← Chapters

အခန်း (၆၃)

Vol. 5 Ch. 63

အခန်း (၆၃)

Vol. 5 Ch. 63

“မင်းပစ္စည်းတွေသိမ်းဖို့ အချိန် ဆယ့်ငါးမိနစ်ရမယ်။ ကိုယ် မင်းကို အောက်ထပ်မှာစောင့်နေမယ်။” ကျီလင်းချန်က သူ့မိန်းမကို အေးစက်စက်မျက်နှာထားနဲ့ ပြောလိုက်သည်။ သူ့ရဲ့အသံကလည်း အေးစက်နေပြီး မနှစ်မြို့တဲ့ ပုံစံကို ပြနေသည်။

ကျီလင်းချန် ထွက်သွားတော့မှ ဖန့်ရှောင်နွမ်ရဲ့ တုန်နေတဲ့ နှလုံးခုန်သံလည်း ငြိမ်ကျသွားသည်။ သူမသာ ကျီဝမ်ကို ဆယ့်တစ်နှစ်ကြာအောင် အနိုင်ကျင့်ခဲ့တာမှန်း သူမ ပြောလိုက်ရင် ကျီမိသားစုမှာနေမယ့် သူမဘဝကို ကြိုတွေးကြည့်နေသည်။ သူမ ဘာမှတော့ သေချာမပြောခဲ့ပေ။ သူမ ပြောလို့လည်း မရချေ။

ဆယ့်ငါးမိနစ်နေတော့၊ ဖန့်ရှောင်နွမ်က အချိန်မီကားနားကို ရောက်လာသည်။ သူမ သူမယောကျာ်းကို ကြည့်လိုက်ပြီး သူ့မျက်နှာက လေးနက်တဲ့မျက်နှာထားဖြစ်နေတယ်ဆိုတာ သူမ သိသွားသည်။ သူ့ရဲ့မျက်နှာထားက အရမ်းကို မှုန်သုန်နေသည်။ အဲ့ဒါကိုမြင်တော့၊ ဖန့်ရှောင်နွမ် ဘာမှမပြောရဲတော့ဘူး။ သူတို့နှစ်ယောက်လုံးက ခရီးတစ်လျှောက်လုံး ဘာမှမပြောပဲ ငြိမ်ငြိမ်လေးပဲနေနေကြသည်။

သူတို့အိမ်ရောက်တဲ့အခါ ကျီလင်းချန်က အိမ်ထဲဝင်သွားပြီး ဆိုဖာပေါ်မှာထိုင်နေတဲ့ သူ့ရဲ့တူကို အမြန် အမိန့်ပေးလိုက်သည်။ “ကျီဝမ်၊ ငါ့စာကြည့်ခန်းထဲကိုသွား။”

နားမလည်တဲ့ ကျီဝမ်က ပြောလိုက်သည်။ “ဉီးလေး၊ အခုကော ကျွန်တော်ဘာလုပ်ထားလို့လဲ?”

ကျီလင်းချန်က ရဲတင်းစွာ ကျီဝမ်ကို ကြည့်ပြီး ပြောလိုက်သည်။ “ငါ မင်းကို နောက်တစ်ခါ ထပ်မပြောဘူးနော်။”

အဲ့ဒါပြောပြီးတော့ ကျီလင်းချန်က အပေါ်ထပ်ကို တက်သွားပြီးတော့ ကျီဝမ်ကို စာကြည့်ခန်းထဲမှာ စောင့်နေသည်။

ခဏနေတော့ ကျီဝမ်က လမ်းလျှောက်တက်လာသည်။ သူက အခန်းထဲဝင်ပြီးတာနဲ့ တံခါးပိတ်လိုက်သည်။ သူက ကျီလင်းချန်ရှေ့မှာ နာခံစွာနဲ့ ရပ်နေသည်။ သူ့ရှေ့မှာ ရှိနေတဲ့ လူက ဘယ်လောက်ဒေါသထွက်နေတာလဲဆိုတာကို ရိပ်မိတော့ သူအသက်တောင် မရှူရဲတော့ပေ။

ကျီလင်းချန်က သူ့ကို ဒေါသသံနဲ့ မေးလိုက်သည်။“တကယ်ပဲ မင်းနဲ့ ဖန့်ရှောင်နွမ်က ဘယ်လိုပတ်သတ်လဲ?”

“အတန်းဖော်တွေပါ။ ပြီးတော့ သူငယ်ချင်းတွေ။” ကျီဝမ်က သူ သူမရဲ့ မောင်လေးတစ်ယောက်လိုဖြစ်နေတာကို ဉီးလေးကို ပြောရမှာ အရမ်းရှက်တယ်ဆိုပြီး သူ့ဘာသာ တွေးနေမိသည်။ သူက သူ့ဉီးလေးကို အသိခံမှာမဟုတ်ဘူး။

ဒီအဖြေကလည်း ဖန့်ရှောင်နွမ်ဖြေခဲ့တာနဲ့ အတူတူပင်။ ကျီလင်းချန်က သူတို့နှစ်ယောက်အစောထဲက ကြိုစီစဉ်ပြီး ဖြေတာလို့ မှားထင်မိသွားသည်။ သူ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ “မင်းတို့နှစ်ယောက်ကြားမှာ ပတ်သတ်ခဲ့တာတွေကော ရှိလား?”

“ဘာ? စိတ်ဆင်းရဲမှုပေးနေတာပဲ။” ကျီဝမ်က အံ့အားသင့်သွားသည်။ “ဉီးလေးကို ဘယ်သူပြောခဲ့တာလဲ?” ကျီဝမ်က ဒီကိစ္စကို ရှင်းချင်နေသည်။

ကျီလင်းချန်က လည်း နည်းနည်းမှတောင် မရှက်ပဲနဲ့ ဖြေလိုက်သည်။ “ဒီကိစ္စမှာ ပါဝင်နေတဲ့ နောက်တစ်ယောက်ကလွဲလို့ ဘယ်သူက ငါ့ကို ပြောမှာလဲ?”

ကျီဝမ်က ‘ဖန့်ရှောင်နွမ်၊ တော်တော်ကို ဆိုးတာပဲ။ နင် ငါ့ဉီးလေးကို တန်းငြင်းခဲ့သင့်တာ။ ငါတို့က ပတ်သတ်မှုရှိခဲ့တယ်လို့ ဘယ်လိုတောင် ပြောရဲခဲ့တာလဲ? ဘာအကြောင်းမှ မရှိဘဲနဲ့တောင် ငါက ရည်းစားဟောင်းရသွားပြီ။’လို့ သူ့ဘာသာသူ တွေးနေမိသည်။

ကျီဝမ်က ဆက်ဆံရေးရှိခဲ့တယ်လို့ပြောခဲ့တဲ့ ဖန့်ရှောင်နွမ်ရဲ့ ဆင်ခြေကို တလွဲမှားတွေးနေသည်။ သူ့ဉီးလေးက ဖန့်ရှောင်နွမ်နဲ့ ရင်းနှီးအောင်လုပ်လို့ ဒီကိစ္စဖြစ်လာတာလို့ သူတွေးမိသွားသည်။ ဖန့်ရှောင်နွမ်က သူ့ရဲ့ဆိုးတဲ့ ဉီးလေးကို ငြင်းဖို့အတွက် သူ့ကို ဆင်ခြေအနေနဲ့ သုံးခဲ့လို့ သူမက သူ့ကို အထင်ကြီးတာဖြစ်မည်။

“အို့၊ ဉီးလေး စိတ်ဆိုးတာ မဆန်းပါဘူး။ ရှောင်နွမ်က ဉီးလေးကို အနိုင်ယူခဲ့လားဆိုတာကို ကျွန်တော်သိချင်တယ်။ အဲ့ဒါအမှန်ပဲ။ ကျွန်တော်နဲ့ သူမနဲ့ က ပတ်သတ်မှုရှိခဲ့တယ်။ ဉီးလေး ဘယ်လိုထင်လဲ? ကျွန်တော်တို့က ဆယ့်တစ်နှစ်ကြာအောင် အတန်းဖော်ဖြစ်လာတာ။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ ဘာမှစိတ်ဝင်စားစရာမှမရှိဘူးဆိုတာ မဖြစ်နိုင်ဘူးလေ။” ကျီဝမ်က ‘ငါသူ့ကို နောက်တစ်ခါ ထပ်ကူညီပေးလိုက်မယ်’ဆိုပြီး သူ့သာသာသူ တော်တယ်ထင်ကာ တွေးနေမိသည်။

သူ့ရဲ့ဗျူဟာကို ထုတ်သုံးလိုက်တဲ့အခါ ကျီဝမ်က အမြန်ပဲ သူ့မိန်းမနဲ့ ပတ်သတ်မှုရှိခဲ့တာကို ဝန်ခံလိုက်တာကို ကျီလင်းချန်မြင်တော့ လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်သည်။ သူ့ဘေးနားက အပူချိန်တွေတောင် လျော့ကျသွားသလို ဖြစ်နေသည်။ သူ့မိန်းမနဲ့ သူ့တူက ရည်းစားဟောင်းတွေဆိုတာကို ရုတ်တရက်သိလိုက်တော့ သူ့စိတ်ကို လုံးဝမထိန်းနိုင်တော့ဘူး။

ကျီဝမ်ပြန်လာတာနဲ့ ဖန့်ရှောင်နွမ် ရယ်နေတာ မထူးဆန်းတော့ပါဘူး။ သူတို့နှစ်ယောက် တွေ့တာနဲ့ လက်ချင်းချိတ်ပြီးတော့ အပြင်ထွက်ကစားတာက အံ့ဩစရာမကောင်းတော့ပါပေ။ ဖန့်ရှောင်နွမ်ကို ကျီမိသားစုအိမ်မှာ ဖန့်ရှောင်နွမ်ဆက်နေဖို့ သူ့ဘဝသူတောင် ရင်းခဲ့တာ မဆန်းတော့ပါချေ။

ကျီလင်းချန်နဲ့ ကျီဝမ်ရဲ့ကြားမှာ တိတ်ဆိတ်မှုက ကြားဝင်လာသည်။ ကျီလင်းချန်က ကျီဝမ်ကို ရိုက်ချင်တဲ့စိတ်ကိုထိန်းပြီး သူ့ကို ထွက်သွားခိုင်းလိုက်သည်။

ကျီဝမ်လည်း စာကြည့်ခန်းထဲကနေ ပြေးထွက်လာသည်။ နွေရာသီနဲ့ အနွေးလေးကို ခံစားမိတော့မှ ရပ်လိုက်သည်။ “ဘုရားရေ၊ ငါ့ဉီးလေးက အရမ်းကြောက်စရာကောင်းတာပဲ။”

တစ်ယောက်ယောက်စာကြည့်ခန်းထဲက ထွက်လာတာကို ဖန့်ရှောင်နွမ် ကြားလိုက်သည်။ သူမက အိပ်ခန်းတံခါးကို ဖွင့်ပြီးတော့ အခုထိ ရင်တုန်နေသေးတဲ့ ကျီဝမ်ကို ကြည့်ဖို့ ခေါင်းလေးထုတ်လိုက်သည်။ သူမက သူ့ကို “ဒီကိုလာဉီး”လို့ တိုးတိုးလေး ခေါ်လိုက်သည်။

ဖန့်ရှောင်နွမ် ခေါ်တာကို ကြားတော့ ကျီဝမ်က သူမဆီကို အမြန်ပဲ သွားသည်။ “နင် အတော်ဆိုးတာပဲ။ ငါတို့နှစ်ယောက်ပတ်သတ်ခဲ့တာကို ဉီးလေးကိုမပြောခင် ငါနဲ့တောင် ဘာမှမတိုင်ပင်ဘဲနဲ့ နင်လိမ်ခဲ့တာလား?”

ဖန့်ရှောင်နွမ်က သူ့ကို အိပ်ခန်းထဲကို ဆွဲခေါ်လိုက်ပြီးတော့ တံခါးကို ညင်သာစွာပိတ်လိုက်သည်။ “နင့်ဉီးလေးက မနက်ခန်းတုန်းက အလျင်လိုနေတာလေ။ ငါ့မှာ နင်နဲ့ ဆွေးနွေးဖို့ အချိန်တောင်မရှိဘူး။ ကျီဝမ် နင်တို့ အစောနက ဘာတွေပြောနေတာလဲ?”

ကျီဝမ် ဘာမှမပြောခင်မှာပဲ အိပ်ခန်းတံခါးပွင့်သွားသည်။ ကျီလင်းချန်က သူတို့ကို အတူတူမြင်လိုက်တော့ လက်သီးဆုပ်လိုက်သည်။ ကျီဝမ်က အခြေအနေမကောင်းဘူးဆိုတာသိတော့ အမြန်ထွက်သွားသည်။

သူတို့ရဲ့ အခုဆက်ဆံရေးမတိုင်ခင်မှာ သူက ဖန့်ရှောင်နွမ်ရဲ့ ရည်းစားဟောင်းဖြစ်ခဲ့သည်။ ဖန့်ရှောင်နွမ်က သူ့ဉီးလေးရဲ့မိန်းမ။ ဒါဆို သူက သူ့ဉီးလေးနဲ့ ရည်းစားပြိုင်ဘက်မဖြစ်သွားဘူးလား? သူ သူ့ဉီးလေးကို အကြောက်ဆုံးပဲ။

အခုတော့သွားပြီ။ ကျီဝမ်က ဖန့်ရှောင်နွမ်ကို သူထင်ခဲ့သလို ယုံကြည်လို့မရတော့တဲ့အတွက် သူမကို သူက ဆူနေမိသည်။ သူ့ဉီးလေးကို သူကြောက်တယ်ဆိုတာကို သူ သေချာသိသည်။ ဒါပေမဲ့ သူ့ဉီးလေးက သူနဲ့ သူမကြားမှာရှိတဲ့ တကယ်မရှိနေတဲ့ ဆက်ဆံရေးကို ရှိတယ်လို ထင်နေသေးသည်။ သူက တခြားနည်းနဲ့ လိမ်လို့ရနိုင်ခဲ့သည်။

ကျီလင်းချန် အတော်လေး မှုန်သုန်သွားသည်။ ထွက်ပြေးသွားတဲ့ ကျီဝမ်ကို သူစိတ်မဝင်စားပေ။ အဲ့ဒီအစား သူက တံခါးပိတ်လိုက်သည်။ သူ့ရဲ့ပုံစံက ဖန့်ရှောင်နွမ်ကို တုန်နေအောင်တောင် ကြောက်သွားစေသည်။

'အခြေအနေက ထူးဆန်းတယ်။ သူမ မနက်ခင်းထွက်လာတုန်းက အဆင်ပြေနေသေးတယ်။ သူမ မိဘအိမ်က ပြန်လာတဲ့အခါကျမှ ကျီလင်းချန်က ဘာလို့ အရမ်းကြောက်စရာကောင်းလာတာလဲ? ' နားလည်ဖို့ ခက်နေသည်။

All Chapters