← Chapters

အခန်း (၉၇)

Vol. 7 Ch. 97

အခန်း (၉၇)

Vol. 7 Ch. 97

"မင်း အဲဒါကို မသင်ယူနိုင်ဘူး၊ ဒါကြောင့် မင်းရဲ့ စွမ်းအင်တွေကို မဖြုန်းတီးနဲ့ " သူ့ချွေးမအကြီးဆုံးက ဒုတိယချွေးမနဲ့ မတူဘူးဆိုတာ သခင်ကြီး ကျီ သိသည်။ ဖန့်ရှောင်နွမ်က ငယ်စဉ်ကတည်းက တုန်နေအောင်ချစ်ခံရတာ။ ဖန့် မိသားစုက သူမကို ဘယ်လိုကာကွယ်ပေးလဲဆိုတာကို ကြည့်ပြီး သူမ ကြီးပြင်းလာချိန်မှာတော့ သိပ်ဒုက္ခမခံရနိုင်ပေ။ တုန်နေအောင်ချစ်ခံရတဲ့လူတစ်ယောက်ကို တခြားသူတွေကိုပြုစုဖို့ သင်ခိုင်းတယ်ဆိုတာက .... သခင်ကြီး ကျီရဲ့ အတွေ့အကြုံကို အခြေခံပြီး ပြောရရင် ဒါက သူမ သင်ယူနိုင်တဲ့ အရာမဟုတ်ဘူးလို့ သူထင်ခဲ့သည်။

ကျီလင်းချန်က သူ့ကို အစားအစာကို ကောင်းကောင်းခွံ့ကျွေးနေသည်။ အနည်းဆုံးတော့ သူ့ကို အပူမလောင်စေဘူး။ တစ်ယောက်က သူ့ကို ခွံ့ကျွေးပြီး ကျန်တစ်ယောက်က လူနာကို မပျင်းစေအောင် စကားစမြည်ပြောနေသည်။ လေထုက အလွန်သဟဇာတဖြစ်ခဲ့သည်။

ကျီလင်းချန်က သူ့ကို အစားအစာကျွေးပြီးတာနဲ့၊ သခင်ကြီး ကျီက သူ့ဆေးရုံဝတ်စုံမှာ ထမင်းစေ့တွေ အများကြီးပေပွသွားတာကို သိလိုက်ရသည်။ သူ တိတ်ဆိတ်သွားသည်။ ထမင်းတစ်နပ်လေးပဲ စားခဲ့တာပါ။ ဘယ်လိုတောင်ညစ်ပတ်သွားတာလဲ။

ကျီစယ်တတ်တဲ့ ဖန့်ရှောင်နွမ်က ခင်ပွန်းဖြစ်သူရဲ့ နံဘေးသို့ လျှောက်သွားပြီး သူ့အင်္ကျီလက်ကို ဆွဲလိုက်သည်။ "ယောကျ်ား၊ ဒါဆို ရှင်လည်း ဘယ်လိုခွံ့ကျွေးရမှန်းမသိဘူးပေါ့!"

ကျီလင်းချန်ရဲ့ အမူအရာမှာ အဆင်မပြေဖြစ်နေခဲ့သည် သူ အဲ့လို မကြာခဏဖြစ်လေ့မရှိပေ။ “ဒါက ကိုယ့်ရဲ့ ပထမဆုံး အကြိမ်” လို့ ပြန်ဖြေလိုက်သည်။

သခင်ကြီး ကျီ ဂနာမငြိမ်ဖြစ်နေသည်။ သူ့အဝတ်အစားလဲချင်တယ်ဆိုရင်တောင်မှ မလဲနိုင်ပေ။ ဒါပေမယ့် သူပြန်လှဲလိုက်ရင် အိပ်ယာခင်းတွေလည်း ညစ်ပတ်သွားလိမ့်မည်။ ထို့ကြောင့် သူ မပျော်နေတဲ့မျက်နှာဖြင့် ပြောခဲ့သည်။ “မင်းတို့နှစ်ယောက်က ငါနဲ့အဖော်နေပေးဖို့ လာတာမဟုတ်ဘူး။ မင်းတို့ ငါ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ညှဉ်းပန်းနှိပ်စက်ဖို့ ရောက်လာကြတာ!”

ဖန့်ရှောင်နွမ် လျင်မြန်စွာ မျက်တောင်ခတ်လိုက်ပြီး အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူမ မဆိုင်းမတွ ပြောလိုက်သည်။ “အဖေ၊ အဖေ အရမ်းပျော်နေသင့်တာနော်။ နောက်ဆုံးတော့ အဖေက လင်းချန်နဲ့ ကျွန်မတို့ ပြုစုပေးဖူးတဲ့ ပထမဆုံး လူနာပဲ "

သခင်ကြီး ကျီပြောလိုက်သည်။ "ဒါဆို ငါက ဂုဏ်ယူနေရမှာလား"

ဖန့်ရှောင်နွမ်ရဲ့ မျက်နှာက မနီရဲနေခဲ့ပေ။ သူမက အေးအေးဆေးဆေး ခေါင်းညိတ်ပြီးပြောလိုက်သည်။ "ဟုတ် !"

ကျီလင်းချန်က သူ့မိန်းမလေးရဲ့မျက်နှာကို ကြည့်ဖို့ ခေါင်းမော့လိုက်သည်။ သူ ပဟေဋ္ဌိဖြစ်သွားသည်။ တခါတရံမှာ မျက်နှာပြောင်တိုက်လွန်းပြီး တခြားအခြေအနေတွေမှာ သူမ ဘယ်လိုများ အထိမခံဖြစ်နေရတာလဲ။

သခင်ကြီး ကျီ ဒေါသထွက်လွန်းလို့ စကားတောင် မပြောနိုင်ဖြစ်သွားသည်။ သူ့မိသားစုက ဘယ်လို ပထမတန်းချွေးမမျိုးကို လက်ထပ်ထားတာလဲ။

ဒါပေမယ့် သခင်ကြီး ကျီက ပြီးသွားပြီလို့ တွေးလိုက်သည်။ သိပ်မကြာခင်မှာပဲ သူနာပြုက သခင်ကြီး ကျီ ကို သန့်ရှင်းရေးလုပ်ပေးဖို့ ရောက်လာသည်။ သူနာပြုက သူ့အဝတ်အစား အခြေအနေကို မြင်သွားခဲ့သည်။

သခင်ကြီးကျီ ပင်ပန်းကာ လှဲအိပ်ချင်လာသည်။ ဒါပေမယ့် သူ သန့်စင်သွားအောင်လုပ်ဖို့လည်း အရူးအမူးဖြစ်နေခဲ့သည်။ သူ့အဝတ်အစားတွေ မသန့်ရင် သက်တောင့်သက်သာ နဲ့ အိပ်လို့ ရမှာမဟုတ်ဘူး။

ဖန့်ရှောင်နွမ်က ထူးဆန်းတဲ့ အကြံအစည်တွေကို ဖန်တီးရာမှာ အကောင်းဆုံးဖြစ်သည်။ “အဖေ၊ အဖေ့လက်ထဲက အပ်ကို အရင်ထုတ်လိုက်။ ပြီးရင် အဖေ့ရဲ့အဝတ်အစားတွေကိုလဲလိုက် ပြီးမှ နောက်တစ်ချောင်း ပြန်ထည့်လိုက်"

သခင်ကြီး ကျီ က သူ့ချွေးမကို အော်ငေါက်ဖို့ မတတ်နိုင်တော့ပေ။ “အဲဒါက မင်းပြောတော့ လွယ်တယ်လေ။ ငါ့အသားထဲမှာ နောက်ထပ် အပ်တစ်ချောင်း စိုက်ရမှာလား။ မင်း ငါ့ကို ထိခိုက်အောင်မလုပ်ရင် ငါ မင်းကိုထိခိုက်အောင်လုပ်ပစ်မယ်"

ဖန့်ရှောင်နွမ် အသည်းအသန် စကားဆက်ပြောခဲ့သည်။ “ဒါဟာ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ ခြင်ကိုက်ခံရသလိုပဲ။ လုံးဝမနာပါဘူး။”

သခင်ကြီး ကျီ က သူနာပြုကို ညွှန်ပြပြီးပြောလိုက်သည်။ “လာ၊ လာ၊ လာ။ မြန်မြန်လေး၊ ငါ့ချွေးမကို ဆေးထိုးပေးလိုက်။သူက ဒါကို ခြင်ကိုက်သလိုပဲလို့ ထင်နေတယ်”

သူနာပြုက အသစ်ဖြစ်ပြီး သခင်ကြီး ကျီ ဆိုလိုတာကို သူမ နားမလည်နိုင်ဖြစ်နေသည်။ သူမက ဂရုတစိုက်ပြောလိုက်သည်။ “မစ္စတာ ကျီ၊ ဒီအမျိုးသမီးမှာ အဖျားမရှိဘူး အဲ့တော့ ဆေးထိုးလို့မရပါဘူး"

သခင်ကြီး ကျီရဲ့ ဦးနှောက် လျင်မြန်စွာ လည်သွားသည်။ “မဖျားဘူးလို့ ဘယ်သူပြောလဲ။ သူ့ဦးနှောက်ရောဂါက အရမ်းပြင်းထန်တယ်။ မင်း မပြောနိုင်ဘူးလား"

ဖန့်ရှောင်နွမ်က ချက်ချင်း စိုးရိမ်လာသည်။ “အဖေ၊ ကျွန်မဦးနှောက်က တော်တော်လေးကို ဉာဏ်ထက်တယ်။ အဖေက အသက်ကြီးပြီး စိတ်တွေကယောက်ကယက်ဖြစ်နေတာကို အဲ့တာနဲ့ ကျွန်မဦးနှောက်မှာ တစ်ခုခုမှားနေပြီလို့ အဖေဘာလို့ထင်နေတာလဲ"

သခင်ကြီးကျီ ပြောလိုက်သည်။ “ဒါက ကြောက်စရာကောင်းတဲ့ ပြန်လာမှုပဲ။ မင်းက ဉာဏ်အကောင်းဆုံးလို့ ထင်နေတာလား။ မင်းက အရမ်းကိုမှထက်မြက်တယ်လို့ ငါထင်တယ်"

ဖန့်ရှောင်နွမ် ပြောလိုက်သည်။ "ကျွန်မမှာ ဆံပင်ရှိသေးတယ်၊ ဒါပေမယ့် အဖေ၊ အဖေ ထိပ်ပြောင်တော့မယ်။"

လူကြီးနဲ့လူငယ်ကြားမှ ဤငြင်းခုံမှုက ရယ်စရာကောင်းလှသည်။ သူတို့ဘေးမှာထိုင်ပြီး ဒီကစားနည်းကိုကြည့်နေတဲ့လူက ပိုပြီး ပြုံးသည်ထက်ပြုံးနေခဲ့သည်။ သူနာပြုအသစ်ကိုတောင် ရယ်မောစေခဲ့သည်။

ကျီလင်းချန် အတွက် အရမ်းပျော်ရွှင်ဖို့ဆိုတာ ရှားပါသည်။ သူ မပြုံးတော့ဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ရယ်လိုက်တဲ့အခါမှာ သူ့မျက်လုံးထောင့်တွေပါ တွန့်သွားသည်။

သူ့ချွေးမစကားကြားတော့ သခင်ကြီး ကျီ က ဒေါသတကြီးနဲ့ စောင်ကို ဆွဲဖယ်လိုက်ပြီး အိပ်ရာပေါ်ကနေ ထဖို့ပြင်လိုက်သည်။

“မစ္စတာ ကျီ IV ချိတ်ထားတုန်းပဲရှိသေးတယ်။ လွတ်လွတ်လပ်လပ် သွားလာလို့မရဘူး” သူ့ဘေးရှိ သူနာပြုဆရာမက ချက်ချင်းသတိပေးခဲ့သည်။

သခင်ကြီး ကျီက ဖန့်ရှောင်နွမ် ကို ဒေါသတကြီး လက်ညှိုးထိုးခဲ့သည်။ “သူ…သူ ငါ့ကို ထိပ်ပြောင်တယ်လို့ ပြောတယ်။ ငါ ဒါကိုလှဲနေပြီး မခံစားနိုင်ဘူး”

ဖန့်ရှောင်နွမ်က သူ့ကို ကြည့်နေသည်။ 'အိုးမိုင်ဂေါ့ ! အဖေ ငါ့ကို ရိုက်တော့မယ်။' ထို့ကြောင့် သူမက လျှပ်တပြက်အရှိန်ဖြင့် ကျီလင်းချန်ရဲ့ ရင်ခွင်ထဲ ချက်ချင်း ပုန်းနေလိုက်သည်။

ကျီလင်းချန်မှာတော့ အလွန်လျင်မြန်လွန်းသဖြင့် တုံ့ပြန်ရန် အချိန်ပင်မရှိလိုက်ပေ။ ရုတ်တရက် ဇနီးဖြစ်သူက သူ့ရင်ခွင်ထဲ ဝင်လာခဲ့သည်။ သူမက ကြောင်တစ်ကောင်လို သူ့လည်ပင်းကို ဖက်ထားကာ သူ့ကို ကလူနေသလိုတောင်ပြုမူပြခဲ့သည်။ “ယောကျ်ား၊ ရှင့်မိန်းမက ရှင့်အဖေ ရိုက်တာခံရတော့မှာ။ ရှင် သူမကိုကာကွယ်ပေးမှာလား"

ကျီလင်းချန်က ဇနီးဖြစ်သူရဲ့ခါးကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်ကာ သူမရဲ့ခြေထောက်တွေကို သူ့လက်တစ်ဖက်ဖြင့် မလိုက်သည်။ "ဒါပေါ့၊ ကိုယ် သူမကိုကာကွယ်ပေးမှာ!"

"ငါ အရမ်းဒေါသထွက်လာပြီ! မင်းတို့နှစ်ယောက် ဒီကနေ ထွက်သွား!" သခင်ကြီး ကျီ ဒေါသထွက်သွားသည်။ သူတို့နှစ်ယောက်က သူ့ကို ဂရုစိုက်ဖို့ ဒီနေရာကိုလာကြတယ်ဆိုတာ သိသာပေမယ့် နောက်ဆုံးမှာတော့ သူတို့က သူ့ကိုဒေါသတထွက်အောင် လုပ်ခဲ့ကြသည်။

တစ်စုံတစ်ယောက်က လူနာခန်းတံခါးကို တံခါးခေါက်လာခဲ့သည်။ လူနာခန်းထဲက လူတွေရဲ့ အကြည့်တွေအောက်မှာ ဖန့်ရှောင်နွမ် ရဲ့ မိဘတွေက 'မကြာခင် နေကောင်းကျန်းမာလာ' လာစေဖို့ လက်ဆောင်တွေ သယ်ပြီးအထဲဝင်လာခဲ့ကြသည်။

ဖန့်ရှောင်နွမ်ရဲ့မိဘတွေ အထဲဝင်လာချိန်မှာ သူတို့ရဲ့သမီးဖြစ်သူကို ကျီလင်းချန်က ချီထားပြီး လူနာက သူတို့အနားမှာ ရပ်နေတာကို သူတို့တွေ့လိုက်ရသည်။ လူနာရဲ့အဝတ်အစားမှာ အနည်းငယ်ညစ်ပတ်နေပြီး သူ့ပုံစံက တော်တော်ဒေါသထွက်နေပုံရသည်။

All Chapters