အခန်း (၉၁)
Vol. 7 Ch. 91
ကျီ မိသားစုတွင် ချွေးမအဖြစ်နှစ်ချီပြီးနေခဲ့တဲ့ ဖန်ချီရဲ့နှစ်တွေက အချည်းနှီးမဟုတ်ပေ။ သခင်ကြီး ကျီ အကြောင်း သူမ နားလည်သည်။ ချက်ချင်း အိပ်ပျော်ချင်ယောင်ဆောင်ပြီး ဖုံးလိုက်တာကိုမြင်တော့ သူမတစ်စုံတစ်ရာကိုယုံကြည်သွားသည်။ သူမရဲ့ယောက္ခထီး က ရေခဲမုန့်ကို တိတ်တိတ်လေး စားနေခဲ့တာပဲ။
"အဖေ၊ ဒါကို ဘယ်လိုလုပ်မလဲ။ ဒါကို မနက်ဖြန် စားချင်သေးလား။ ဒီနေ့ စားရတာမဝဘူး ပြီးတော့ ဆေးရုံတောင်တက်လိုက်ရတယ်လို့ ခံစားနေရမှာပေါ့။ ရှောင်နွမ်ကို အရမ်းခြောက်မိသွားပြီး သူ့ကိုယ်သူ အပြစ်တင်ပြီး မျက်လုံးတွေ နီရဲလာတာနော်။ အဖေ တိတ်တိတ်လေး အများကြီး ထပ်စားလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားခဲ့ဘူး"
သခင်ကြီး ကျီက ရေခဲမုန့်ကို တိတ်တိတ်လေး စားခဲ့ပြီး နောက်ဆုံးမှာ ဆေးရုံတက်ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ ဒီစကားထွက်လာရင် ရှက်စရာကြီး။ သူ့အသက်က ဒီနှစ် ခုနစ်ဆယ်ပြည့်ပြီ။ ဒါက သူ့အတွက် ရှက်စရာကောင်းတဲ့ ကိစ္စဖြစ်လို့ သူ အဲ့တာကို ဝန်မခံချင်ပေ။
ဒါပေမယ့် သူ့သားအကြီးဆုံးက သူ့ကို စကားပြောဖို့ ဆက်ပြီး အတင်းအကြပ် တွန်းအားပေးနေသည်။ "အေဖေ၊ အဲဒါ ကျွန်တော်တို့ပဲသိတာ။ အဖေ ဘာလုပ်ခဲ့တယ်ဆိုတာ တခြားဘယ်သူမှ သိမှာမဟုတ်ဘူး။ ကျွန်တော့်ကို အမှန်အတိုင်းပြောပြ။ ဒီနေ့လယ်တုန်းက အဖေ တိတ်တိတ်လေး ဘယ်နှစ်ခုစားခဲ့လဲ"
သခင်ကြီး ကျီက အိပ်ပျော်နေချင်ယောင်ဆောင်နေတာကြောင့် မျက်လုံးကိုသာဖွင့်ပြီး ဘယ်သူ့ကိုမှ မကြည့်ဘဲ တစ်ဖက်ကိုလှည့်ခဲ့သည်။ "ငါ နည်းနည်းပါးပါးပဲ စားခဲ့တာပါ"
ဒါကိုမြင်လိုက်တာနဲ့ ကျီဝမ်ရဲ့စိတ်ထဲ ဖန့်ရှောင်နွမ်ရဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်နေတဲ့မျက်ရည်တွေနဲ့ ပြည့်နှက်နေတဲ့အတွက်ကြောင့် သူ မေးလိုက်သည်။ “အဖိုး၊ အဖိုးပြောနေတာ ဘယ်နှစ်ခုလဲ”
သခင်ကြီး ကျီက တစ်နေ့မှာ ထိုကဲ့သို့သော အခြေအနေမျိုး ကြုံတွေ့ရမည်ဟု မထင်ထားခဲ့ပေ။ ဒါက အစားအစာခိုးယူခြင်းအတွက် ရှာဖွေတွေ့ရှိခဲ့သည့် ကိစ္စတစ်ခုဖြစ်သော်လည်း သူ့ရဲ့သား၊ ချွေးမနဲ့ မြေးဖြစ်သူက တစ်ချိန်တည်းမှာ သူ့ကို မေးမြန်းခဲ့သည်။
"ငါ လေးခုပဲစားတာ၊ ဒါက ကြီးကျယ်မယ်လို့ မထင်ဘူး" သခင်ကြီး ကျီက နည်းနည်းစိတ်မရှည်တော့ဘဲ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
လူနာခန်းထဲက မိသားစုဝင် သုံးယောက်လုံးရဲ့မျက်နှာတွေမှာ ရှောခ့်ရသွားခဲ့ကြသည်။ ဖန်ချီက ပထမဆုံး စကားစပြောသူဖြစ်သည်။ "အဖေ၊ အဖေ ရူးနေပြီ။ အဖေ လူတိုင်းရှေ့မှာ သုံးခုစားထားပြီးပြီ။ သုံးခုနဲ့ လေးခုက ခုနစ်ခုနဲ့ ညီတယ်။ တစ်နေ့ခင်းလုံးကို အဖေ ရေခဲမုန့် ခုနစ်ခုစားပစ်တယ်။ လူငယ်ဖြစ်တဲ့ ကျီဝမ်တောင် ဒီလိုမျိုးမစားရဲဘူး”
မြို့တော်ဝန် ကျီက သူ့အဖေ ဒီလောက်ထိ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှု ညံ့လိမ့်မယ်လို့ မမျှော်လင့်ထားပေ။ သူ့မျက်လုံးထဲမှာ သူ့အဖေက အမြဲတမ်း ကြီးကျယ်ခမ်းနားစွာ တည်ရှိနေခဲ့သည်။
ကျီဝမ် ပြောလိုက်သည်။ "အဖိုး၊ မနက်ဖြန် ကျွန်တော့်ရဲ့ဦးလေးနဲ့ အဒေါ်တို့ အဖိုးကို ပြုစုဖို့လာကြလိမ့်မယ် အဖိုးရဲ့အမှားကို သူတို့ဆီ ဝန်ခံလိုက်သင့်တယ်!"
“ငါက မင်းအဖိုး၊ သူတို့အဖေ။ ငါ့အမှားတွေကို ဘာကြောင့် ဝန်ခံရမှာလဲ။ ငါဘာမှားလို့လဲ" သခင်ကြီး ကျီ က သူ့ပုံရိပ်ကို ကာကွယ်ချင်တာကြောင့် သူ့မြေးရဲ့စကားကြားတော့ နည်းနည်းတော့ ဒေါသထွက်သွားသည်။
ကျီဝမ် ဆက်ပြောလိုက်သည်။ "အဖိုး၊ ကျွန်တော်တို့အိမ်က အစေခံတွေက ကျွန်တော့်ရဲ့အဒေါ်ကို နားလည်မှုလွဲနေကြတယ်၊ ဒါပေမယ့် သူမ အပြစ်မတင်ပါဘူး။ အဒေါ့်ကို အခုပဲ သားတို့ အိမ်ပြန်ဖို့ ပြောတော့ သူမရဲ့ အမူအရာက သားရဲ့ဦးလေးက သူမကို ရှောင်နေတယ်လို့ သူမ ထင်နေတဲ့ပုံပဲ။ သူတို့ အိမ်ပြန်ရောက်ရင် သူ သူမကိုသင်ခန်းစာတစ်ခု ပေးလိမ့်မယ်။ ဒါတွေအားလုံးက အဖိုးရဲ့အပြစ်ပဲ။ အဖိုးအမှားကို ဝန်ခံဖို့ အစပြုသင့်တယ်လို့ မထင်ဘူးလား"
"မင်းတို့အားလုံး ထွက်သွားကြ! အရမ်းစိတ်ပျက်စရာကောင်းတယ်။ မင်းတို့ အားလုံးထွက်သွား ပြီးတော့ အိမ်တော်ထိန်းကို ခေါ်လိုက်။ မင်းတို့အားလုံး ထွက်သွားကြတော့!" သခင်ကြီး ကျီ ဒေါသအရမ်းထွက်ပြီး သူတို့ကို မောင်းထုတ်လိုက်သည်။
ကျီဝမ် ပြောလိုက်သည်။ "အဖိုးကိုကြည့်ဦး။ အဖိုးအမှားတစ်ခုခုလုပ်မိပေမယ့် တောင်းပန်ဖို့ငြင်းနေတုန်းပဲ။ အဖိုးက ကျွန်တော့်အတွက် မကောင်းတဲ့ စံနမူနာပဲ။ ဒီလိုအခြေအနေမျိုးမှာ နောင်မှာ ကျွန်တော် အမှားလုပ်မိရင်တောင် ကျွန်တော်တောင်းပန်မှာ မဟုတ်ဘူး။”
"ဝတ္တရားမသိတတ်တဲ့မြေး၊ မင်း ဘယ်လိုသတ္တိနေတာလဲ!" သခင်ကြီး ကျီက သူ့မြေးကို တုတ်ကောက်နဲ့ ရိုက်ချင်နေပြီ ဖြစ်သည်။
မြို့တော်ဝန် ကျီက သူ့အဖေရဲ့ ဒေါသပိုဆိုးလာသည်ကို မြင်ခဲ့သည်။သူ သူ့အဖေကို ထပ်ပြီး ဒေါသမထွက်စေချင်ပေ အဲ့တာက သူ ပြန်ကောင်းလာဖို့ကို ထိခိုက်စေနိုင်သည်။ "ရှောင်ဝမ်၊ မင်းအမေနဲ့ အရင်ထွက်သွားနှင့်။ မင်းရဲ့အဖိုး အေးအေးဆေးဆေးနားပါစေ "
ဖန်ချီက မသွားချင်ပေ။ သူမ ပြောလိုက်သည်။ "ယောကျ်ား၊ ကျွန်မ ရှင်နဲ့ နေခဲ့မယ်"
မြို့တော်ဝန် ကျီက ဇနီးဖြစ်သူရဲ့ ပခုံးကို ပုတ်ပြီး နားထဲသို့ စကားအနည်းငယ်ကို တိုးတိုးပြောခဲ့သည်။ ထို့နောက် ဖန့်ချီက စကားနားထောင်ကာ သူမရဲ့ ဒေါသတကြီးဖြစ်နေတဲ့ သားဖြစ်သူကို လူနာခန်းထဲမှ ဆွဲထုတ်သွားခဲ့သည်။
"အမေ ဘာလုပ်နေတာလဲ! အဖိုးအကြောင်း သားပြောမှရမယ်။ သူက အရမ်းခေါင်းမာလွန်းတယ် " သူ့ကို ဆွဲထုတ်ပြီးနောက် ကျီဝမ် အနည်းငယ် ဝမ်းနည်းသွားသည်။ သူ့အဖိုးကို ဆန့်ကျင်ပြီး တစုံတရာကို ဆုပ်ကိုင်ထားဖို့က လွယ်နေတာမျိုးမဟုတ်သလို၊ သူလည်း စကားပြောလို့မဝသေးပေ။
ဖန့်ချီ က အခုလေးတင် သူမရဲ့ခင်ပွန်းဖြစ်သူ၏ စကားတွေကို တွေးပြီး သူမရဲ့သားကိုမေးခဲ့သည်။ "မင်းရဲ့ ဦးလေး စောနက ထွက်သွားတုန်းကလေ တကယ်ကြီး ဒေါသထွက်နေတာလား။"
ကျီဝမ် ခေါင်းညိတ်ပြီး လေးလေးနက်နက် ပြောခဲ့သည်။ " သူအိမ်ပြန်ရောက်ရင် ဖန့်ရှာင်နွမ်ကို မရိုက်ဖို့ ကျွန်တော်ပြောလိုက်တယ်။သူ ကျွန်တော့်ကို လျစ်လျူရှုပြီး ဖန့်ရှာင်နွမ်နဲ့ ထွက်သွားလိုက်တာ"
ဖန့်ချီက ဖန့်ရှောင်နွမ်ကို ကျီလင်းချန် ရိုက်နေတဲ့ မြင်ကွင်းကို စိတ်ကူးယဉ်ကြည့်လိုက်သည်။ သူမရဲ့မတ် ဖြစ်သူက သူမရဲ့သားကို ရိုက်တာကို သူမ အရင်က မြင်ဖူးပြီး သူက တကယ်ကို ရက်စက်လွန်းသည်။ ဒီအကြောင်းကို သူမ ပိုတွေးလေလေ သူမ ပိုကြောက်လာလေလေပဲ။ သူ ဖန့်ရှောင်နွမ်ကို ကောင်းကောင်းကြီးရိုက်နေရင် ဘယ်လိုလုပ်မလဲ။ ထို့နောက် သူမ ဖုန်းကိုထုတ်ကာ သူမရဲ့မတ်လေးဆီ ဖုန်းဆက်လိုက်သည်။
ကျီ မိသားစု၏ အိမ်တော်တွင် ဖန့်ရှောင်နွမ်က ထိုလူ၏ ရင်ခွင်ထဲတွင် ရှိနေဆဲပင်။ သူမ အသံတိုးတိုးဖြင့်ပြောလိုက်သည်။ "ယောကျ်ား၊ ပူတယ်" ဖန့်ရှောင်နွမ်က သူမရဲ့ခင်ပွန်းကို သူမကို ထပ်ပြီးဖက်မထားသင့်တော့ဘူးလို့ ပြောလိုက်ချင်သည်။ ထိုလူရဲ့ခန္ဓာကိုယ်က မီးဖိုနှင့်တူသည်။ ဒီနေ့က ပူပြင်းတဲ့နေ့ဖြစ်သည်။ ရေချိုးပြီးသည့်တိုင် သူမတစ်ကိုယ်လုံး ချွေးတွေစိုရွှဲနေခဲ့သည်။
ကျီလင်းချန် ပြောလိုက်သည်။ "ပူတယ်ဆိုရင် အဝတ်တွေ ချွတ်ထားလိုက်"
ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ဟမ့်၊ ဟန်ဆောင်နေတာ ကျွန်မ ဘာမှမပြောဘူး "
ထိုလူက ရယ်ခဲ့သည်။ သူသည် စောင်ကို အနည်းငယ်မကာ လေအေးအေးလေးတစ်ချို့ကို ဝင်လာစေခဲ့ပေမယ့် သူမကိုတော့ လွှတ်မပေးခဲ့ပေ။ သူက သူ့မိန်းမရဲ့ အကာအကွယ်ကို ဖြည်းညှင်းစွာ ဖြိုချလိုက်သည်။ သူမကို ဆိုဖာပေါ်ကနေ ကုတင်ပေါ်တင်ခဲ့ပြီး ကုတင်ဘေးကနေ သူ့ရင်ခွင်ထဲဆွဲယူဖို့ အချိန်အနည်းငယ်သာ ယူလိုက်ရသည်။