← Chapters

အခန်း (၉၃)

Vol. 7 Ch. 93

အခန်း (၉၃)

Vol. 7 Ch. 93

ဖန့်ရှောင်နွမ်က သူမ၏ ညာလက်မောင်းပေါ်ရှိ လက်ဖဝါးကြီးကို ဆုပ်ကိုင်လိုက်သည်။ ခင်ပွန်းဖြစ်သူ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ရုတ်တရက် သူမ လက်ကို ဆွဲထုတ်လိုက်သည်။ ကျီလင်းချန်ရဲ့ လက်က လျင်မြန်စွာ တင်းကျပ်ရာကနေ ပြေလျော့သွားသည်။

ဖန့်ရှောင်နွမ် သူ့ကိုကြည့်လိုက်သည်။ "ရှင် ကျွန်မလက်ကို ဆုပ်ကိုင်လိုက်တိုင်း ရှင် လွှတ်လိုက်တဲ့အခါကျရင် ရှင် ကျွန်မကို မလွှတ်ပေးခင် ရှင့်ရဲ့မသိစိတ်က တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိမ့်မယ်။ အဲဒါဘာကြောင့်လို့ထင်လဲ"

ကျီလင်းချန် သူ့လက်ကိုဖြန့်ပြီး သူတို့ကိုကြည့်လိုက်သည်။ ဟိုးအရင်တုန်းက တစ်စုံတစ်ယောက်ကို သူ တင်းတင်းကျပ်ကျပ် မဆုပ်ကိုင်မိခဲ့လို့ အဲဒီ့လူကို ဆုံးရှုံးလိုက်ရသည်။

အခုဆို သူ တစ်စုံတစ်ယောက်ရဲ့လက်ကို ဆုပ်ကိုင်လိုက်တဲ့အခါ မသိစိတ်က သူ့လက်ဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသလို ဖြစ်သွားသည်။

ကျီလင်းချန်ရဲ့ လည်ဇလုတ်က အပေါ်အောက်လှုပ်ရှားသွားသည်။ သူ့ဘေးနားက မိန်းမလေးကို မေးလိုက်သည်။ “မင်း တခြားဘာတွေ ရှာတွေ့ထားသေးလဲ”

ဖန့်ရှောင်နွမ်က စူးစမ်းလိုစိတ်ရှိသူဖြစ်သည်။ သူမရဲ့ သတ္တိကို စုပြီး ခင်ပွန်းဖြစ်သူကိုမေးလိုက်သည်။ “ယောကျ်ား ရှင့်မှာ ဘာကြောင့် ဒီလိုအကျင့် ရှိနေတာလဲ”

ကျီလင်းချန် က သူ့လက်နှစ်ဘက်လုံးကို သူ့မိန်းမရဲ့ ပခုံးပေါ်တင်လိုက်သည်။ သူမကို ကြောင်ပေါက်လေးတစ်ကောင်လိုမျိုး သူ့ရင်ခွင်ထဲမှာဖွက်ထားကာ သူမကို သူ့ရင်ခွင်ထဲမှာ ဆက်ဖက်ထားသည်။ ရန်လိုစိတ်ကို သူ့မျက်လုံးတွေထဲမှာ ဝှက်ထားသည်။ “ဒါက ကိုယ့်အတွက် အသစ်အဆန်းပဲ။ ကိုယ် ဒီလိုမျိုးဆက်လုပ်လို့ရသေးလား "

“အင်း ရပါတယ်…” ဖန့်ရှောင်နွမ် ဆက်ပြောခါနီး ကျီလင်းချန်ရဲ့ ဖုန်းမြည်လာသည်။

နှစ်ယောက်သား ကုတင်ဘေးက စားပွဲကို တပြိုင်နက် ကြည့်လိုက်ကြသည်။ "ယောကျ်ား၊ ရှင့်ဖုန်းမြည်နေတယ်"

ကျီလင်းချန်ရဲ့ ringtoneက မူရင်းဖုန်းမြည်သံဖြစ်သည်။ ဖန့်ရှောင်နွမ်ကတော့ သူမရဲ့ ringtone ကို မကြာခဏဆိုသလို သူမ ကြိုက်တဲ့ သီချင်းတွေကို ပြောင်းလေ့ရှိသည်။ ဒါကြောင့် ပုံမှန်ရိုးရိုးဖုန်း ringtone သံကို သူမကြားလိုက်တော့ အဲ့တာက ကျီလင်းချန်ရဲ့ ဖုန်းဖြစ်သည်ကို သူမ မစဥ်းစားဘဲ သိလိုက်ရသည်။

ကျီလင်းချန် က သူ့လက်တံရှည်ကြီးကို ဆန့်ထုတ်လိုက်ပြီး ခေါ်ဆိုသူ ID ကိုကြည့်ရန် ဖုန်းကို ကောက်ကိုင်လိုက်သည်။ “မရီးပဲ ” ဖုန်းကို ကောက်ကိုင်ပြီး သူ့နားနား ကပ်လိုက်သည်။ “ဟယ်လို မရီး။ အဖေ ဘယ်လိုနေလဲ"

“အဖေ နိုးလာပြီ။ သူ အခုနေကောင်းနေပါပြီ” ကျီလင်းချန်ရဲ့ မေးခွန်းကိုဖြေပြီးနောက် ဖန်ချီ မရဲတရဲ မေးလိုက်သည်။ "လင်းချန်၊ မင်းနဲ့ ရှောင်နွမ်ကော ဘယ်လိုနေလဲ "

ကျီလင်းချန်က သူ့ရင်ခွင်ထဲမှ ခိုးကြောင်ခိုးဝှက်နားထောင်နေတဲ့ ကောင်မလေးကို ကြည့်လိုက်သည်။သူက ဖန့်ရှောင်နွမ် မကြားရအောင်လို့ သူ့နားနဲ့တမင်တကာ နီးနီးကပ်ကပ် ကပ်ထားတာကြောင့် သူမကပဲ သူနဲ့နီးနီးကပ်ကပ် လိုက်ကပ်ခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း ခိုးနားထောင်ရန်အတွက် ကောင်မလေးက မသိစိတ်အရ ခင်ပွန်းဖြစ်သူ၏ ရင်ဘတ်ပေါ်သို့ တက်ကာ ခိုးနားထောင်နေခဲ့သည်။

ကျီလင်းချန် ပျော်နေသည်။ သူ့မိန်းမကို သူ့ရင်ခွင်ထဲမှာ ဖက်ထားလိုက်သည်။ “ကျွန်တော်တို့ အိပ်တော့မလို့။ ဘာကိစ္စရှိလို့လဲ မရီး"

ဖန်ချီက သူ့ကို စပြီး ဖျောင်းဖျခဲ့သည်။ “လင်းချန်၊ နင့်အစ်ကိုနဲ့ ငါ အဖေ့ကို မေးပြီးပြီ။ အဖေ ရေခဲမုန့်တွေ အလွန်အကျွံ စားလိုက်မိလို့ ဆေးရုံတက်ရတာ။သူ အိပ်ခန်းထဲကို တစ်ချို့ပြန်သယ်သွားပြီး ရေခဲမုန့်လေးခုထပ်စားခဲ့တာတဲ့။ ရှောင်နွမ်ကို စိတ်မဆိုးပါနဲ့။ သူမကို အနိုင်ကျင့်မနေနဲ့! လင်းချန်၊ မင်းအတွက် မိန်းမရှာရတာ အရမ်းခက်တယ်။ ရှောင်နွမ်က နည်းနည်းလေးငယ်သေးတယ်၊ နင် သူမနဲ့ ဖြည်းဖြည်းချင်း ဆက်ဆံရမယ်နော်။ နင် ကျီဝမ် ကိုဆက်ဆံတဲ့ပုံစံလိုမျိုး သူမကို မဆက်ဆံနဲ့နော်။ နင် မှန်တယ်လို့ ယုံကြည်ထားတယ်ဆိုတာ ငါသိတယ်။ ငါတို့ မကြာခဏ အတူမနေရပေမယ့် ငါတို့ အတူတူ ပျော်ပျော်ရွှင်ရွှင် နေချင်သေးတယ်။ ရှောင်ဝမ်ကို နင် ဘယ်လိုပဲ ဆုံးမဆုံးမ ငါ ဂရုမစိုက်ဘူး။ သူ အတော့ အရိုက်ခံရသင့်တယ်။ ဒါပေမယ့် ရှောင်နွမ် ကတော့ မတူဘူး။ သူမက နင့်ရဲ့မိန်းမ ပြီးတော့ ရှောင်နွမ် ဆိုတာက သူ့မိဘတွေအတွက် ကမ္ဘာကြီးတစ်ခုလို့အဓိပ္ပါယ်ရတယ်။ နင် သူ့ကိုရိုက်ရင် ဖန့် မိသားစုက လွှတ်ထားမှာမဟုတ်ဘူး။ အွန်း၊ ငါအများကြီးပြောလိုက်ပြီ။ ငါ နင့်ကို ရှောင်နွမ်နဲ့ ကောင်းမွန်တဲ့ဘဝလေး ပိုင်ဆိုင်စေချင်တယ်။ သူက မိန်းကလေးကောင်းလေးတစ်ယောက်ပါ"

ကျီလင်းချန် အကျယ်ကြီး ရယ်လိုက်ကာ စကားစမြည် ပြောနေတာကို ခိုးနားခိုင်နေတဲ့ ဇနီးလေးကို ငုံ့ကြည့်လိုက်မထသည်။ ထို့နောက် ဖန့်ရှောင်နွမ်ရဲ့နား နားကိုဖုန်းထားပေးလိုက်သည်။ "ရှောင်နွမ်၊ မင်းရဲ့ယောက်မကိုပြောလိုက်ဦး။ ကိုယ် မင်းကို ရိုက်ခဲ့လား"

ဖန့်ရှောင်နွမ် ဖုန်းကိုယူပြီး ကုတင်ပေါ်မှာထိုင်ကာ ပြောလိုက်သည်။ "ဟယ်လို၊ ယောက်မ၊ ကျွန်မ ရှောင်နွမ်ပါ "

ဖန်ချီ စိုးရိမ်တကြီး မေးလိုက်သည်။ "ရှောင်နွမ်၊ အဖေ နေကောင်းသွားပြီ။ နင်ကော ဘယ်လိုနေလဲ "

ဖန့်ရှောင်နွမ် ပြန်ဖြေခဲ့သည်။ “ယောက်မ၊ ကျေးဇူးတင်ပါတယ်၊ ကျွန်မယောက်ျားက ကျွန်မကို လက်ဆွဲဖို့ တွန့်ဆုတ်နေခဲ့တာ။ ကျွန်မတို့ အိမ်ပြန်ရောက်တော့ အဖေက ဘာဖြစ်သွားတာလဲလို့ မေးဖို့ အိမ်တော်ထိန်းကို စာကြည့်ခန်းထဲ ဆွဲခေါ်သွားတယ်။ ပြီးတော့ အိမ်တော်ထိန်းက ဝန်ခံခဲ့တယ်လေ။ ကျွန်မ ယောကျ်ားက ကျွန်မကိုတောင် ချော့ပြီး ကိုယ့်ကိုယ်ကို အပြစ်မတင်ဖို့ ပြောခဲ့တာ ”

"အဲဒါဆိုကောင်းတာပေါ့။ လင်းချန် နင့်ကို မရိုက်ခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ရမယ်။ နင်တို့နှစ်ယောက် အဆင်ပြေတယ်ဆိုပြီးတာပဲ။ နင် အဆင်ပြေနယ်ဆိုတော့ ငါဖုန်းချလိုက်တော့မယ်။ နင့်အစ်ကိုကို အရာအားလုံး အဆင်ပြေတယ်ဆိုတဲ့အကြောင်း ငါပြန်ပြောပြလိုက်မယ် "

ဖန့်ရှောင်နွမ်လည်း ပြုံးခဲ့သည်။ ကျီလင်းချန ရဲ့ မိသားစုက သူ့ကို သူ့မိန်းမကို ရိုက်မယ့်လူလို့ ထင်ခဲ့တာပဲ။

“ကောင်းပါပြီ၊ ကောင်းပါပြီ။ ယောက်မ မြန်မြန်သွားတော့။ မနက်ဖြန်၊ လင်းချန်နဲ့ ကျွန်မ ယောက်မကိုကူဖို့ အဖေ့ဆီလာခဲ့မယ် " ဖုန်းချပြီးတဲ့နောက် ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူကိုမှီကာ ဖုန်းကို ကုတင်ဘေးစားပွဲပေါ် ပြန်တင်လိုက်သည်။ ထို့နောက် သူမက စောင်အောက်မှာဆက်လှဲပြီး ခင်ပွန်းဖြစ်သူအား ဖက်ထားလိုက်သည်။

"ယောကျ်ား၊ မိသားစုထဲက အားလုံးက ရှင် ကျွန်မကို ရိုက်လိမ့်မယ်လို့ ဘာလို့ထင်နေကြတာလဲ" သူမ နားမလည်တာရှိရင် မေးရမယ်လေ။ ဒါက ဖန့်ရှောင်နွမ်ရဲ့ ပင်ကိုစရိုက်ဖြစ်သည်။ ဒါပေမယ့် သူမရဲ့ခင်ပွန်းက အတော်လေး ဉာဏ်ကောင်းပြီး နူးညံ့သိမ်မွေ့တယ်လို့ သူမ ခံစားမိသည်။

သူ သူ့မိန်းမကို ရိုက်လိမ့်မယ်လို့ သူ့မိသားစုက ဘာဖြစ်လို့ထင်နေကြတာလဲ?

All Chapters