အခန်း (၈၃)
Vol. 6 Ch. 83
နောက်တော့ ဖန့်ရှောင်နွမ်ရဲ့မျက်နှာကို မြင်သွားကြကာ သူမ ပထမနှစ်မှာတင် နည်းနည်း နာမည်ကြီးလာသည်။ လူတိုင်းက အဲ့တည်းက သူမကို ကျောင်းရဲ့အလှလေးဖြစ် အသိအမှတ်ပြုလာကြသည်။
အဲ့အချိန်မှာ ကောင်းချမ်ချမ့်က အဲ့ဒါကို သိပ်ဂရုမစိုက်ခဲ့ပေ။ သူမအတွက်တော့ ကျောင်းရဲ့အလှလေးဖြစ်တာက မနာလို၊ ဝန်တိုမှုနဲ့ အမုန်းတွေရမယ့်နေရာတစ်ခုသာသာပဲဖြစ်သည်။ ဒါပေမဲ့ အခုတော့၊ သူမ ဖန့်ရှောင်နွမ်ကို လိုက်မီဖို့ ထောက်ခံမှုအများကြီးလိုနေပြီး ဒုတိယနေရာမှာပဲ ရှိနေသေးသည်။ သူမက အဲ့ဒါကို မနာလိုနေတာ၊ ဒါပေမဲ့ လင်းရိုက သူမကို အထင်သေးပြီး စိတ်တိုနေသည်။ ဒါ့ကြောင့် သူမက ဖန့်ရှောင်နွမ်ကို အသရေဖျက်ဖို့ ဆရာဝန်ကို လာဘ်ထိုးခဲ့သည်။ နောက်ဆုံး၌ သူမကသာ ရယ်စရာဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့ပေ။
အခုတော့၊ ကောင်းချမ်ချမ့်ရဲ့ စာရင်းထဲက ဒုတိယနေရာကလည်း တဖြေးဖြေးနဲ့ကျလာပြီး နောက်ဆုံး စာရင်းထဲမှာကို မရှိတော့ချေ။ ကောင်းချမ်ချမ့်က လင်းရိုဆီကပဲ အကူအညီရနိုင်သည်။
လင်းရိုက ဘာမှဝင်မပါချင်တာကြောင့် မျက်နှာသေဖြစ်နေသည်။ “နင် တော်တော်အသုံးမကျတာပဲ။ အဲ့တာက ငါနဲ့ ဘာဆိုင်လို့လဲ? ငါက ဉီးနှောက်မရှိတဲ့သူတွေဆို ဂရုကို မစိုက်ဘူး။” လင်းရိုက ကောင်းချမ်ချမ့်ဟာ သူမအတွက် “အသုံးချခံ”ဖြစ်လာမယ်လို့ တွေးခဲ့သည်။ ကျောင်းမှာလည်း သူမက ဖန့်ရှောင်နွမ်အတွက် ပြဿနာဖြစ်တာတွေ လုပ်နိုင်သည်။ အဲ့တာကို ကြည့်ခြင်းအားဖြင့် ကောင်းချမ်ချမ့် ဉာဏ်မပြေးဘူးဆိုတာ သိနိုင်သည်။
“ရိုအာ၊ ငါတို့မိသားစုတွေက အဆင်ပြေနေကြတယ်လေ၊ ဒါ့ကြောင့် ငါ့ကို ကူညီပေးပါ။ ဘယ်လိုပဲဖြစ်ဖြစ်နင်လည်း ဒီကိစ္စထဲမှာ ပါတယ်လေ။ နင်သာ အဲ့နေ့က ငါ့ကို အဲ့လိုမပြောခဲ့ရင် ငါ ဒီလို မဆင်မခြင်လုပ်မှာမဟုတ်ဘူး။” ကောင်းချမ်ချမ့်က လင်းရိုကို ဒီလိုမပြောရဲပေ။ သူမ မဖြစ်မနေပြောရမှာမို့သာ ပြောခဲ့တာ။
“ဖန့်ရှောင်နွမ် ဘယ်သူလဲဆိုတာ နင်မသိဘူးလား?” လင်းရိုက ဘာခံစားချက်မရှိသလို ဖြစ်နေသည်။ သူမရဲ့အသံက တည်ငြိမ်နေပေမယ့် မကောင်းတာတစ်ခုခုလုပ်တော့မယ့် ခံစားချက်ကို ပေးနေသလိုဖြစ်နေသည်။
“မသိဘူးလေ၊ ဒါပေမဲ့ သူမမိသားစုက အတော်လေးချမ်းသာတယ်။” အဲ့ဒါက ဖန့်ရှောင်နွမ်အပေါ်မှာရှိတဲ့ ကောင်းချမ်ချမ့်ရဲ့ တစ်ခုတည်းသော အထင်ကြီးမှုပင်။
“နင် သူမကို သင်ခန်းစာကောင်းကောင်းပေးချင်ရင် သူမအကြောင်းကိုလည်း သေချာသိအောင်လုပ်ရမယ်လို့ နင့်ကို ဘယ်သူမှမပြောဘူးလား? သူမက ဒီနှစ်ထဲမှာပဲ ကျီလင်းချန်နဲ့ လက်ထပ်ထားတာ။ ငါ နင့်ကို မကူညီချင်လို့မဟုတ်ဘူး။ ဒါပေမဲ့ အဲ့လိုလုပ်ခဲ့တာက ကျီလင်းချန်ပဲ။” လင်းရိုက ကောင်းချမ်ချမ့်ကို နှစ်သိမ့်ပေးနေသည်။ ဒီအသုံးမကျတဲ့ ချက်စ်အပိုင်းအစလေးက နောင်တစ်ချိန်မှာ အသုံးဝင်လာနိုင်သည်။
ကောင်းချမ်ချမ့် အရမ်းအံ့ဩသွားသည်။ ဒီကိစ္စကြီးကို သူမ တကယ်မသိခဲ့ပေ။ ကျီလင်းချန်ဆိုတာ ဘယ်လိုလူပါလိမ့်။
ကျီလင်းချန်သုံးတဲ့ နည်းလမ်းတွေကို လင်းရိုသေချာသိသည်။ သူက သူ့နည်းလမ်းနဲ့သူ သုံးပြီး သူမနဲ့ ရင်ဆိုင်နေတာ။ ဒါ့ကြောင့် ဒီဟာကို ကျီလင်းချန် လုပ်ခဲ့တယ်ဆိုတာကို သိဖို့ သိပ်မခက်ပါချေ။
ကောင်းချမ်ချမ့်က ပြောလိုက်သည်။ “ရိုအာ၊ သူမက ဘာလို့ သူဌေးကျီကို လက်ထပ်ခဲ့တာလဲ? နင်ကမှ သူ့ဘေးနားမှာ တစ်ချိန်လုံး ရှိနေတာမဟုတ်ဘူးလား?”
သူမ မေးလိုက်တဲ့မေးခွန်းက လင်းရိုရဲ့အနာကို သွားဆွသလိုဖြစ်သွားသည်။ သူမက သူ့ဘေးမှာ ဆယ်နှစ်ကျော် ရှိလာခဲ့သည်။ သူ့မှာသာ သူမကို နည်းနည်းလေးစိတ်ဝင်စားတဲ့စိတ်ရှိခဲ့ရင် သူမ သူနဲ့ လက်ထပ်ဖို့ အခွင့်အရေးရှိဉီးမည်။ ဒါပေမဲ့ သူက ဘာခံစားချက်မှမရှိတဲ့ သစ်တုံးကြီးလို ဖြစ်နေခဲ့သည်။
သခင်ကြီးကျီက အရင်တုန်းက ဖြစ်ခဲ့တာကို မေးသွားသလိုပုံစံနဲ့ သူမကို အမြဲစောင့်ကြည့်နေခဲ့သည်။ အရင်က ဖြစ်ခဲ့တဲ့အကြောင်းကို သူမ စပြောတာနဲ့ သခင်ကြီးကျီက ကျီမိသားစု အကူအညီပြန်ပေးထားတာကြာပြီဆိုတာကို သေချာရှင်းအောင်ပြောသည်။
အခုတော့၊ လင်းရိုက သခင်ကြီးကျီကြောင့် ကျီမိသားစုထဲကိုတောင် ဝင်ထွက်သွားလာလို့ မရတော့ချေ။ သူမ တစ်ခါက ဖန်ချီကို တွေ့ဖို့သွားပေမယ့်လည်း ဖန်ချီက သူမကို ရှောင်နေခဲ့သည်။ သူမက ဆင်ခြေတွေပေးရမှာကိုတောင် စိတ်ပျက်နေပြီလို့ ပြောခဲ့သည်။ အဲ့ဒါကြောင့် လက်ရှိကျီမိသားစုအခြေအနေကို သိဖို့ ခက်နေပြီး ကျီမိသားစုထဲက ဖန့်ရှောင်နွမ်ရဲ့ အနေအထားကိုပါ မသိရတော့ပေ။
အခု ပြဿနာလေးတောင်မှာ ကျီလင်းချန်က ဝင်ပါတဲ့အတွက်ကြောင့် လင်းရိုပိုပြီးတောင် မသေချာသလိုဖြစ်သွားသည်။ “နင် တစ်ခါပဲ အရှုံးခံပြီး အဲ့ဒီမကောင်းသတင်းကို ပြန်ဖျက်ဖို့ အခွင့်ကောင်းရှာလေ။ နောက်နှစ်၊ နင် သူမနဲ့ ပြန်ပြီးပြိုင်ပေါ့။”
“ရိုအာ၊ ငါထပ်မပြိုင်တော့ဘူး။”
“နင် ထပ်မပြိုင်တော့ဘူးဆိုရင်တော့ နင့်ဒေါသတွေကို ထိန်းထားရမယ်လေ။ နင်က အဲ့ဒါတွေလုပ်ခဲ့တဲ့သူလေ။ ပြန်ပြီးတော့ လုပ်တာက ကျီလင်းချန်လေ။ သူက ငါတို့ရန်သွားစလို့ရတဲ့လူ မဟုတ်ဘူး။”
လင်းရိုက ကျီမိသားစုရဲ့အတွင်းရေးကို နားမလည်ပေ။ ဒါပေမဲ့၊ ကျောင်းက ကိစ္စတွေကိုတော့ သူမကောင်းကောင်းနားလည်သည်။ သူမက “ကျီဝမ်လည်း ဖန့်ရှောင်နွမ်နဲ့ တစ်တန်းတည်းပဲမလား?”
“ဟုတ်တယ်။ သူက ဖန့်ရှောင်နွမ်ရဲ့ လက်ပါးစေလေးလေ။ သူက စိတ်ပျက်စရာကြီးပါ။” ကောင်းချမ်ချမ့်က အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“ပိတ်ထားစမ်၊ ငတုံးမ။ ကျီဝမ်ဘယ်သူလဲဆိုတာ နင်သိလား? သူက မြို့တော်ဝန်ကျီရဲ့သား၊ ကျီလင်းချန်ရဲ့တူ။” လင်းရိုက ကောင်းချမ်ချမ့်ကို စိုက်ကြည့်ပြီး စိတ်တိုစွာပြောလိုက်သည်။
“ဘာရယ်။ သူက ဒီတိုင်း နည်းနည်းရာထူးကြီးတဲ့သူရဲ့ သားပဲမဟုတ်ဘူးလား?” ကောင်းချမ်ချမ့်က ပိုပြီးတော့ အံ့အားသင့်နေသည်။
“ကျီဝမ်က ဖန့်ရှောင်းနွမ်ရဲ့ အခိုင်းစေလေးလေို့ နင်ပြောတယ်မလား? သူတို့က တအားရင်းနှီးလား?” လင်းရိုက ထပ်မေးပြန်သည်။
ကောင်းချမ်ချမ့်က ဘာမှမသိဘဲ ပြန်ဖြေလိုက်သည်။ “အရမ်းရင်းနှီးတာ။ ဖန့်ရှောင်နွမ်မှာက အချစ်ဆုံးသူငယ်ချင်းသုံးယောက်ရှိတယ်လေ။ တစ်ယောက်က ရုပ်ချောချာကောလိပ်ကောင်းသား၊ ဒါပေမဲ့ သူက ဒီနှစ်နိုင်ငံခြားကို ကျောင်းသွားတက်ဖို့ သွားတယ်။ နောက်တစ်ယောက် ရဲမိသားစုထဲက မိန်းကလေး။ သူတို့နှစ်ယောက်က အမြဲတမ်းတပူးတွဲတွဲပဲ၊ ပြီးရင်တော့ ကျီဝမ်က သူနဲ့အရင်းနှီးဆုံးပဲ။”
အခြေအနေတွေ ဒီလောက်အထိဖြစ်လာမယ်လို့ လင်းရိုဘယ်တုန်းကမှ မထင်ခဲ့ပေ။ “ချမ်ချမ့်၊ နောက်နောင်၊ ဖန့်ရှောင်နွမ် ကျောင်းမှာဘာဖြစ်ဖြစ် ငါ့ကို ပြောနော်။ ဒီတစ်ကြိမ်တော့၊ ငါ နင့်အတွက် လက်စားချေပေးမယ်။”
အဲ့နေ့က ဖန်ချီ မျက်နှာကို အိမ်မှာ မျက်နှာကပ်အရွက်လေးနဲ့ ပေါင်းတင်နေတဲ့အချိန်မှာ လင်းရိုက သူမကို ဖုန်းခေါ်ခဲ့သည်။ ဒီနေ့တွေမှာ၊ သူမက ဖန်ချီကို သူမနဲ့တွေ့ပြီး အပြင်ထွက်ပြီ စိတ်ပြေလက်ပျောက် အဝတ်အစားထွက်ဝယ်မယ်ဆိုပြီး ခဏခဏခေါ်သည်။
“ယောက်မ၊ အိမ်မှာတစ်ယောက်တည်း ပျင်းနေတာကြီးက မကောင်းပါဘူး။ ပြီးတော့ ဖန့်ရှောင်နွမ်ကို မြင်နေရတာက စိတ်ပျက်စရာကောင်းတယ်လေ။ ရှင် မပျော်ဘူးဆိုရင်၊ ရှင့်မှာ အရေးအကြောင်းတွေ ရှိလာလိမ့်မယ်နော်။ အလှပြင်ခန်းလေးဘာလေးသွားပြီး လန်းဆန်းအောင် သွားလုပ်ကြမယ်လေ။”