ?” ဖန့်ရှောင်နွမ်က ပြန်မေးလိုက်သည်။ ပြီးတော့ သူမက ညဝတ်အင်္ကျီ ယူပြီးတော့ ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။ ညနေခင်းမတိုင်ခင်အထိ သူမက အရမ်းကို စိတ်ပျော်နေသည်။ သူမ မအိပ်ခင် လျှိုစစ်ယွီကို အသံမက်ဆေ့ချ် ပို့လိုက်သည်။ “နင်မသိဘူး။ ကျီဝမ်ကလေ ငါနဲ့ သူနဲ့ တစ်တန်းတည်းဆိုတာလည်း သိတော့၊ သူ့မှာ အံ့ဩသွားတာဟာ စကားတောင်မပြောနိုင်တော့ဘူး။”

ကျီလင်းချန်က သူမဘေးမှာ ထိုင်ပြီး စာဖတ်နေသည်။ ဖန့်ရှောင်နွမ်ရဲ့ အသံမက်ဆေ့ချ်ကြားတဲ့အခါ စာအုပ်တစ်ဝက် ဖတ်ပြီးနေပြီပင်။ စာအုပ်က ချက်ချင်း ပျင်းစရာကောင်းလာသည်။

ပြီးတော့ ဖန့်ရှောင်နွမ်က နောက်ထပ် အသံမက်ဆေ့ချ်ပို့လိုက်သည်။ “ဟဟဟ၊ ကျီဝမ်ကလေ သူထပ်ပုန်းလို့မရတော့ဘူးဆိုတာ သိသွားတာ။” သူမ စကားပြောပြီးတာနဲ့ ဖုန်းက ရုတ်တရက် ဆွဲယူခံလိုက်ရသည်။

ဖန့်ရှောင်နွမ်က ဖုန်းမရှိတော့တဲ့ သူ့မရဲ့ လက်ဖဝါးကို ကြည့်ပြီး သူမဖုန်းကို ယူသွားတဲ့ သူမယောကျာ်းကို ကြည့်နေသည်။ သူမရဲ့ လှပတဲ့ မျက်လုံးလေးတွေက ဒေါသနဲ့ပြည့်နေသည်။ “ကျီလင်းချန်၊ ရှင် ဘာလုပ်တာလဲ။ ရှင်က ကျွန်မ ရေခဲမုန့်ကော၊ ဖုန်းကိုပါ ဆွဲယူနေတာလား?”

ကျီလင်းချန် စိတ်တိုနေသည်။ သူ သူမရဲ့ဖုန်းကို သူ့နောက်မှာ ထားပြီးတော့ သူ့ဒေါသတွေကို ထိန်းထားသည်။ သူ့ရဲ့နောက်လက်နဲ့ ကောင်မလေးကို သူ့ရင်ခွင်ထဲကို ဆွဲလိုက်ပြီး သူ့အသံကို တတ်နိုင်သမျှ နူးညံ့အောင် လုပ်လိုက်သည်။ “ကိုယ်တို့ အိမ်ပြောင်းကြမလား?”

“ကျွန်မ မပြောင်းဘူး။” သူမက အခု ဒေါသထွက်နေတာ။ သူ ဘာပြောပြော သူမ သဘောတူမှာမဟုတ်ဘူး။ ပြီးတော့ အခုအိမ်မှာနေတာက ပိုပြီးတော့ အဆင်ပြေသည်။ တစ်နေကုန် သူမအတွက် ဘာမှစိုးရိမ်စရာမရှိပေ။ သူမနဲ့ ကစားဖို့ လူတစ်ယောက်လည်းရှိနေသည်။ ဘယ်လောက်တောင် ကောင်းလိုက်လဲ။

ကျီလင်းချန်က သူ့မိန်းမကို ကြည့်ပြီး အကြာကြီးစဉ်းစားနေသည်။ သူ အသက်ပြင်းပြင်းရှုလိုက်သည်။ ပြီးတော့ သူအကြာကြီးစဉ်းစားနေတဲ့ အကြောင်းကို ပြောလိုက်သည်။ “စိတ်ဝိညာဉ်ဗီလာဆိုရင်ကော ဘယ်လိုလဲ? မင်း အဲ့မှာ နေချင်လား?”

သူခွင့်ပြုတဲ့ မိန်းမပဲ စိတ်ဝိညာဉ်ဗီလာမှာ နေလို့ရတယ်ဆိုပြီးတော့ သူပြောခဲ့သည်။ အခုတော့ သူက ဖန့်ရှောင်နွမ်ကို နေဖို့ပြောတဲ့အတွက် သူဆိုလိုချင်တာ သူမကို သိစေချင်နေသည်။

သို့သော်၊ နေခွင့်ပြုတဲ့ မိန်းကလေးက စိတ်ဆိုးနေသေးသည်။ ဘာမှတောင် မစဉ်းစားဘဲနဲ့ သူမက ငြင်းလိုက်သည်။ “ကျွန်မ အဲ့မှာလည်း မနေချင်ဘူး။”

နှလုံးသားကြီးပြီး သဘောကောင်းတတ်တဲ့ ဖန့်ရှောင်နွမ်က စိတ်ဝိညာဉ်ဗီလာက ကျီလင်းချန်အတွက် ဘာလဲဆိုတာကို မသိတာဖြစ်နိုင်သလို၊ စိတ်ဝိညာဉ်ဗီလာက သူတစ်ယောက်တည်း ငယ်ငယ်တည်းက နေခဲ့တာဆိုတာကို မသိတာဖြစ်နိုင်သည်။ အဲ့ဒီနာမည်က ကြားဖူးတယ်ဆိုတာပဲ သူမ သိသည်။ သူမ အရင်တုန်းကလည်း ကြားဖူးနေသလို ဖြစ်နေသည်။

ကျီလင်းချန်က အသက်ပြင်းစွာရှုလိုက်ပြီး ဖန့်ရှောင်နွမ်ကို ကြည့်လိုက်သည်။ ထို့နောက် သူ ထကာ ထွက်သွားခဲ့သည်။ သူ သူမကို ဘာမှမလုပ်နိုင်တော့ပေ။

ဖန့်ရှောင်နွမ်က သူမယောကျာ်း ဘယ်မှာလဲဆိုတာကို ဂရုမစိုက်ပေ။ သူမက ဆွဲယူခံလိုက်ရတဲ့ ဖုန်းကို ယူပြီး လျှိုစစ်ယွီနဲ့ စကားဆက်ပြောနေသည်။ ကျီလင်းချန်က အဲ့ည အိမ်ပြန်မလာခဲ့ချေ။

နောက်နေ၊ သူတို့ မနက်စာစားတော့၊ ဖန်ချီက “ရှောင်နွမ်၊ လင်းချန်ကော?”

“ကျွန်မ မသိဘူး။ သူ မနက်ခင်းတည်းက မရှိတာ။” ဖန့်ရှောင်နွမ်က စားပွဲမှာထိုင်ကာ စပြီးစားဖို့ပြင်လိုက်သည်။ အဲ့လိုပဲ၊ ကျီဝမ်လည်း ထမင်းစားဝိုင်းမှာ ရှိမနေပေ။

“ယောက်မ၊ ကျီဝမ် ဘယ်မှာလဲ?” လို့ ဖန့်ရှောင်နွမ်က မေးလိုက်သည်။

ဖန်ချီက “သူ ထွက်ပြေးသွားပြီ”လို့ ပြောလိုက်သည်။

All Chapters