← Chapters

အခန်း (၈၄)

Vol. 6 Ch. 84

အခန်း (၈၄)

Vol. 6 Ch. 84

ဖန်ချီက လိမ္မာပါးနပ်စွာနဲ့ ငြင်းလိုက်သည်။ “အခုအရွယ်မှာ ဘာကို ကြောက်စရာရှိရတော့မှာလဲ? နင်လည်း ငါ့အသက်အရွယ်ရောက်ရင် နင့်မျက်နှာမှာ ငါ့ထက် အရေးအကြောင်းတွေပိုများမှာ သေချာတယ်။”

လင်းရိုက အဲ့ဒါကိုကြားလိုက်တော့ တမျိုးကြီးဖြစ်သွားသလိုခံစားရပေမယ့် ရင်းနှီးတဲ့အသံလေးနဲ့ ပြောလိုက်သည်။ “ယောက်မကလည်း၊ ရှင် ကျွန်မကို မတွေ့ရင်ချင်ရင် အနည်းဆုံးတော့ ရှင့်ရဲ့သား ရှောင်ဝမ်ကို သွားတွေ့သင့်ပါတယ်။ သူ့ကျောင်းက ကျောင်းသားမိဘတွေအတွက် ပွဲတစ်ခုလုပ်မယ်လို့ ကျွန်မကြားတယ်။ ကျွန်မရဲ့ သူငယ်ချင်းက ကျီဝမ်က ကျောင်းကိုယ်စားပြုဖြစ်နိုင်တဲ့ အခွင့်အရေးရှိတယ်လို့ပြောတယ်။”

ဖန်ချီက ပေါင်းတင်ထားတဲ့ မျက်နှာကပ်ကို ခွာလိုက်သည်။ ထို့နောက် သူမ ဘာမှမခံစားရသလို ပြောလိုက်သည်။ “ငါက ငါ့သားကို နေ့တိုင်းတွေ့နေတာလေ။ ပြီးတော့ ငါ့သားက သူ ကျောင်းကိုယ်စားပြုရွေးချယ်ပွဲမှာ မပါဘူးလို့ ငါ့ကို ပြောထားပြီးသား။ အဲ့ဒါကိုပြိုင်ရင် သူ့ရဲ့စာကို အနှောင့်အယှက်ဖြစ်မှာဆိုးလို့တဲ့။ နင်စိတ်ဝင်စားရင် ကိုယ့်ဘာသာသွားကြည့်ပါလား။”

ဖန်ချီ သူမကိုမတွေ့ချင်ဘူးလို့ပြောတာကို ကြားတော့ လင်းရိုက “ယောက်မ၊ ရှင် အခုတလော ဘာဖြစ်နေတာလဲ? ကျွန်မကို ရှောင်နေတာလား?”လို့ မတတ်နိုင်တဲ့အဆုံး သိချင်တာအကုန် မေးလိုက်သည်။

ဖန်ချီက လင်းရိုဖုန်းခေါ်တာကိုတောင် လက်ခံပြီးဖြေပေးတာနဲ့တင် ကောင်းပြပြီးပြီပင်။ လင်းရို သူမကို လှည့်စားတာ သိပြီးတည်းက သူမကို တွေ့တာနဲ့တင် သိက္ခာကျတယ်လို့ ထင်နေသည်။ ဒါ့ကြောင့် သူမခေါ်ရင် ဖန်ချီ အမြဲတမ်းငြင်းသည်။

“ငါက ဘာလို့ နင့်ကို ရှောင်ရမှာလဲ? ရှောင်တယ်လို့ပြောမှ၊ နင်ကသာ ငါ့ကို ရှောင်ရမှာ။ နောက်ဆုံးတော့ မှားတာလုပ်ခဲ့သူကပဲ ရှောင်သင့်တာလေ” ဖန်ချီရဲ့ သူများတွေကို မထိတထိပြောတတ်တာက ပိုပြီးတော့တောင် ကောင်းလာသည်။

ဖန်ချီပြောတာတွေကို လင်းရိုကြားတော့ အရမ်းကို မှင်သက်သွားသည်။ ဖန်ချီရဲ့ သူမအပေါ်ဆက်ဆံပုံက အမြဲတမ်းကောင်းတယ်ဆိုတာကို သိထားသည်။ ဘာတွေမှားသွားတာလဲ? အရင်တုန်းက ဖန်ချီက ဖန့်ရှောင်နွမ်နဲ့ စကားများနေတာမဟုတ်ဘူးလား? အခုတော့၊ သူမက ဖန့်ရှောင်နွမ် အကြောင်းကိုတောင် မပြောတော့ဘူး။ အဲ့အစား၊ သူမက သူမကိုတောင် ရန်စပြီး မထိတထိပြောနေသည်။

“ယောက်မ၊ ကျွန်မတို့ကြားမှာ တစ်ခုခုအထင်လွဲတာများရှိလို့လား? ဒါမှမဟုတ် တစ်ယောက်ယောက် ရှင့်ကို ရန်စထားလို့လား? တစ်ခုခုဖြစ်ရင် ကျွန်မကိုပြောပါ။” လင်းရိုက ဘာမှနားမလည်တဲ့အတွက်ကြောင့် သိအောင်ပဲ ဖန်ချီကို စစ်မေးနေသည်။

ဖန်ချီက မှန်ထဲက မျက်နှာကပ်ခွာကိုကြည့်လိုက်သည်။ “ငါကို တစ်ယောက်ယောက် အသုံးချခဲ့တယ်ဆိုရင်တောင်၊ အဲ့ဒါက ငါ့ရဲ့အားနည်းချက်ကြောင့်ပဲ။ ငါက တုံးတယ်။ ဒါပေမဲ့ ငါ့ကို လှည့်စားခဲ့တဲ့သူကို နောက်ထပ်အသုံးချဖို့ ဒုတိယအခွင့်အရေး ဘယ်တော့မှ ထပ်ပေးမှာမဟုတ်ဘူး။”

ပြီးနောက် ဖန့်ရှောင်နွမ်က ဖန်ချီကို လက်ဆောင်ပေးဖို့ ရောက်လာခဲ့သည်။ “ယောက်မ၊ အခန်းထဲမှာရှိလား? အစ်မအတွက် တစ်ခုခုပါလာတယ်။”

ဖန်ချီက ထပြီး ဖန့်ရှောင်နွမ်အတွက် တံခါးဖွင့်ပေးလိုက်သည်။ “ရှိတယ်၊ ကျီဝမ် အစ်မအတွက် ဝယ်လာတဲ့ မျက်နှာကပ်ခွာကို ကပ်ထားလို့။ အဲ့ဒါက အရမ်းကောင်းတယ်။ မင်းက အချိန်ကိုက် ရောက်လာတာပဲ။ ယူပြီးတော့ ကပ်ကြည့်လိုက်။”

“မလိုပါဘူး။ ကျွန်မမှာ မလိုချင်တဲ့ ဟာတွေအများကြီးရှိသေးတယ်။ ဒီမှာ၊ ဒီဟာက အစ်မအတွက်လေ။ ကျွန်မသွားပြီ။” ဖန့်ရှောင်နွမ်က လက်ဆောင်ကိုချခဲ့ပြီး သူမအခန်းကို ပြေးသွားသည်။

သူမနဲ့ သူ့ယောက်မနဲ့က တစ်ယောက်နဲ့တစ်ယောက် သေချာမသိကြပေ။ သူမ ကျီလင်းချန်ကို လက်ထပ်ထားတာဖြစ်ပြီး ကျီမိသားစုဝင်ဖြစ်လာတာကြာပေမယ့် သူ့ယောက်မကို တစ်ခါမှ လက်ဆောင်မပေးရသေးပေ။ ဒါ့ကြောင့် သူ့ယောက်မအတွက် အဝတ်အစားတစ်စုံသွားဝယ်ခဲ့တာ။

ဖန်ချီက ဖုန်းကို မချသေးပေ။ သူမက တမင် ဖန့်ရှောင်နွမ်ရဲ့အသံကို လင်းရိုကြားအောင် ထားထားသည်။ တခြားဘက်မှာတော့ လင်းရိုက ဖုန်းကို လက်တစ်ဖက်တည်းနဲ့ကိုင်ထားကာ နောက်တစ်ဖက်က လက်သီးဆုပ်နေသည်။ သူမရဲ့လက်သည်းတွေက လက်ဖဝါးထဲကို စိုက်ဝင်သွားတာကြောင့် အရာအကြီးကြီး ထင်သွားသည်။

“လင်းရို၊ နင်က ပါးနပ်တဲ့သူပါ။ အဲ့လိုမှမဟုတ်ရင်၊ ငါ နင့်လှည့်စားတာကို ခံရမှာမဟုတ်ဘူး။ နင်လည်း အခုကြားပြီလေ။ ရှောင်နွမ်နဲ့ ငါက အရမ်းကို အဆင်ပြေနေကြပြီ။ တချို့လူတွေက ကျီမိသားစုထဲကို ဝင်လို့မရဘူး။ ရှောင်နွမ်က ရိုးသားတဲ့မိန်းကလေး၊ ဒါပေမဲ့ စိတ်တိုလွယ်တယ်။ ဒါပေမဲ့၊ ငါက အခုတော့ သူ့ရဲ့ စိတ်တိုလွယ်တာလေးကို သဘောကျတယ်။” ဖန်ချီက ဖန့်ရှောင်နွမ်ပေးတဲ့ လက်ဆောင်ကို ဖွင့်ကြည့်နေသည်။ တစ်ချိန်တည်းမှာပဲ၊ သူမက လင်းရိုကို အကုန်ရှင်းပြနေသည်။

အဲ့လိုပြောပြီးနေညက် ဖန်ချီ ဖုန်းချလိုက်သည်။ သူမက လင်းရိုကို သူမနဲ့ဘာမှမပတ်သတ်ချင်တာကို သိစေချင်ပြီး သူ့အခြေအနေကို နားလည်စေချင်သည်။

ညရောက်တော့ ဖန်ချီက သူ့ရဲ့သားကို သတိပေးခဲ့သည်။ “နောက်နောင်၊ ကျောင်းမှာ ဖန့်ရှောင်နွမ်ကို သေချာဂရုစိုက်။ သားက အခုကြီးနေပြီ။ အမှားနဲ့အမှန်ကို ခွဲခြားတတ်ဖို့တည်း သိရမှာမဟုတ်ဘဲ အမှားကိုလည်း အမှန်ပြင်တတ်အောင် လုပ်ရမယ်။ ပြီးတော့၊ လင်းရိုက မင်းနားကို ကပ်ဖို့ ကြိုးစားရင်လည်း မင်း သူနဲ့ ဝေးဝေးနေရမယ်။ အဲ့မိန်းမက တအားလှည့်စားတတ်တယ်။ သူမ ဆင်ထားတဲ့ ထောင်ချောက်ထဲကို မင်း ရောက်မှန်းမသိရောက်သွားလိမ့်မယ်။” ဖန်ချီက လင်းရို သူမသားကို ကြံစည်မှာကို စိုးရိမ်သည်။ ဒါ့ကြောင့် သူမသားကို ကြိုတင်အသိပေးထားသည်။

ကျီဝမ် - “ကျွန်တော်သိပါတယ်၊ ကျွန်တော်သိပါတယ်၊ လင်းရိုမဟုတ်လား? အဲ့မိန်းမက ဉာဏ်နီဉာဏ်နက်များတဲ့ဟာမပဲ။ ဟိုးကတည်းက အဲ့ဒါကို ကျွန်တော်သိတယ်။ အရင်တုန်းက၊ သူမက ကောင်းတဲ့သူလို့ အမေတစ်ယောက်ပဲ ထင်ခဲ့တာလေ။ အမေက သူမနဲ့ ဉီးလေးကိုတောင် လက်ထပ်စေချင်ခဲ့တာ။ ကျွန်တော့် အဘိုးလို သေချာမတွေးတတ်တဲ့သူတောင် သူမက ကောင်းတဲ့သူမဟုတ်ဘူးဆိုတာ သိတယ်။ သူမနဲ့ အသိဖြစ်နေတဲ့သူဆိုလို့ အမေတစ်ယောက်ပဲရှိတယ်။ ပြီးတော့ ဖန့်ရှောင်နွမ်က ကျောင်းမှာ သူမဘာသာ ကာကွယ်နိုင်တယ်။ သူမရဲ့ ဒေါသနဲ့ဆိုရင် သူမ တခြားသူတွေကို အနိုင်မကျင့်တာတောင် ကံကောင်းနေပြီ”

ဖန်ချီက သူမသားပြောတာတွေကို ဘာမှမဟုတ်ဘူးလို့ မငြင်းခဲ့ပေ။ သူမလည်း ရင်ထဲမှာ နောင်တရမိတဲ့စိတ်တွေ ဖြစ်နေသည်။ လူတွေရဲ့ သဘာဝကို အစတည်းက သူမ မသိခဲ့မိတဲ့အတွက် အကုန်လုံးက သူမ အပြစ်ဖြစ်ခဲ့သည်။ ကံကောင်းစွာနဲ့၊ အခုတော့ အထင်လွဲတာတွေအကုန် ရှင်းသွားပြီ။ ပြီးတော့၊ သူမနဲ့ ဖန့်ရှောင်နွမ်လည်း ပိုအဆင်ပြေလာခဲ့သည်။

အနားမှာရောက်နေပြီး ကျီဝမ်ပြောတာကိုကြားတဲ့ သခင်ကြီးကျီကတော့ စိတ်ပျက်နေသည်။ “ငါက ဘယ်လိုလုပ်အသက်ကြီးပြီး သေချာမစဉ်းစားနိုင်ရမှာလဲ? ငါက မင်းဉီးလေးအတွက် အိမ်ထောင်ရေးကောင်းတစ်ခုကို စီစဉ်ပေးခဲ့တာကရော အသက်ကြီးပြီး မတွေးတတ်ခဲ့လို့လား?”

All Chapters