အခန်း (၈၁)
Vol. 6 Ch. 81
ကျီလင်းချန် ခေါင်းခါလိုက်သည်။ “သူမ ဘယ်သူပဲဖြစ်ဖြစ်၊ သူ့မှာ ကိုယ့်မိန်းမနဲ့ တူတဲ့ အဆင့်အတန်းရှိလို့လား?”
“မရှိဘူးလေ။ ကျွန်မယောကျာ်းက စီးပွားရေးလောကရဲ့ အရှင်သခင်ပဲကို။” ဖန့်ရှောင်နွမ် သတိမထားမိလိုက်ဘဲနဲ့ ကျီလင်းချန်နဲ့ တအားရင်းနှီးနေတယ်လို့ ခံစားရတာကြောင့် သူမ သူစိမ်းဆန်ဆန်ကြီး မဆက်ဆံတော့ပေ။
အဲ့အစား သူမက ကျီလင်းချန်နဲ့ “သူမက လင်းရိုရဲ့ လက်ပါးစေလေ။ လင်းရိုက ရှင့်ရဲ့ ဒီဇိုင်နာမဟုတ်ဘူးလား?”
“သူမက သေချာစဉ်းစားတတ်တယ်။ ကိုယ်က လက်ထပ်ပြီးပြီလေ။ ဘာလို့ ကိုယ့်အင်္ကျီကို ချုပ်ဖို့ ဒီဇိုင်နာလိုဉီးမှာလဲ? မင်း စိတ်ပျက်တယ်ဆိုရင်၊ သွားပြီး သူမကို ရန်သွားစလို့ရတယ်။ ကိုယ် မင်း နောက်မှာရှိတယ်။ မင်းတစ်ယောက်တည်း မသွားချင်ရင်၊ ကိုယ် မင်းနဲ့ လိုက်ခဲ့မယ်။” ကျီလင်းချန်က ဘာမှမစဉ်းစားဘဲ အကုန်ပြောမိသွားသည်။
ဖန့်ရှောင်နွမ် ပြုံးလိုက်သည်။ သူမရဲ့ အပြုံးက သူမမျက်လုံးကိုကြည့်တာနဲ့ သိသာနေသည်။ တစ်ယောက်ယောက်က ကိုယ့်နောက်ကနေ ကာကွယ်ပေးတာကို ခံရတာက အရမ်းကို ကောင်းသည်။
“ယောကျာ်း၊ သူမဆီကို ကျွန်မအနေနဲ့ သွားပြီး ရန်စရမှာက မကောင်းဘူးမဟုတ်လား? ကျွန်မက ကောင်းကောင်းမစဉ်းစားတတ်တဲ့သူလို့ဆိုပြီး တခြားသူတွေက ထင်လိမ့်မယ်လေ။”
ကျီလင်းချန်က ပြောလိုက်သည်။ “မင်းယောကျာ်းက ကျီလင်းချန်လေ။ မင်းက သေချာတွေးတောပြီး မစဉ်းစားလဲဖြစ်တယ်။”
ဖန့်ရှောင်နွမ်ရဲ့ အပြုံးက ပိုပြီးတော့တောင် သိသာလာသည်။ သူမနဲ့ ကျီလင်းချန်က တစ်ယောက်နဲ့ တစ်ယောက် ကြည့်နေသည်။ “ယောကျာ်း၊ ရှင်ဘာလို့ ရုတ်တရက်ကြီး ကျွန်မအပေါ်ကောင်းနေတာလဲ?”
“ကိုယ့်မိန်းမကို ကောင်းပြတာကို ဘာကြောင့်ကောင်းတာလဲဆိုပြီး ပြောဖို့လိုလို့လား?” ကျီလင်းချန်က ပြန်ဖြေသည်။
ဖန့်ရှောင်နွမ်က “ကျွန်မက ရှင့်မိန်းမဖြစ်နေတာကြောင့်ပဲလား? တခြား အကြောင်းအရင်းကောရှိသေးလား?” လို့ စိတ်ပျက်ပြီး ပြောလိုက်သည်။
ဖန့်ရှောင်နွမ်လိုချင်တဲ့ အဖြေကဘာလဲဆိုတာကို ကျီလင်းချန် သိပ်နားမလည်ပေ။ “တခြားဘာအကြောင်းပြချက်ကို ကြားချင်သေးတာလဲ?” သူ အဲ့လိုပြောလိုက်တော့ ဖန့်ရှောင်နွမ်ရဲ့ မျက်နှာပေါ်က အပြုံးက ချက်ချင်းပျောက်သွားသည်။
“ဒီနေ့ ရှင် ကျွန်မအတွက် လုပ်ပေးခဲ့တာအတွက် ကျေးဇူးပါ။ ကျွန်မ ရေသွားချိုးတော့မယ်။”
သူ့မိန်းမက အစကတော့ ပျော်နေသည်။ သူမ မေးတဲ့ နောက်ဆုံးမေးခွန်းကို သူဖြေလိုက်တော့ သူမရဲ့ မျက်နှာထားက တန်းပြောင်းသွားကာ ဆင်ခြေပေးပြီး လှည့်ထွက်သွားတာကို ကျီလင်းချန်ရိပ်မိသည်။ သူ နားမလည်ဘူးဖြစ်နေသည်။ သူ တစ်ခုခုကိုများ မှားပြောခဲ့လို့လား?
ဆင်ခြေပေးပြီး ရေချိုးခန်းထဲထွက်သွားတဲ့ ဖန့်ရှောင်နွမ်က အရမ်းစိတ်ပျက်နေသည်။ လွန်ခဲ့တဲ့နှစ်ရက်လောက်က၊ ကျီဝမ်နဲ့ စစ်ယွီက ကျီလင်းချန် သူမကိုကြိုက်နေတယ်လို့ပြောတာကို သူမ သေချာမသိဘဲနဲ့ ယုံခဲ့မိသည်။ ဒါပေမဲ့၊ အခုတော့ သူမကိုယ်တိုင် သူ့ကို မေးခဲ့သည်။ ကျီလင်းချန် သူမအပေါ်ကောင်းတာက သူမက သူ့မိန်းမဖြစ်နေတာကြောင့် ဖြစ်နေသည်။ တခြားအကြောင်းအရင်းမရှိဘူး။ သူ့မိန်းမဖြစ်နေတာ တစ်ခုတည်းကြောင့်ပဲ။ အကယ်၍ တစ်ယောက်ယောက်သာ သူ့ကို လက်ထပ်ခဲ့ရင် သူ့ကိုလည်း ကျီလင်းချန် ဒီအတိုင်း ကူညီပေးဉီးမှာပဲ။
ဒီဟာကိုတွေးပြီးတော့ ဖန့်ရှောင့်နွမ်က စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုက်သည်။ ‘ဘာက အမှန်လဲဆိုတာကို နင်တကယ်မသိဘူး၊ ဒါကြောင့် နင်က စိတ်ကူးယဉ်နေတာ။”
ဖန့်ရှောင်နွမ်က အဲ့ဒါကိုပဲ ခေါင်းထဲမှာ ဆက်တိုက်တွေးနေတာကြောင့် သူမ ရေအကြာကြီးချိုးလိုက်သည်။ ဘာမှမသိတဲ့ ကျီလင်းချန်က သူမအပြင်ထွက်လာအောင် ရေချိုးခန်းထဲကိုတောင် ဝင်လုနီးပါးဖြစ်နေသည်။
ဖန့်ရှောင်နွမ်က “ဟုတ်ပါပြီ။ ကျွန်မ ထွက်လာတော့မှာ။” သူမက တဘက်နဲ့ ကိုယ်ကိုပတ်ပြီးတော့ ရေချိုးခန်းထဲက လျှောက်ထွက်လာသည်။ သူမ ခေါင်းငုံ့ရင်း၊ ကျီလင်းချန်ကို “ရေသွားချိုးတော့လေ”လို့ ပြောလိုက်သည်။
ကျီလင်းချန်က သူမကိုယ်ပေါ်က ရေစက်တွေနဲ့ ရေအကြာကြီးချိုးလိုက်လို့ ဖောင်းဖောင်းလေးဖြစ်နေတဲ့ သူမရဲ့ပါးကို တွေ့သွားသည်။ “မင်းအဲ့ထဲမှာ အိပ်နေတာလား?”
“မဟုတ်ပါဘူး။ ကျွန်မ အတွေးလွန်သွားလို့ အချိန်ကို မသိလိုက်တာ။” အဲ့လိုပြောပြီး ဖန့်ရှောင်နွမ်က ဆံပင်မှုတ်စက်ကိုယူပြီး ခေါင်းဖြီးဖို့ အဝတ်လဲခန်းထဲ ဝင်သွားသည်။
သူ့မိန်းမ နှုတ်ခမ်းစူနေတာကို ကျီလင်းချန်တွေ့ပေမယ့် သူထင်နေတာတွေကို ထုတ်မပြောရဲဘူးဖြစ်နေသည်။ အဲ့အစား၊ သူ့လည်း ရေချိုးဖို့ ရေချိုးခန်းထဲ ဝင်သွားသည်။ သူရေချိုးပြိး အပြင်ထွက်တာနဲ့ ဖန့်ရှောင်နွမ်က အိပ်ရာပေါ်မှာ အိပ်နေနှင့်ပြီ။
“ရှောင်နွမ်၊ မင်းစိတ်ဆိုးနေတာလား?” ကျီလင်းလျန်က သူမေးချင်ခဲ့တာကို စိတ်ရင်းအမှန်နဲ့ မေးလိုက်သည်။
ဖန့်ရှောင်နွမ်က “အာ? ကျွန်မက ဘာလို့စိတ်ဆိုးရမှာလဲ?” လို့ ပြန်ဖြေလိုက်သည်။
ကျီလင်းချန်က ခေါင်းရမ်းလိုက်သည်။ သူအတွေးလွန်နေတာ ဖြစ်ရမည်။ သူ စောင်ကိုမပြီး အိပ်ရာဘေးနားက စာအုပ်ကိုယူကာ အိပ်ရာထဲမှာ ဖတ်ဖို့ လုပ်နေသည်။ ဖန့်ရှောင်နွမ်က သူ့ဘေးနားမှ အိပ်နေပြီး စိတ်ကသီးကအောင့်ဖြစ်နေသည်။ သူမဖုန်းကို ကြည့်လိုက်တော့ သူမမျက်စိတွေ နည်းနည်းဝါးနေသည်။
သူမ စိတ်မသက်မသာဖြစ်နေတာကို ကျီလင်းချန် သတိထားမိသည်။ သူက လိုက်ကာကို ပိတ်လိုက်ပြီး ဖန့်ရှောင်နွမ်ရဲ့ ဖုန်းကို ယူသိမ်းလိုက်သည်။ “မကစားတော့နဲ့လေ။ အိပ်တော့။”
ကျီလင်းချန် တစ်ခါ ထပ်လှည့်လာပြန်သည်။ သူက အိပ်ရာဘေးနားက မီးကိုပိတ်ဖို့ ဖန့်ရှောင်နွမ်နား တိုးလာသည်။ နောက်ဆုံးတော့၊ သူ့ဘေးနားက မီးသီးတစ်လုံးပဲ လင်းတော့သည်။ ပြီးတော့၊ သူက သေချာပြန်မလှဲအိပ်ပေ။ အဲ့ဒီအစား၊ သူ့ရဲ့ ငယ်သေးတဲ့မိန်းမကို စိုက်ကြည့်ဖို့ ခန္ဓာကိုယ်ကို သူ့ရဲ့တံတောင်နဲ့ ထောက်ထားပြီးနေနေသည်။
ဖန့်ရှောင်နွမ်ရဲ့ ရင်တုန်နေတဲ့နှလုံးက သူမရဲ့ လည်ချောင်းအထိကို ဆို့တက်လာသည်။ မနေ့ညက အဖြစ်အပျက်က သူမမျက်စိထဲမှာ ပြန်ပေါ်လာနေသည်။ ပြီးတော့ ကျီလင်းချန်က ကိုယ်ကိုအောက်နှိမ့်လိုက်ပြီး သူမကို နမ်းလိုက်သည်။ ပြီးတော့မှ၊ သူက ရပ်လိုက်ပြီး “အိပ်တော့”လို့ ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က ချိုသာတဲ့အသံလေးနဲ့ “ရှင် ကျွန်မကို နမ်းပြန်ပြီ..”လို့ ငြူစူပြောလိုက်သည်။
ကျီလင်းချန် ပြုံးလိုက်သည်။ သူက လက်ကိုဆန့်ထုတ်ပြီး ဖန့်ရှောင်နွမ်ကို သူ့လက်မောင်းပေါ်မှာ အိပ်ခိုင်းလိုက်သည်။ သူက သူမကို ရင်ခွင်ထဲထည့်ပြီး ဖက်ထားသည်။ သူက ဖန့်ရှောင်နွမ်ကို သူနဲ့ ပိုပြီးရင်းနှီးစေချင်သည်။
“မင်းကိုယ့်ကို ပြန်နမ်းချင်လို့လား?” ကျီလင်းချန်က ဖန့်ရှောင်နွမ် အနားလေးကို တိုးတိုးလေး ကပ်ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က ခေါင်းခါပြီး ရှက်သွားကာ စောင်အောက်ထဲဝင်သွားသည်။ ကျီလင်းချန်က သူ့မရဲ့မျက်နှာကို သူ့ရင်ဘတ်ပေါ် တင်လို့ရအောင် သူမကို ဆွဲတင်လိုက်သည်။
“ကျီလင်းချန်၊ ကျွန်မတို့ရဲ့ဆက်ဆံရေးက ပုံမှန်မဟုတ်ဘူးနော်။”လို့ ဖန့်ရှောင်နွမ် ပြောလိုက်သည်။
ကျီလင်းချန် ရယ်သည်။ အိပ်ခန်းတစ်ခုလုံးတိတ်ဆိတ်နေသည်။ သူ့ရဲ့အသံက တအားကို ရှင်းလင်းနေသည်။ “အရင်တုန်းတည်းက အိမ်ထောင်ရေးတိုင်းက ကိုယ်တို့အိမ်ထောင်ရေးနဲ့ အတူတူပဲမဟုတ်ဘူးလား?”