← Chapters

အခန်း (၇၆)

Vol. 6 Ch. 76

အခန်း (၇၆)

Vol. 6 Ch. 76

လျှိုစစ်ယွီ - “နင်တို့နှစ်ယောက် ဘာမှမဖြစ်သေးဘူးမလား? နင်က တရားဝင်ဇနီးဖြစ်နေပြီလေ။ သူက သဝန်တိုပြီးတော့ ကျီဝမ်ကို ကဖို့ပို့လိုက်တယ်။ သူက နင့်ကို မေဂျာတောင် မပြောင်းခိုင်းဘူးလေ။ အခု အထင်လွဲတာတွေလည်း မရှိတော့ဘူးဆိုတော့ သူ နင့်ကို ပြောင်းခိုင်းလိုက်ပေမယ့် ကျီဝမ်ကိုတော့ မပြောင်းခိုင်းဘူး။ နင့်ရဲ့ အခိုင်းစေလေးဆက်ဖြစ်နေအောင် သူ့ကို အတန်းကိုးမှာဆက်နေခိုင်းတာနဲ့ အတူတူပဲ မဟုတ်ဘူးလား? နွမ်နွမ်၊ ကျီလင်းချန်က နင့်ကို ကြိုက်နေပြီ။”

“တွေ့လား။ ငါ့ဉီးလေးက နင့်ကို ကြိုက်နေပါတယ်လို့ ငါပြောတယ်လေ။ အရင်က၊ ငါပြောတာကို နင်မှမယုံတာ၊ အခုတော့ နင်သိပြီမလား၊ စစ်ယွီ။ နင် ယုံသင့်တယ်နော်။” ကျီဝမ်က တစ်ခုခုအရေးကြီးတာကို အခုမှသိသလိုမျိုးနဲ့ အသံကျယ်ကြီးနဲ့ပြောလိုက်သည်။

သူတို့နှစ်ယောက်ပြောနေတာကို ဖန့်ရှောင်နွမ်ကြားတော့ သူမနှလုံးက ဖြတ်ခနဲခုန်သွားသည်။ “ဟာ..မဖြစ်နိုင်ပါဘူး။” သူမမျက်နှာက ရှက်သွေးဖြာနေသည်။ သူမရဲ့စိတ်ကလည်း ရုပ်ရှင်လိုပဲ ကျီလင်းချန်နဲ့ ကုန်ဆုံးခဲ့တဲ့အချိန်တွေကိုပြန်တွေးနေမိသည်။

လျှိုစစ်ယွီက အရမ်းကိုအံ့ဩနေသည်။ သူမက သူမ သူငယ်ချင်းကိုကြည့်ပြီး ပြောလိုက်သည်။ “ရှောင်နွမ်၊ နင်တော်လိုက်တာ။ နင်လက်ထပ်ထားတာ ဘယ်လောက်မှမကြာသေးဘူး၊ မိန်းကလေးတိုင်းကြိုက်တဲ့ ယောကျာ်းတစ်ယောက်ကိုတောင် နင့်ကို‌ ကြွေအောင်လုပ်နိုင်တယ်။”

ကျီဝမ်က သူတို့ဘေးနားမှာရပ်နေပြီး ပြောလိုက်သည်။ “ဖန့်ရှောင်နွမ်ရဲ့အကြည့်တစ်ခုနဲ့တင် ငါ့ဉီးလေးကို ကြွေအောင်လုပ်နိုင်တယ်။ သူမရဲ့ မောက်မာတဲ့ပုံနဲ့ အပြစ်ကင်းစင်တဲ့ပုံလေးကို ငါ့ဉီးလေးက ကြိုက်နေတာ။ နောက်ပြီး ငါ့ဉီးလေးက ဘယ်တုန်းကမှ ရည်းစားမထားခဲ့ဖူးဘူး။ ဖန့်ရှောင်နွမ်က ကြည့်မကောင်းတာမှမဟုတ်တာ။ ဒီလိုလှတဲ့ မိန်းကလေးက သူ့ဘေးမှာ နေ့တိုင်းရှိနေတာလေ။ သူက ဘယ်လိုလုပ် အဲ့ဒါကို လွန်ဆန်နိုင်မလဲ”

ဖန့်ရှောင်နွမ်က ကျီဝမ်ကို စိုက်ကြည့်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။ “နင်ပြောခဲ့တာတွေကို ငါ နင့်ဉီးလေးကို ပြန်ပြောလိုက်မှာ။”

ကျီဝမ် အရှုံးပေးလိုက်ရသည်။ သူမကို မပြောဘူးဆိုသည့် အမူအရာလုပ်ပြပြီး ဖန့်ရှောင်နွမ် သေချာအသိဝင်ပြီး သူ့ဉီးလေးကို မပြောဖို့ မျှော်လင့်သလို ကြည့်လိုက်သည်။

လျှိုစစ်ယွီ - “ကျီဝမ်ပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ငါထင်တယ်။ နင်က ချောတဲ့မိန်းကလေးလေ။ နင်သာ မချောရင် ကျောင်းရဲ့အလှဘုရင်မအဖြစ် နင် ဘယ်လို အရွေးခံရမှာလဲ? ယောကျာ်းတွေအားလုံးက ရုပ်ချောတာကို ကြိုက်တယ်လေ။ ကျီလင်းချန် နင့်ကိုကြိုက်နေတယ်လို့ ငါလည်းထင်တယ်။ ပြီးတော့ နင့်တို့နှစ်ယောက်ရဲ့ လက်ရှိအနေအထားအရ၊ နင်တို့ တစ်ယောက်ကိုတစ်ယောက် ခံစားချက်တွေရှိနေတာ သာမန်ပါပဲ။”

ဖန့်ရှောင်နွမ်က ကျီလင်းချန်နဲ့ ဆုံတွေ့ခဲ့တာတွေကို သေချာပြန်စဉ်းစားနေပေမဲ့ သူမက မူမမှန်ဘူးလို့ ခံစားနေရသေးသည်။ သူမ လက်ဆန့်ပြီး မေးလိုက်သည်။“နင်တို့ ငါ့ဆီက အမွှေးနံ့ရကြလား”

သူတို့နှစ်ယောက်က ခေါင်းငုံ့ပြီးတော့ သေချာရှုကြည့်နေသည်။ လျှိုစစ်ယွီက ခေါင်းခါလိုက်သည်။ ကျီဝမ်လည်း ထို့အတူပင်။ “ရှောင်နွမ်၊ နင်က ရေမွှေးမှ မသုံးတာ။ အမွှေးနံ့ မရှိဘူးလေ။ ဘာဖြစ်လို့လဲ?”

“ကျီလင်းချန်က ငါနားက မွှေးတယ်လို့ အမြဲပြောတာ။ ငါဘယ်လို သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်နဲ့ ကိုယ်တိုက်ဆပ်ပြာတွေ သုံးတာလဲဆိုတာတောင် မေးနေတာ။ ဒါပေမဲ့ ငါသုံးတာတွေအားလုံး အမွှေးနံ့မှ မရှိတာ။” ဖန့်ရှောင်နွမ်က ရိုးရိုးသားသားပြောပြလိုက်သည်။

အတင်းတုတ်ရာမှာ ဆရာတစ်ဆူဖြစ်တဲ့၊ လျှိုစစ်ယွီက အဓိကအချက်ကို သတိထားမိသွားသည်။ သူမ ပျော်သွားပြီး ပြောလိုက်သည်။ “ဒါဆို နင် ကျီလင်းချန်နဲ့ နမ်းခဲ့တာပေါ့။”

ကျီဝမ်ကလည်း သူမကို စိုက်ကြည့်နေသည်။ “ငါ့ဉီးလေးနဲ့ နင်နဲ့က တကယ်လင်မယားလို ဖြစ်သွားပြီလား? ငါ ညီလေးရတော့မှာလား? ဒါမှမဟုတ် ညီမလေးလား?”

ဖန့်ရှောင်နွမ် ဖြတ်ပြောလိုက်တာကြောင့် သူတို့တွေးနေတာတွေ ပျောက်သွားသည်။ “နင်တို့ ဘာတွေတွေးနေတာလဲ? အဲ့လိုမဟုတ်ဘူး။ ငါဆီမှာ အမွှေးနံ့ရှိမနေတာတောင် ဘာလို့ သူက ငါ့နားက အမွှေးနံ့ရနေတယ်လို့ ပြောတာလဲဆိုတာကို ငါနားမလည်ဘူး။”

ခဏလောက် စဉ်းစားနေကြပြီးနောက် ကျီလင်းချန်က ဖုန်းခေါ်လာသည်။ သူတို့သုံးယောက်လုံး တစ်ချိန်တည်းမှာပဲ အသက်ရှုရပ်ချင်သလိုဖြစ်နေသည်။ ပုံမှန်ဆို၊ ဖုန်းလေးကိုင်တာကို သူတို့ဘယ်တုန်းကမှ ဒီလို စိတ်မလှုပ်ရှားဖူးပေ။

ဖန့်ရှောင်နွမ်က ဖုန်းကိုင်ပြီး သူမ နားနားကို ကပ်လိုက်သည်။ “ဟယ်လို။”

ကျီလင်းချန် မေးလိုက်သည်။ “ကိုယ်ပို့လိုက်တဲ့ ဝီချက်က စာကို မင်းတွေ့လား?”

“အာ? ကျွန်မ အလုပ်များနေလို့ မမြင်မိလိုက်ဘူး။ အင်း…။ တစ်ခုခုပြောစရာရှိလို့လား?” ဖန့်ရှောင်နွမ်က အရမ်းကို စွဲမက်ဖွက်ကောင်းတဲ့ ကျီလင်းချန်ရဲ့အသံကို နားထောင်နေသည်။ လျှိုစစ်ယွီနဲ့ ကျီဝမ်ပြောတာတွေကို သူမနားထဲ အသေအချာ ပြန်ကြားယောင်နေသည်။ ‘ကျီလင်းချန်က နင့်ကို ကြိုက်နေတာ။’

ဒါ့ကြောင့် သူမဖုန်းကိုင်လိုက်တော့ ရှက်နေပြီး သိမ်မွေ့စွာပြုမူနေသည်။

ကျီလင်းချန် - “ကျောင်းက ဘယ်တော့ပြီးမှာလဲ? ကိုယ်လာကြိုမယ်။”

ဖန့်ရှောင်နွမ်က တုံ့ဆိုင်းမှုမရှိဘဲ ငြင်းလိုက်သည်။ “မလိုပါဘူး။ ကျောင်းပြီးရင် စစ်ယွီနဲ့ ကျွန်မ အပြင်ထွက်လည်မလို့”

ကျီလင်းချန် စိတ်မဆိုးပေ။ အဲ့အစား စိတ်မကောင်းဖြစ်သလိုပုံစံနဲ့ ပြုံးပြီး ပြောလိုက်သည်။ “ဒါက မင်းကို ကျောင်းလာကြိုတာ ကိုယ့်အတွက် ပထမဆုံးလေ၊ မင်းကတော့ ကိုယ့်ကို ငြင်းတယ်ပေါ့”

ဖန့်ရှောင်နွမ်က ပြောလိုက်သည်။“ဒါဆိုလည်း ငြင်းခံရတာကို ရှင် နေသားကျရမယ်လေ။ နောက်လည်း အသားကျသွားမှာပါ။”

ခိုးနားထောင်နေတဲ့ ကျီဝမ်နဲ့ လျှိုစစ်ယွီက ဖန့်ရှောင်နွမ်ကို လက်မထောင်ပြလိုက်သည်။ ဘယ်လောက်အံ့ဩဖို့ကောင်းလိုက်လဲ။ သူမက ကျီလင်းချန်ကိုတောင် ကြောက်မနေဘူး။

ကျီလင်းချန်က စိတ်ကောင်းဝင်နေတာကြောင့် သူမကို အတင်းမပြောပေ။ သူမမှာ လုပ်စရာရှိတာကြောင် သူ နောင်တရစွာနဲ့ ဖုန်းချလိုက်သည်။ ဖုန်းချလိုက်ပြီးတော့ ဖန့်ရှောင်နွမ်က နှုတ်ခမ်းကိုကိုက်ပြီး ခုံကိုမှီနေသည်။ သူမရဲ့အကြည့်တွေက ဖုန်းပေါ်ကနေ ဘယ်မှမခွာပေ။

လျှိုစစ်ယွီက “ရှောင်နွမ်၊ ဘာဖြစ်တာလဲ?”လို့ မေးလိုက်သည်။

ဖန့်ရှောင်နွမ် - “မသိဘူး။ ဒီတိုင်း အသားမကျသလို ခံစားရလို့။”

All Chapters