← Chapters

အခန်း (၆၂)

Vol. 5 Ch. 62

အခန်း (၆၂)

Vol. 5 Ch. 62

ကျီဝမ်နဲ့ ဖန့်လင်မယားတို့ ရင်းနှီးတာကိုမြင်တော့ ကျီဝမ်နဲ့ ဖန့်ရှောင်နွမ် ဘယ်လိုဆက်ဆံရေးရှိခဲ့ကြလဲဆိုတာကို အားလုံးက စိတ်ဝင်စားသွားသည်။

အမှန်တော့ ကျီလင်းချန်က စိတ်အဝင်စားဆုံးပင်။ သူ့တူက အမြဲတမ်း သူ့မိန်းမနဲ့ အမြဲတမ်း နီးကပ်နေတယ်လို့ထင်နေတာကြောင့် သူက သခင်ကြီးဖန့်ကို မေးလိုက်သည်။ “အဖေ၊ ရှောင်ဝမ်ကို သိတာလား?”

သခင်ကြီးဖန့်က “သိတယ်၊ အဖေတို့ သိလာတာကြာပြီ။ ဆောင်းရာသီ၊ နွေရာသီပိတ်ရက်တွမှာ သူက နွမ်နွမ်နဲ့ ကစားဖို့ အိမ်ကို အမြဲလာတယ်။ သူငယ်ငယ်လေးတည်းက အမြဲတမ်းအဖေတို့ သူ့ကို အဲ့ဒီပိတ်ရက်တွေမှာ တွေ့နေရတာလေ။”လို့ ပြန်ဖြေလိုက်သည်။

ကျီဝမ်က စိတ်ထဲမှာပြန်ပြောမိနေသည်။ ‘ငါက သူ့သမီးနဲ့ လာကစားတာမဟုတ်ဘူး။ ငါက သူ့ရဲ့ပျင်းနေတဲ့ သမီးရဲ့အိမ်စာတွေ လာလုပ်ပေးနေရတာ။’

ကျီလင်းချန် စိတ်တိုသွားသည်။ သူထင်ထားတာထက် သူ့မိန်းမနဲ့ သူ့တူက ရင်းနှီးခဲ့တာဖြစ်နေသည်။ “ရှောင်ဝမ်က နွမ်နွမ်နဲ့ အပြင်ထွက်လေ့ကောရှိလား?”

သခင်မဖန့်က သေချာတွေးနေမိသည်။ “ဒီကလေးနှစ်ယောက်က တော်တော်လေး အဆင်ပြေကြတယ်လေ။ တစ်ခါတလေတော့ ပိတ်ရက်တွေမှာ သူတို့ အပြင်ထွက်ကြတယ်။”

အဲ့ဒီစကားတွေကို ကြားတော့ သာမန်မဟုတ်တဲ့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ပိုပြီးသေချာအောင်လုပ်ပေးလိုက်သည်။ သူ့ဘေးနားမှာထိုင်နေတဲ့ မိန်းကလေးကို သူလှမ်းကြည့်လိုက်သည်။ ဖန်ရှောင်နွမ်လည်း သူမယောကျာ်းကို လှည့်ကြည့်လိုက်သည်။ သူက တမင် ချောင်းဟန့်လိုက်သည်။ သူ့ရဲ့ အေးစက်ပြီး ခံစားချက်မရှိတဲ့ အကြည့်ကြောင့် သူ့ဘေးနာက မိန်းကလေးကို အတော်လေးကြောက်သွားစေသည်။

ဖန့်ရှောင်းနွမ်က အကြောက်အလန့်မရှိပေမဲ့၊ သူမကို အကြည့်တစ်ချက်နဲ့တင် ကြောက်စေတဲ့ ပထမဆုံးသူက ကျီလင်းချန်ဖြစ်နေသည်။ သူမက မျက်တောင် တဆတ်ဆတ်ခတ်မိလိုက်သည်။ “ယောကျာ်း၊ ဘာဖြစ်လို့လဲ?”

ကျီလင်းချန်က ပြောလိုက်သည်။ “ပြန်ရောက်ရင် စာကြည့်ခန်းထဲကို ကိုယ်နဲ့လိုက်ခဲ့။”

ကျီမိသားစုက အစကတော့ တောင်းပန်ဖို့ လာခဲ့တာပင်။ ဒါပေမဲ့ ဖန့်လင်မယားက ဘာကိုမှ သူမနဲ့ပတ်သတ်ပြီး အဆင်မပြေတာမရှိတာကို ဖန်ချီသိသွားသည်။ ဒါ့ကြောင့် မိသားစု အလည်အပတ်လာတာပဲဖြစ်သွားသည်။ ဖန့်မိသားစုအိမ်မှာ နေ့လယ်စာစားပြီးနောက် သူမယောကျာ်း အလုပ်သွားရဉီးမယ်ဆိုပြီး အကြောင်းပြကာ ဖန်ချီတို့ ထွက်သွားသည်။

ဖန့်ရှောင်နွမ်က အစောကြီး မပြန်ချင်သေးပေ။ ဒါကြောင့် သူမ အကြောင်းပြလိုက်သည်။ “ကျွန်မ အဝတ်အစားယူဖို့ နေခဲ့ဉီးမယ်။ မနက်ဖြန်မှ ကျွန်မဘာသာပြန်လာမယ်”

သူမက သူ့ကို ရှောင်နေတယ်ဆိုတာကို ကျီလင်းချန်သိသည်။ ဒါကြောင့် သူက တမင် နေခဲ့ပြီး ပြောလိုက်သည်။“ကိုယ်လည်း မင်းကို ကူပေးမယ်”

ဖန့်ရှောင်နွမ်က ခေါင်းခါလိုက်သည်။ “ရတယ်၊ အဲ့ဒါက ကျွန်မအခန်းလေ။”

ကျီလင်းချန်ကလည်း အရှုံးမပေးပေ။ “မင်းယောကျာ်းအနေနဲ့၊ ကိုယ်က မင်းအခန်းထဲကိုတောင် ဝင်လို့မရဘူးလား?”

ကျီဝမ်လည်း မပြန်သေးပေ။ သူ့မျက်စိတွေက ရှိုးပွဲကို ကြည့်နေသလို တောင်ကြည့်လိုက်၊ မြောက်ကြည့်လိုက် ဖြစ်နေသည်။

နောက်ဆုံးတော့၊ ဖန့်ရှောင်နွမ်က သူမရဲ့ ပန်းရောင်တွေနဲ့ပြည့်နေတဲ့ မိန်းကလေးအခန်းထဲကို ကျီလင်းချန်ကို ခေါ်သွားရတော့သည်။ ကျီလင်းချန်က သူမအဝတ်သိမ်းတာကိုကူပေးမယ်လို့ ပြောခဲ့သည်။ သူဝင်သွားပြီးနောက်၊ သူက အိပ်ရာပေါ်ထိုင်ကာ အခန်းထဲက ပြင်ဆင်ထားတာတွေကို လိုက်ကြည့်နေသည်။

ဖန့်ရှောင်နွမ်ရဲ့ အိပ်ရာက ဇာပိတ်စတွေနဲ့ ပြင်ဆင်ထားသည်။ သူမအိပ်ရာဘေးက နံရံမှာ ချိတ်ဆွဲထားတဲ့ ဓာတ်ပုံကြီးတစ်ပုံလည်း ရှိသည်။ ပုံက သူမအထက်တန်းကျောင်းတုန်းက ရိုက်ခဲ့တာဖြစ်ရမည်။ ပုံထဲက လူပုံစံနဲ့ အခုသူမရဲ့ပုံစံနဲ့ သိပ်ကွာမနေပေ။

ဓာတ်ပုံက သေချာရိုက်ထားတာဖြစ်ပြီး တကယ်ကို အသက်ဝင်နေသည်။

ဖန့်ရှောင်နွမ်က အဝတ်အစားတွေကို မသိမ်းချင်ပေ။ သူမက တိတ်တဆိတ်နဲ့ သူမအခန်းထဲက ယောကျာ်း ဘာလုပ်နေလဲဆိုတာကို သေချာကြည့်နေသည်။

သူမရဲ့အခန်းထဲကို သေချာကြည့်ပြီးသွားတဲ့ ယောကျာ်းက သူမကိုတွေ့တော့ သူက ဖန့်ရှောင်နွမ်ကို မေးလိုက်သည်။“ရှောင်နွမ်၊ မင်းနဲ့ ကျီဝမ်နဲ့က ဘယ်လိုပတ်သတ်တာလဲ?”

ဖန့်ရှောင်နွမ်က ပြန်ဖြေလိုက်သည်။ “အတန်းဖော်ဆက်ဆံရေးပါ။”

ကျီလင်ချန်က အရမ်းကို သဝန်တိုနေသည်။ “မင်း ဒီလိုပြောရင် ဘာလို့ သူက မင်းမိဘတွေနဲ့ပါ သိနေရတာလဲ?

ကျီဝမ်က နွေနဲ့ ဆောင်းပိတ်ရက်တွေမှာ သူမအိမ်စာကို ကူလုပ်ပေးဖို့ လာခဲ့တာကို ဖန့်ရှောင်နွမ် တွေးမိသွားသည်။ သူမက ကျီဝမ်က သူမရဲ့ မောင်လေးလိုဖြစ်နေတာကို သူ့ယောကျာ်းကို ပြောဖို့ တွန့်ဆုတ်နေသည်။

သူမသာပြောလိုက်ရင် ကျီမိသားစုရဲ့ ကာကွယ်ပေးတတ်တဲ့စရိုက်အရ၊ ကျီလင်းချန်က သူမ သူ့တူကိုအနိုင်ကျင့်နေတာကိုသိပြီး သူ့အတွက် ရပ်တည်ပေးမှာလား? ပြီးတော့ သူမက သူကိုအနိုင်ကျင့်ခဲ့တဲ့အကြောင့် ဘယ်သူ့ကိုမှ မပြောဖို့ ကျီဝမ်ကို ကတိပေးထားသည်။

သူမ အကြောင်းပြချက်ကောင်းကောင်းပေးဖို့ ဖန့်ရှောင်နွမ်တွေးမိသွားသည်။ “ဘာလို့လဲဆို ကျွန်မတို့က အမြဲတမ်း ကစားကြလို့လေ။ ဒါ့ကြောင့် သူလည်း ကျွန်မ မိဘတွေနဲ့ ရင်းနှီးသွားတာ။”

ကျီလင်းချန် - “ကစားကြတာ။ မင်းတို့က ဘာကစားတာလဲ?”

ဖန့်ရှောင်နွမ်က သိပ်ပြီးမလိမ်တတ်တော့ သူမရဲ့ အချစ်ဆုံး သူငယ်ချင်းလုပ်ခဲ့တာတွေကို သူ့ကို ပြောလိုက်သည်။ “ကျွန်မတို့ ရုပ်ရှင်လည်း တူတူကြည့်တယ်၊ ဈေးဝယ်ထွက်တယ်၊ အတူတူစားသောက်ပြီး ခရီးထွက်ကြတယ်။”

“မင်းတို့က ခရီးအတူတူထွက်တာလား?” အဲ့ဒါကို ကြားတော့ သဝန်တိုနေတဲ့ ကျီလင်းချန်က အတော်လေး စိတ်မထိန်းနိုင်ဖြစ်သွားသည်။ “ခရီးထွက်တော့ မင်းတို့အတူတူနေခဲ့တာလား?”

“နေတာပေါ့။ ကျွန်မတို့ မခွဲမခွာဘဲနဲ့ကို အတူတူနေခဲ့တာ။” ဖန့်ရှောင်နွမ်က သူမရဲ့အချစ်ဆုံးသူငယ်ချင်းအကြောင့် ပြောနေတာလို့ ထင်ခဲ့သည်။ ဒါပေမဲ့ သူမ ကျီဝမ်အကြောင်းပြောနေတာကို ရုတ်တရက်စဉ်းစားမိပြီး သူတို့နှစ်ယောက် သဘာဝအရ အတူတူမနေခဲ့သင့်ဘူးဆိုတာကို သိသွားသည်။

ကျီလင်းချန်က သူ့မိန်းမဆီကို တစ်ခုခုလုပ်တော့မယ်ပုံနဲ့ လျှောက်သွားခဲ့သည်။ သူက သူမမျက်လုံးတွေကို ကြည့်ပြီး မေးလိုက်သည်။ “ရှောင်နွမ်၊ ကျီဝမ်နဲ့ မင်းဘယ်လိုပတ်သတ်တာလဲ?”

ချစ်သူနှစ်ယောက်ကြားမှာ လုပ်ရမယ့် ကိစ္စတွေအကုန် သူတို့လုပ်ခဲ့သည်။ သူတို့က ဘယ်လိုလုပ် သာမန်သူငယ်ချင်းပဲဖြစ်ရမှာလဲ?

ဖန့်ရှောင်နွမ်က အသက်ပြင်းပြင်းရှုလိုက်သည်။ သူမ ကျီလင်းချန်ရဲ့မျက်လုံးတွေကို မကြည့်ရဲပေ။ သူ့လက်ထဲကနေ ဘာမှ မလွတ်မြောက်နိုင်ချေ။ သူမ ကျိုးကြောင်း သေချာစဉ်းစားပြီးတဲ့ထိကို သူမ အမှန်ကို မပြောခဲ့ပါပေ။ “အတန်းဖော်ကြားထဲမှာ ရှိတဲ့ သာမန်ဆက်ဆံရေးပါပဲ။”

ကျီလင်းချန်က သူ့မိန်းမဆီကနေ ဘာမှသိနိုင်မှာမဟုတ်တဲ့အတွက် သူ့တူကိုပဲ စစ်မေးဖို့ ကြံပြီးသွားပြီပင်။

All Chapters