အခန်း (၇၄)
Vol. 5 Ch. 74
ကျီလင်းချန်က ထပ်မေးခဲ့သည်။ “ဒါဆို သူက မင်းနဲ့ ပတ်သတ်နေပါတယ်လို့ ဝန်ခံခဲ့တာလဲ?”
ဖန့်ရှောင်နွမ်က ပြန်ဖြေလိုက်သည်။“အဲ့ဒါ ရှင့်အမှားလေ။ ရှင်က သူ့ကို ဖြေအောင်ပဲ အတင်းလုပ်ခဲ့တာလေ။ ကျီဝမ်က ရှင်က ကျွန်မကို စိတ်ဝင်စားနေပြီ၊ ကျွန်မက ရှင့်ကို စိတ်မဝင်စားဘူးလို့ ထင်ခဲ့တာ။ ကျွန်မက သူ့ကို ဒိုင်းကာလို့ သုံးခဲ့တယ်ထင်တော့ သူက အဲ့ဒါကို ဝန်ခံခဲ့တာလေ။ ရှင် သူ့ကို တကယ်အဲ့လိုမျိုး လုပ်လိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး။”
ကျီလင်းချန်က ပထမဆုံးအကြိမ်အဖြစ် သူ့ဘဝမှာ ဒီလောက် မှားယွင်းစွာအထင်လွဲခဲ့ဖူးတာဆိုပြီး တွေးနေမိသည်။ ကံကောင်းစွာနဲ့ အထင်လွဲမှုလည်း ဖြေရှင်းပြီးသွားတော့ သူ့ရဲ့ သံသယတွေလည်း ပျောက်သွားသည်။ သူ နည်းနည်း သက်သာရာရသွားသည်။
ဖန့်ရှောင်နွမ်က အဲ့လိုအထင်လွဲနေမယ်လို့တော့ မထင်ထားခဲ့ပေ။ သူမ အရမ်းစိတ်တိုနေတာကြောင့် ကျီလင်းချန် ရင်ဘတ်ကို ရိုက်လိုက်သည်။ “တစ်ခုခုဖြစ်လာလို့ ရှင့်ဘာသာထင်တဲ့ အတွေးတွေကိုလည်း ကိုယ့်ဘာသာတွေးနေ။ အဲ့ဒါ အထင်လွဲနေတာပဲ။ ရှင်က ကျွန်မကို ရူးအောင်လုပ်နေတာ။”
ကျီလင်းချန်က စိတ်ဆိုးနေတဲ့ သူ့မိန်းမကဆီကနေ အကြီးကျယ်ကို ရိုက်ခံလိုက်ရသည်။ သူ ဘာမှမပြောပေ။ သူ ထပြီး ကျောင်းအုပ်ကို ဖုန်းဆက်ဖို့ သူ့ခုံဆီ လမ်းလျှောက်သွားခဲ့သည်။ “ဟယ်လို၊ ကျွန်တော် ကျီလင်းချန်ပါ။”
ဖုန်းလိုင်းတစ်ခြားဖက်က ကျောင်းအုပ်က သူ့ကို တရိုတသေ နှုတ်ဆက်ခဲ့သည်။ “ဟယ်လို၊ သူဌေးကျီ၊ ကျွန်တော် ဘာလုပ်ပေးရဉီးမလဲ?”
ကျီလင်းချန် - “ဖန့်ရှောင်နွမ်ရဲ့ ကျောင်းပြောင်းတဲ့ လုပ်ငန်းစဉ်ကို အရင်လိုပဲ လုပ်လိုက်ပါ။ သူ့ကို အတန်း ၂၉ကိုပဲ ပို့လိုက်ပါ။”
ကျောင်းအုပ်က မေးလိုက်သည်။ “သူဌေးကျီ၊ သခင်လေးကျီက အတန်းပြောင်းချင်ရင်ရော?”
ကျီလင်းချန်က ပြောလိုက်သည်။ “အကုန်လုံးကို အရင်ကလိုပဲ လုပ်လိုက်။ သူက အတန်း၉ မှာ နေပြီး သူ့အဒေါ်ကို ကြည့်ပေးရဉီးမှာ။”
သူမယောကျာ်း လုပ်နေတာတွေကို ကြည့်ပြီး ဖန့်ရှောင်နွမ် အံ့အားသင့်နေသည်။
ကျောင်းအုပ်က သတ္တိမွေးပြီး မေးလိုက်သည်။“သူဌေးကျီ၊ သူ့အဒေါ်က ဘယ်သူလဲ?”
“အဲ့ဒါ ကျွန်တော့်ဇနီး၊ ဖန့်ရှောင်နွမ်ပါ။” အဲဒါက ကျောင်းအုပ်ကို အံ့ဩသွားအောင် လုပ်လိုက်နိုင်ပြီး ကျီလင်းချန်က ဖုန်းချလိုက်သည်။ ဖန့်ရှောင်နွမ်ရဲ့ ပါးစပ်က “O”ပုံစံ ဖြစ်သွားလောက်တဲ့အထိကို အံ့အားသင့်နေသည်။
“ကျွန်မက ကျီဝမ်နဲ့ ပတ်သတ်နေတယ်လို့ ရှင်သံသယဝင်နေတာ မဟုတ်ဘူးလား? ကျွန်မတို့က ပတ်သတ်နေပါတယ်လို့ ရှင် ဘာလို့ ပြောလိုက်တာလဲ?”ဖန့်ရှောင်နွမ်က အတော်လေးကို မှင်သက်သွားတာမှန်ပေမယ့် စိတ်ဆိုးဖို့တော့ မေ့မနေပေ။
ကျီလင်းချန်က တောင်းပန်လိုက်သည်။ “ကိုယ် အထင်လွဲမိတာ ကိုယ့်အမှားပါ၊ တောင်းပန်ပါတယ်။”
ဖန့်ရှောင်နွမ်က ကျီလင်းချန်ရဲ့ တောင်းပန်မှုဘယ်လောက် အဖိုးတန်လဲဆိုတာကို မသိပေ။ ကျီလင်းချန်က သူ့အမှားကို တောင်းပန်လိုက်တာကြောင့် သူမဒေါသတွေပြေသွားပြီဆိုတာပဲ သူမ သိသည်။
ဖန့်ရှောင်နွမ်က ကျေနပ်စွာ ဆိုဖာပေါ်မှာ ထိုင်နေသည်။ “ပြီးတော့ ကျွန်မတို့နှစ်ယောက် လက်ထပ်ထားတာကို ရှင် ကျောင်းအုပ်ကို ပြောလို့မရဘူးလေ။ ကျွန်မကို ကျောင်းမှာ အတင်းပြောကြမှာပေါ့။ ပြီးတော့၊ ကျွန်မက ကျောင်းရဲ့ အလှပဂေး အခုမှဖြစ်တာလေ။ ကျောင်းအလှပဂေးက ယောကျာ်းရှိတယ်ဆိုတာကို မဖြစ်စေချင်ဘူး။”
ကျီလင်းချန်က သူ့မိန်းမကို ခေါင်းကနေ ခြေဖျားထိ သေချာကြည့်နေသည်။ သူမက တကယ်ကို နူးညံ့သိမ်မွေ့ပြီး အရမ်းကို ဆွဲဆောင်မှုရှိသည်။ သူမကို သူကြည့်လေလေ၊ ပိုစိတ်ဝင်စားစရာကောင်းလေလေဖြစ်နေသည်။ သူမသာ အပျိုလေးဖြစ်နေရင် အတော်ကို အန္တရာယ်ရှိနိုင်သည်။ “ကိုယ့်မိန်းမဖြစ်ရတာ မကောင်းဘူးလား?”
“ကျွန်မ အစောကြီး လက်ထပ်ထားတယ်ဆိုတာကို ဘယ့်သူကိုမှ မသိစေချင်ဘူးလေ။ မဟုတ်ရင် ကျောင်းမှာ ကျွန်မကို လူတိုင်းက အာရုံစိုက်နေကြတော့မှာ။ ကျွန်မအကြောင်းကို နောက်ကွယ်မှာ ပြောနေတာထက် အေးအေးဆေးဆေးပဲ တက္ကသိုလ်ကို တက်ချင်တယ်။” ဖန့်ရှောင်နွမ်က တိုးတိုးလေး ပြောလိုက်သည်။
ကျီလင်းချန်နဲ့ ဖန့်ရှောင်နွမ်က တစ်ဉီးကို တစ်ဉီးကို ကြည့်နေကြသည်။ သူ့မိန်းမရဲ့ မျက်လုံးလေးတွေက ခေါင်းမာမှုတွေကို ပြနေသည်။ သူသာ အခုသဘောမတူရင် ဒီမိန်းကလေးက နောက်ထပ်တစ်ခါ သူနဲ့ ထပ်စကားများတော့မှာ။
ဒါ့ကြောင့် အရင်က ရက်စက်ပြီး ခက်ထန်တဲ့ သူဌေးကျီလည်း သူ့မိန်းမရှေ့မှာ ထပ်ပြီး အရှုံးပေးလိုက်ရသည်။ သူက သူမရှေ့မှာပဲ ကျောင်းအုပ်ကိုခေါ်ပြီး သူတို့နှစ်ယောက်ပတ်သတ်မှုကို ဘယ်သူ့ကိုမှ မပြောဖို့ အကူအညီတောင်းလိုက်သည်။
သူ သူမကို စတွေ့တည်းက အခုချိန်ထိ အမြဲတမ်းအလျှော့ပေးလာတာကို သူ သတိရသွားသည်။ နှစ်ယောက်သဘောတူလုပ်ရမယ့်အချိန်တိုင်း၊ ဉပမာ - အိမ်ပြောင်းတာ၊ မေဂျာပြောင်းတာ၊ အခု အိမ်ထောင်ရေးကို ဖုံးကွယ်ထားတာတွေ အကုန်လုံး သူ သူမကို အလျှော့ပေးခဲ့သည်။
“မင်း ကျေနပ်ပြီလား?” ကျီလင်းချန်က ဖုန်းချပြီး သူ့ရှေ့မှာထိုင်နေတဲ့ သူ့မိန်းမကို မေးလိုက်သည်။
“ကောင်းပြီလေ။ ရှင့် အမှားကို ဝန်ခံတဲ့အပြင် အဲ့အကြောင်းကိုလည်း သေချာတောင်းပန်လို့ ကျွန်မခွင့်လွှတ်လိုက်မယ်။”ဖန့်ရှောင်နွမ်က ခေါင်းငြိမ့်ပြီး စိတ်ဆိုးနေသေးတဲ့ပုံစံနဲ့ တခြားဖက်ကို ကြည့်နေသည်။
ကျီလင်းချန်က သူ့ရဲ့ချစ်စရာမိန်းမလေးကို ကြည့်ပြီး ဂုဏ်ယူနေကာ အားပါးတရ ရယ်လိုက်သည်။ ဖန့်ရှောင်နွမ် သူ့ကို လှမ်းကြည့်လိုက်တော့၊ သူက သူမကို ကြည့်ပြီး ပြုံးနေတာကို တွေ့သွားသည်။ သူမက နည်းနည်းစိတ်လှုပ်ရှားနေပြီး “ရှင်ဘာကို ရယ်နေတာလဲ?”လို့ မေးလိုက်သည်။
“ကိုယ်က ဘာကို ရယ်ရမှာလဲ? မင်း ဒီလောက် ရဲရင့်တာကိုသိပြီး ရယ်နေတာလေ။ မင်းက ကိုယ့်ရုံးခန်းအထိ လာပြီး ကိုယ့်ကို ဘယ်လိုတောင် ဆူငေါက်ရဲတာလဲ? အဲ့လိုလုပ်ရဲတာ မင်းပထမဆုံးပဲ။” ကျီလင်းချန်က ပြောနေရင်းနဲ့ကို အပြုံးမပျက်ပေ။ သူက ဖန့်ရှောင်နွမ်ကိုပဲ စိုက်ကြည့်နေသည်။
ဖန့်ရှောင်နွမ်က သူမ အတော်ကို အလွန်အကြူးလုပ်ခဲ့တာကို အမှတ်ရမိသွားသည်။ ပြီးတော့ “ဘာလို့လဲ? ရှင်အမှားလုပ်ခဲ့တာလေ။ ပြီးတော့ ကိုယ့်ယောကျာ်းကို ဆူတာ ဉပဒေနဲ့ ညိစွန်းတာမှ မဟုတ်တာ။ ”လို့ သူမက ဘာမှကို မစဉ်းစားဘဲ ပြောလိုက်သည်။
ကျီလင်းချန်က သူမ ပြောတာတွေကို သဘောတူလိုက်သည်။ လင်မယားနှစ်ယောက် ရန်ဖြစ်တာလည်း ရှိရမှာပေါ့။ ကံကောင်းစွာနဲ့ အထင်လွဲနေတာ ရှင်းသွားတော့ သူအတော်လေး စိတ်ကျေနပ်နေသည်။
ဖန့်ရှောင်နွမ်ရဲ့ပြဿနာလည်း ဖြေရှင်းပြီးသွားပြီ။ သူမ ကျီလင်းချန်နဲ့ ကုမ္ပဏီက အခန်းထဲမှာ အတူတူနေရတာ နေသားမကျတော့ ပြန်လှည့်မကြည့်ဘဲ လျှောက်ထွက်သွားသည်။ တံခါးမပိတ်ခင် ကျီလင်းချန်ကို ယဉ်ကျေးစွာပြောဖို့တော့ မမေ့ခဲ့ပေ။ “ကျွန်မ သွားတော့မယ်။ ရှင် ဒီညပြန်မလာရင် နောက်လည်း ပြန်မလာနဲ့တော့။ တာ့တာ။”