← Chapters

အခန်း (၈၀)

Vol. 6 Ch. 80

အခန်း (၈၀)

Vol. 6 Ch. 80

လျှိုစစ်ယွီ မေးလိုက်သည်။ “ဒါဆို ဘယ်သူလုပ်ခဲ့တာလဲ? ဒီလောက် အချိန်လေးနည်းနည်းနဲ့ သူက အကုန်လုံးကို သေချာ ဖြေရှင်းသွားတာလေ။ သူက ကောင်းချမ်ချမ့်ကိုတင် အပြစ်ပေးခဲ့တာမဟုတ်ဘဲ နင့်နာမည်ဆိုးကိုလည်း သေချာရှင်းပေးသွားတယ်လေ။”

ဖန့်ရှောင်နွမ်က စဉ်းစားနေခဲ့သည်။ “ငါ့မိဘတွေလည်း ဖြစ်နိုင်တယ်။ မနေ့ညက သူတို့ကျောင်းအင်တာနက် စကားဝိုင်းမှာ ရှိနေပြီး ငါ့ကို မကောင်းပြောတာကိုမြင်တော့ သူတို့ဖြေရှင်းပေးလိုက်တာ နေမှာပေါ့။”

ဖန့်ရှောင်နွမ် ဘယ်လိုဆင်ခြေပဲပေးပေး လျှိုစစ်ယွီနဲ့ ကျီဝမ်နဲ့ကတော့ ဒီကိစ္စကို ဖြေရှင်းခဲ့တာ ကျီလင်းချန်ဆိုပြီး တထစ်ချယုံနေသည်။ နောက်ဆုံးမှာတော့ သူမက သေချာညှိပြီးတော့ သူ့တို့နှစ်ယောက်ကို ပြောလိုက်သည်။ “ကောင်းပြီ၊ ကောင်းပြီ။ ငါပြန်ရောက်ရင် ကျီလင်းချန်ကို အဲ့အကြောင်း မေးလိုက်မယ်။”

ကျီဝမ်နဲ့ လျှိုစစ်ယွီက ခေါင်းတွေညိတ်လိုက်သည်။ “ဟုတ်တယ်။ အဲ့ဒါ လုပ်ခဲ့တာ နင့်လူပဲ။”

အဲ့နေ့ညက ကျီလင်းချန် အလုပ်ကနေပြန်လာခဲ့သည်။ ဖန့်ရှောင်နွမ်က တံခါးအမိုးရဲ့အောက်မှာ ထိုင်ပြီး သူ့ကို စောင့်နေသည်။ ကျီလင်းချန်ရဲ့ကားက တံခါးနားမှာ ထိုးရပ်လိုက်သည်။ သူ ကားထဲက ထွက်လာတော့ ဖန့်ရှောင်နွမ် သူ့ကို မြင်သွားသည်။ သူမက ထလိုက်ပြီးတော့ သူ့ဆီကို လျှောက်သွားသည်။

“ကျီလင်းချန်.. မဟုတ်ဘူး..ယောကျာ်း၊ ရှင်” ဖန့်ရှောင်နွမ်က ပြောချင်နေပေမယ့် ပြောဖို့ကို တုံ့ဆိုင်းနေသည်။ ဘယ်လိုပြောရမလဲဆိုတာကို သူမ မသိပေ။ နေ့ခင်းတုန်းက သူမ မိဘတွေကို ဖုန်းခေါ်လိုက်တော့ သူတို့က သူမကိစ္စကို ဘာမှမသိဘူးဆိုတာကို သူမ သိလိုက်ရသည်။

ဒီကိစ္စက တကယ်ပဲ ကျီလင်းချန် ဖြေရှင်းခဲ့တယ်ဆိုတာ သံသယဝင်စရာကို မရှိတော့ပေ။ ဘာအကြောင်းမှမရှိဘဲနဲ့ သူက သူမကို တအားကောင်းပေးပြီး ဂရုစိုက်နေသည်။ သူမ သူ့ကိုစောင့်နေတဲ့အချိန်မှာဘဲ သူမ မသိလိုက်ခင် လျှောက်တွေးနေမိသည်။ သူမ သူငယ်ချင်းက ကျီလင်းချန် သူမကို ကြိုက်နေတယ်လို့ပြောတာကို စဉ်းစားမိတော့ သူမ ကျီလင်းချန်ကို ချစ်မိသွား‌အောင် သူမဘာလုပ်ခဲ့တယ်ဆိုတာကို ပြန်တွေးမိနေသည်။

ဒါပေမဲ့၊ သူမ အဲ့ဒါကို စဉ်းစားမိတော့၊ သူမ ကျီမိသားစုဝင်ဖြစ်လာတည်းက သူမ ဂရုစိုက်တာက ရန်ဖြစ်တာတစ်ခုပဲဆိုတာကို သတိရသွားသည်။ သူမက မိသားစုဝင်အကုန်လုံးကို ဒေါသထွက်အောင် လုပ်ခဲ့လို့ ဘယ်သူမှ သူမကို အကောင်းမမြင်ခဲ့ကြဘူး။ ပြီးတော့ သူက သူမကို မကြိုက်ခဲ့ပါဘူး။ ဒါပေမဲ့၊ မနေ့ညက တဏှာစိတ်လွှမ်းမိုးမှုအပြည့်နဲ့ အနမ်းခံခဲ့ရတာကို စဉ်းစားမိသွားသည်။ သူမက ကျီလင်းချန်ကို လိမ်ဖို့ မနေ့ညက ခေါင်းငြိမ့်ခဲ့သည်။ တကယ်တော့ ဘာကြောင့်လဲဆိုတာကို သူမ မသိပါဘူး။

ဖန့်ရှောင်နွမ်က တစ်ယောက်ယောက် သေချာရှင်းရှင်းလင်းလင်း မပြောရင် နားလည်မယ့်သူ မဟုတ်ပါပေ။ တစ်ခါတရံ၊ သူမကိုယ်သူမ အရမ်းအထင်ကြီးနေမိတယ်လို့တောင် တွေးလေ့ရှိသည်။

“ဘာဖြစ်တာလဲ?” ကျီလင်းချန် ကားထဲက ထွက်လာပြီး ကားတံခါးပိတ်လိုက်ည်။ သူက ဖန့်ရှောင်နွမ်ကို ချစ်ကြည်နူးမှုအပြည့်နဲ့ ကြည့်လိုက်သည်။ ပြီးတော့ သူက ဖန့်ရှောင်နွမ်ရဲ့ပုခုံးပေါ်ကို လက်လှမ်းတင်ပြီးတော့ အိမ်ထဲကို လျှောက်ဝင်သွားသည်။ “မင်း ထမင်းစားပြီးပြီလား?”

ဖန့်ရှောင်နွမ်က ခေါင်းခါလိုက်သည်။ “ကျွန်မ ရှင့်ကို စောင့်နေတာ။”

ကျီလင်းချန်ရဲ့ ပါးစပ်ထောင့်လေးတွေး ပြုံးလိုက်တော့ ကွေးတက်သွားသည်။ “နောက်တစ်ခါ မင်း ငါ့ကို မစောင့်နဲ့နော်။ တစ်ခါတလေ၊ ကိုယ်က ရုံးမှာ နောက်ကျတဲ့ထိလုပ်တတ်လို့။”

ကျီဝမ်က ဆိုဖာပေါ်မှာ လှဲအိပ်နေသည်။ သူက ကျီလင်းချန်နဲ့ ဖန့်ရှောင်နွမ်တို့ အတူလျှောက်လာတာကို မြင်တော့ သူက ဖန့်ရှောင်နွမ်ကို “နင် မေးပြီးပြီလား?”လို့ ပါးစပ်လှုပ်ပြီး ပြောလိုက်သည်။

ဖန့်ရှောင်နွမ်က ပါးစပ်လှုပ်ပြီး ပြောလိုက်သည်။ “ငါဘယ်လို ပြောရမလဲမသိဘူး။”

ကျီဝမ်က ပြန်ပြောလိုက်သည်။“နင်ဘာလို့ အဲ့လောက်တောင် အသုံးမကျရတာလဲ?”

ဖန့်ရှောင်နွမ်က သူမဘေးနားက ယောကျာ်းကို ဖြတ်ခနဲ့ ကြည့်လိုက်သည်။ သူမ ကျီဝမ်ကို ပြောလိုက်သည်။ “နင် ဘာလို့မမေးတာလဲ?”

ကျီဝမ် ပါးစပ်လှုပ်မပြောခင်မှာပဲ ကျီလင်းချန်က သူတို့နှစ်ယောက်ကြား ပြောနေတာကို ကြားဝင်ပြီး ပိတ်လိုက်သည်။

ကျီလင်းချန်က ပြောလိုက်သည်။ “ရှောင်ဝမ်ရဲ့ မျက်လုံးအနာက မသက်သာသေးဘူး။ သူ့မျက်လုံးကို မကြည့်နဲ့။ မင်းကို ကူးသွားလိမ့်မယ်”

ဖန့်ရှောင်နွမ်က သူမယောကျာ်းက သူများတွေကို ကပ်ဖဲ့ပြီးပြောတတ်တယ်ဆိုတာကို မသိခဲ့ပေ။ သူမ ပြန်ဖြေပြီးနောက် ထမင်းစားခန်း ဆွဲခေါ်ခံသွားရသည်။

ထမင်းစားခန်းမှာ အိမ်စေတွေက စောင့်နေခဲ့သည်။ သူမနဲ့ ကျီလင်းချန် နှစ်ယောက်တည်း မဟုတ်ပါပေ။ ဖန့်ရှောင်နွမ်က မေးဖို့ ပိုတောင် မျက်နှာပူနေသည်။ သူတို့အိပ်ခန်းကို ပြန်မရောက်ခင်အထိ သူမ စောင့်ရဉီးမည်။ သူတို့နှစ်ယောက်တည်းရှိနေမှ ဒီကိစ္စကို မေးလို့ကောင်းမှာဆိုပြီး သူမ တွေးမိသည်။

ကျီလင်းချန်က သူ့မိန်းမ သူ့ကိုပြောစရာရှိတယ်ဆိုတာ ရိပ်မိတော့ သူမလက်ကိုဆွဲပြီး ထမင်းစားပြီးပြီးချင်း အပေါ်ထပ် တက်သွားခဲ့သည်။

သူတို့အိပ်ခန်းထဲကို ရောက်တော့ ဖန့်ရှောင်နွမ်က ပိုပြီးတောင် မျက်နှာပူနေသည်။ “အဲ.. ယောကျာ်း.. မနေ့ညက ရှင့်ကို ကျီဝမ်လာပြောတဲ့ကိစ္စလေ၊..ရှင်..” ဖန့်ရှောင်နွမ်က စကားထစ်နေခဲ့သည်။

ကျီလင်းချန်က သူမ စိတ်ပူပြီးပြောနေတာကို ဖြတ်ပြောလိုက်သည်။ “မင်း ကိုယ့်ကို စကားပြောရင် စိတ်လှုပ်ရှားစရာမလိုပါဘူး။ ကိုယ်တို့က လင်မယားတွေလေ။ မင်းပြောစရာရှိရင် ပြောသာပြောချလိုက်။ မင်း အဲ့လောက်ကြီး စဉ်းစားနေစရာမလိုဘူး။”

ဖန့်ရှောင်နွမ် ခေါင်းညိတ်လိုက်သည်။ သူ အဲ့လိုပြောလိုက်တော့ သူမ မတုံ့ဆိုင်းဘဲ မေးလိုက်သည်။ “ကောင်းချမ်ချမ့်ကို လက်စားချေလိုက်တာက ရှင်လား?”

“ကိုယ့်လူတွေကို အဲ့ကိစ္စလုပ်ခိုင်းလိုက်တာ။”လို့ ကျီလင်းချန်က ရိုးသားစွာဝန်ခံလိုက်သည်။

ဖန့်ရှောင်နွမ် အရမ်းအံ့အားသင့်သွားကာ သူမပါးစပ်အကျယ်ကြီး ဟမိလိုက်သည်။ သူမ ကျီလင်းချန်ရဲ့ ရှပ်အင်္ကျီဖြူကို လက်နှစ်ဖက်နဲ့ဆွဲလိုက်သည်။

“တကယ်ပဲ ရှင်လုပ်ခဲ့တာလား? အရင်တုန်းက ရိုက်ထားတဲ့ ကျွန်မဓာတ်ပုံ ရှင့်မှာ ဘယ်လိုလုပ် ရှိနေတာလဲ?”

ကျီလင်းချန် - “ကိုယ်မဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲ? မင်းဓာတ်ပုံအကြောင်းကို မင်းအဖေကို ဖုန်းဆက်ပြီးဘာလို့ မမေးတာလဲ? သူ့မှာ အကုန်ရှိတယ်လေ။”

“နေ့ခင်းတုန်းက ကျွန်မအဖေ့ကို ဖုန်းဆက်ပြီးမေးခဲ့တယ်။ သူတို့က ကျောင်းက ကိစ္စကို ဘာမှမသိဘူးလို့ပြောတယ်လေ။” ဖန့်ရှောင်နွမ် နှုတ်ခမ်းကိုက်လိုက်သည်။ သူမ ကျီလင်းချန်ကို စကားပြောတဲ့အချိန် ချွဲသံလေးပေါက်နေသည်။ “ဒီနေ့ နေ့ခင်း ကျွန်မမိဘတွေကို ဖုန်းဆက်လိုက်တော့၊ ကျွန်မက သူတို့လုပ်ပေးတယ်ထင်သွားတာ။”

ကျီလင်းချန် ပြုံးလိုက်ကာ သူ သူ့မိန်းမရဲ့နဖူးကို လက်ညှိုးနဲ့ ထိုးလိုကသ်ည်။ “မင်းငယ်ငယ်တုန်းက ဓာတ်ပုံတွေကိုပဲ မင်းမိဘတွေဆီက ကိုယ်တောင်းခဲ့တာ။ ကိုယ် အဲ့ဒါတွေကို ဘယ်မှာ သုံးမယ်ဆိုတာကို သူတို့ကို မပြောတော့၊ သူတို့မသိဘူးလေ”

“ယောကျာ်း၊ ကောင်းချမ်ချမ့် ဘယ်သူလဲဆိုတာ ရှင်သိလား?” ဖန့်ရှောင်နွမ်က သူမ သိချင်တာကို သေချာဂရုစိုက်ပြီး မေးလိုက်သည်။

All Chapters