← Chapters

အခန်း (၉၅)

Vol. 7 Ch. 95

အခန်း (၉၅)

Vol. 7 Ch. 95

ဖန်ချီက ငြင်းဆန်နေဆဲဖြစ်သော်လည်း ဖန့်ရှောင်နွမ်က သူမ၏ ကမ်းလှမ်းချက်ကို ပြတ်ပြတ်သားသား ပယ်ချခဲ့သည်။

ကျီလင်းချန်ကလည်း မြို့တော်ဝန် ကျီကို ပြောနေခဲ့သည်။ "အစ်ကို၊ မရီးကို အိမ်ပြန် ခေါ်သွားလိုက်တော့။ ဒီနေရာမှာ တစ်ညလုံး နေနေခဲ့ပြီးတော့ အစ်ကို့ရဲ့ခန္ဓာကိုယ်က ဒါကိုခံနိုင်တော့မှာမဟုတ်ဘူး။ အဖေ့မှာ သားနှစ်ယောက်ရှိတယ်။ ရှောင်နွမ်နဲ့ ကျွန်တော် သူ့ကို ပြုစုနိုင်ပါတယ်”

မြို့တော်ဝန် ကျီက မောပန်းနွမ်းနယ်နေတဲ့ ဇနီးဖြစ်သူကို ကြည့်ကာ နောက်ဆုံးမှာတော့ ခေါင်းညိတ်ခဲ့သည်။ သူက သူ့မိန်းမကို ဦးဆောင်ပြီး လူနာခန်းထဲက ခေါ်သွားခဲ့သည်။ သူ လူနာခန်းထဲက ထွက်လာတဲ့အချိန် ကုလားထိုင်ပေါ်မှာထိုင်နေတဲ့ ကျီဝမ်ကို တွေ့လိုက်ရသည်။ သူက နံရံကို ခေါင်းမှီပြီး အိပ်ပျော်နေတာ။

လင်မယားနှစ်ယောက်စလုံး သူတို့သားကို သနားသွားကြသည်။ "ရှောင်ဝမ်၊ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ပျော်ခင် အဖေတို့နဲ့ အိမ်ပြန်လိုက်ခဲ့" ကျီဝမ်က ထပြီး သူ့မိဘနဲ့ အိမ်ကို လိုက်သွားခဲ့သည်။

သခင်ကြီးကျီမှာ ဂုဏ်သိက္ခာရှိတဲ့ ဂုဏ်သတင်းရှိတာကြောင့် ဆရာဝန်နှင့် သူနာပြုတွေမှာပဲ သူ့ကို ကုသရန်သာ တာဝန်ရှိသည်။ ထို့ကြောင့် နံနက်ပိုင်းတွင် လူနာခန်းထဲ round လှည့်တာမရှိပေ။

ဆရာဝန်က လူနာခန်းထဲသို့ တစ်ကြိမ်သာ ဝင်လာပြီး သခင်ကြီး ကျီ အိပ်ပျော်နေတာကို တွေ့တော့ ထွက်သွားခဲ့သည်။

ကျီလင်းချန်က ဆရာဝန်နောက်ကို လိုက်သွားခဲ့ကာ သူ ထွက်မသွားခင် သူ့မိန်းမကို ပြောခဲ့သည်။ "ရှောင်နွမ်၊ အဖေနိုးလာရငိ ကိုယ့်ကိုခေါ်လိုက်။ မင်းက လူတွေကို ဘယ်လိုပြုစုပေးရမလဲဆိုတာမသိဘူးဆိုတော့ ကိုယ် လုပ်မယ်။"

ဖန့်ရှောင်နွမ်က သူမရဲ့နှုတ်ခမ်းကို ဖိလိုက်သည်။ "ယောကျ်ား၊ ကျွန်မ လူတွေကို ဘယ်လို ပြုစုရမယ်ဆိုတာကို မသိဘူးဆိုပေမယ့် ကျွန်မ မလေ့လာနိုင်ဘူး လို့ဆိုလိုတာမဟုတ်ဘူး။ ရှင် ဒါကို ဒေါက်တာရှေ့မှာ ဒီလိုပြောရင် ကျွန်မကို အရှက်ရစေလိမ့်မယ်"

ကျီလင်းချန် ပြုံးလိုက်သည်။ သူထွက်သွားတဲ့အချိန်မှာ ဆရာဝန်၏ နောက်ကျောကိုကြည့်ကာ ပြောလိုက်သည်။ “ကိုယ်က ဒေါက်တာထွက်သွားပြီးမှပဲ ပြောတာပါ။ ဒါက ရှက်စရာမဟုတ်ပါဘူး။ ကိုယ်ပဲသိတာ ” ထိုသို့ပြောပြီးနောက် တံခါးကိုပိတ်ကာ ဖခင်ဖြစ်သူ၏ အခြေအနေကို မေးမြန်းရန် ဆရာဝန်ကို လိုက်ရှာခဲ့သည်။

ဖန့်ရှောင်နွမ်က လူနာခန်းကို တစ်ယောက်တည်း စောင့်ကြည့်နေခဲ့ကာ သူမ နည်းနည်း ပျင်းသွားသည်။ သူမ အရမ်းပျင်းလာသဖြင့် သူမပတ်ဝန်းကျင်ရှိ ပန်းတွေနဲ့ အပင်တွေကို လိုက်ပြီးထိကြည့်ခဲ့သည်။

ကျီလင်းချန်က သူ့ရဲ့ဇနီးပျင်းနေမယ်ဆိုတာ သိနေတာကြောင့် သူ့လက်ထဲ မုန့်အိတ်နှစ်အိတ်နှင့် ပြန်လာခဲ့သည်။

ဖန့်ရှောင်နွမ်က သူ ကိုင်ထားတဲ့ဟာကို ကြည့်လိုက်သည်။ "ယောကျ်ား၊ ရှင် ဒါတွေကို ဘယ်သူ့အတွက်ဝယ်လာတာလဲ"

ကျီလင်းချန် ပြောလိုက်သည်။ “ကိုယ် ဒီဟာတွေကို မစားဖူးဘူး။ အဖေလည်း ဒါတွေ စားလို့မရဘူး။ ဒီအခန်းထဲမှာဘယ်သူရှိသေးလဲ"

ဖန့်ရှောင်နွမ် တုံ့ပြန်လိုက်ပြီး သူမရဲ့မျက်နှာမှာ အပြုံးတစ်ခု ချက်ချင်းပေါ်လာခဲ့သည်။ သူမ ကျီလင်းချန်ရဲ့လက်ထဲက မုန့်တွေကို အမြန်ယူကာ ခင်ပွန်းဖြစ်သူအား ပြုံးပြခဲ့သည်။ "ကျေးဇူး ယောကျ်ား !"

ဖန့်ရှောင်နွမ်က စတိုးဆိုင်ကို အနောက်တိုင်းဝတ်စုံနဲ့သွားပြီး သူမအတွက် မုန့်တွေရွေးပေးဖို့ စင်ရှေ့မှာရပ်နေတဲ့ သူမယောကျ်ားရဲ့ပုံစံကို တကယ်ပဲ စိတ်ကူးယဉ်ကြည့်နိုင်ခဲ့သည်။ သူ့ကို ကျေးဇူးတင်ရုံမှလွဲ၍ သူမရဲ့ယောကျ်ားကို နမ်းဖို့ နားမလည်နိုင်တဲ့ တွန်းအားတစ်ခု ခံစားခဲ့ရသည်။

ဒါပေမယ့် သူမ မလုပ်ရဲဘူး။

ကျီလင်းချန်က သူမရဲ့အမူအရာကို ရှာဖွေခဲ့ပြီး လူနာခန်းထဲသို့ ဝင်လိုက်သည်။ သူ ဆိုဖာပေါ်မှာထိုင်လိုက်သည်။

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ယောကျ်ား၊ ဒေါက်တာက ဘာပြောလိုက်လဲ။"

ကျီလင်းချန် ပြောလိုက်သည်။ "ဘာမှတော့မဟုတ်ပါဘူး။ အရေးပေါ်အခြေအနေ ဖြစ်ခဲ့တာလောက်ပဲ။ အသက်ကြီးပြီမို့ စောင့်ကြည့်ကုသဖို့သူ ဆေးရုံတက်ရတာ”

ဖန့်ရှောင်နွမ် ခေါင်းညိတ်လိုက်သည်။ သူမ အာလူးကြော်တစ်ထုပ်ကိုဖောက်ပြီး စပြီးစားတော့သည်။

တိတ်ဆိတ်နေတဲ့ အခန်းထဲ အာလူးကြော်စားနေတဲ့ ဇနီးဖြစ်သူရဲ့ အသံကိုသာ ကြားနေရသည်။

ကျီလင်းချန် ဘေးဘက်ကိုလှည့်လိုက်တော့ မုန့်စားပြီးပျော်နေတဲ့ သူ့မိန်းမကို ကြည့်လိုက်သည်။ တစ်ထုပ်ကနေ နှစ်ထုပ်ဖြစ်လာပြီး သုံးထုပ်မြောက်ဖြစ်လာသည်။ အဲဒီ့နောက်မှာတော့ သူမ နောက်ထပ်အထုပ်တစ်ထုပ်ကို ယူခဲ့သည်။ သူ သူမ စားနေတာကိုကြည့်နေခဲ့တာ အချိန် တစ်နာရီကျော်ကျော်လောက်ရှိပြီ။

"ရှောင်နွမ်၊ မင်း ဒီမနက် ဝအောင်မစားလာဘူးလား" ကျီလင်းချန် မေးလိုက်သည်။

"ကျွန်မ ဗိုက်ပြည့်ပြီ!" ထိုစကားကိုပြောပြီးနောက် ဖန့်ရှောင်နွမ်က စားပွဲပေါ်ရှိ မုန့်အိတ်ခွံအလွတ်တွေကို ကြည့်ကာ အနည်းငယ် အဆင်မပြေသလို ခံစားလိုက်ရသည်။ “မုန့်တွေက ပေါ့ပေါ့ပါးပါး အစားအစာတွေပါ။ ထုပ်ပိုးထားတဲ့ပုံက တော်တော်ကြီးပေမယ့် အထဲမှာ သိပ်မပါဘူး။ အဲ့တာက ဗိုက်ထဲမှာ နေရာအများကြီး မယူဘူးလေ”

ကျီလင်းချန်က မုန့်စားရတာကိုပျော်တဲ့ ဇနီးသည်ကို မဆူပူခဲ့ပေ။ သူ ပြုံးရုံသာပြုံးခဲ့သည်။

သိပ်မကြာခင်မှာပဲ သခင်ကြီး ကျီ နိုးလာခဲ့သည်။ လင်မယားနှစ်ယောက် အမြန်ထပြီး သူ့ဘေးနားကို ရွှေ့လိုက်ကြသည်။ ဖန့်ရှောင်နွမ် မေးလိုက်သည်။ "အဖေ၊ ဘယ်လိုနေသေးလဲ"

သခင်ကြီး ကျီ က သူတို့ ဇနီးမောင်နှံ သူနဲ့အတူရှိနေပေးတာကို မြင်လိုက်ရသည်။ သူ မေးလိုက်သည်။ “မင်းတို့နှစ်ယောက် ဘာလို့ဒီမှာရှိနေတာလဲ”

“အဖေ့ကို ပြုစုဖို့ ကျွန်မတို့က ဒီရောက်နေကြတာလေ။ အခုက ကျွန်မတို့ရဲ့ အလှည့်လေ” ဖန့်ရှောင်နွမ်က ပြန်ဖြေခဲ့သည်။

သခင်ကြီး ကျီ ကုတင်ပေါ် ထထိုင်လိုက်သည်။ သူ့ပုံစံက အရမ်းကို အားနည်းနေသေးသည်။ ကျီလင်းချန်က သူ့ကို ရေတစ်ခွက်ထည့်ပေးခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင် သူနာပြုက သူ့ကို ဆေးထိုးဖို့ ရောက်လာခဲ့သည်။ ဖန့်ရှောင်နွမ်က ချက်ချင်း သူမရဲ့နေရာကနေ ထွက်ပေးခဲ့သည်။ ဆေးထိုးတာကိုကြည့်ရင်း သူမ အနည်းငယ်မူးဝေနေခဲ့ပြီး လူရဲ့အသားထဲ အပ်ကို ထိုးသွင်းတာကို သူမ မကြည့်ရဲပေ။ ဒါကြောင့် ခင်ပွန်းသည်၏ နောက်ဘက်မှာ ကွယ်နေခဲ့သည်။

“သခင်ကြီးကျီ၊ ဒီနေ့ဆေးခြောက်ပုလင်းသောက်ရမယ်။ မနေ့ညက သခင်ကြီးရဲ့သွေးပေါင်က နည်းနည်းမြင့်နေတာကို ကျွန်မတို့ သိလိုက်ရတယ်။ ဒီနေ့ သခင်ကြီးရဲ့သွေးပေါင်ချိန် လျော့သွားအောင် ဆေးတချို့ ထည့်ပေးထားတယ်။ အဲဒါတွေသောက် ပြီးသွားရင် ကျွန်မတို့ကို ဖုန်းဆက်လိုက်ပါ။ နောက်ထပ် ဆေးတွေ လာပို့ပေးပါ့မယ်"

သခင်ကြီးကျီက ခေါင်းညိတ်ပြလိုက်သည်။

ဖန့်ရှောင်နွမ်က သူမခင်ပွန်းနောက်ကနေ ခေါင်းထွက်လာခဲ့သည်။ သူနာပြုက သခင်ကြီးကျီက ဆေးထိုးပေးပြီးသွားပြီဆိုတာ သိလိုက်ရတော့ သူမ ခင်ပွန်းဖြစ်သူရဲ့နောက်ကနေ ထွက်လာခဲ့သည်။

သူနာပြုက မထွက်သွားခင်မှာ စားပွဲပေါ်က မုန့်အိတ်တွေကို တွေ့တော့ သတိပေးခဲ့သည်။ “စီအီးအို ကျီ၊ လူနာတွေကို ဒီဟာတွေစားခွင့်မပြုထားဘူးနော် ”

ကျီလင်းချန် ပြောလိုက်သည်။ " ကျွန်တော့်မိန်းမအတွက် အချိန်ကုန်တာမြန်အောင်လို့ အဲဒါတွေကို ကျွန်တော် သူ့အတွက် ဝယ်ပေးထားတာ "

သူနာပြုဆရာမလေးက ထွက်ခွာမသွားမီ ဖန့်ရှောင်နွမ် ကို အားကျစွာကြည့်ခဲ့သည်။ နာရီဝက်မပြည့်မီတွင်၊ ပုံမှန်အားဖြင့် တင်းတင်းမာမာနှင့် တင်းမာတဲ့ CEO ကျီက သူ့ဇနီးအတွက် မုန့်ဝယ်ပေးခဲ့ကြောင်း သူနာပြုအခန်းရှိ သူနာပြုတွေအားလုံး သိရှိသွားခဲ့ကြသည်။

ဖန့်ရှောင်နွမ် ရေယူဖို့ ထွက်သွားသောအခါ သူနာပြုတွေရဲ့ လျှို့လျှို့ဝှက်ဝှက် အကြည့်တွေကို ခံစားခဲ့ရသည်။ သူမ လူနာခန်းထဲပြန်လာတော့ သူမရဲ့ယောကျ်ားကိုပြောပြခဲ့သည်။ “ယောကျ်ား၊ ကျွန်မ ရေသွားယူတော့ အားလုံးက ကျွန်မကို စိုက်ကြည့်နေကြတယ်”

ကျီလင်းချန် နားမလည်ခဲ့ပေ။ သူ မေးလိုက်သည်။ “မင်းကို ဘယ်သူကြည့်နေတာလဲ။ သူတို့က ဘာလို့ မင်းကို ကြည့်နေကြတာလဲ"

All Chapters