← Chapters

အခန်း (၈၈)

Vol. 6 Ch. 88

အခန်း (၈၈)

Vol. 6 Ch. 88

သခင်ကြီးကျီက နောက်ထပ် ချောကလက်ရေခဲမုန့်စားလိုက်သည်။ သူက အပြင်ဘက် ကျွတ်ရွတဲ့ ရေခဲမုန့်ခွက်နဲ့ အထဲထဲက မြေပဲကို ဝါးစားနေသည်။ တကိုက်ကိုက်မြည်နေတဲ့အသံကြောင့် သူက ဒီရေခဲမုန့်က အရမ်းကိုကောင်းတယ်ဆိုပြီး ခံစားနေရသည်။ “ဒါက အကောင်းဆုံးပဲ။ အရသာရှိတယ်။”

မြို့တော်ဝန်ကျီလည်း အိမ်ပြန်ရောက်လာခဲ့သည်။ သူ့မိသားစုတွေ ဆိုဖာပေါ်မှာထိုင်ပြီး ရေခဲမုန့်တွေ ကိုယ်စီစားနေတာကို တွေ့တော့ အံ့ဩနေသည်။ “ငါတို့မိသားစုက ဘယ်တုန်းက ရေခဲမုန့်စားလို့လဲ? ဘာလို့ ငါ မသိရတာပါလိမ့်?”

အဲ့လိုပြောပြီးတော့ မြို့တော်ဝန်ကျီလည်း ဆိုဖာပေါ်ထိုင်ပြီး သူ့သားနောက်ကျောကို ပုတ်လိုက်သည်။ “မင်း သူတို့ကို စားခိုင်းတာလား?”

“ရှင့်သားပြောတာက အသုံးမဝင်ဘူး။ ကျွန်မတို့ကို စားခိုင်းတာက ရှောင်နွမ်လေ။ လင်းချန်က ရေခဲမုန့်အများကြီးကို ဝယ်ခဲ့တာ။” ဖန်ချီက သူမသားရဲ့အကြောင်းကို သိပ်အလေးမထားဘဲပြောလိုက်သည်။

မြို့တော်ဝန်ကျီ လှည့်ကြည့်လိုက်တော့ အရမ်းကို ပြောင်းလဲနေတဲ့ သူ့ရဲ့ခယ်မရှိတာကို တွေ့လိုက်ရသည်။ ဒါ့ကြောင့် သူက “လင်းချန် ဘယ်မှာလဲ?”လို့ မေးလိုက်သည်။

ဖန့်ရှောင်နွမ်က “ကျွန်မကို လိုက်ပို့ပြီးတော့ သူကို တစ်ယောက်ယောက်ဖုန်းခေါ်တယ်လေ။ အထက်လူကြီးတစ်ယောက်ယောက်လို့ ထင်တယ်။ သူဖုန်းထဲက လူကို “သခင် ဝမ်”လို့ ခေါ်လိုက်တာတော့ ကျွန်မကြားတယ်။”

သခင်ကြီးကျီက ရေခဲမုန့်နောက်တစ်ကိုက် ကိုက်လိုက်သည်။ ချောကလက်တွေ သူ့သွားကြားထဲညှပ်သွားသည်။ သူက “သခင် ဝမ်က တောင်ပိုင်ဖွံ့ဖြိုးရေးအတွက် လင်းချန်နဲ့ ဆွေးနွေးချင်နေတာ။”လို့ ပြောလိုက်သည်။

“အစ်ကိုကြီး၊ ဘာ အရသာ ရေခဲမုန့် စားချင်လဲ? အစ်ကို့အတွက် ကျွန်မ သွားယူပေးမယ်လေ။”လိုဖန့်ရှောင်နွမ်က ယဉ်ကျေးစွာ မေးလိုက်သည်။

မြို့တော်ဝန်ကျီက ဒီလိုဟာမျိုးကို သူ့ဘဝမှာ တစ်ခါမှ မစားဖူးပေ။ အခု သူ့မိသားစုတွေ စားနေတာမြင်ပြီး သူလည်း စားချင်နေသည်။ “ဘာဖြစ်ဖြစ် ရပါတယ်။”

ဖန့်ရှောင်နွမ်က တန်းထရပ်လိုက်သည်။ သူမက ရေခဲသေတ္တာဆီ သွားပြီး ရေခဲချောင်း ယူလာခဲ့သည်။ သူမက မြို့တော်ဝန်ကျီကို လှမ်းပေးပြီး ပြောလိုက်သည်။ “အစ်ကို ဒါကြိုက်မယ်လို့ ထင်တယ်”

ဖန့်ရှောင်နွမ်ရဲ့ အဖေက အိမ်ပြန်လာတဲ့အခါ ရေခဲချောင်း စားရတာ ကြိုက်သည်။ စားရင်းနဲ့ စကားပြောတော့ ပိုပြီးတောင် ရေခဲချောင်းက အရသာရှိလာသည်။ အခုလို အရင်တုန်းက အရသာနဲ့ ရေခဲချောင်းစားရတာ အရမ်းကို ကောင်းသည်။

ညနေခင်းကျတော့၊ စကားပြောနေရင်းမှာပဲ ကျီလင်းချန်က သူ့မိန်းမဆီက ငိုယိုသံကြီးနဲ့ ဖုန်းခေါ်တာကို ကြားလိုက်သည်။ “ယောကျာ်း၊ ကျွန်မ အမှားတစ်ခုလုပ်မိသွားပြီ။ ကျွန်မတောင်းပန်ပါတယ်။”

ကျီလင်းချန်က စကားပြောဆွေးနွေးတာကို ချက်ချင်းရပ်လိုက်သည်။ သူက ထကာ ဖုန်းယူပြီး တန်းပြန်သွားသည်။ “မငိုပါနဲ့။ ဘာဖြစ်တာလဲ?” သူ့မိန်းမက သူ့မိသားစုနဲ့ ရန်ထပ်ဖြစ်တာလို့ သူထင်မိသည်။

“အဖေက ရေခဲမုန့်ကြောင့် အခုဆေးရုံမှာ။ ကျွန်မတောင်းပန်ပါတယ်၊ ကျွန်မ..” ဖန့်ရှောင်နွမ် အငိုမရပ်ပေ။ သူမက သေချင်လောက်အောင် နောင်တရနေသည်။

ကျီလင်းချန်က သူမဘယ်မှာလဲဆိုတာကို မေးပြီးတော့ တန်းခနဲ ဆေးရုံကို မောင်းသွားခဲ့သည်။

သူ နေ့လယ်ခင်းက သူ့မိန်းမအတွက် ရေခဲမုန့်ဝယ်ပေးခဲ့သည်။ ဒါပေမဲ့ ညနေခင်းကျတော့ တစ်ခုခုဖြစ်နေသည်။ ဆယ်မိနစ် ကြာပြီးနောက် ကျီလင်းချန် ဆေးရုံကို အပြေးရောက်လာသည်။ မြို့တော်ဝန်ကျီနဲ့ ဖန်ချီက ဆေးရုံထဲက အရေးပေါ်ခန်းမှာ သခင်ကြီးကျီကို ဆေးသွင်းဖို့အတွက် ရှိနေသည်။

အပြင်ဘက်မှာတော့ ဖန့်ရှောင်နွမ်က ကျီဝမ်နဲ့ ထိုင်နေသည်။ သူမ မျက်လုံးတွေက နီရဲနေသည်။ သူမ အစောနတင်ငိုထားတယ်ဆိုတာ သိသာသည်။ သူမရဲ့ မျက်ခွံတွေပေါ်မှာလည်း မျက်ရည်တွေရှိနေသည်။

“ယောကျာ်း၊ ကျွန်မ..” ဘာဖြစ်တာလဲဆိုတာ အတိအကျသိချင်နေတဲ့ ကျီလင်းချန်ကို တွေ့သွားသည်။ အဲ့အချိန်မှာပဲ၊ သူမ ဘာမှမပြောနိုင်ဘူးဖြစ်နေသည်။ သူမက ငိုရင်းနဲ့ သူမယောကျာ်းကိုပဲ ကြည့်နေသည်။

တစ်ဖက်မှာလည်း၊ ဖန့်ရှောင်နွမ်က သခင်ကြီးကျီရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေသည်။ တခြားဖက်မှာလည်း၊ ကျီလင်းချန် သူမကို အပြစ်တင်ပြီး စိတ်ဆိုးမှာကို စိုးရိမ်သည်။

ကျီလင်းချန်ရဲ့ လည်စလုတ်ရွေ့သွားသည်။ သူ့ရှေ့မှာ ဆက်တိုက်ငိုနေတဲ့ သူ့မိန်းမကို ကြည့်နေသည်။ ခဏလောက်ကြာတဲ့အထိ သူ သူမကို မချော့ပဲ နေနေသည်။

“ရှောင်ဝမ်၊ မင်းအဒေါ်နဲ့ နေလိုက်ဉီး။ ဉီးလေး မင်းအဖိုးကို သွားကြည့်ဉီးမယ်။”ကျီလင်းချန်က သူ့မိန်းမကို သူ့တူဆီယုံကြည်ပြီး အပ်ထားခဲ့ကာ အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။

မြို့တော်ဝန်ကျီ သူ့ကို မြင်တော့၊ ထရပ်ပြီး မေးလိုက်သည်။“လင်းချန်၊ မင်း အလုပ်ရှုပ်နေတာကို ဘာလို့ဒီရောက်နေတာလဲ?”

ကျီလင်းချန်က ဆေးရုံကုတင်ပေါ်မှာ အိပ်နေတဲ့ ဖြူဖတ်ဖြူရော်ဖြစ်နေတဲ့ သူ့အဖေကို ကြည့်နေသည်။ သူ့မျက်လုံးတွေကနေ သူစိုးရိမ်နေတာကို အတိုင်းသားမြင်နိုင်သည်။ “ဘယ်လိုနေလဲ အဖေ?”

မြို့တော်ဝန်ကျီ - “အခုတင် ဆေးထိုးခံထားရလို့ အဖေအိပ်ပျော်သွားတာ။ ခဏလောက် စောင့်ကြည့်ပြီးတာနဲ့ အဖေ ဆေးရုံက ဆင်းလို့ရပြီလို့ ဆရာဝန်က ပြောသွားတယ်။”

ကျီလင်းချန်က သူတို့နှစ်ယောက်ကို “ဘာလို့ ရှောင်နွမ် ငိုနေတာလဲ?”လို့ မေးလိုက်သည်။

ဖန်ချီက သက်ပြင်းချလိုက်ပြီး နေ့ခင်းတုန်းက ဘာဖြစ်ခဲ့လဲဆိုတာကို ရှင်းပြလိုက်သည်။ “မင်း ဒီနေ့လယ် ရေခဲမုန့်ဝယ်လာတော့၊ အဖေက ရေခဲမုန့်ကို ကြိုက်သွားပြီး အများကြီးစားခဲ့တာ။ နောက်တော့၊ ညနေခင်းကျတော့ အဖေ ဗိုက်တွေနာလာတယ်လေ။ သူ ထပ်မစားနိုင်တော့တဲ့အထိကို နာလာတာ။ သူ အန်လိုက်ပြီးတော့ ဝမ်းတွေလျှောတော့တာပဲ။ ဆရာဝန် စစ်ဆေးပြီးတော့၊ အဖေရုတ်တရက် ဗိုက်နာလာတာက ရေခဲမုန့်တွေအများကြီးစားခဲ့လို့တဲ့။ အဲ့ဒါကြောင့် ရှောင်နွမ်က အဲ့ဒါသူမအပြစ်ဆိုပြီးထင်နေတာ။ သူမသာ လောဘမကြီးဘဲနဲ့ မင်းကို ရေခဲမုန့်အများကြီး မဝယ်ခိုင်းခဲ့ရင် ဒါတွေမဖြစ်လာဘူးဆိုပြီး ထင်နေတာ။ အဖေသာ မစားခဲ့ရင်၊ အခုလို ဗိုက်နာဝေဒနာလည်း ခံစားရမှာမဟုတ်ဘူး။”

ကျီလင်းချန်က မျက်မှောင်ကြုတ်လိုက်သည်။ “အဖေက ဘယ်လောက်တောင် စားခဲ့တာလဲ?”

“အခုတင်၊ ရေခဲချောင်းသုံးချောင်းတောင် အဖေစားခဲ့တယ်လို့ ရှောင်နွမ်ပြောတယ်။ အစ်မလည်း အဲ့ဒါတော့သိတယ်။ အဖေက ဆက်စားချင်ပေမဲ့ ရှောင်နွမ်က သူ့ကျန်းမာရေးအတွက် စိတ်ပူပြီး အများကြီး မစားခိုင်းခဲ့ဘူးလေ။ ညကျတော့၊ အဖေ့ပုံမူမှန်တာကို သိပြီးတော့ သူ့ကို သူမက ဆေးရုံသွားဖို့ကို ဆက်တိုက်ပြောနေတာ။ မင်းအဖေအကြောင်း မင်းမသိဘူးလား? သူမ ဘယ်လိုပဲ သူ့ကို ပြောပြော ဆေးရုံမသွားဘူးဆိုပြီး ခေါင်းမာနေတာလေ။ ပြီးတော့၊ အရမ်းနာတော့ အဖေမေ့လဲသွားတာ။ ရှောင်နွမ်က အရမ်းကြောက်သွားပြီးငိုတော့တာပဲ”လို့ ဖန်ချီက အမှန်အတိုင်းပြောပြလိုက်သည်။

ပြီးတော့၊ ဖန်ချီက အပြင်မှာ သူ့ကိုယ့်သူအပြစ်တင်နေတဲ့ သူမယောက်မအကြောင်း စဉ်းစားမိသွားသည်။ သူမက ထပ်ပြီး ရှင်းပြလိုက်သည်။

All Chapters