အခန်း (၉၀)
Vol. 6 Ch. 90
သူတို့စာကြည့်ခန်းထဲရောက်တော့ ဖန့်ရှောင်နွမ်က ကျီလင်းချန်ဘေးနားမှာ ကျောက်တိုင်ကြီးလို ရပ်နေသည်။ သူမ ကျီလင်းချန် ဘာလုပ်မလဲဆိုတာ မသိပေ။ သူက ဘာလို့ သူမကို စာကြည့်ခန်းထဲကို ခေါ်လာတာလဲဆိုတာကိုလည်း သူမ မသိချေ။
ခဏကြာတေ့၊ အိမ်တော်ထိန်းရောက်လာသည်။ ကျီလင်းချန်က တိုက်ရိုက်မေးလိုက်သည်။ “အဖေ၊ ဒီနေ့ ရေခဲမုန့် ဘယ်နှခုစားခဲ့တာလဲ?”
အိမ်တော်ထိန်းက ဘာမဖြေပဲငြိမ်နေသည်။
အတည်မေးနေတဲ့ သူမယောကျာ်းကို ဖန့်ရှောင်နွမ် ကြည့်လိုက်သည်။ သူမ ရင်ထဲမှာတော့၊ သူမယောကျာ်းမေးတာကိုပဲ ပြန်ပြီးတွေးကြည့်နေသည်။ ‘အဖေက ရေခဲမုန့်ခိုးစားထားတာလား?’
ကျီလင်းချန်က ဘာမှပြန်မပြောတဲ့ အိမ်တော်ထိန်းကို ကြည့်လိုက်ပြီးတော့ “ကျွန်တော်က တစ်နှစ်လုံး အိမ်မှာ မနေပေမဲ့၊ အဖေ့အကြောင့်ကို ကျွန်တော်ကောင်းကောင်းသိတယ်။ ရှောင်နွမ်က သူ့ကို ဆက်စားခွင့်မပြုရင် သူ အဲ့ဒါကို မုန်းတဲ့အထိကို ဆက်ပြီး တိတ်တိတ်လေးစားမှာ။ သူ့ကို ရေခဲမုန့်ခိုးပေးနိုင်တဲ့ တစ်ဦးတည်းသောသူကလည်း ဉီးလေးပဲ။ ဉီးလေးကို သင်ခန်းစာပေးပြီး ဉီးလေးအကြောင်းကို ဖော်ဖို့လည်း ဒါကိုပြောနေတာ မဟုတ်ဘူး။ ကျွန်တော့်မိန်းမကို ဒီကိစ္စအတွက် အပြစ်ရှိတယ်လို့ မထင်စေချင်လို့ပဲ။ နားလည်လား?”
ကျီလင်းချန်ရဲ့စကားတွေကို ဖန့်ရှောင်နွမ်ကြားလိုက်တော့ သူမမျက်လုံးတွေ နီလာပြီး မျက်ရည်တွေကျလာသည်။ အဲ့အချိန်မှ သူမ အရမ်းကို စိတ်လှုပ်ရှားမိသွားတာကို သူမ သိလိုက်ရသည်။
ဖြစ်ပျက်သွားတာက အရမ်းကို မြန်ဆန်လွန်နေသည်။ မိသားစုဝင်တွေအကုန်လုံး သူမကို အပြစ်တင်မကြခဲ့ပါပေ။ သူမရဲ့ ခဲအိုက သူမကို နှစ်သိမ့်ခဲ့သလို၊ ရှောင်ဝမ်ကလည်း သူမကိုယ်သူမ အပြစ်မတင်စေချင်ပေ။ သူမယောက်မကလည်း သူမကို နားလည်သည်။ လူတိုင်းက ဒီလိုမျိုးပြောတာကိုကြားတော့ သူမအရမ်းကို စိတ်လှုပ်ရှားသွားသည်။ ဒါပေမဲ့၊ သူမကို လူတိုင်းက ခွင့်လွှတ်ပေးကြပေမယ့် သခင်ကြီးကျီဆေးရုံတက်ရတာက သူမရဲ့အပြစ်ဆိုပြီးတော့တောင် အသေအချာထင်နေသည်။
သို့သော်၊ ကျီလင်းချန်ကတော့ အစကနေ အဆုံးထိကို သူမကို မနှစ်သိမ့်ခဲ့ပေ။ အဲ့အစား၊ သူက သူမကို အိမ်ခေါ်လာပြီးတော့ ဒီကိစ္စက သူမနဲ့မပတ်သတ်ဘူးဆိုတာကို တကယ့် အကြောင်းအရင်းကို သိအောင် လုပ်ပေးခဲ့သည်။ သူ့ရဲ့လုပ်ရပ်တွေက စကားလုံးတွေထက်ကို ပိုပြီးတော့ ကောင်းသည်။
အိမ်တော်ထိန်းကလည်း ဒီအိမ်က အစေခံတွေ အကုန်လုံးက အတင်းတုပ်နေကြပြီး ဒီကိစ္စအတွက် ဒုတိယသခင်မလေးကို အပြစ်တင်နေတာကို သိသည်။
ဘာကြောင့်လဲဆိုတော့၊ သခင်ကြီး ရေခဲမုန့်တွေ ဝှက်စားတာကို ဘယ်သူမှ မသိကြပေ။ ဖန့်ရှောင်နွမ်ရဲ့ မျက်လုံးတွေရဲနေပြီး ငိုထားတာကြောင့် မျက်လုံးတွေဖောင်းနေတာကို မကြည့်နိုင်ဘူးဖြစ်နေသည်။
ဒါ့အပြင်၊ ဒုတိယသခင်လေးက အရမ်းကို ထက်မြက်သည်။ သူက ဒီကိစ္စကို ဖုံးထားချင်ရင်တောင်မှ ဒုတိယသခင်လေးက အကြောင်းစုံသိအောင် နည်းအမျိုးမျိုးသုံးနိုင်သည်။
ဒါ့ကြောင့်၊ သူ အမှန်ပဲ ပြောနိုင်သည်။ “သခင်ကြီးက ရေခဲချောင်းတစ်ချောင်း၊ ရေခဲမုန့်တစ်ခုနဲ့ ချောကလက်ရေခဲချောင်းနှစ်ခုကို စားခဲ့တယ်။”
အဲ့ဒါကို ကြားတော့ ဖန့်ရှောင်နွမ် လန့်သွားသည်။ လူငယ်တစ်ယောက်တောင်၊ ဒီလောက်အများကြီးစားလိုက်ရင် သူမခန္ဓာကိုယ်လည်း ခံနိုင်မှာမဟုတ်ပေ။ သခင်ကြီးကျီက အသက်ခုနစ်ဆယ်အရွယ်ရှိတဲ့ လူကြီးတစ်ယောက်ပင်။ သူသာ အဲ့လောက်အများကြီးစားလိုက်ရင် တစ်ခုခုဆိုးတာ ဖြစ်သွားနိုင်သည်။
ကျီလင်းချန် - “ဟုတ်ပြီ။ ကျွန်တော်သိပြီ။ ဉီးလေးသွားပြီး၊ နားတော့လေ။”
အိမ်တော်ထိန်းလည်း ကြောက်စိတ်နဲ့ တုန်ယီစွာဖြင့် စာကြည့်ခန်းထဲက ထွက်သွားခဲ့သည်။
လင်မယားနှစ်ယောက်တည်း စာကြည့်ခန်းထဲမှာ ရှိနေတဲ့အချိန် ကျီလင်းချန်က ထပြီး သူ့ဘေးနားက သူ့မိန်းမကို ကြည့်ဖို့ လှည့်လိုက်သည်။ ဖန့်ရှောင်နွမ်ကလည်း သူမယောကျာ်းကို ကြည့်လိုက်သည်။ သူမက ကျီလင်းချန်ရဲ့ခါးကို ဖက်လိုက်ပြီးတော့ သူ့ရင်ခွင်ထဲကို ဝင်နေသည်။ “ယောကျာ်း၊ ကျေးဇူးတင်ပါတယ်။”
အမူအရာတစ်ခုနဲ့ ကျေးဇူးတင်တယ်လို့ပြောတာနဲ့တင် ကျီလင်းချန်ရဲ့ စေတနာကို ဖန့်ရှောင်နွမ် နားလည်တယ်ဆိုတာ ပြနေသည်။
ကျီလင်းချန်ရဲ့ အေးစက်စက်မျက်နှာပေါ်မှာ အပြုံးထပ်ပေါ်လာသည်။ သူက သူ့မိန်းမရဲ့ သေးသွယ်တဲ့ ခါးလေးကို ဖက်ပြီး လက်တစ်ဖက်ကို သူမရဲ့ပုခုံးပေါ်တင်လိုက်သည်။ “မင်း စိတ်မကောင်း မဖြစ်တော့ဘူးမလား?”
ဖန့်ရှောင်နွမ်က သူ့ရင်ခွင်ထဲကနေ ခေါင်းညိတ်လိုက်သည်။
ကျီလင်းချန် - “ဒါဆို၊ မနက်ဖြန်ကိုယ်တို့ ဆေးရုံသွားစောင့်ရအောင် ဒီညစောစောအိပ်နော်။”
ဖန့်ရှောင်နွမ်က ထပ်ပြီးခေါင်းညိတ်ပေမယ့် သူမယောကျာ်းရဲ့ ရင်ခွင်ထဲကနေတော့ မထွက်သေးပေ။
ဖက်ထားတာကြာတော့၊ ကျီလင်းချန်က သူမကို “မင်းသာ ကိုယ့်ကိုဆက်ဖက်ထားနေရင်၊ ဒီည မင်းစာကြည့်ခန်းထဲမှာ အိပ်ပျော်သွားလိမ့်မယ်”လို့ သတိပေးလိုက်သည်။ ဖန့်ရှောင်နွမ်က အဲ့လိုပြောတာကြားတော့ ရှက်သွားပြီး သူ့ကို လွှတ်ပေးလိုက်သည်။
ဆေးရုံမှာတော့၊ သခင်ကြီးကျီ နိုးလာခဲ့သည်။ သူ့ရဲ့လက်ဖမိုးမှာ ဆေးထိုးအပ်သွင်းထားတာကို မြင်တော့ သူဆေးရုံမှာ ရောက်နေတယ်ဆိုတာ သိသွားကာ တုံ့ပြန်ဖို့ အချိန်ယူနေရသည်။ သူနိုးလာတာကို မြင်တော့ ဖန်ချီနဲ့ မြို့တော်ဝန်ကျီတို့က သူ့ဆီသွားပြီး သူဘယ်လိုအခြေအနေရှိလဲဆိုတာ မေးလိုက်သည်။
“ငါ့ဗိုက်ကတော့ နာနေသေးတယ်။ ခေါင်းလည်း နည်းနည်းနာနေတယ်။” သခင်ကြီးကျီက ပြန်ဖြေသည်။
“ရှောင်ဝမ်၊ ဆရာဝန်ရုံးခန်းသွားပြီးတော့ မင်းအဖိုးကို ထပ်စစ်ဆေးရအောင် ဆရာဝန်ကို သွားခေါ်ဉီး။” မြို့တော်ဝန်ကျီက သူ့သားကို ဆရာဝန်သွားခေါ်ဖို့ ပြောလိုက်သည်။
ကျီဝမ်လည်း အမြန်ပြေးသွားသည်။ ခဏလောက်ကြာတော့၊ ဆရာဝန်လည်း အခန်းထဲကို သူ့နောက်ကနေ လိုက်လာသည််။
သခင်ကြီးကျီ သတိပြန်ရလာတာကို တွေ့တော့ ဆရာဝန်က သူ့ကို မေးလိုက်သည်။“သခင်ကြီးကျီ၊ ဒီနေ့ခင်းတုန်းက ဉီးလေး ရေခဲမုန့်ဘယ်နှခုစား ခဲ့တာလဲ?”
သခင်ကြီးကျီက ဖြေဖို့ တုံ့ဆိုင်းနေသည်။ သူ ရေခဲမုန့်တွေခိုးစားတာကို မှတ်မိတဲ့အတွက် ဒီတိုင်းပတ်ပြောလိုက်သည်။ “ဉီးလေး မမှတ်မိပါဘူး။ ဉီးလေးက ဘာပဲဖြစ်ဖြစ် အသက်ကြီးနေပြီလေ။”
ဖန်ချီက ဆရာဝန်ကို “ကျွန်မ သေချာမှတ်မိတယ်။ အဖေက ရေခဲမုန့် သုံးခုစားခဲ့တာ။ ကျွန်မယောက်မက အဖေ့ကို ဆက်မစားခိုင်းတော့ဘူး။ ပြီးတော့..”လို့ ပြောလိုက်သည်။
ဆရာဝန်က ဖန်ချီကို စကားဖြတ်ပြောလိုက်သည်။ သူက သခင်ကြီးကျီကို ကြည့်ပြီး ပြောလိုက်သည်။ “ဉီးလေး ကျီ၊ ဉီးလေးက ဆေးရုံတင်ခံထားရတာနော်။ တကယ်တော့၊ ဉီးလေးအခြေအနေ ဘယ်လောက်ပြင်းထန်လဲဆိုတာကို သိမှာပါ။ ဉီးလေး ဒီကိစ္စကို မမှတ်မိရင်လဲ ကျွန်တော်ကို ပြန်ဖြေစရာမလိုပါဘူး။ ဒါပေမဲ့ ဉီးလေးတစ်ခုတော့မှတ်ထားပါ။ နောက်နောင်၊ ဒီလိုအေးတဲ့အစားအစာတွေကို ဉီးလေး အများကြီးစားလို့မရဘူး။”
သခင်ကြီးကျီက ခေါင်းညိတ်ပြီး ဘာမှ ပြန်မပြောခဲ့ပေ။
သူ့ဘေးနားမှာရပ်နေတဲ့ မြို့တော်ဝန်ကျီက တစ်ခုခုမှားနေတယ်ဆိုတာကို ရိပ်မိသွားသည်။ ဆရာဝန်ထွက်သွားတော့ သူက သူ့အဖေကို “အဖေ လိမ်နေတာမလား?”လို့ မေးလိုက်သည်။
ကုတင်ပေါ်မှာ လှဲနေတဲ့ သခင်ကြီးကျီက တန်းခနဲ မျက်လုံးမှိတ်ကာ အိပ်ချင်ယောင်ဆောင်လိုက်သည်။