← Chapters

အခန်း (၇၈)

Vol. 6 Ch. 78

အခန်း (၇၈)

Vol. 6 Ch. 78

ဖန့်ရှောင်နွမ်က မျက်လုံးလေးမှိတ်လိုက်ပြီး အိပ်ရာခင်းကို ဆွဲကိုင်ထားတဲ့ လက်ကိုလည်း ဖြေလျော့လိုက်သည်။ ကျီလင်းချန်က သူ့ရဲ့ ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး အဖြူရောင်ရှပ်အင်္ကျီကိုပါ ချွတ်ဖို့လုပ်လိုက်သည်။ ဖန့်ရှောင်နွမ်ရဲ့ ညဝတ်ဂါဝန်က သူမရဲ့ခါးအထိ လျှောကျလာတော့ သူမရဲ့ အပေါ်ပိုင်းတစ်ခုလုံးကို အတိုင်းသားမြင်နေရသည်။ ကျီလင်းချန်ကလည်း အဲ့ဒါကိုမြင်တော့ ထပ်ပြီးမငြင်းဆန်နိုင်ပြန်ပေ။ သူက နည်းနည်းလောက်လေးကိုယ်ကို ခွာပြီး ဖန့်ရှောင်နွမ်က မေးလိုက်သည်။“ဘာလို့လဲဆိုတာကို မင်းသိပြီလား?”

ဖန့်ရှောင်နွမ် ခေါင်းညိတ်လိုက်သည်။ သေချာမသိတော့ဘဲ စဉ်းစားလို့မရဖြစ်နေတဲ့ သူ့မိန်းမကို ကျီလင်းချန်က မေးလိုက်သည်။ “မင်း ဒါကို ဆက်လုပ်ချင်သေးလား?”

“မင်းသာဆက်လုပ်ချင်ရင် မျက်လုံးသာမှိတ်ထားလို့က်၊ ကိုယ် မင်းကို နမ်းမယ်။”

ဖန့်ရှောင်နွမ်က ရှက်သွေးဖြာသွားသည်။ သူမက ဒီလိုအရာမျိုး တစ်ခါမှမလုပ်ဖူးတော့ ဘာလုပ်ရမလဲဆိုတာကို မသိဘူးဖြစ်နေသည်။ ဒီမိန်းကလေးက ငယ်သေးတယ်၊ ဘာလုပ်ရမလဲ မသိဘူးဆိုတာကိုလည်း ကျီလင်းချန် သိတာကြောင့်၊ သူက ထပ်ပြီးတော့ သူမကို နမ်းလိုက်သည်။

ဖန့်ရှောင်နွမ်လည်း မငြင်းဆန်နိုင်ပေ။ သူတို့နှစ်ယောက်လုံးရဲ့အဝတ်အစားတွေလည်း ရောယှက်ပြီး ဖိုးရိုးဖားလျားဖြစ်နေတဲ့အချိန်မှာပဲ တစ်ယောက်ယောက် တံခါးခေါက်လိုက်သည်။ အိပ်ရာပေါ်က လင်မယားနှစ်ယောက်လည်း ပြန်ပြီး အသိဝင်လာသည်။ ဖန့်ရှောင်နွမ်က သူမ ဘာမှမဝတ်ထားဘူးဆိုတာကို သတိရသွားသည်။ ကျီလင်းချန်လည်း ထို့အတူပင်။ သူမက ရှက်တဲ့အတွက် မျက်နှာကို ကာထားသည်။

တံခါးမှာတော့၊ သူ့ဉီးလေးအစီအစဉ်တွေကို ဖျက်မိလိုက်မှန်းမသိတဲ့ ကျီဝမ်က အော်လိုက်သည်။ “ဖန့်ရှောင်နွမ်၊ ငါပြောစရာရှိလို့၊ ခဏလောက် ထွက်ခဲ့ဉီး။”

ကျီလင်းချန် ခေါင်းငုံ့လိုက်ကာ သူ့အောက်မှာ ရှိနေတဲ့ သူ့မိန်းမကို ကြည့်လိုက်သည်။ သူမ ရှက်နေလို့ဖြစ်မည်။ ဒါပေမဲ့ သူမရဲ့ ပန်းရောင်သန်းနေတဲ့ ခန္ဓာကိုယ်က အရမ်းကို လှပသည်။ သူက စောင်ကို သူမကို ပေါ် ဆွဲတင်ပေးလိုက်ပြီး အိပ်ရာကနေ ထလိုက်သည်။ သူလမ်းလျှောက်သွားရင်းနဲ့ ရှပ်အင်္ကျီဝတ်သွားသည်။

သူတံခါးကိုရောက်တော့၊ ကျီလင်းချန်က အိပ်ခန်းတံခါး ဖွင့်လိုက်ပြီး ဘာမှမပြောဘဲ ကျီဝမ်ကို ကန်လိုက်သည်။

“အာ..နာတယ်။” ကျီဝမ်က နာလို့ အော်လိုက်သည်။

ကျီလင်းချန်က ပြောလိုက်သည်။“ငါ့စာကြည့်ခန်းထဲကို လာခဲ့။ မင်းမှာ ဒီည ဘာအရေးကြီး လုပ်စရာမှမရှိဘူးဆိုရင် ငါ မင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး။”

ကျီဝမ်က ကျီလင်းချန် ကန်လိုက်တဲ့နေရာကို ဖုံးထားလိုက်ပြီး နာနာနဲ့ပဲ ခြေတစ်လှမ်းဆုတ်လိုက်သည်။ “ဉီးလေး၊ ကျွန်တော် ဖန့်ရှောင်နွမ်ကို ရှာနေတာပါ။”

“သူ အိပ်နေပြီ။ မင်း သူ့ကိုပြောစရာရှိရင် ငါ့ကိုပြောခဲ့။”

ကျီလင်းချန် ကျီဝမ်ကို ကြည့်လေလေ၊ သူ့ကို ကြည့်မရလေလေဖြစ်နေသည်။ ညနေခင်း ကိုးနာရီကျော်တာနဲ့ သူ့တံခါးကို တစ်ယောက်မှ လာမခေါက်ရဆိုပြီး တားမြစ်ထားရမယ့်ပုံ ပေါက်နေသည်။

ကျီဝမ်က မငြင်းဆန်ရဲပေ။ သူက ကျီလင်းချန်နောက်ကနေ စာကြည့်ခန်းထဲကို လိုက်သွားသည်။ စာကြည့်ခန်းထဲကျီလင်းချန်က စိတ်တိုပြီး အော်လိုက်သည်။ ဝင်ဝင်ချင်း “မင်းပြောချင်တာ ပြောစမ်း၊”

ကျီဝမ် - “ကျောင်းရဲ့အလှဘုရင်မရွေးတဲ့ ပြိုင်ပွဲမှာ တစ်ယောက်က သူမ နာမည်ပျက်အောင် မကောင်းပြောနေတယ်ဆိုတာကို သူ့ကိုပြောပြချင်လို့ပါ။”

ကျီလင်းချန်က မျက်မှောင်ကြုတ်လိုက်သည်။ “ဘယ်သူလဲ?”

“ဒုတိယနေရာရောက်နေတဲ့ ကောင်းချမ်ချမ့်ပါ။” သူမနဲ့ ဖန့်ရှောင်နွမ်ကြားမှာ မဲအရေအတွက်က ထောင်ပေါင်းများစွာကွာတယ်လေ။ သူမ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ သူမက ဖန့်ရှောင်နွမ်က လိုက်မမှီဘူးလေ။ အခုသူမက ကျောင်းရဲ့ အင်တာနက်စကားဝိုင်းမှာ ဖန့်ရှောင်နွမ်က ခွဲစိတ်ပြုပြင်ထားတယ်ဆိုပြီး ပြောနေတာ။”ကျီဝမ်က အသေးစိတ် ရှင်းပြနေသည်။

ကျီလင်းချန်က စိတ်ထဲမှာ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို သိနေပြီးပြီ။ သူက ခုံကို ခေါက်နေပြီး မေးလိုက်သည်။ “နားလည်ပြီ။ ပြောစရာရှိသေးလား?”

ကျီဝမ်က အသက်ပြင်းပြင်းရှုပြီး သေချာလေးပြောလိုက်သည်။ “ဉီးလေး၊ ဘာမှတော့မရှိတော့ပါဘူး။ အထင်လွဲတာတွေလဲ မရှိတော့ဘူးဆိုတော့ ကျွန်တော် အကသင်တန်းကို မသွားလို့ရမလား? ကျွန်တော့်ကို မသွားခိုင်းပါနဲ့တော့။”

ကျီလင်းချန်က လက်ရမ်းလိုက်သည်။ “ကောင်းပြီ၊ မနက်ဖြန် မသွားနဲ့တော့။ အခုကစပြီး မင်းအဒေါ်နဲ့ ငါ့ကို ညကိုးနာရီနောက်ပိုင်း လာမရှာနဲ့။ မင်း ပြောစရာရှိရင်လည်း နေ့ခင်းကျမှပြော။”

ကျီဝမ်က နာခံပြီးတော့ ခေါင်းညိတ်လိုက်သည်။ ပြီးတော့ သူက သူ့ဉီးလေးကို ကျေးဇူးတင်ပြီးတော့ အခန်းထဲက ထွက်မယ်အလုပ် ကျီလင်းချန်က သူ့ကို တားလိုက်သည်။ “ခဏနေဉီး။ ပြောစရာရှိသေးတယ်။ အခုကစပြီး သူမကို အဒေါ်လို့ အိမ်မှာ ရိုရိုသေသေနဲ့ ခေါ်ရမယ်။ ပြီတော့ သူမက အခု ကျောင်းရဲ့အလှဘုရင်မ။ သူမနားမှာ ယောကျာ်းလေးတွေ များများလာလိမ့်မယ်။ မင်းဘာလုပ်ရမယ်ဆိုတာ သိတယ်မလား?”

ကျီဝမ်က စိတ်လှုပ်ရှားပြီးတော့ လက်ခုပ်တီးလိုက်သည်။ သူက ရင်ဘတ်ကိုပုတ်ပြီး နားလည်တဲ့အကြည့်နဲ့ ပြောလိုက်သည်။ “ကျွန်တော့် တာဝန်သာထားပါ။ စိတ်မပူပါနဲ့၊ ဉီးလေး။”

ကျီလင်းချန်က သူ့တူရဲ့သိတတ်မှုကို သဘောကျသွားပြီး ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။ ငါ အိမ်တော်ထိန်းကို ပြောလိုက်မယ်။ သွားလို့ရပြီ။”

ကျီဝမ်က ကျီလင်းချန်ကို ဉီးညတ်ပြီး လှည့်ပြေးထွက်သွားသည်။

အခုတင် အိပ်ခန်းထဲမှာဖြစ်သွားတဲ့ ရင်ဖိုစရာအကြောင်းကို ကျီလင်းချန် စာကြည့်ခန်းထဲမှာ ပြန်တွေးကြည့်နေသည်။ ကျီဝမ်သာ သူ့ကို ဒီညမနှောင့်ယှက်ရင် ဖြစ်သင့်တဲ့အရာတွေ ဖြစ်နေပြီး လောက်ပြီ။ နောက်နောင်၊ သူတို့ ပိုအဆင်ပြေတော့မည်။ သူ အသက်ပြင်းပြင်းရှူပြီး ထကာ အိပ်ခန်းဆီကို ပြုံးပြီး လျှောက်သွားခဲ့သည်။

အိပ်ရာထဲမှာ ကွေးနေတဲ့ ဖန့်ရှောင်နွမ်က တံခါးဖွင့်တာ ကြားလိုက်ရသည်။ သူမ မျက်လုံးမှိတ်ပြီး သူမရဲ့ခန္ဓာကိုယ်လည်း တင်းကျပ်သွားသည်။ အစောနက မညီမညာဖြစ်နေတဲ့ အိပ်ရာခင်းလည်း အခုတော့ အရင်အတိုင်းညီညာသန့်ပြန့်နေသည်။ ကျီလင်းချန်ရဲ့နေရာ လွတ်နေပြီး တစ်ဖက်မှာတော့ သူမက အိပ်ချင်ယောင်ဆောင်ပြီး အိပ်နေသည်။

ကျီလင်းချန် အိပ်ရာဘေးမှာ ရပ်လိုက်သည်။ ဘာမှကို မလှုပ်ရှားပေ။ သူက အိပ်ချင်ယောင်ဆောင်နေတဲ့ သူ့မိန်းမကို ကြည့်နေသည်။ ပြုံးပြီးတော့ ကိုယ်ကိုယ်ယိမ်းကာ သူမ နားနားကိုတိုးပြီး “ဒါဆို၊ မင်း ရှက်နေတာပဲ”လို့ ပြောလိုက်သည်။

စောင်အောက်မှာတော့ ဖန့်ရှောင်နွမ်က မလှုပ်မယှက်နေနေသည်။ သူမက အိပ်ချင်ယောင်ဆောင်ဖို့ လုပ်ပေမယ့် သူမမျက်နှာက နီရဲသထက်ရဲလာသည်။ ကျီလင်းချန် အကျယ်ကြီး ရယ်လိုက်ကာ သူက ထပြီး ရေအေးနဲ့ ရေချိုးဖို့ ရေချိုးခန်းထဲကို ဝင်သွားသည်။

နောက်နေ့မနက် ထမင်းစားချိန်မှာတော့ ကျီလင်းချန်က ဖန့်ရှောင်နွမ်ကို သူမကြိုက်တဲ့အစားအစာ စားလို့ရအောင်လုပ်ပေးခဲ့သည်။

All Chapters