← Chapters

အခန်း (၆၄)

Vol. 5 Ch. 64

အခန်း (၆၄)

Vol. 5 Ch. 64

ကျီလင်းချန်က မေးလိုက်သည်။ “ဖန့်ရှောင်နွမ်၊ မင်းဘာလို့ငါ့ကို လက်ထပ်ခဲ့တာလဲ?”

ဒါက သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကို ဆွေးနွေးသည့် ဒုတိယအကြိမ်ပင်။ ပထမအကြိမ်တုန်းကတော့ သူတို့နှစ်ယောက်လုံးက အဆင်မပြေဖြစ်နေကြသည်။ အခုတော့ ကျီလင်းချန်က ရှင်းလင်းတဲ့ အဖြေတစ်ခုကို လိုနေသည်။

ဘာလို့လဲဆို သူ့ဘေးမှာရှိနေတဲ့သူက သူ့တူရဲ့ရည်းစားဟောင်းဖြစ်နေတဲ့အတွက် သိကိုသိသင့်သည်။ သူ သူမကို နမ်းခဲ့တဲ့အချိန်မှာ သူ့ဆီမှာ အပြစ်စိတ်တွေရှိနေခဲ့ရမည်။

သခင်ကြီးကျီနဲ့ သူမ ကတိတည်ထားခဲ့တာကို ဖန့်ရှောင်နွမ်သတိရလိုက်သည်။ သူမက ခေါင်းခါလိုက်ပြီး မဖြေပဲ နေနေသည်။

ကျီလင်းချန် - “ငါ့ကတိအတိုင်း မင်းကို အားလုံးလုပ်ပေးခဲ့တယ်။ သူ့ထက်လည်း ပိုကောင်းအောင်လုပ်နိုင်တယ်။ အိမ်ထောင်ရေးက ငါတို့နှစ်ယောက်လုံးရဲ့ဘဝအတွက် သက်ဆိုင်နေတယ်။ မင်းသိသမျှ ငါ့ကို အကုန်ပြောပြနိုင်မယ်လို့ ယုံကြည်တယ်။”

ဖန့်ရှောင်းနွမ်က ကျီလင်းချန်ရဲ့ခံစားချက်ကို သိတော့ သူမ နှုတ်ခမ်းကိုက်လိုက်သည်။ “ကျွန်မစကားကို မတည်လို့မရဘူး။ ကျွန်မ ရှင့်ကို မပြောပါဘူးလို့ ရှင့်အဖေကို ကတိပေးခဲ့တယ်။ ကတိဖျက်လို့မရဘူး။”

ကျီလင်းချန်က ဒေါသထိန်းပြီး အသံကို ဒီ့ထက်နူးညံ့အောင်လုပ်လိုက်သည်။ “‘အခြေအနေတစ်ခုကို ကောင်းကောင်းရင်ဆိုင်ဖို့ လိမ္မာပါးနပ်ရမယ်’ ဆိုတာကို မင်းလည်း ကြားဖူးမှာပါ။ ကျီမိသားစု အခြေအနေကို အခုကြည့်လိုက်။ မင်း ငါ့ကို နားထောင်တာက သူ့ကိုနားထောင်တာထက် ပိုကောင်းတယ်။ သူ မင်းကို ပေးနိုင်တာထက် ငါ မင်းကို ပိုပေးနိုင်တယ်။”

အတည်ပေါက်ဖြစ်နေတဲ့ သူမယောကျာ်းရဲ့မျက်နှာကို ကြည့်ပြီး ဖန့်ရှောင်နွမ် ဘာပြောရမလဲမသိတော့ဘူးဖြစ်နေသည်။ ကျီလင်းချန် အရမ်းပြောင်းလဲသွားတယ်လို့ သူမ ထင်မိသည်။ ဒီလူကို သူမ ဘယ်လိုမှ နားမလည်‌တော့ပေ။

ကျီလင်းချန်က ထပ်ပြောခဲ့သည်။ “သူ မင်းကို ဘာနဲ့ ခြိမ်းခြောက်တာလဲ?”

“ရှင် သိတာလား?” ဖန့်ရှောင်နွမ် လန့်သွားသည်။

ကျီလင်းချန်က သူ့မိန်းမ တုန့်ပြန်တာကိုကြည့်ပြီး အသေအချာ ခန့်မှန်းလိုက်သည်။ “မင်းမိသားစုလား? မင်းကုမ္ပဏီလား?”

အခုတော့ ကျီလင်းချန်က သူ့ဘာသာခန့်မှန်းလိုက်တဲ့အတွက် ဖန့်ရှောင်နွမ်က အပြစ်ရှိသလို မခံစားရပေ။

“ရှင့်အဖေ ကျွန်မအိမ်လာပြီး ရှင့်ကို လက်ထပ်ဖို့ ကျွန်မကို ပြောတယ်။ ကျွန်မမှာ ရွေးချယ်စရာမရှိခဲ့ဘူး။ ကျွန်မ တစ်ယောက်အတွက်ထဲပဲ ကျွန်မ အသက်မရှင်နိုင်ဘူး။ ကျွန်မမှာ မောင်လေး ရှိပြီး၊ ကုမ္ပဏီကလည်း ကျွန်မမိသားစု စီးပွားရေးဆိုတော့ ကျွန်မ လက်ထပ်ဖို့ သဘောတူခဲ့တာ။”

ကျီလင်းချန် ခန့်မှန်းထားသလို ဖြစ်နေသည်။ သူက ဘာမှမပြောတော့ပဲ ကျီမိသားစုအိမ်ကနေ ထွက်သွားခဲ့သည်။ သူက သခင်ကြီးကျီရဲ့မောက်မာမှုကြောင့် ဒေါသထွက်နေသည်။ သူက သူ့တူရဲ့ ရည်းစားကို လက်ထပ်ခဲ့ပေမဲ့ အခုတော့ အဲ့မိန်းကလေးကို သူချစ်မိနေသည်။ သူလည်း ဒီအိမ်ထောင်ရေးကို သဘောတူခဲ့တာပဲ။

ဒါပေမဲ့ သူ ဘယ်တုန်းကမှ အဲ့အိမ်ထောင်ရေးကို ဂရုမစိုက်ခဲ့ပေ။ သူ သူမကို လက်ထပ်ရင်လည်း လက်ထပ်တာပဲ။ ကံကောင်းစွာနဲ့ပဲ သူက ဖန့်ရှောင်နွမ်ကိုရော၊ သူမပုံစံကိုပါ မနှစ်သက်ခဲ့ပေ။ ဒီကိစ္စသာမရှိရင် သူ ကြိုးစားပြီး သူမနဲ့အတူ ဘဝကို ကောင်းကောင်းကို ဖြတ်သန်းလို့ရသေးသည်။

......

သူသာ ကျီဝမ်ရဲ့ သူ့မိန်းမက ရည်းစားတွေဆိုတာကို သုံးရက်လောက် သူကြိုသိခဲ့ရင် သူဒီလို အခက်တွေ့နေရမှာမဟုတ်ဘူး။ အခုတော့၊ ဖန့်ရှောင်နွမ်ကို သူ့တူနဲ့ပြန်ပြီးအဆင်ပြေအောင်လုပ်ပေးလို့လည်း မရတော့ဘူး။

ဖန့်ရှောင်နွမ်ဆီကို သူ့အဖေသွားခိုင်းတာကို သူ စဉ်းစားမိနေသည်။ သူက အရမ်းအသက်ကြီးနေတယ်ဆိုတာကို သူသိတော့၊ သူမကို ကျီဝမ်ကို ပေးဖို့တောင် သူ့အဖေကို ပြောခဲ့သည်။ အခုတော့ သူ့မိန်းမနဲ့ သူ့တူက အိပ်ရာတစ်ခုတည်းပေါ်မှာ ရည်းစားတွေ လုပ်တတ်တဲ့အရာတွေလုပ်နေမိလိမ့်မယ်လို့ သူစဉ်းစားမိတဲ့အခါ သူ့လက်ထဲက ဝိုင်ခွက်ကို ပစ်ခွဲလိုက်မိသည်။

အချိန်တွေကုန်တာတောင် မသိလိုက်ဘဲ၊ ကျီလင်းချန်က တစ်နေ့ခင်းလုံး စိတ်ဝိညာဉ်ဗီလာမှာပဲ နေခဲ့သည်။ ဖန့်ရှောင်နွမ်ကတော့ ဖုန်းနဲ့အတူ အိမ်ကို လှည့်ပတ်ကာ လမ်းလျှောက်နေသည်။ သူမက သူ့ကို ဆယ့်နှစ်နာရီမထိုးခင်အထိ အိမ်မှာစောင့်နေသည်။ ဖန့်ရှောင်နွမ်က မျက်လုံးဖွင့်လို့မရအောင်တောင် ပင်ပန်းနေတဲ့အတွက် ကျီလင်းချန်ကိုတောင် ဖုန်းမခေါ်ခဲ့ရပေ။

စိတ်ဝိညာဉ်ဗီလာက ယောကျာ်းကတော့ ဖုန်းခေါ်နေတာမြင်လိုက်တဲ့အတွက် ဖုန်းကိုင်လိုက်ပြီး နားနားကပ်လိုက်သည်။ “ဟယ်လို”

“ရှင် ပြန်လာမှာမလား? ကျွန်မ ရှင့်ကို စောင့်နေတာ ပန်းတွေတောင် ညိုးကုန်ပြီ။ ရှင်ပြန်မလာဘူးဆိုရင် ကျွန်မတံခါးပိတ်ပြီး အိပ်တော့မယ်။” ဖန့်ရှောင်နွမ်ရဲ့အသံက ပျင်းရိနေတဲ့ နူးနူးအိအိ ချိုချဉ်လုံးလေးလို အရမ်းကို နူးညံ့နေသည်။ သူမ ကျီလင်းချန်ကို ပြောနေတဲ့အချိန် သူမက ချွဲပြီး ပြောနေသလိုတောင် ပေါက်နေသည်။

ကျီလင်းချန်က ဆိုဖာကနေ ထထိုင်ပြီး မေးလိုက်သည်။ “မင်းက ငါ့ကို စောင့်နေတာလား?”

ဖန့်ရှောင်နွမ် - “ဟုတ်တယ်လေ၊ ကျွန်မက ဘယ်သူ့ကို စောင့်နေရမှာလဲ? ရှင်ပြန်လာမှာလား?”

ကျီလင်းချန်က “ဘာလို့ စောင့်နေတာလဲ?”လို့ မေးလိုက်သည်။

ဖန့်ရှောင်နွမ်က မျက်လုံးဖွင့်လို့မရအောင်ကို အိပ်ချင်နေသည်။ သူမရဲ့ အသံက ဘာပြောနေမှန်းတောင်မသိဘဲ ပိုပြီးတော့ နူးညံ့ပျော့ပျောင်းလာသည်။ သူမက သတိမထားမိဘဲ ပြောလိုက်သည်။ “ယောကျာ်း၊ မြန်မြန်ပြန်လာတော့လေ။ ရှင်ပြန်လာရင် တံခါးပိတ်ဖို့ သတိရဉီး။ ကျွန်မရှင့်ကို မစောင့်တော့ဘူးနော်”

ပြီးတော့ ဖုန်းထဲက ဘာမှမကြားရတော့ပေ။ ကျီလင်းချန်ရဲ့လည်စလုတ် ရွေ့သွားသည်။ သူမက သူ့ဘေးနားက ကွဲနေတဲ့ ဖန်ခွက်ကို ကြည့်ပြီး ဖုန်းထဲက အသံကို မှင်သက်စွာနဲ့ နားထောင်နေသည်။ သူက ခဏလောက် တွေးဝေနေပြီးတော့မှာ ကားသော့ကို ယူပြီး ထလိုက်သည်။

သူအိမ်ပြန်ရောက်တဲ့အခါမှာ မနက်ခင်းတစ်နာရီတောင် ထိုးနေပြီပင်။ အိပ်ခန်းတံခါးက မပိတ်ထားပေ။ သူ တံခါးကို တွန်းပြီး ဝင်သွားလိုက်သည်။ ဖန့်ရှောင်နွမ်က လက်ထဲမှာ ဖုန်းမချသေးဘဲ အိပ်ရာပေါ်မှာ အိပ်နေတာကို သူတွေ့လိုက်သည်။

ကျီလင်းချန်က သူမဖုန်းကို ဖုန်းချပေးလိုက်သည်။ သူက သူမဘေးမှာထိုင်လိုက်သည်။ ဖန့်ရှောင်နွမ်က သူပြန်လာတာကို မြင်တော့ ဟိုဘက်လှည့်လိုက်သည်။ သူမက “ယောကျာ်း၊ အဝတ်အစားလဲပြီး အိပ်တော့လေ။”လို့ ငြင်သာစွာ ပြောလိုက်သည်။

အဲ့လိုပြောပြီးတော့ သူ့မိန်းမအိပ်ပျော်သွားတာကို သူတွေ့လိုက်ရသည်။ သူ့နှလုံးသားက တအားကို ရှုပ်ထွေးနေသည်။ သူ သူမကို စောင်ခြုံပေးပြီး ရေချိုးခန်းထဲဝင်သွားလိုက်သည်။

နောက်နေ့ ဖန့်ရှောင်နွမ်နိုးလာတဲ့အခါ သူမဘေးနားမှာ ဘယ်သူမှ ရှိမနေပေ။ တစ်ယောက်ယောက်အိပ်ထားခဲ့တယ်ဆိုတဲ့ ခေါင်းအုံးပေါ်က အရာလေးတွေပဲ ရှိနေသည်။

All Chapters