← Chapters

အခန်း (၇၂)

Vol. 5 Ch. 72

အခန်း (၇၂)

Vol. 5 Ch. 72

သူဌေးရဲ့ လက်ပေါ်မှာ တကယ်ပဲ လက်ထပ်လက်စွပ်ရှိနေသည်။ အတွင်းရေးမှူး မျက်လုံးပြူးသွားသည်။ တကယ်ပဲ အောက်ထပ်က မိန်းကလေးက သူဌေးရဲ့ မိန်းမလား?

“သူဌေးကျီ၊ အဲ့ဒီသူက တကယ်ပဲ သူဌေးရဲ့ မိန်းမလား?”

ကျီလင်းချန်က အတွင်းရေးမှူးကို ပြန်မဖြေပေ။ သူက လက်ဖက်ရည်ခွက်ကိုချပြီး ဖန့်ရှောင်နွမ်ကို အောက်ထပ်ကနေ သွားခေါ်ဖို့ ထလိုက်သည်။ ရုတ်တရက် တစ်ယောက်ယောက်က သူ့ကို တားလိုက်သည်။

သူဌေး စိတ်ဆိုးပြီဆိုတာကို တွေးမိပြီး အတွင်းရေးမှူးက ကြောက်သွားသည်။ “သူဌေးကျီ၊ ကျွန်တော်တို့ ဝန်ထမ်းက သူဌေးကတော်ကို နှင်ထုတ်လိုက်ပါပြီ။ သူဌေးမှာ မိန်းမ ရှိမှန်း တကယ်မသိခဲ့လို့ပါ။ ကျွန်မ…”

ဖန့်ရှောင်နွမ် ခေါင်းမာတဲ့လူဆိုတာကို ကျီလင်းချန် သိတဲ့အတွက် ထွက်မသွားလောက်သေးဘူးလို့ သူ ခန့်မှန်းမိသည်။ သူက အတွင်းရေးမှူးကို ထွက်သွားခိုင်းပြီး သူ့လက်ထောက်ကို ခေါ်လိုက်သည်။ “အောက်ထပ်သွားပြီး ဖန့်ရှောင်နွမ်ကို ခေါ်လိုက်။”

လက်ထောက် - “ပထမ သခင်မလေး ရုံးကို လာတာလား?”

သူ့လက်ထောက် ဖန့်ရှောင်နွမ်ကို ခေါ်လိုက်တာကြောင့် ကျီလင်းချန် စိတ်မကြည်ဖြစ်သွားသည်။ “မင်းခေါ်တဲ့ပုံစံက ငါ့မှာ နောက်မိန်းမတစ်ယောက်ရှိနေသလိုပဲ။”

ပထမ သခင်မလေး?

သူ အမှားလုပ်မိပြီဆိုတာကို လက်ထောက်က သဘောပေါက်သွားသည်။ “မစိုးရိမ်ပါနဲ့၊ သူဌေးကျီ။ ကျွန်တော် သခင်မလေးကို အခုပဲ သွားခေါ်လိုက်ပါမယ်။”

“ဟုတ်ပြီ”ကျီလင်းချန် ဖုန်းချလိုက်သည်။ သူ ခုံကို မှီထိုင်လိုက်ကာ ခေါင်းကိုက်တဲ့အတွက် နဖူးကို ပွတ်နေသည်။ ဖန့်ရှောင်နွမ်ရောက်လာရင် သူ့ကို ဘယ်လို ရန်တွေ့မလဲဆိုတာက သူ ကြိုသိနေသည်။

“ဖန့်ရှောင်နွမ်၊ အာ၊ ဖန့်ရှောင်နွမ်။ အဲ့နေ့ညက ငါ့ကို ဘာလို့ အိမ်ပြန်လာဖို့ ဖုန်းခေါ်ခဲ့တာလဲ?” ထိုညပ ကျီလင်းချန် သူ့မိန်းမနဲ့ သူ့တူရဲ့ ပတ်သတ်မှုကိုသိတဲ့အတွက် သူ စိတ်ဝိညာဉ်ဗီလာကို သွားခဲ့တာဖြစ်သည်။ သူ အဲ့မှာနေတာက သူမကို ကူညီပေးတာလို့ သူတွေးခဲ့သည်။

သို့သော်၊ ညလယ်ခေါင်ကြီးကျမှ သူမက သူ့ကို အိမ်ပြန်လာဖို့ ဖုန်းခေါ်ခဲ့သည်။ အဲ့လိုဖုန်းဆက်လိုက်တာက သူ့အတွက် ဘယ်လိုသက်ရောက်လဲဆိုတာကို သူမ ဘယ်တော့မှ သိမှာမဟုတ်ပေ။

ကျီလင်းချန် ခေါင်းကိုက်နေတာ ပျောက်အောင်လုပ်နေတဲ့အချိန်မှာပဲ ရုံးခန်းတံခါးကို တစ်ယောက်ယောက်က ကန်ဖွင့်လိုက်သည်။

“ကျီလင်းချန်၊ ရှင်ဘာကို ဆိုလိုတာလဲ? ကျွန်မ မေဂျာပြောင်းတာ ရှင့်အတွက် ဘာပြဿနာရှိလို့လဲ? ရှင်က အကုန်လုံးကိုကော၊ ကျွန်မကိုကော ထိန်းချုပ်ချင်နေတာလား? ရှင့်ကိုယ်ရှင် ဘာထင်နေတာလဲ? ရှင့် ကုမ္ပဏီကိစ္စတွေနဲ့ ရှင် အလုပ်သိပ်မများနေဘူးလား? ရှင့်မှာ လုပ်စရာမရှိရင်တောင် ကျွန်မကိစ္စထဲမှာ ဝင်ပါလို့ရတယ်လို့ ထင်ရအောင် ရှင်ရူးနေလား?” စကားပြောနေချိန် ဖန့်ရှောင်နွမ်ရဲ့ ဆံပင်တွေက ပျံဝဲနေသည်။

ဖန့်ရှောင်နွမ်ကို အပေါ်ခေါ်လာတဲ့ လက်ထောက်က အတော်လေး လန့်သွားသည်။ ရုံးခန်းအပြင်ဘက်မှာ အလုပ်လုပ်နေတဲ့ သူတွေလည်း အံ့ဩနေကြသည်။ သူဌေးရုံးခန်းက မပိတ်ထားတဲ့အတွက်ကြောင့် ဖန့်ရှောင်နွမ်ပြောတာတွေကို သူတို့ အကုန်ကြားကြသည်။

မိန်းကလေးက သူ့တို့ရဲ့ သူဌေးကိုတောင် ဆူရဲတယ်။ သူမ သေချင်နေတာလား?

လက်ထောက်က ရုံးခန်းထဲမဝင်ရဲတော့ပေ။ ဒါ့ကြောင့် သူက ရုံးခန်းတံခါးကို အသာလေးပိတ်ပြီး တံခါးကို ကျောမှီကာ သူ့နှလုံးကို ထိကြည့်လိုက်သည်။“အမလေး၊ နှလုံးခုန်အတော်မြန်နေတာပဲ။”

အတွင်းရေးမှူးက လန့်ဖြန့်စရာသတင်းတစ်ခုကို အခုမှသိလိုက်ရပြီး ဖန့်ရှောင်နွမ် တံခါးကို ကန်ဖွင့်ပြီးဝင်သွားတာကြောင့် တော်တော်လန့်နေသည်။ ပြီးတော့ ဖန့်ရှောင်နွမ်ရဲ့ ဆူငေါက်သံကြောင့် မှင်သက်သွားပြန်သည်။ သူမက လက်ထောက်ဆီကို အပြေးသွားပြီး မေးလိုက်သည်။“သူမက တကယ်ပဲ သူဌေးမိန်းမလား?”

လက်ထောက် ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်တယ်၊ သူဌေးကတော်က အဲ့နေ့ ရေခဲမုန့်စားချင်နေတာ။ သူဌေးက ငါ့ကို အရသာမျိုးစုံဝယ်ခိုင်းပြီး သူဌေးကတော်ဆီ ပို့ခိုင်းတာ။ အဲ့နေ့ကပဲ၊ သူဌေးက သူမက သူ့မိန်းမဆိုတာကို ပြောခဲ့တာ။”

ရုံးခန်းမှာ၊ ကျီလင်းချန်ရဲ့ မျက်နှာ သုန်မှုန်နေသည်။ “မင်း ငါ့ကို ပြောလို့ပြီးပြီလား?”

“မပြီးသေးဘူး၊ ရှင်မှ နားထောင်မနေတာ။ ကျွန်မ ရှင့်ကို ဒီနေ့မှ ဆူတာလေ။ ရှင် အရမ်းပျင်းနေတာလား? ဘာလို့ ကျွန်မ စီးပွားရေးကျောင်းပြောင်းတာကို နှောင့်ယှက်ရတာလဲ? ကျွန်မ ရှင့်နာမည်နဲ့ ရှင့်ပိုက်ဆံကို သုံးခဲ့လို့လား? ကျွန်မ ရှင့်ကို လက်ထပ်ထားတာနဲ့ ကျွန်မ သင်ချင်၊ လေ့လာချင်တာတောင် လေ့လာလို့ မရဘူးလား? ရှင်အဲ့လိုလုပ်ရင် ကျွန်မတို့ရဲ့ အိမ်ထောင်ရေးလည်း ပျက်စီးလိမ့်မယ်။”

ကျီလင်းချန်က သူ့ရင်ထဲက ဒေါသတွေကို မနည်းထိန်းထားသည်။ သူ့မိန်းမပြောတဲ့ စကားတွေကြောင့် သူဘယ်တုန်းကမှ ဒေါသမထွက်ဘူးဆိုတာကို ဘယ်သူပြောလဲ? သူ အဲ့လောက်တောင် စိတ်မဆိုးဘူးလား? သူ့မိသားစုထဲမှာ သူမက သူ့ကို အတော်ဒေါသထွက်၊ စိတ်အဆိုးဆုံးဖြစ်နေသည်။

ဖန့်ရှောင်နွမ်ကတော့ သူမဒေါသကို မထိန်းနိုင်ဘဲနဲ့ ပါးစပ်က ကျီလင်းချန်ကို ချိန်ရွယ်ပြီးပစ်နေတဲ့ စက်သေနတ်လို ဖြစ်နေသည်။ “ရှင်က အသက်ကြီးနေပြီ။ ဒါကြောင့် ရှင် အာဏာရှင်မဆန်လို့ ရမလား? ရှင့်မှာ အာဏာနဲ့ ဩဇာရှိတာနဲ့ ကျွန်မ လုပ်သမျှကို ရှင်ဝင်စွက်ဖက်လို့ ရမယ်လို့ မထင်နဲ့။ ရှင့်ကိုယ့်ကိုယ်ကိုယ် အဲ့လောက် အထင်မကြီးလို့ ရမလား?”

ကျီလင်းချန်က မျက်လုံးမှိတ်ထားမိသည်။ ထင်ထားတဲ့အတိုင်းပဲ၊ သူမ အခုတအားကို ထိန်းပြီးပြောနေတယ်လို့ သူ တွေးလိုက်မိသည်။ “ဆက်ပြောလေ၊ မင်းပြောမှာကို ငါဆက်နားထောင်မယ်။”

“ကျွန်မ ရှင့်ကို ဆူငေါက်တယ်ဆိုတာက ရှင့်ကို ကျွန်မအခွင့်အရေးပေးနေတာ။ ကျွန်မ ရှင့်ကို ဆက်မငေါက်တော့ဘူး။ ကျွန်မကတော့ ရှင့်ကို တစ်သက်လုံး စိတ်ဆိုးမှာ။” ဖန့်ရှောင်နွမ်က ပြန်ပြောသည်။

ကျီလင်းချန် - “မင်း မပြောဘူးဆိုရင်၊ ငါပြောမယ်။ မင်းသာ အဲ့မေဂျာကို သင်ချင်လို့ ပြောင်းမှာဆိုရင် ငါ မင်းကို အပြည့်အဝထောက်ပံ့ပြီး မင်းလိုအပ်တာကိုလဲ ဖြည့်ဆည်းပေးမှာ။ ဒါပေမဲ့ ငါ့ရှေ့မှာတင် မင်း ရှောင်ဝမ်နဲ့ ပရောပရည်လုပ်နေတာ မဟုတ်ဘူးလား။ သူနဲ့ ကြိုက်မသွားစေနဲ့လို့ ငါ မင်းကို ကြိုသတိပေးတယ်။ မေဂျာပြောင်းတယ်ဆိုတာက ကိစ္စအသေးလေးပဲ၊ ကျောင်းတောင် ပြောင်းပေးလို့ရတယ်။ အဲ့ဒါကသာ အလုပ်မဖြစ်ရင် ငါတို့နိုင်ငံခြားရွှေ့မယ်။ မင်းက ငါနဲ့ လက်ထပ်ပြီးသား မင်းမှာ မိန်းမတစ်ယောက်အနေနဲ့ တာဝန်တွေရှိတယ်။ မင်းနဲ့ ကျီဝမ်နဲ့ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အဲ့ဒါ အတိတ်မှာပဲ။ သမိုင်းတစ်ခုဖြစ်သွားပြီ။ အခု၊ ငါက မင်းယောကျာ်း၊ ကျီလင်းချန်။”

ဖန့်ရှောင်နွမ်က ကျီလင်းချန် ပြောလိုက်တာကြောင့် မှင်သက်သွားသည်။ “ကျွန်မက မိန်းမကောင်းမဟုတ်ဘူးလို့ ရှင်ပြောနေတာလား? ပြီးတော့ ကျွန်မက ကျီဝမ်နဲ့ ပရောပရည်လုပ်တယ်? ရှင် ရူးသွားပြီလား? ရှင် ဘာလို့ အဲ့လိုအရာတွေတောင် ပြောရဲရတာလဲ?”

All Chapters