အခန်း (၈၂)
Vol. 6 Ch. 82
ဖန့်ရှောင်နွမ်က ပြန်ပြီး တိုးတိုးလေးပြောလိုက်သည်။ “ဒါပေမဲ့၊ အခုက ကျွန်မတို့က ဒီခေတ်မှာနေနေတာလေ။”
ကျီလင်းချန်က “ကိုယ်က ရှေးရိုးဆန်တယ်လေ။”လို့ ပြောလိုက်သည်။
ကျီလင်းချန် သူ့ရဲ့ခံစားချက်တွေကို ဘယ်လိုထုတ်ပြတာလဲဆိုတာကို ဖန့်ရှောင်နွမ် မသိဘူး ဖြစ်နေသည်။ သူမက သူ့လက်မောင်းတွေထဲက နွေးထွေးမှုကို ခံစားရတော့ သူ့နားကို ထပ်ပြီးတိုးမိနေသည်။ သူမက မျက်လုံးလေးမှေးပြီး သတ္တိမွေးကာ ကျီလင်းချန်က “ယောကျာ်း၊ ရှင်သာ တခြားမိန်းမတစ်ယောက်ကို လက်ထပ်ခဲ့ရင်၊ သူမကိုလည်း ဒီလိုပဲ ဖက်ပြီး ဒီစကားတွေပြောမှာလား?”လို့ မေးလိုက်သည်။
ကျီလင်းချန်ရဲ့လည်စလုတ်အမြန်ရွေ့သွားသည်။ သူက အစကတော့ အိပ်ချင်ယောင်ဆောင်နေပေမယ့် အဲ့လိုပြောတာကိုလည်း ကြားလိုက်ရော တန်းပြီးမျက်လုံးပွင့်သွားသည်။ အစောနက သူ့မိန်းမ ဘာလို့စိတ်ဆိုးနေတာလဲဆိုတာကို သူသိသွားပြီ။ သူက တခြားလူကိုရော ကောင်းပေးမှာလားဆိုတာကို သူမ သိချင်နေသည်။
ကျီလင်းချန်က “ကိုယ့်ကို ‘ယောကျာ်း’လို့ ခေါ်ရင် ပြောပြမယ်”လို့ ပြောသည်။
“ယောကျာ်း..”ဖန့်ရှောင်နွမ်က ချိုချိုသာသာလေးခေါ်လိုက်သည်။ နောက်ပြီး သူမရဲ့မေးစေ့ကို ကိုင်လိုက်ပြီး ကျီလင်းချန်က သူမရဲ့နှုတ်ခမ်းတွေကို ထပ်နမ်းလိုက်ပြန်သည်။
သူ့ရဲ့စိတ်ဆန္ဒကို သူမရဲ့နှုတ်ခမ်းတွေကနေတစ်ဆင့် သူမ ခံစားမိသည်။ အရင်က ဖြစ်ခဲ့တာ အတွေ့အကြုံကြောင့် ဖန့်ရှောင်နွမ် ဘာလုပ်ရမလဲဆိုတာကို သိသည်။ သူမက ကျီလင်းချန်ရဲ့ ပုခုံးပေါ်ကို လက်တင်လိုက်ပြီး သူ့ကို မတွန်းထုတ်သလို၊ သူမဘက်ကနေလည်း စမလုပ်ပေ။
ကျီလင်းချန်ရဲ့ခန္ဓာကိုယ်က ဖန့်ရှောင်နွမ်ပေါ်ရောက်နေသည်။ သူ့ရဲ့အလေးချိန်ကို သူမ သတိထားမိတော့ ဖန့်ရှောင်နွမ်က အသက်ကိုဖြေးဖြေးရှုဖို့ ကြိုးစားနေသည်။ သူမရဲ့ နှာခေါင်းနဲ့ပါးစပ်ကနေပဲ အသက်ရှုလို့ရသည်၊ သူမရဲ့ နှုတ်ခမ်းပေါ်မှာတော့ ကျီလင်းချန်ရဲ့ နှုတ်ခမ်းတစ်စုံလည်း ရှိနေသေးသည်။ သူမက သူ့ကိုတွန်းထုတ်လိုက်တော့သည်။ သူမမျက်လုံးကလည်း စိတ်အနှောင့်အယှက် ဖြစ်နေသလိုပုံစံ ဖြစ်နေသည်။ “ရှင်က အရမ်းလေးတယ်။”
ကျီလင်းချန်က သူ့မိန်းမရဲ့မေးခွန်းကို ဖြေလိုက်သည်။ “တကယ်လို့ တခြားသူသာဆိုရင် ကိုယ် ဒီလိုဟာကို လုပ်မှာမဟုတ်ဘူး။ မင်း အတွက်မလို့ လုပ်ပေးတာ။”
သူပြောပြီးတော့၊ ဖန့်ရှောင်နွမ်က သူက သူမခန္ဓာကိုယ်ပေါ်မှာ ရှိသေးတယ်ဆိုတာကိုတောင် မေ့သွားသည်။ သူမက သူမအပေါ်က ယောကျာ်းကို သေချာစိုက်ကြည့်နေသည်။
နောက်တော့ ကျီလင်းချန်ရဲ့ ခန္ဓာကိုယ်က သူမအပေါ်မှာ မရှိတော့ပေ။ သူ့ဘေးက မီးကို ပိတ်ပြီးတော့ သူ့မိန်းမကို ဖက်ပြီး အိပ်တော့သည်။ ဖန့်ရှောင်နွမ်ကတော့ တွေးနေတုန်းပဲ။ သူမ မသိလိုက်ခင်မှာပဲ အိပ်ပျော်သွားသည်။
ညမှာ ကျီလင်းချန်က သူ့မိန်းမရဲ့နှလုံးခုန်သံကိုကြားပြီး အရမ်းကို စိတ်ချမ်းသာနေသည်။ သူက သူမလည်ပင်းအောက်က သူ့လက်မောင်းကို အသာလေး ဆွဲထုတ်လိုက်သည်။ ပြီးနောက် စောင်ရဲ့အစွန်းလေးကနေ အသာလေးလှပ်ပြီးတော့ အိပ်ရာကနေထလာသည်။
သူ့ရဲ့အိပ်ပျော်နေတဲ့ သူ့မိန်းမကိုကြည့်နေတဲ့အချိန်မှာ သူက စာကြည့်ခန်းထဲမှာ အလုပ်လုပ်ဖို့ သွားတော့မည်။ သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို ကြည့်ပြီး အချိန်တွေကုန်တာ မြန်တယ်လို့ သူထင်နေသည်။
…
ကျီလင်းချန်က သူမကို ကူညီခဲ့တဲ့သူဆိုတာကို သူမသိတော့ ဖန့်ရှောင်နွမ်က ပျော်နေသည်။ သူမက ကျီဝမ်နဲ့ စစ်ယွီကို ပြောလိုက်သည်။ “ငါ့ကို တစ်ယောက်ယောက်ကသာ ကူညီခဲ့တယ်ဆိုရင်၊ အဲ့လူကို ငါသေချာကျေးဇူးတင်မှာ။ အခုတော့ ငါ့ကိုကူညီခဲ့တာ ငါ့ယောကျာ်းဆိုတော့ ငါအထူးကျေးဇူးတင်စရာကို မလိုတော့တာ”
လျှိုစစ်ယွီက သူမသူငယ်ချင်းကို စနေသည်။“ရှောင်ဝမ်ပြောတာကို မယုံဘူးဆိုပြီး မနေ့က အသေအချာ ငြင်းနေခဲ့တာဘယ်သူလဲ?”
ဖန့်ရှောင်နွမ် မျက်လုံးဝေ့လိုက်သည်။ “ဘယ်သူက နင့်ကို မယုံတာလဲ? ငါတော့ အဲ့လူကို မသိပါဘူး။ စစ်ယွီ၊ နင်များ အမှတ်မှားနေတာလား?”
ကျီဝမ်က ဖန့်ရှောင်နွမ်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။ “နင်တော့လား။ မနေ့ကကျတော့ အတင်းငြင်းနေပြီးတော့ ဒီနေ့ကျတော့ ဒီတိုင်းပြီးသွားပြီ။ နင့်အစား ရှက်လိုက်တာ။”
ဖန့်ရှောင်နွမ်က လွယ်အိတ်ကို ယူပြီး ကျီဝမ်ခေါင်းကို အိတ်နဲ့ ရိုက်လိုက်သည်။ “နင်တော့ အသေပဲ။ နင့်အဒေါ်ကိုတောင် နင်က ပြန်ဆူရဲတာလား? ငါအိမ်ကို ရောက်တာနဲ့ နင့်ကို သွန်သင်ပေးဖို့ ငါ့ယောကျာ်းကို ပြောတာကို စောင့်နေ။”
“အာ..ပါး..ပါး..။ သနားစရာရှောင်ဝမ်။ သူ အကြောက်ဆုံးလူနှစ်ယောက်က လင်မယားဖြစ်နေပြီး သူက တူဖြစ်လာတယ်။ သူတော့ သူတို့ဆီက မလွတ်နိုင်တော့ဘူး။ သူ့အနာဂတ်က ဘယ်လိုဖြစ်လာမလဲဆိုတာကို ငါခန့်မှန်းလို့တောင် ရတယ်။ သူ့ကို ကြည့်နေရတာ ငါစိတ်မသက်သာလိုက်တာ။”
ကျီဝမ်က လျှိုစစ်ယွီကို လက်ညှိုးထိုးလိုက်သည်။ “လျှီုစစ်ယွီ၊ နင်လေ၊ နင်လည်း ကောင်းတဲ့လူမဟုတ်ဘူးဟ။”
လျှိုစစ်ယွီလည်း ကျီဝမ်ကို အလွတ်မပေးပေ။ သူမက လွယ်အိတ်ကိုယူပြီး ကျီဝမ်ခေါင်းကို ရိုက်လိုက်သည်။ “နင် အကြီးတွေကို ဘယ်လိုပြောနေတာလဲ? ငါက နင့်အဒေါ်ရဲ့ အချစ်ဆုံးသူငယ်ချင်းလေ။ အဲ့လိုဆိုရင် နင်လည်း ငါ့ကို အဒေါ်လို့ ခေါ်ရမယ်။”
နှစ်ခါအရိုက်ခံထားရတဲ့ ကျီဝမ်လည်း ကြောက်နေသည်။ သူက လွယ်အိတ်သုံးခုလုံးကို ယူကာ ကျားမတွေလိုဆိုးတဲ့ သူတို့နှစ်ယောက်နောက်ကို လိုက်သွားသည်။
ကောင်းချမ်ချမ့်ရဲ့ ကောလဟာလတွေက သူမကို ထပ်ပြီးခေါင်းမဖော်နိုင်အောင် လုပ်ပစ်ခဲ့သည်။ ကျောင်းက လူတွေရဲ့စကားဝိုင်းမှာ ကောင်းချမ်ချမ့်အကြောင်းပါနေသည်။ သူမရဲ့သူငယ်ချင်းတွေကလည်း သူမက ပလိပ်ရောဂါကို ကူးမှာကြောက်သလို ခပ်ခွာခွာနေနေကြသည်။
ကောင်းချမ်ချမ့်၊ ဖန့်ရှောင်နွမ်နဲ့ တခြားသူတွေက အထက်တန်းတည်းက အတန်းဖော်တွေဖြစ်ခဲ့ကြသသည်။ သူတို့အထက်တန်းတည်းက ဖန့်ရှောင်နွမ်ကို လူတိုင်းက သဘောကျကြသည်။ ဖန့်ရှောင်နွမ်ဆီကို ယောကျာ်းလေးအများစုက ရည်းစားစာတွေရေးပို့ ကြသည်။ အဲ့အချိန်မှာ ကျောင်းရဲ့ အလှလေး မရွေးခင် တစ်ယောက်နဲ့တစ်ယောက် လိုက်ပြိုင်နေမှာကြောက်လို့ ကျောင်းက ပွဲနဲ့ပတ်သတ်ပြီး ဘာမှပြောခွင့်မပြုခဲ့ချေ။
အဲ့အချိန်တုန်းကတော့၊ ကောင်းချမ်ချမ့်က သူမကို ကြိုက်နေတဲ့ကောင်လေးတွေကို သူမရဲ့ နူးညံ့သိမ်မွေ့တဲ့ပုံစံနဲ့ အနိုင်ယူနိုင်ခဲ့သည်။ ဒါပေမဲ့ အဲ့ဒါက သူမရဲ့ ပုံစံအမှန်တော့ မဟုတ်ပေ။ ဒါ့ကြောင့် သူမက အမြဲတမ်း ဖန့်ရှောင်နွမ်နဲ သူမကိုယ်သူမ နှိုင်းယှဉ်လို့ရတယ်လို့ ထင်နေခဲ့တာ။
ပထမနှစ်တုန်းက၊ ကျောင်းရဲ့အလှလေး ရွေးတဲ့ပွဲမှာ ပထမနှစ်ကျောင်းသူတွေ ဝင်အရွေးမခံရချေ။ ဒါပေမဲ့၊ တက္ကသိုလ်တက်ဖို့ စပြီး ဖောင်ဖြည့်တဲ့ အချိန်မှာ သူမရဲ့မိသားစုက ရိုလ်းရွိုက်စ်ကားကြီးကို မောင်းပြီး လိုက်ပို့ခဲ့တာကြောင့် ဖန့်ရှောင်နွမ်က အဲ့တည်းက နာမည်ကြီးလာသည်။ အဲ့အချိန်ကတည်းက လူတိုင်းက သူမချမ်းသာတယ်ဆိုတာကို သိသွားခဲ့သည်။