အခန်း (၇၇)
Vol. 6 Ch. 77
လျှိုစစ်ယွီက အရမ်းကိုအံ့ဩစရာကောင်းတာကို သိသွားသလို သူမမျက်နှာကို လက်တစ်ဖက်နဲ့ အုပ်လိုက်သည်။ “ရှောင်နွမ်၊ နင်လည်း ကျီလင်းချန်အပေါ်မှာ ခံစားချက်ရှိနေတယ်လို့တော့ မပြောနဲ့နော်”
ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။ “ကျီဝမ်၊ အရင်ရက်တွေက နင့်ဉီးလေး ဘယ်မှာနေနေလဲဆိုတာ နင်သိလား?”
“စိတ်ဝိညာဉ်ဗီလာလေ။” ကျီဝမ်က တွေဝေခြင်းမရှိဘဲ ဖြေလိုက်သည်။ ကျီလင်းချန်က အစတည်းက ကျီအိမ်တော်မှာ မနေပေ။ သူလက်ထပ်ပြီးတော့မှ ကျီအိမ်တော်မှ လာနေခဲ့သည်။ အရင်တုန်းက သူ့ကြောင့်နဲ့ပဲ ကျီလင်းချန်က ကျီအိမ်တော်ကို ရောက်လာတတ်သည်။
ဖန့်ရှောင်နွမ်က အဲ့နေရာနဲ့ ရင်းနှီးနေသည်။ ရုတ်တရက်၊ ကျီလင်းချန်က သူမကို “မင်း စိတ်ဝိညာဉ်ဗီလာကို ပြောင်းနေချင်လား?”လို့ မေးတာကို သူမ သတိရသွားသည်။
ဖန့်ရှောင်နွမ်မေးတာကိုတောင် မစောင့်ဘဲ လျှိုစစ်ယွီက “စိတ်ဝိညာဉ်ဗီလာ? ငါဘာလို့ အဲ့လိုနေရာမျိုးကို မကြားဖူးရတာလဲ?”လို့ မေးလိုက်သည်။
“ဘယ်လိုလို့ကြားဖူးမလဲ။ စိတ်ဝိညာဉ်ဗီလာက ငါ့ဉီးလေးပိုင်တဲ့ နေရာလေ။ သိသာအောင် ပြောရရင်၊ ငါ့ဉီးလေးက ငယ်ငယ်တည်းက အဲ့မှာနေတာ၊ ဘယ်သူမှ အဲ့နေရာကို စိတ်ကြိုက်ဝင်ထွက်လို့မရဘူး။ ငါ့ဉီးလေးအတွက် အရေးပါတဲ့သူတွေလောက်ပဲ ဝင်လို့ရတာ။ အမှန်အတိုင်းပြောရရင်၊ ငါ့ဉီးလေး ကျီအိမ်တော်ကိုလာတာက ငါ့ကိုဆုံးမဖို့ပဲ။ စိတ်ဝိညာဉ်ဗီလာကသာ ငါ့ဉီးလေးရဲ့ အိမ်။” ဖန့်ရှောင်နွမ်ရဲ့အမူအရာကို ကျီဝမ် သတိမထားမိပေ။ သူမ အရမ်းကို မှင်သက်နေသည်။ သူက ‘ဖန့်ရှောင်နွမ်သာ စိတ်ဝိညာဉ်ဗီလာမှာ သူနဲ့ တစ်နေ့နေရင် သူမက တစ်သက်လုံး ငါ့အဒေါ်ဖြစ်သွားနိုင်တယ်’လို့ သူ့ဘာသာသူ ပြောလိုက်သည်။
ဖန့်ရှောင်နွမ် မျက်တောင်ခတ်မိနေသည်၊ ပြီးတော့ မယုံကြည်နိုင်ဘဲ ကျီဝမ်ကို မေးလိုက်သည်။“စိတ်ဝိညာဉ်ဗီလာက ကျီလင်းချန်ရဲ့ အိမ်လား?”
ကျီဝမ်က မတုံ့ဆိုင်းဘဲ ဖြေလိုက်သည်။ ဖန့်ရှောင်နွမ်ကို သူ ဘာမှဖုံးကွယ်ထားစရာမရှိပေ။ “ဟုတ်တယ်လေ၊ စိတ်ဝိညာဉ်ဗီလာက ငါ့ဉီးလေးအတွက် အရမ်းအရေးပါတယ်။ အဲ့ဒါက သူ့ရဲ့အိမ်ပဲ။”
ဖန့်ရှောင်နွမ်က နည်းနည်းလေး စိတ်တုန်လှုပ်သွားပြီး ရေသောက်လိုက်သည်။ သူမ အဲ့ဒီနေ့က နားကြားမမှားခဲ့သင့်ဘူး။ သူမ ခန့်မှန်းတာကို သေချာအောင်၊ သူမက အဲ့နေ့ညအိမ်ပြန်ရောက်တော့ “ယောက….ယောကျာ်း၊ ကျွန်မ တစ်ခုလောက်မေးလို့ရမလား?”လို့ ကျီလင်းချန်ကို မေးလိုက်သည်။
သူ့မိန်းမက စကားထစ်နေတာကို ကျီလင်းချန်မြင်သည်။ သူက သူ့မရဲ့ စိတ်လှုပ်ရှားနေတာလေးက ချစ်စရာလေးလို့ မြင်နေသည်။ သူက သူမကို တမင်စလိုက်သည်။ “ဘာလို့လဲ၊ မင်း ကိုယ့်ကို “ယောကျာ်း”လို့ခေါ်ရတာ အသားမကျသေးဘူးလား?”
ဖန့်ရှောင်နွမ်က ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ကျွန်မ အသားမကျသေးလို့ပါ။ အဲ့ဒါက နည်းနည်း တစ်မျိုးကြီးဖြစ်နေတာ။”
“ကောင်းပြီ။ အသားကျအောင် လုပ်လိုက်လေ၊ ငြင်းခံရတာကို အသားကျအောင် မင်းကိုယ့်ကိုလုပ်ပေးသလိုပေါ့။ မှတ်ထားနော်၊ အခုကစပြီး မင်းကိုယ့်ကို “ယောကျာ်း”လို့ပဲ ခေါ်ရမယ်။”လို့ ကျီလင်းချန်က အိပ်ရာဘေးမှာထိုင်ပြီး ပြောလိုက်သည်။ ပြီးတော့ တခြားဘာသာစကားတစ်ခုနဲ့ ရေးထားတဲ့စာအုပ်ကို ယူလိုက်သည်။
ဖန့်ရှောင်နွမ်က ကျီလင်းချန်ဘေးမှာ ငုတ်တုတ်ထိုင်လိုက်ပြီး သူကိုင်ထားတဲ့စာအုပ်ကို လက်တစ်ဖက်တည်းနဲ့ ဆွဲယူလိုက်သည်။ သူမ ခေါင်းမော့ပြီး ပြောလိုက်သည်။“ယော…ယောကျာ်း၊ ရှင် ကျွန်မကို စိတ်ဝိညာဉ်ဗီလာကို ခေါ်သွားမယ်လို့ အဲ့နေ့ညက ပြောခဲ့တာလား ဆိုတာကို မေးချင်လို့”
ကျီလင်းချန်က သူမကို ကြည့်လိုက်သည်။ “ဘာလို့အခုမှ အဲ့အကြောင်း မေးနေတာလဲ?”
ဖန့်ရှောင်နွမ်က ထပြီး အိပ်ရာဘေးမှာ ထိုင်လိုက်သည်။ သူမက ခေါင်းငုံ့ထားပြီး ကျီလင်းချန်ကို ကြည့်မနေပေ။ သူမ ပြောလိုက်သည်။ “ကျွန်မ သိချင်လို့ပါ။ ကျီဝမ် ဒီနေ့ပြောတာကို ကျွန်မကြားလာလို့။”
ကျီလင်းချန်ရဲ့လည်စလုတ်ရွေ့သွားသည်။ “မင်းပဲ အဲ့ကို မသွားချင်ဘူးလို့ ကိုယ့်ကို ပြောထားတယ်မလား?”
သူမ ထင်နေတာ မှန်သွားတယ်ဆိုတာသိတော့ ဖန့်ရှောင်နွမ် အံ့အားသင့်သွားသည်။ အဲ့နေ့ညက သူတကယ်ပဲ စိတ်ဝိညာဉ်ဗီလာအကြောင်း ပြောခဲ့သည်။ “ကျီလင်းချန်..ရှင်”
“ကိုယ်အစောနက ဘာပြောလိုက်လဲ? ကိုယ့်ကို ယောကျာ်းလို့ပဲ ခေါ်။” ကျီလင်းချန်က စမေးလိုက်သည်။
စကားမပြန်ခင်မှာ ဖန့်ရှောင်နွမ် ခဏစဉ်းစားနေသည်။ “ယောကျာ်း၊ ရှင် ကျွန်မကို ဘာလို့ စိတ်ဝိညာဉ်ဗီလာကို ခေါ်သွားချင်တာလဲ?”
ကျီလင်းချန်က သူ့မိန်းမကို ခေါင်းလေးစောင်းကြည့်လိုက်သည်။ “မင်းသိချင်လို့လား?”
ဖန့်ရှောင်နွမ်က အမြန်ခေါင်းညိတ်လိုက်သည်။ သူမ တကယ်သိချင်နေသည်။ သူမက ဒီယောကျာ်း သူမကိုဘယ်လိုမြင်လဲဆိုတာကို သိချင်နေသည်။
ကျီလင်းချန်က မသိမသာလေး ဖန့်ရှောင်နွမ်နားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ “မင်းသိချင်တယ်ဆိုရင် ကိုယ့်ကိုချွဲပြလေ။”
ဖန့်ရှောင်နွမ် ဘာပြောလို့ ပြောရမှန်း မသိတော့ပေ။ ဘယ်လိုတောင်းဆိုတာမျိုးကြီးလဲ? သူမ ထပြီး ကျီလင်းချန်ပုခုံးကို ထိုးလိုက်သည်။ “ရှင် ကျွန်မကို မပြောချင်ရင်လဲ၊ မပြောနဲ့တော့။ ဟင့်.. ကျွန်မလည်း မသိချင်တော့ဘူး။”
ကျီလင်းချန်က ရုတ်တရက် သူမရဲ့ခါးလေးကို ကိုင်ပြီး သူ့ရင်ခွင်ထဲကို ဆွဲခေါ်လိုက်တဲ့အချိန် သူမက အိပ်ဖို့ပြင်နေသည်။ ကျီလင်းချန် သူမကို ဆွဲလိုက်တော့ ဖန့်ရှောင်နွမ်လည်း လဲကျသွားသည်။ သူမ အံ့ဩနေတုန်းမှာပဲ ကျီလင်းချန်က သူမ မေးစေ့ကို ကိုင်ပြီး နမ်းလိုက်သည်။
ဖန့်ရှောင်နွမ် အံ့ကြိတ်မိသွားသည်။ ကျီလင်းချန်ရဲ့ လျှာက သူမရဲ့ပါးစပ်ထဲကို ရောက်သွားပြီး သူမရဲ့ လျှာနဲ့ တန်းပြီး ရောယှက်သွားသည်။ ဖန့်ရှောင်နွမ် မျက်စိပြူးသွားသည်။ သူမက အနမ်းခံရပြီး ဒီတိုင်းတန်းတန်းကြီးပဲ ဖြစ်နေသည်။ ဒါပေမဲ့ သူမ ငြင်းတော့မငြင်းဆန်ခဲ့ပေ။
ရုတ်တရက်၊ ဖန့်ရှောင်နွမ်ရဲ့ ခန္ဓာကိုယ် လေထဲမြောက်သွားသည်။ ကျီလင်းချန်က သူမကို မချီပြီး သူမပေါ်ကို ဖိလိုက်သည်။ ဖန့်ရှောင်နွမ်ရဲ့ စိတ်လှုပ်ရှားနေတဲ့အတွက် အိပ်ရာခင်းကို တင်းကျပ်စွာ ကိုင်ထားသည်။ ကျီလင်းချန်က သူမကို တဏှာစိတ်အပြည့်နဲ့ သူမကို နမ်းနေပြီး သူမရဲ့မွှေးရနံ့တွေကို ရှုရှိုက်နေတော့ သူမရဲ့ခန္ဓာကိုယ်က တင်းကျပ်နေသည်။
ဖန့်ရှောင်နွမ်ရဲ့ ညဝတ်ဂါဝန်ပုခုံးကြိုးလေးက သူမ မသိလိုက်တဲ့အချိန်မှာပဲ လျှောကျသွားသည်။ အဲ့ကြိုးလေးတွေက သူမရင်ဘတ်အထိ ရောက်သွားသည်။ ကျီလင်းချန်က ခဏလောက်ခွာလိုက်ပြီး သူ့အောက်မှာရှိနေတဲ့ မိန်းကလေးကို နူးညံ့မှုအပြည့်ရှိနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေသည်။ “မင်း အခု ဘာလို့လဲဆိုတာ သိပြီလား?”
ဖန့်ရှောင်နွမ် ခေါင်းခါလိုက်သည်။ သူမ ထပ်ပြီး မသိလိုက်ခင်မှာပဲ ကျီလင်းချန်က သူမကို ထပ်နမ်းပြန်သည်။ အခုချိန်မှာတော့ သူ့ရဲ့နူးညံ့သိမ်မွေ့မှုက ဖန့်ရှောင်နွမ် သူ့ကိုချစ်လာအောင် လုပ်လိုက်နိုင်သည်။