← Chapters

အခန်း (၇၉)

Vol. 6 Ch. 79

အခန်း (၇၉)

Vol. 6 Ch. 79

ထမင်းစားဝိုင်းမှာရှိတဲ့ ကျီမိသားစုဝင်တွေဘအကုန်လုံးက အံ့ဩနေကြသည်။ အမြဲတမ်း သေသပ် သပ်ရပ်တာကိုပဲကြိုက်တဲ့ ကျီလင်းချန်က ဖန့်ရှောင်နွမ်ရဲ့ပန်းကန်ထဲကိုတောင် ဟင်းတွေစထည့် ပေးနေသည်။ အဲ့အချိန်မှာ ဖန့်ရှောင်နွမ်က သူမခေါင်းကို ငုံ့ထားပြီး သူမကိုယ်သူမ ပျောက်ကွယ်သွားချင်နေသည်။

ကျီလင်းချန်ကတော့ သူများတွေ အံ့ဩတာလည်း ဂရုမစိုက်ပေ။ သူ့မိန်းမ ထမင်းစားပြီးတော့မယ်ဆိုတော့ သူ ပြောလိုက်သည်။ “ကိုယ် မင်းနဲ့ ကျီဝမ်ကို ကျောင်းလိုက်ပို့မယ်လေ။”

ဖန့်ရှောင်နွမ်က တန်းခနဲ ငြင်းလိုက်သည်။ “မလိုပါဘူး။”

ကျီလင်းချန်က ခေါင်းလေးစောင်းပြီးတော့ သူ့မိန်းမကို ကြည့်လိုက်သည်။ “မင်း ကားမောင်းတတ်လို့လား? မင်းကိုယ်လိုက်ပို့တာ မကြိုက်ရင် နောက်ကျရင် မင်းဘာသာမင်း ကားမောင်းပြီးကျောင်းတက်ရအောင် ကိုယ် ဒီနေ့ ကားတစ်စီးဝယ်လိုက်မယ်။”

ကျီဝမ်က ဘာမှမသိဘဲ လက်ထောင်လိုက်သည်။ “ဉီးလေး၊ ကျွန်တော် ကားမောင်းတတ်တယ်လေ”

ကျီလင်းချန်က သူ့ကိုစကားဖြတ်ပြောတဲ့ သူ့တူကို အေးစက်တဲ့အကြည့်နဲ့ ကြည့်လိုက်သည်။ အခြေအနေ မူမမှန်တာသိတော့ ဖန့်ချီက သူ့သားထောင်ထားတဲ့ လက်ကို ဆွဲလိုက်သည်။ “လင်းချန်၊ ရှောင်ဝမ်က ကားမလိုချင်ပါဘူး။ နွမ်နွမ်အတွက်ပဲ ဝယ်ပေးလိုက်ပါ။ သူ့မှာက ရှိပြီးသားလေ”

ကျီဝမ်က သူ့ဉီးလေးကြည့်တာကြောင့်‌ ကြောက်သွားပြီး ထမင်းကို အသာလေး ဆက်စားနေသည်။ ဖန့်ရှောင်နွမ်က ကျီလင်းချန် သူမကို ဆက်ဆံတာပြောင်းသွားတာကို ရိပ်မိသည်။ “ကျွန်မမှာ ကားရှိပါတယ်။ ဒါပေမဲ့ ကျွန်မ လမ်းပေါ်တက်မမောင်းရဲဘူး။”

ကျီလင်းချန်ရဲ့ လည်စလုတ်ရွေ့သွားသည်။ “ကိုယ်နောက်နေ့ မင်းကို သင်ပေးမယ်။”

“ကျွန်မ မသင်ချင်ပါဘူး။ ကျွန်မ ရှင့်ဆီက ကားမောင်းသင်ရမှာကို ရင်တုန်တယ်။” ဖန့်ရှောင်နွမ်က ခေါင်းငုံ့ထားတုန်းပင်။ သူမက ကျီလင်းချန်ရဲ့ မီးတောက်လိုအကြည့်မျိုးကို ရှောင်နေသည်။

သူအဲ့ဒါကိုပြောလိုက်တုန်းက ကျီလင်းချန်က မပြုံးစဖူး ပြုံးပြီးပြောလိုက်သည်။ “မင်းယောကျာ်းဆီက ကားမောင်းသင်ရမှာကို ရင်တုန်တာလား? ကိုယ့်လောက် ဘယ်သူမှ မင်းကို ကားမောင်းတော်အောင် မသင်ပေးနိုင်ဘူး။ မင်းကို ဘယ်သူမှ လမ်းပေါ်မှာ ယှဉ်မမောင်းနိုင်အောင်တောင် သင်ပေးနိုင်တယ်။”

သခင်ကြီးကျီက စားလက်စတူကို ချထားပြီး ကျီလင်းချန်ကို သေချာစောင့်ကြည့်နေသည်။ ဖန့်ရှောင်နွမ်က သူ့ရဲ့ဒုတိယသားကို နောက်တစ်ယောက်ဖြစ်သွားအောင် ဘယ်လိုပြောင်းလိုက်တာလဲဆိုတာကို သခင်ကြီးကျီ သိချင်နေသည်။ သူက အရင်တုန်းက လူတိုင်းကို အေးစက်စက် ဆက်ဆံခဲ့တာမလား? သူ့ရဲ့အကျင့်က ဘယ်ရောက်သွားတာလဲ? သူ့ရဲ့ ထိန်းချုပ်လို့မရတဲ့ မောက်မာမှုနဲ့ ဒေါသတွေကော ဘယ်ရောက်သွားတာလဲ?

မနက်စာစားပြီးတော့ ဖန့်ရှောင်နွမ်နဲ့ ကျီဝမ်က တစ်ကားတည်းစီးပြီး ကျောင်းသွားခဲ့သည်။ ကားမောင်းတဲ့သူက သူတို့မိသားစုရဲ့ ကားမောင်းသမားပဲ။ ကျီလင်းချန်က ကားမထွက်ခင်အထိ ဖန့်ရှောင်နွမ် ပါသွားတဲ့ကား ထွက်သွားတာကို ကြည့်နေသည်။

ဖန်ချီက မြို့တော်ဝန်ကျီရဲ့ အင်္ကျီကို အသားလေးဆွဲလိုက်သည်။ “ယောကျာ်း၊ ရှင် သတိထားမိလား?”

မြို့တော်ဝန်ကျီက သူ့ညီထွက်သွားတာကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ “လင်းချီ ပြောင်းလဲသွားပြီ။ သူက အရင်လို အေးစက်စက်လူမဟုတ်တော့ဘူး။”

…

သူမက ကျောင်းထဲဝင်သွားတာနဲ့ ကောင်းချမ်ချမ့်က သူမကို နာမည်ဖျက်ပြောဆိုထားတယ်ဆိုတာကို ဖန့်ရှောင်နွမ် သတိထားမိသည်။ သူမက သူမနဲ့ရင်ဆိုင်ဖို့ သတ္တိမွေးထားပေမယ့် ကောင်းချမ်ချမ့်ရဲ့ ဖန့်ရှောင်နွမ်ကို နာမည်ဖျက်ပြောဆိုထားတာတွေကို ဒီနေ့ခင်းကပဲ က ကျောင်းအင်တာနက်စကားဝိုင်းကနေ ပယ်ချခံလိုက်ရသည်။ အဲ့ဒီအကြောင်းကိုလည်း ဘယ်သူမှ သိပ်အာရုံမထားကြတော့ပေ။

ကောင်းချမ်ချမ့် ဖန့်ရှောင်နွမ်ကို နာမည်ဖျက်ဖို့ တစ်ယောက်ယောက်ကို စဉ်းစားမိသွားသည်။ သူမက ဖန့်ရှောင်နွမ်နဲ့ စီနီယာကျောင်းသားတစ်ယောက်ရဲ့ စကားပြောခန်းနဲ့ မျက်နှာခွဲစိတ်ထားတဲ့ဆိုတဲ့ ဆေးရုံက အချက်အလက်တွေကို ပဲတင်ထားသည်။ တကယ်လည်း အဲ့ဒါတွေက ဖန့်ရှောင်နွမ်ရဲ့ ဂုဏ်သတင်းကို အစွန်းထင်စေခဲ့သည်။

ဓာတ်ပုံတွေက အတုပေမယ့် ဗီဒီယိုတွေကတော့ အစစ်တွေပင်။ အခုတော့ ကောင်းချမ်ချမ့်ပါနေတဲ့ သူမအကြောင်းကို မကောင်းပြောထားတဲ ဗီဒီယိုတွေ ပျံ့သွားသည်။ သူမကသာ မျက်နှာခွဲစိတ်ထားတဲ့သူဖြစ်ပြီး စီနီယာနဲ့ နီးနီးကပ်ကပ်နေတာလည်း သူမပဲဖြစ်နေသည်။ သူမ နိုက်ကလပ်သွားထားတဲ့ ဗီဒီယိုပါ ပျံ့သွားသည်။ အကုန်လုံးက အမှန်စင်စစ်တွေချည်းပဲ။

ရုတ်တရက်၊ ကောင်းချမ်ချမ့်ရဲ့အကြောင်းက ကျောင်းသားတွေကြားပျံ့နှံ့သွားသည်။ သူမက ဖန့်ရှောင်နွမ်ဆီသွားပြီး စွပ်စွဲလိုက်သည်။“ဖန့်ရှောင်နွမ်၊ ငါ့ကို ချောက်ချတာ နင်မလား။”

ဖန့်ရှောင်နွမ်က ကောင်းချမ်ချမ့်ရဲ့ဗီဒီယိုတွေကို လျှိုစစ်ယွီနဲ့ အခန်းထဲမှာကြည့်နေသည်။ သူမက ကောင်းချမ်ချမ့်ကို ဂရုတောင်မစိုက်ပေ။ အဲ့ဒါကိုမြင်တော့၊ ကျီဝမ်က သူမကို အပြင်ထွက်လာအောင်ခေါ်ဖို့ တစ်ယောက်ယောက်ကို စဉ်းစားမိသွားသည်။

ဘယ်လောက်မှမကြာခင် ကျောင်းအင်တာနက်စကားဝိုင်းမှာ ဖန့်ရှောင်နွမ်အကြောင်း စပြောလာကြပြန်သည်။ ဒီတစ်ခါတော့ ဖန့်ရှောင်နွမ် ကြီးပြင်းလာတဲ့တစ်လျှောက် ဓာတ်ပုံတွေကို တင်ထားသည်။ ပြီးတော့ သူမ မျက်နှာခွဲစိတ်ထားတယ်လို့ပြောပြီး မကောင်းသတင်းဖြန့်တဲ့ ဆရာဝန်လည်း အဖမ်းခံလိုက်ရသည်။

သူမ နာမည်ကပ်ထားတဲ့ ရှေ့နေနဲ့ တစ်ဆင့် ဆင့်ခေါ်တဲ့စာကို ပို့လိုက်တာကြောင့်ဖြစ်သည်။ တခြားဘက်က အဲ့စာကိုရတော့ ကြောက်သွားပြီး တန်းပြီးတောင်းပန်ကြကာ အဖြစ်အပျက်အားလုံးကို ရှင်းပြခဲ့သည်။

လျှိုစစ်ယွီက မေးလိုက်သည်။ “ရှောင်နွမ်၊ နင် ဒီကိစ္စကို ဒီမနက်ခင်းမှ သိတာလား?”

ဖန့်ရှောင်နွမ်က ခေါင်းညိတ်လိုက်သည်။ သူမက သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းကို မေးလိုက်သည်။ “စစ်ယွီ၊ ငါ့ကို ဒီကိစ္စကို ကူညီဖို့ နင့်အစ်ကိုကို အကူအညီတောင်းခဲ့တာလား?”

လျှိုစစ်ယွီက ခေါင်းခါလိုက်သည်။ “ငါတို့ဘဒီနေ့ အိမ်သာတောင် အတူတူသွားခဲ့တာလေ။ ငါသာ အဲ့ကိစ္စလုပ်ခဲ့ရင် နင်သိမှာပေါ့။ ပြီးတော့ ငါက နာမည်မရဘဲနဲ့ ဘာကောင်းတာမှမလုပ်ဘူး။ ဒါဆို ဘယ်သူလုပ်ခဲ့တာလဲ?”

ကျီဝမ်က ရုတ်တရက် အော်ပြောလိုက်သည်။ “ဘယ်သူလုပ်တာလဲဆိုတာ ငါသိတယ်။”

သူ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်က သူ့ကို ကြည့်နေသည်။ ဖန့်ရှောင်နွမ်က မေးလိုက်သည်။ “အဲ့ဒါ နင်လား?”

ကျီဝမ် ခေါင်းခါသည်။ “အဲ့ဒါ ငါ့ဉီးလေး။ ငါမနေ့ညက နင့်ကို လာရှာတယ်လေ။ နင်အိပ်နေတော့ ငါ့ဉီးလေးက ငါ့ကို စာကြည့်ခန်းထဲကို ခေါ်သွားတယ်လေ။ အဲ့အကြောင်းကို ငါ သူ့ကိုပြောပြလိုက်တာ။ ဒီလိုကိစ္စမျိုးလုပ်နိုင်တာ ငါ့ဉီးလေးပဲရှိတယ်။ လူတော်တော်များများက ဒီလောက်ရှာရခက်တဲ့ ဗီဒီယိုကို တွေ့နိုင်မှာမဟုတ်ဘူး၊ ရှေ့နေကနေ ဆင့်ခေါ်စာဆို ဝေးပေါ့။”

ဖန့်ရှောင်နွမ် ပြောစရာစကားမရှိအောင် မှင်သက်နေသည်။ လျှိုစစ်ယွီက ကြောက်သလိုမျက်လုံးနဲ့ သူမရဲ့ သူငယ်ချင်းကောင်းကို ကြည့်နေသည်။ “ရှောင်နွမ်၊ ကျီလင်းချန် နင့်ကို တကယ်ချစ်မိသွားအောင်၊ ဘယ်လိုလုပ်လိုက်တာလဲ?”

ဖန့်ရှောင်နွမ်က မယုံသေးပေ။ “မဖြစ်နိုင်ဘူး။ ကျီလင်းချန်က ကုမ္ပဏီမှာ အလုပ်တွေ အများကြီးရှိနေတယ်လေ။ ဒီ ငါ့ကိစ္စသေးသေးလေးကို ဖြေရှင်းဖို့ သူ့မှာ ဘယ်လိုလုပ်အချိန်ရှိမှာလဲ။”

All Chapters