← Chapters

အခန်း (၈၉)

Vol. 6 Ch. 89

အခန်း (၈၉)

Vol. 6 Ch. 89

“လင်းချန်၊ ရှောင်နွမ်ကို စိတ်မဆိုးပါနဲ့။ မင်းအစ်ကိုနဲ့ ငါလည်း အဖေ့အတွက် အလုပ်ရှုပ်နေတော့၊ ရှောင်နွမ်ကို ‌တောင် မနှစ်သိမ့်ရသေးဘူး။ ပြီးတော့၊ သူမလည်း ကလေးပဲရှိသေးတယ်။ ဒီမိသားစုကို ရောက်လာတဲ့ချွေးမဖြစ်တဲ့အတွက် သူမရဲ့လောဘကြီးမှုကြောင့် သူ့ယောက္ခမ ဒီလိုဖြစ်သွားတဲ့အတွက် စိတ်မကောင်းဖြစ်နေမှာ။ အခုတော့၊ မင်း သူ့ကို စိတ်ဆိုးမှာကို သူထပ်ပြီး စိတ်ပူနေပြန်ပြီ။ မင်းရှောင်နွမ်ကို ဒီကိစ္စအတွက် အပြစ်တင်လို့မရဘူး။ သူမကို အပြစ်မတင်ပါနဲ့။ သူမ ဒီနေ့ အရမ်းကို တုန်လှုပ်သွားတာ။ အပြင်သွားပြီး သူမကို နှစ်သိမ့်လိုက်ဉီး။” ဖန်ချီက သူမ မှန်တယ်လို့ထင်ပြီး သူမပြောတာကို သူ နားထောင်မယ်လို့ မျှော်လင့်နေသည်။ ဒါပေမယ့် သူဘာလုပ်မယ်ဆိုတာက သူ့အပေါ်မှာပဲ မူတည်သည်။

အပြင်ဘက်ဝရံတာမှာတော့၊ ဖန့်ရှောင်နွမ်က အရမ်းကို စိတ်ပူနေတာကြောင့် မနားတမ်းကို ငိုနေသည်။ ကျီဝမ်က သူမကို တစ်ရှူးလှမ်းပေးသည်။ “မငိုပါနဲ့၊ ငါ့အဖိုးဖြစ်ခဲ့တာအတွက် နင့်ကို အပြစ်မတင်ပါဘူး။ သူက အသက် ၇၀နဲ့ ၈၀ကြားမှာရှိနေတဲ့ လူကြီးတစ်ယောက်လေ၊ သူစားချင်တာကို နင် တားလို့မှ မရတာ၊ ဟုတ်တယ်မလား? ပြီးတော့ နေ့ခင်းတုန်းက ငါတို့အားလုံးလည်း အိမ်မှာရှိနေပြီး ဖြစ်ခဲ့တာတွေ အကုန်သိတယ်လေ။ ငါတို့ နင့်ကို အပြစ်မတင်ပါဘူး။”

ဖန့်ရှောင်နွမ်က တစ်ရှူးကို ယူပြီး တရှုံ့ရှုံ့ငိုနေသည်။ “နင့်ဉီးလေးက ငါ့ကိုစိတ်ဆိုးမယ်လို့ နင်ထင်လား? အခုတင် သူက ငါ့ကို လျစ်လျူရှုသွားတာလေ။ ဒါတွေက ငါ့အပြစ်ပဲ။”

ကျီဝမ်က ခေါင်းခါလိုက်သည်။ “ငါလည်း မသိဘူး။ ငါသာ ငါ့ဉီးလေးစိတ်တိုတာကို နားလည်မယ်ဆိုရင် ငါဘယ်တော့မှ အရိုက်ခံရမှာမဟုတ်ဘူး။”

ကျီလင်းချန်က အခန်းတံခါးကို တွန်းဖွင့်ပြီးတော့ ထွက်လာသည်။ ဖန့်ရှောင်နွမ်က လန့်သွားပြီးတော့ တန်းထကာ ငိုရင်းနဲ့ပဲ တောင်းပန်လိုက်သည်။ “ကျွန်မတောင်းပန်ပါတယ်၊ ယောကျာ်း။ နောက်ဆို ရေခဲမုန့်နဲ့ပတ်သတ်ပြီး ကျွန်မ လောဘမကြီးတော့ပါဘူး။”

ကျီလင်းချန်ရဲ့မျက်နှာထားက နည်းနည်း အေးစက်စက်ဖြစ်နေသည်။ သူက သူ့ရဲ့ သတိထားနေနေတဲ့ မိန်းမကို တစ်ချက်ကြည့်လိုက်သည်။ အဲ့ဒါကြောင့် ကျီလင်းချန်စိတ်ဆိုးနေတယ်လို့ သူတို့နှစ်ယောက်လုံး ထင်သွားသည်။ ကျီဝမ်က အမြန်ပဲ သူ့ကို ရှင်းပြလိုက်သည်။ “ဉီးလေး၊ ဒီကိစ္စက သူမနဲ့ လုံးဝမဆိုင်ပါဘူး။ စဉ်းစားကြည့်ပါဉီး။ ကျွန်တော်လည်း အဲ့ဒါကို စားချင်ခဲ့တာပဲ။ သူမကလည်း ကျွန်တော့်ကို တားလို့မရဘူးလေ။”

ဒီကိစ္စက ဖန့်ရှောင်နွမ် အပြစ်မဟုတ်ဘူးဆိုတာကို သူတို့အားလုံး ကျီလင်းချန်ကို ရှင်းပြနေကြသည်။ အဲ့ဒါက ကျီလင်းချန်ကို တစ်မျိုးထင်စေသည်။ သူက သူ့မိန်းမကို ဒီကိစ္စအတွက် အပြစ်တင်နေတဲပုံ ပေါက်နေလို့လား?

ကျီလင်းချန်က ရှေ့ကို လျှောက်လာပြီး ဖန့်ရှောင်နွမ်မျက်လုံးနားက မျက်ရည်တွေကို သုတ်ပေးလိုက်သည်။ “အစ်ကိုနဲ့ မရီးက ဒီည ဆေးရုံမှာနေလိုက်။ မနက်ဖြန်၊ ကျွန်တော်တို့နေပေးမယ်။”

“ယောကျာ်း၊ ကျွန်မ..”

ကျီလင်းချန်က ဖန့်ရှောင်နွမ်ကို ဆွဲပြီး ဖက်လိုက်သည်။ သူက ကျီဝမ်ကို မှာခဲ့သည်။ “မင်းလည်း မင်းအဖိုးကို ပြုစုဖို့ ဒီညဆေးရုံမှာ နေလိုက်”

ကျီဝမ် - “ဟုတ်ပါပြီ။ ဒါပေမဲ့၊ ဉီးလေး၊ ဉီးလေးမိန်းမကို မရိုက်ပါနဲ့။ ယောကျာ်းတစ်ယောက်ဖြစ်တဲ့ ဉီးလေးပေါ်မှာ ကျွန်တော် အထင်မသေးချင်ဘူး ”

အဲ့လိုပြောပြီးတော့ ကျီဝမ်က သူ့ဉီးလေးရင်ခွင်ထဲမှာရှိနေတဲ့ သူ့သူငယ်ချင်းကောင်းကို ကြည့်လိုက်သည်။ ကျီလင်းချန်ကလည်း သူ့ရင်ခွင်ထဲမှာရှိနေတဲ့ သူ့မိန်းမကို ခေါင်းငုံ့ကာကြည့်လိုက်သည်။ သူက ဘာမှမပြောဘဲ သူ့မိန်းမကို ဖက်ထားရင်း ထွက်သွားခဲ့သည်။

သူတို့ကားထဲရောက်တော့ ဖန့်ရှောင်နွမ်က ကားခါးပတ်ကို ကိုင်ထားသည်။ သူမက “ယောကျာ်း၊ အိမ်ပြန်ရောက်ရင်၊ ရှင် ကျွန်မကို ရိုက်မှာလား?”လို့ အသာလေးမေးလိုက်သည်။

ကျီလင်းချန် လက်မြှောက်ပြီးတော့ သူမနဖူးကို တောက်လိုက်သည်။ “ဒီမှာ၊ ကိုယ်ရိုက်လိုက်ပြီ။”

ဖန့်ရှောင်နွမ်က နှုတ်ခမ်းဆူပြီးတော့ မှားနေတယ်လို့ထင်ကာ ထပ်ငိုပြန်သည်။ ဒီတစ်ခါတော့၊ ကျီလင်းချန် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ သူက သူမိန်းမရဲ့ နဖူးကို ပွတ်ပေးပြီး “နာသွားလား?”လို့ မေးလိုက်သည်။

ဖန့်ရှောင်နွမ်က ငိုရင်းနဲ့ ခေါင်းခါလိုက်သည်။ “ရှင်က ကျွန်မကို အသာလေးရိုက်တာလေ။”

ကျီလင်းချန်က သူ့မိန်းမရဲ့ ငိုနေတဲ့မျက်နှာကို ကြည့်မိပြီး အကျယ်ကြီး ရယ်လိုက်သည်။ သူ့မိန်းမရဲ့ ငိုနေတဲ့မျက်နှာက ချစ်စရာကောင်းတယ်လို့ ထင်သည်။ သူက ကားစက်နိုးပြီးတော့ အိမ်ကို မောင်းသွားသည်။ သူ့အတွေးထဲမှာတော့ စကားလုံးတွေနဲ့ ချော့တာထက်၊ ပိုပြီး လက်တွေ့ကျရင် ပိုကောင်းတယ်လို့ ထင်နေသည်။

ဒီလို နှစ်သိမ့်တာက သူမကို လူတိုင်းက ခွင့်လွှတ်ပြီး အပြစ်မတင်ဘူးဆိုတာကို ပြောပြသလိုဖြစ်နေသည်။ နောက်ဆုံးမှာတော့၊ ဖန့်ရှောင်နွမ်က ဒါ သူမအပြစ်ဆိုပြီး ထင်နေသေးသည်။

သို့သော၊ ကျီလင်းချန်က တော့ သူ့မိန်းမကို တခြားနည်းနဲ့ ချော့သည်။ သူက သူ့မကို ချော့လည်းမချော့၊ နှစ်လည်း မနှစ်သိမ့်ပေ။

သူ့မိန်းမက သူအိမ်ပြန်ရောက်ရင် သူမကို “နှိပ်စက်မယ်”ဆိုပြီး စိတ်ပူနေသည်။ ဒါ့ကြောင့် သူမ စိတ်ပျော်သွားအောင် အသားလေး သူမနဖူးကိုပဲ သူတောက်လိုက်သည်။

အိမ်ပြန်လမ်းမှာ ဖန့်ရှောင်နွမ် အငိုတိတ်သွားသည်။ သူ သူမကို ခွင့်လွှတ်အောင် ဘယ်လိုလုပ်ခဲ့တာလဲဆိုတာကို စပြီး စဉ်းစားနေသည်။ ခဏနေတော့၊ သူမတို့ အိမ်ပြန်ရောက်လာသည်။ ကျီလင်းချန် ကားထဲက ထွက်လာကာ အရှေ့ဘက်က ကားခုံဆီကို လျှောက်သွားပြီးတော့ တံခါးဖွင့်ကာမိန်းမလက်ကို ကိုင်ပေးထားသည်။

ဖန့်ရှောင်နွမ် နားမလည် ဖြစ်နေသည်။ သူမဘာသာ လမ်းလျှောက်နိုင်တယ်လေ။ ဘာလို့ အိမ်ထဲဝင်တာကို သူမယောကျာ်းက ဘာလို့ လက်ကိုင်ပေးထားတာလဲ? သူ သူမကို စိတ်မဆိုးတော့တာလား?

အိမ်ပြန်ရောက်တော့၊ သူမအကြောင်းကို တိုးတိုးတိတ်တိတ် ပြောနေတဲ့ အစေခံတွေက သူမနဲ့ သူမလက်ကို တင်းကျပ်စွာကိုင်ထားတဲ့ သူမယောကျာ်းကို မြင်ပြီး ဘာမှမပြောတော့ပဲ တိတ်ဆိတ်သွားသည်။ သူမ ထပ်စဉ်းစားလို့မရခင်မှာ အိမ်တော်ထိန်းက စိတ်ပူပြီးတာ့ ပြေးလာကာ မေးလိုက်သည်။“ဒုတိယသခင်လေး၊ သခင်ကြီး အခြေအနေဘယ်လိုလဲ?”

ကျီမိသားစုအစေခံတွေက အဲ့ကိစ္စကိုပဲ ပူပန်နေကြသည်။ အစောနက ဧည့်ခန်းထဲမှာ သခင်ကြီး မေ့လဲသွားတာကို သူတို့သိသည်။ အဲ့ဒါက သူတို့အားလုံးကို ထိတ်လန့်သွားစေသည်။

ဒုတိယသခင်မလေးက သခင်ကြီးကို ရေခဲမုန့်အများကြီးစားခိုင်းတာကြောင့် သခင်ကြီး နေမကောင်းဖြစ်သွားတာလို့ ပြောနေကြသည်။ အဲ့အချိန်မှာပဲ၊ အိမ်မှာရှိတေဲ့ အစေခံတွေက သိချင်နေကြသည်။ သခင်ကြီးကျီသာ တစ်ခုခုဖြစ်ရင် ကျီမိသားစုက အခုမှ မိသားစုဝင်ဖြစ်လာတဲ့ ဒုတိယသခင်မလေးကို ဘယ်လိုအပြစ်ပေးမှာလဲ?

“ဘာမှ စိတ်ပူစရာမရှိပါဘူး။ အဖေက ဆေးရုံမှာ ကုသမှုခံယူနေတုန်းပဲ။ အခုတော့ သူ အိပ်ပျော်နေပြီ။ အိမ်တော်ထိန်း၊ ကျွန်တော်နဲ့ စာကြည့်ခန်းထဲကို လိုက်ခဲ့ဉီး။” ကျီလင်းချန်က ဖန့်ရှောင်နွမ် လက်ကိုကိုင်ပြီး အပေါ်ထပ် တက်သွားခဲ့သည်။

All Chapters