အခန်း (၇၅)
Vol. 5 Ch. 75
အဲ့လိုပြောပြီးတော့ ဖန့်ရှောင်နွမ်က ထွက်ပြေးတော့မယ့်အတိုင်း ပြေးသွားသည်။ ကျီလင်းချန်ဘပြောထားတာတွေကြောင့် သူမက မေဂျာကို အေးအေးဆေးဆေးပဲ ပြောင်းလိုက်နိုင်သည်။ ကျီဝမ်ကလည်း အတန်းကို သေလောက်အောင် ပြောင်းချင်ပေမယ့် ရုံးခန်းက ဆရာ သေချာလေး ပြောလိုက်တာကိုပဲ နားထောင်လိုက်ရသည်။
“သခင်လေးကျီ၊ သူဌေးကျီက မင်းအတန်းပြောင်းမယ့်ကိစ္စကို သဘောမတူသေးပါဘူး။ အခု ပြန်ပြီးတော့ ပြန်မလာခင် သူနဲ့ သေချာဆွေးနွေးသင့်ပါတယ်။”
“မဟုတ်ဘူး၊ ဘာလို့အဲ့လိုလုပ်ရမှာလဲ? သူမတောင် မေဂျာပြောင်းလို့ရတာကို ကျွန်တော်က မရဘူး။” ကျီဝမ်က ဖန့်ရှောင်နွမ် သူ့အတန်းကို ပြောင်းလို့ရပြီး သူ အတန်းပြောင်းလို့မရမှာကို အကြောက်ဆုံးပင်။ ပြောင်းလို့သာမရရင် နောက်သုံးနှစ်လောက် သူက ကျားမတစ်ကောင်လိုဆိုးတဲ့ ဖန့်ရှောင်နွမ်နားမှာ ခိုင်းဖက်ဖြစ်တော့မည်။
ဖန့်ရှောင်နွမ်ကတော့ ပျော်နေသည်။ လုပ်ထုံးလုပ်စဉ်တွေကို လုပ်ပြီးသွားတော့ သူမက ကျောင်းပြောင်းလက်မှတ်ယူပြီး တင်ပြတော့မည်ပင်။ ကျီဝမ်က သူမကို ဆွဲသွားပြီး မေးလိုက်သည်။ “နင်ငါ့ဉီးလေးကို ဘယ်လိုဖျောင်းဖျလိုက်တာလဲ?”
ဖန့်ရှောင်နွမ် - “ငါ နင့်ဉီးလေးရုံးခန်းကို သွားပြီး သူ့ကို ဆူငေါက်လိုက်တယ်လေ”
ကျီဝမ် - “မင်း ငါ့ကို နည်းနည်းဖြစ်နိုင်ချေရှိတာလေး ပြောလို့ရမလား?”
ဖန့်ရှောင်နွမ်က ရိုးသားစွာ ပြောလိုက်သည်။ “ငါ တကယ် နင့်ဉီးလေးကို အကြိမ်ကြိမ်ဆူခဲ့တာ။ သူ့ရုံးအပြင်ဘက်က လူတွေတောင် ကြားတယ်။ နောက်တော့ သူပဲ ငါမေဂျာပြောင်းမှာကို သဘောတူခဲ့တာ။ နင်လည်း သွားပြီးစမ်းကြည့်သင့်တယ်။ ကမ္ဘာပေါ်မှာ ခက်ခဲတဲ့ အရာဆိုတာ မရှိဘူး။ နင်သာ သူ့ကို ဆူငေါက်လိုက်ရင် နင် သူ့ကို ကြောက်တောင် မကြောက်လောက်တော့ဘူး။ ဒါပေမဲ့ နောက်နှစ် စစ်ယွီနဲ့ ငါ နင့်အုတ်ဂူကို အလည်လာနိုင်ရင်လည်း လာလောက်တယ်”
ကျီဝမ် ဘာမှမပြောခင်မှာပဲ လျှိုစစ်ယွီက လှမ်းခေါ်လိုက်သည်။ ဖန့်ရှောင်နွမ်လည်း ပြန်ဖြေလိုက်သည်။ “စစ်ယွီ၊ ငါ ဒီမှာ ပြီးပြီ။ နင်..”
ဖန့်ရှောင်နွမ် စကားမဆုံးခင်ပဲ စစ်ယွီက အမြန်ပြောလိုက်သည်။ “အဲ့ဒီ ဉာဏ်ကြီးရှင် ကျန်းကတော့ ထွက်သွားပြီ။ သူက သူ့ကောင်မလေးနဲ့အတူ နိုင်ငံခြားကိုပညာတော်သင်ထွက်သွားတာ။”
ကျီဝမ် အဲ့ဒါကို ကြားတော့ စိတ်မကောင်းဖြစ်သွားသည်။ အချိန်တိုင်း၊ အဲ့ဒီ ဉာဏ်ကြီးရှင် ကျန်းကပဲ သူ့ကို ကာကွယ်ပြောပေးတာ။ ‘ဒီကောင်ကတော့ ကောင်မလေးတွေးတာနဲ့ သစ္စာတောင် မရှိတော့ဘူး။ သူက ကောင်မလေးရတာနဲ့ ငါ့ကိုစွန့်ပစ်တာပဲ။’
တစ်ခုခုမှားနေတယ်လို့ ဖန့်ရှောင်နွမ် ထင်နေသည်။ ကျန်းယန်က အဲ့လိုလူမဟုတ်ဘူးဆိုတာကို သူမ သိသည်။ သူ့ရဲ့ ကျောင်းမှတ်တမ်းတွေကလည်း အရမ်းကောင်းသည်။ သူသာ နိုင်ငံခြားသွားချင်ရင် သူသွားတာကြာလောက်ပေါ့။ အဲ့လိုသွားတဲ့သူတွေထဲက အနည်းငယ်ပဲ သူ့တို့နိုင်ငံကို ပြန်လာကြသည်။ သူတို့သဘောတူထားတာကို ဖောက်ဖျက်တဲ့သူက သူ ပထမဆုံးဖြစ်နေမယ်လို့ သူမ မမျှော်လင့်ထားပေ။ “စစ်ယွီ၊ ကျန်းယန်က တစ်ခါတည်းထွက်သွားပြီလား? အတန်းထဲမှာ ရှိသေးလား?”
စစ်ယွီက “သူက အားလပ်ရက် မတိုင်ခင်တည်းက အဲ့တာကို လျှောက်ပြီးသားလို့ ဆရာညပြောတယ်။ ငါလည်း အခုမှအဲ့ဒါသိတာ၊ ပြီးတော့ သူ့ကိုလည်း ငါ ဆက်သွယ်လို့လည်း မရဘူး။”
သူက နှုတ်တောင်မဆက်ဘဲနဲ့ ထွက်သွားခဲ့သည်။ ဖန့်ရှောင်နွမ်ကို ဖုန်းချပြီး အတန်းထဲ ဝင်သွားလိုက်သည်။ တစ်ဖက်မှာတော့ ဆူညံတဲ့အသံတွေလုပ်နေတဲ့ ကျီဝမ်ကြောင့် သူမအတွေးတွေ အကုန် ပျက်သွားသည်။ “ဟေ့၊ ဟေ့၊ ဟေ့။ အဲ့လိုကောင်အတွက် စိတ်ပူမနေနဲ့၊ ငါ့ကိုသာ ကူညီဖို့ နည်းလမ်းစဉ်းစားပေးပါဉီး။
“ငါနင့်ကို ပြောပြီးသားလေ။ လုပ်ရဲတာ၊ မလုပ်ရဲတာက တော့ နင့်အပိုင်းပဲ။” ကျန်းယန် နှုတ်မဆက်ဘဲ ထွက်သွားတည်းက ဖန့်ရှောင်နွမ် ဘာမှကို စဉ်းစားလို့မရတော့ပေ။
ကျီဝမ်က “ဖန့်ရှောင်နွမ်၊ နင် ငါ့ကို အဲ့လိုလုပ်ခိုင်းတာ ငါ့ကို ဒုက္ခပေးနေတယ်လို့ မခံစားရဘူးလား?”လို့ ပြောလိုက်သည်။ ဖန့်ရှောင်နွမ်က လုပ်ဖို့ သတ္တိရှိပေမဲ့ သူကတော့ သူ့ဉီးလေးကို အဲ့လိုမလုပ်ရဲဘူး။
ဖန့်ရှောင်နွမ်နဲ့ အကုန်ပြောစရာရှိတာပြောပြီးတော့ ကျောင်းအုပ်က အခြေအနေကို အကြောင်းကြားဖို့ ကျီလင်းချန်ကို ဖုန်းဆက်လိုက်သည်။ ကျီလင်းချန်က စိတ်ကောင်းနေလို့ ကျောင်းအုပ်ကို ကျေးဇူးတင်လိုက်သည်။
ဖန့်ရှောင်နွမ်နဲ့ နားလည်မှုလွဲတာ မရှိတော့တည်းက သူ့ပြဿနာလည်း မရှိတော့သလို စိတ်လည်းလုံသွားသည်။ ဖန့်ရှောင်နွမ်က အစတည်းက သူ့မိန်းမဖြစ်ပြီး ကျီဝမ်နဲ့လည်း ဘာမှမပတ်သတ်ခဲ့ပေ။ သူမကို နမ်းမယ်ဆိုရင်တောင် တုံ့ဆိုင်းစရာ မလိုတော့ချေ။ အဲ့ဒါတွေကို စဉ်းစားလိုက်တော့ ကျီလင်းချန်က အတော်လေးစိတ်ကျေနပ်နေသည်။
သူက သူ့မိန်းမကို ကျောင်းကနေ ကိုယ်တိုင် သွားကြိုချင်သည်။ သူ ဖန့်ရှောင်နွမ်ကို မက်ဆေ့ချ်ပို့လိုက်သည်။ “ကျောင်းက ဘယ်အချိန်ဆင်းမှာလဲ? ကိုယ်လာကြိုမယ်။”
ဖန့်ရှောင်နွမ်ကလည်း အဲ့အချိန်မှ အတန်းထဲရောက်သည်။ သူက စစ်ယွီနဲ့ တွေ့သွားသည်။ ကျီလင်းချန်ပို့တဲ့စာကို ကြည့်ပြီးတော့ စစ်ယွီကို ပြောလိုက်သည်။ “စစ်ယွီ၊ ငါဘယ်လိုဆုံးဖြတ်ရမလဲဆိုတာကို ကူညီပေးပါဉိး။ ကျီလင်းချန်က အရင်အတိုင်းမဟုတ်ဘူး။ ငါပြောတာနားထောင်။ သူ့မှာ စိတ်ဝင်စားစရာကောင်းတဲ့ အပြုအမူတွေရှိတယ် ”
ကျီဝမ်က စောင်းပြီးကြည့်လိုက်သည်။ “ငါလည်း ကြည့်ဉီးမယ်။ အဲ့ဒါ ငါ့ဉီးလေးပဲ။ ငါ နင့်ကို ပိုကောင်းတဲ့ အကြံပေးနိုင်တယ်။”
ဖန့်ရှောင်နွမ်က ခေါင်းငြိမ့်လိုက်သည်။ သူတို့သုံးယောက်လုံးစုပြီးတော့ သူမက သူတို့နှစ်ယောက်ကို ကျီလင်းချန်ရဲ့ ထူးဆန်းတဲ့ အပြုအမူအကြောင်း ပြောလိုက်သည်။ ပြီးတော့ သူမ ဖုန်းထဲက စာကို ပြလိုက်သည်။ “ကျီလင်းချန်က ငါ့ကို ကျောင်းလာကြိုမှာတဲ့။ ဘာလို့ ငါကြောက်သလို ခံစားနေရတာလဲ?”
ဖန့်ရှောင်နွမ်ပြောတာကို ကျီဝမ်နဲ့ စစ်ယွီပြောတာကို ကြားတော့ သူတို့မျက်နှာချင်းဆိုင် ကြည့်မိလိုက်ကြသည်။ သူတို့တွေးနေတာက ‘ကျီလင်းချန် ဖန့်ရှောင်နွမ်ကို ချစ်မိနေတာ'လို့ တွေးနေသည်။
“ငါ့ဉီးလေးက နင့်ကို ချစ်မိနေပြီ။ နင်ပြောတာတွေရဲ့ တစ်ဝက်လောက်နီးပါးက သူသဝန်တိုနေလို့ ပြောခဲ့တာ။” ကျီဝမ်က ပြောလိုက်သည်။
လျှိုစစ်ယွီကလည်း ထပ်ပြောခဲ့သည်။ “နင် ပြောပုံအရဆိုရင် သူက နင့်ကို တကယ်ချစ်မိနေတာ။”
ဖန့်ရှောင်နွမ်က မသိဘဲနဲ့ ငြင်းလိုက်သည်။ “မဖြစ်နိုင်တာ။ ငါတို့နှစ်ယောက်ကြားမှာ ဘာမှ မရှိတာ။ ဘာလို့ သူက သဝန်တိုရမှာလဲ?
ကျီဝမ် အဲ့တာကို ပြောတော့ စိတ်ကသီးကအောက်ဖြစ်နေသည်။ “ငါ့ဉီးလေးက ငါ့ကို ဗိုက်လှုပ်အကသင်တန်းဆီ ပို့ခဲ့တယ်လေ။ အဲ့ဒါ သဝန်တိုတာ မဟုတ်ဘူးလား? ဖန့်ရှောင်နွမ်၊ နင်တုံးလိုက်တာ။”